Unicode version…

အေးမြတဲ့ ဆောင်းရာသီကို ကူးပြောင်းချိန် စက်တင် ဘာလကုန်ပိုင်းရဲ့ စနေ၊ တနင်္ဂနွေ အားလပ်ရက်မှာ ကား သစ်တစ်စီးကိုမောင်းနှင်ပြီး ခရီးတိုတစ်ခု ထွက်ခဲ့တဲ့ အမှတ်တရကောင်းတွေကို စိတ်ဝင်စားဖွယ် သတင်း တစ်ပုဒ်အနေနဲ့ ကျွန်တော်က အသိပေး တင်ပြလိုပါတယ်။ ဒီနေ့ရဲ့ အပူချိန်ကတော့ ၂၃ ဒီဂရီစင်တီ ဂရိတ်လောက် ပဲရှိတာမို့ ရာသီဥတုသာယာ အေးချမ်းတယ်လို့ ဆိုရပါ လိမ့်မယ်။ ကျွန်တော့် ကားရဲ့ အင်ဂျင်စက်ကို စတင်နှိုး လိုက်ချိန်မှာ ကျယ်လောင်တဲ့ အင်ဂျင်မီးလောင် ပေါက်ကွဲ သံတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ ကားရဲ့အမိုးကို နောက်ဖက် အဖုံးထဲကို အသာအယာ မတင်ပြီး လှန်ထည့်လိုက်ချိန်မှာ ကျွန်တော့်ကားလေးက အမိုးဖွင့် ထားတဲ့ Convertible Sport ကားလေးအဖြစ် အသွင်ပြောင်းသွားပါပြီ။ ကျွန်တော်က ဂီယာ နဲ့ လီဗာ စနစ်ကို စတင်လုပ်ဆောင်ပြီး စတီယာရင်ကွင်းကို ကိုင်ကာ Parking lot ကနေ ကားကို အလွယ်တကူ နောက်ဆုတ် ထွက်ခွာပြီးပြီးချင်း အရှေ့ဘက်ကို အရှိန်ယူ ပြီး မောင်းထွက်လာခဲ့ပါတယ်။

ကျွန်တော့်ရဲ့ Mercedes AMG C63 S Cabriolet ကားလေးကို Frankfurt လေဆိပ်မှာ ရပ်နားထားရာကနေ စတင်ထွက်ခွာလာခဲ့ပြီးချိန်မှာ navigation စနစ်ကို အသုံးပြုပြီး သတိထား မောင်းလာခဲ့ပါတယ်။ Frankfurt က ထွက်ခွာ လာချိန်မှာ navigation system ရဲ့ သွက်သွက်လက် လက် နဲ့ လမ်းကြောင်း ရှာဖွေတဲ့ လုပ်ဆောင်ချက်တွေကို ရှေ့လေကာမှန်မှာ ရှိတဲ့ Color Head-up-display စနစ်မှာ ပုံဖော်ပေးနေတာမို့ ကျွန်တော့်ခေါင်းကို လှည့်ကြည့် နေ စရာမလိုပဲ ရှေ့တည့်တည့်ကိုသာ အာရုံစူးစိုက်ပြီး မောင်း နှင်သွားနိုင်လို့ အဆင်ပြေပါတယ်။ ကျွန်တော့် ကားလေး နဲ့ မြို့ပြင် အရှေ့တောင်ဘက်ကို High speed နဲ့ မောင်းဖို့ ရွေးချယ်ထားပါတယ်။ ဒီကားလေးမှာ 4.0 liter V8 biturbo engine ကို တပ်ဆင်ထားလို့ အင်ဂျင်စွမ်းဆောင် ရည် မြင့်မားပါတယ်။ အဆွဲအလှည့် ကောင်းပြီး ယိမ်းယိုင် မှု မရှိတဲ့ စတီယာရင် စနစ်ပါဝင်တယ်။ ကားရဲ့ ပတ်လည်မှာ သတိပေးအာရုံခံစနစ်တွေ ကိုလည်း တပ် ဆင်ပေးထားပါ တယ်။ High-performance Braking system ပါဝင်နေလို့ ခရီးဝေးမောင်းမယ်ဆိုရင် သင် မယုံကြည်နိုင်လောက်တဲ့ စွမ်းဆောင်ရည်တွေရှိနေတာကို လက်တွေ့ သိရှိလာပါလိမ့်မယ်။

Speed limit အတွက်လည်း စိတ်ပူစရာ မလို ပါဘူး။ African savanna ဒေသမှာ ကျားက တောဆိတ် ကို အမဲလိုက်သလို turbo အင်ဂျင်ကြီးက ဝေါကနဲ့ အသံမြည်ပြီး အရှိန်အဟုန်ပြင်းပြင်းနဲ့ အားကုန်ပြေး နိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ မြင်းကောင်ရေ အားက 500 hp ထွက်ရှိလို့ပါပဲ။ ဒါကြောင့် ကျွန်တော်က ထိုင်ခုံမှာ ခပ်လျောလျောလေး ထိုင်ပြီး အားပါးတရပြုံးရင်း ကောင်းလိုက်တာ လို့ စပြီး အော်ဟစ်လိုက်ပါတယ်။

ကျွန်တော့်ရဲ့ ပထမဦးဆုံး ခရီးစဉ် တစ်စိတ် တစ်ပိုင်းကတော့ ဇနီးသည်နဲ့ ယောက္ခမကြီးကို ကားပေါ် မှာတင်ပြီး စျေးဝယ်ထွက်ဖို့ ဖြစ်ပါတယ်။ ရည်ရွယ်ချက် ကတော့ ကျွန်တော့်ဆီကို ရောက်လာမယ့် အမျိုးသမီး နှစ်ယောက် ရဲ့ ပူညံပူညံ ပြောလာမယ့် စကားသံတွေကို ဖြတ်တောက်ပစ်နိုင်ဖို့ နဲ့ ဘဝမှာကြီးကျယ်တဲ့ ပျော်ရွှင်မှုကို ရရှိခံစားစေ နို်င်တဲ့ အတွေ့အကြံုတွေကို မျှဝေခံစား ခိုင်းပြီး ကျွန်တော့်အပေါ် အဆင်ပြေပြေ ဆက်ဆံလာ ကြဖို့ ဖြစ်ပါတယ်။

ကျွန်တော်တို့ကားကို Wertheim ရွာလေးဆီကို ဦးတည်မောင်းနှင်လာခဲ့ပါတယ်။ အဲဒီရွာလေးမှာ ရဲတိုက် အိုကြီး ရဲ့ အောက်ဖက်နားမှာရှိတဲ့ တည်းခိုခန်းငယ်လေး တစ်ခုမှာ ကျွန်တော်တို့ ခေတ္တဝင်ရောက် တည်းခိုပြီး နားခဲ့ကြပါတယ်။ ညစာကိုတော့ မုယောစပါးနဲ့ လုပ်ထား တဲ့ ဘီယာနဲ့ ဒေသထွက်ကုန် ဝိုင် တွေကို ပျော်ရွှင်စွာ သောက်ရင်း ရိုးရာဆန်တဲ့ အစားအသောက်တွေကို စား သောက်ခဲ့ကြပါတယ်။ မနက်မိုးလင်းချိန်မှာ breakfast ကို အဝစားပြီး အဲဒီရွာလေးကနေ စျေးဝယ်လို့ရတဲ့ နေရာကို တောက်လျောက် မောင်းထွက်လာခဲ့ပါတယ်။ စျေးဆိုင် တွေရှိတဲ့ နေရာမှာ Fashion stores ဆိုင်တွေက 60% နဲ့ အထက် လျော့စျေး နဲ့ ရောင်းချပေးနေပါတယ်။ စျေးဆိုင်တွေမှာ အလုအယက်တိုးဝှေ့ပြီး စျေးဝယ် ရတာ ပင်ပန်းလွန်းတဲ့ အတွက် နေ့လည်စာ စားပြီးမှပဲ ပင်ပန်းမှု တွေ လျော့ပါးလာပြီး ခွန်အားသစ်တွေ ပြန်လည်ရရှိခဲ့ ပါတယ်။

ကားပေါ်ရောက်ချိန်မှာ Oakley Sunglasses တွေ ကို ဆွဲချပြီး နှာခေါင်းအပေါ်နားအထိ နေရောင် ကာဖို့ လုပ်ဆောင်လိုက်ကာ တောင်ဖက်ပိုင်းမှာ ရှိတဲ့ Stuttgart နဲ့ Outletcity Metzingen မြို့တွေဆီကို ခရီးဆက်ခဲ့ ကြပါ တယ်။ Metzingen ကို ရောက်ရှိချိန်မှာ ကျွန်တော် တို့ စိတ်တိုင်းကျ စျေးဝယ်နိုင်မယ့် ကုန်တိုက်ကြီး တစ်ခု ကို တွေ့ခဲ့ကြပါတယ်။ အရည်အသွေး ကောင်းမွန်ပြီး စျေးနှုန်း မြင့်မားတဲ့ အထူးသီးသန့် ပစ္စည်းတွေကို အမျိုး အစားပေါင်း(၇၀) ကျော်လောက် ရောင်းပေးနေတာဖြစ်ပြီး နာမည်ကြီး designer brands တွေလည်း ရှိပါတယ်။ ကြီးမားတဲ့ အဆောက်အဦး တချို့ကိုလည်း ပိုင်ဆိုင်ထား ပါတယ်။ တရုတ်ခရီးသွား ဧည်သည့်တွေ အလာများလို့ စတိုးဆိုင်အများစုမှာ တရုတ်စကားပြောတတ်တဲ့ ဝန်ထမ်း တွေ ရှိနေပါတယ်။

ကျွန်တော်တို့က ထိုင်ခုံလေးခုပါဝင်တဲ့ Cabriolet ကားကို လူသုံးယောက်ပဲ စီးလာတဲ့ အတွက် စိတ်ချမ်းမြေ့ ပျော်ရွှင်မှုကို ရရှိပါတယ်။ ပိုနေတဲ့ ခုံတစ်လုံးမှာ စျေးဝယ် လာတဲ့ စျေးအိတ်တွေ တင်ဖို့လိုအပ်တဲ့ နေရာအကျယ် အဝန်းကို ရရှိစေလို့ပါပဲ။ ကားရဲ့ ပစ္စည်းထားတဲ့ အခန်း ကတော့ ကျွန်တော်တို့ရဲ့ ခရီးဆောင်သေတ္တာ သုံး ခု လောက်တင်ထားလို့ သိပ်ပြီးနေရာအပို မရှိတော့ပါဘူး။ နောက်ထိုင်ခုံတွေကို အနားယူဖို့ အထူးပုံစံနဲ့ တည် ဆောက် ပေးထားတာဖြစ်ပါတယ်။

စျေးဝယ်ပြီးချိန်မှာတော့ ကားကို highway လမ်း ကနေ မမောင်းပဲ ဂျာမနီနိုင်ငံရဲ့ ပြည်တွင်းလမ်းကြောင်း ကို မောင်းဖို့ GPS စနစ်နဲ့ ရွေးချယ်ခဲ့ပါတယ်။ ကျွန်တော် တို့ ဦးတည်သွားနေတဲ့ ခရီးစဉ်ကတော့ Schwarzwald ဒေသဖြစ်ပြီး Black Forest လို့ လူသိများပါတယ်။ အဲဒီ နေရာလေးက ဂျာမနီနိုင်ငံရဲ့ တောင်ပိုင်းမှာရှိပြီး စာဖွဲ့ကာ ရှင်းပြဖို့ ခက်ခဲလောက်အောင်ကို လှပလွန်းတဲ့ ဒေသ ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ လှပပြီး သာယာနေတဲ့ beautiful autumn day မှာ ပြည်တွင်းက ထုတ်လုပ်ထား တဲ့ Mercedes Cabriolet ကားလေးနဲ့ ဒီလိုနေရာလေးကို လာရောက်ပြီး အတွေ့အကြံုကောင်း တစ်ခုရယူဖို့ အ ကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်လိမ့်မယ်လို့ စိတ်ကူးထဲ မှာ အရင်တုန်းက မတွေးမိခဲ့ပါဘူး။

Black Forest က ကြီးမားကျယ်ပြန့်တဲ့ တောင်စဉ် တောင်တန်း တစ်လျှောက်မှာရှိတဲ့ တောအုပ်ကြီး တစ်ခု ဖြစ်ပြီး Baden-Wurttemberg ဒေသကနေ ဂျာမနီရဲ့ အနောက်တောင်ပိုင်း ပြင်သစ်နိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ် ဒေသအထိ မိုင်တစ်ရာ အကွာအဝေးအတွင်းမှာ တောင် စဉ်တောင်တန်းတွေက ကျယ်ပြန့်စွာ ဆက်လျက်တည်ရှိ နေတာ ဖြစ်ပါတယ်။ သစ်တောတွေ ထူထပ်စွာ ရှိနေလို့ ဒေသ အခေါ်အရ black လိ်ု့ အမည်ပေးထားပါတယ်။ ဒီ ဒေသရဲ့ ထင်ပေါ်ကျော်ကြားမှု အတွက် ပံ့ပိုးပေးနေတဲ့ အချက်တွေကတော့ ဥသြငှက်သံလို အချိန်မှန်မှန်မြည် ပေးတဲ့ cuckoo clocks ရှိခြင်း၊ နာရီသံကို အချိန်မှန် လုပ်ဆောင် ပေးခြင်း ၊ နှင်းလျောစီးနိုင်ခြင်း နဲ့ ခရီးသွား လုပ်ငန်း ရှိခြင်း၊ သဘာဝ အလှတရားတွေနဲ့ ပြည့်စုံနေ ခြင်း တို့ဖြစ်ပါတယ်။

စနေနေ့ ဖြစ်တဲ့အတွက် လမ်းပေါ်မှာ အံ့အား သင့်စရာ ကောင်းလောက်အောင်ကို တိတ်ဆိတ်မှုရှိနေလို့ သစ်တောအတွင်းက ဖြတ်မောင်းလာတဲ့ လမ်းတစ် လျှောက်မှာ တွေ့မြင်ရတဲ့ လှပတဲ့ ရှုခင်းတွေကို ခံစားရ တဲ့ အရသာကို ပိုမို်မြှင့်တင်ပေးလိုက်သလို ဖြစ်ပြီး drama ဆန်တဲ့ ပျော်ရွှင်မှုတွေနဲ့ အတူ တောအုပ်အတွင်းကနေ ထွက်ခွာလာခဲ့ပါတယ်။ ကျွန်တော်တို့ကား မောင်းခဲ့တဲ့ တောင်တက်လမ်း တစ်လျှောက်မှာ ဆိုင်ကယ်စီးနင်းသူ တွေကိုသာ အဓိကတွေ့ခဲ့ရပြီး သာယာတဲ့ ရာသီဥတုနဲ့ ရှင်းလင်းနေတဲ့ လမ်းပေါ်မှာ ကားမောင်းရင်း ပတ်ဝန်း ကျင်မှာ ရှိတဲ့ သဘာဝအလှတရားတွေကို ငေးမောကြည့် ရှုခဲ့ကြရပါတယ်။ လမ်းရဲ့တစ်ဖက် တစ်ချက်မှာ ဆေး ရောင်စုံ ချယ်မှုန်းထားတဲ့ ပန်းချီကားချပ်ကို ကြည့်ရသလို မျိုးသေးငယ်တဲ့ မြို့လေးတွေကို ဖြတ်ကျော်ပြီး မောင်းနှင် ခဲ့ကြပါတယ်။

စနေ ၊ တနင်္ဂနွေ အားလပ်ရက် နှစ်ရက်ကို ကျော် လွန်ပြီးချိန်မှာ လမ်းအမျိုးမျိုးကို ပြောင်းလဲပြီး ကားကို မောင်းနှင်ခဲ့တာ ကိီလိုမီတာ ၆ဝဝ လောက်ရှိနေပါပြီ။ ကျွန်တော်တို့ အတွက်ကတော့ စိတ်သာယာ ချမ်းမြေ့မှု ကို ရရှိစေတဲ့ ယာဉ်မောင်းနှင်မှု အတွေ့အကြံုကောင်း တွေကို ပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ကားမောင်း နှင်းမှု အတွေ့အကြံုတွေကို ပြန်လည်သုံးသပ်ကြည့်တဲ့ အခါ နောက်ပိုင်း rear suspension စနစ်တည်ရှိပုံက AMG ရဲ့ ကောင်းမွန်တဲ့ electronic LSD စနစ်ကို အသုံးပြုထားလို့ ခေတ်မီ ဆန်းသစ်တဲ့ ပုံစံမျိုးဖြစ်စေပါ တယ်။ ယာဉ်ကိုမောင်းနှင်ခြင်း၊ ကိုင်တွယ် ထိန်းသိမ်းခြင်း တွေမှာ မြင့်မားတဲ့ တုန့်ပြန်မှုကို ရရှိစေပြီး ဟန်ချက်ညီညီ နဲ့ လုပ်ဆောင်နိုင်ပါတယ်။ Adative damper ပါဝင်တဲ့ အတွက် ယာဉ်ကို မောင်းနှင်ရာမှာ အဆင့်မြင့်တဲ့ ride quality ကိုရရှိစေပါလိမ့်မယ်။ ဘေးကင်းလုံခြံုရေး စနစ် အတွက် အာရုံခံဆင်ဆာတွေကိုလည်း တပ်ဆင်ထားပါ သေးတယ်။ brake စနစ်ကတော့ ပြောစရာမလိုအောင်ကို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်မျိုးကို ပိုင်ဆိုင်ထားလို့ ယာဉ်ကို မောင်းနှင်ရတဲ့ driving position ကတော့ လုံးဝ ပြည့်စုံ ကောင်းမွန်တယ်လို့ ဆိုရပါလိမ့်မယ်။

အတွင်းခန်းမှာ အသုံးပြုရ လွယ်ကူတဲ့ center console, ခွက်ထည့်လို့ရတဲ့ centre stack နဲ့ ပုလင်းတွေ ထည့်လို့ရတဲ့ ထူထဲခိုင်ခန့်တဲ့ တံခါးတွေ ပါဝင်လို့ သက်သောင့် သက်သာနဲ့ ယာဉ်ကို မောင်းနှင်နို်င်မှာပါ။ ထိုင်ခုံလေးခု ပါဝင်ပေမယ့် ပစ္စည်းထည့်တဲ့ အခန်း ကတော့ ခရီးဆောင်အိတ်ငယ် သုံးလုံးထက်ပိုပြီး ဆန့်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ နောက်ခန်းမှာ အမိုးကို ခေါက်ပြီးသွင်းထားတဲ့အတွက် ပစ္စည်းထားတဲ့ နေရာကို ကျဉ်းသွားစေတာဖြစ်ပါတယ်။ 50km/h အ ထက်မှာ ရှိတဲ့ Speed နဲ့ မောင်းနှင်ချိန်မှာ အပေါ် အမိုးကို ခေါက်သိမ်းတဲ့ အခါ အသံဆူညံမှုကို နည်းပါးစေမှာ ဖြစ်ပြီး နောက်ဘက်က ပြတင်းပေါက်မှန်တံခါးတွေ အပါအဝင် အမိုးကို အတင်အချ လုပ်ချိန်ကတော့ စက္ကန့် နှစ်ဆယ် လောက်သာ ကြာပါလိမ့်မယ်။

အတွင်းဖက် cabin အခန်းထဲမှာ 100 km/h အထက် မောင်းနှင်ချိန်မှာတောင် လေတိုက်သံ (သို့) ဆူညံသံကို အသံတိုးတိုးလေးသာ ကြာရမှာဖြစ်ပါတယ်။

2017 Mercedes-AMG C63 S Cabriolet ကား ကို သုံးသပ်ကြည့်မယ်ဆိုရင် တပ်မက်နှစ်လိုဖွယ် ကောင်းတဲ့ ရုပ်သွင်နဲ့ ကြောက်စရာ ကောင်းလောက်အောင် စွမ်းအား ပြည့်ဝမှုတွေကို ရောနှောထားတဲ့ ကားဖြစ်ပြီး တွေ့မြင်ရ သူတွေကို စွဲဆောင်မှုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ အမျိုး သား တစ်ယောက်ဟာ ဘဝမှာ အရေးကြီးဆုံး အမျိုး သမီး နှစ်ယောက်ရဲ့ စိတ်ငြိုငြင်မှုတွေကို မခံစားရပဲ ဖြေပျောက် အောင်လုပ် ပေးချင်တယ်ဆိုရင်တော့ AMG ကားလေးကို ပျော်ရွှင်စွာစီးပြီး ခရီးထွက်ကြဖို့ လိုအပ်ပါ လိမ့်မယ်။ Show room မှာ ကားကို သွားမကြည့်ခင် ကားရဲ့ Specs ကို အရင်ဆုံးလေ့လာ ထားချင်သူတွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

2017 Mercedes-AMG C63 S Specification

ENGINE 4.0L twin-turbocharged 48-valve V8/ 503 hp @ 5,500-6,200 rpm, 516 lb-ft @ 1,750-4,500 rpm
TRANSMISSION 7-speed twin-clutch automatic
LAYOUT 2-door, 4-passenger, front-engine, RWD convertible
EPA MILEAGE 17/22 mpg (city/hwy)
L x W x H 187 x 73.9 x 55.3 in
WHEELBASE 111.8 in
WEIGHT 4,226 lbs
0-60 MPH 4.1 sec
TOP SPEED 174 mph

Marcus Sigurdsson

Zawgyi  version…

ေအးျမတဲ့ ေဆာင္းရာသီကို ကူးေျပာင္းခ်ိန္ စက္တင္ ဘာလကုန္ပိုင္းရဲ႕ စေန၊ တနဂၤေႏြ အားလပ္ရက္မွာ ကား သစ္တစ္စီးကိုေမာင္းႏွင္ၿပီး ခရီးတုိတစ္ခု ထြက္ခဲ့တဲ့ အမွတ္တရေကာင္းေတြကို စိတ္ဝင္စားဖြယ္ သတင္း တစ္ပုဒ္အေနနဲ႔ ကြၽန္ေတာ္က အသိေပး တင္ျပလိုပါတယ္။ ဒီေန႔ရဲ႕ အပူခ်ိန္ကေတာ့ ၂၃ ဒီဂရီစင္တီ ဂရိတ္ေလာက္ ပဲရွိတာမို႔ ရာသီဥတုသာယာ ေအးခ်မ္းတယ္လုိ႔ ဆုိရပါ လိမ့္မယ္။ ကြၽန္ေတာ့္ ကားရဲ႕ အင္ဂ်င္စက္ကို စတင္ႏႈိး လိုက္ခ်ိန္မွာ က်ယ္ေလာင္တဲ့ အင္ဂ်င္မီးေလာင္ ေပါက္ကဲြ သံတစ္ခု ထြက္ေပၚလာခဲ့ပါတယ္။ ကားရဲ႕အမိုးကို ေနာက္ဖက္ အဖံုးထဲကို အသာအယာ မတင္ၿပီး လွန္ထည့္လိုက္ခ်ိန္မွာ ကြၽန္ေတာ့္ကားေလးက အမိုးဖြင့္ ထားတဲ့ Convertible Sport ကားေလးအျဖစ္ အသြင္ေျပာင္းသြားပါၿပီ။ ကြၽန္ေတာ္က ဂီယာ နဲ႔ လီဗာ စနစ္ကို စတင္လုပ္ေဆာင္ၿပီး စတီယာရင္ကြင္းကုိ ကိုင္ကာ Parking lot ကေန ကားကို အလြယ္တကူ ေနာက္ဆုတ္ ထြက္ခြာၿပီးၿပီးခ်င္း အေရွ႕ဘက္ကို အရွိန္ယူ ၿပီး ေမာင္းထြက္လာခဲ့ပါတယ္။

ကြၽန္ေတာ့္ရဲ႕ Mercedes AMG C63 S Cabriolet ကားေလးကို Frankfurt ေလဆိပ္မွာ ရပ္နားထားရာကေန စတင္ထြက္ခြာလာခဲ့ၿပီးခ်ိန္မွာ navigation စနစ္ကုိ အသံုးျပဳၿပီး သတိထား ေမာင္းလာခဲ့ပါတယ္။ Frankfurt က ထြက္ခြာ လာခ်ိန္မွာ navigation system ရဲ႕ သြက္သြက္လက္ လက္ နဲ႔ လမ္းေၾကာင္း ရွာေဖြတဲ့ လုပ္ေဆာင္ခ်က္ေတြကို ေရွ႕ေလကာမွန္မွာ ရွိတဲ့ Color Head-up-display စနစ္မွာ ပံုေဖာ္ေပးေနတာမို႔ ကြၽန္ေတာ့္ေခါင္းကို လွည့္ၾကည့္ ေန စရာမလိုပဲ ေရွ႕တည့္တည့္ကိုသာ အာရံုစူးစိုက္ၿပီး ေမာင္း ႏွင္သြားႏိုင္လုိ႔ အဆင္ေျပပါတယ္။  ကြၽန္ေတာ့္ ကားေလး နဲ႔ ၿမိဳ႕ျပင္ အေရွ႕ေတာင္ဘက္ကို High speed နဲ႔ ေမာင္းဖုိ႔ ေရြးခ်ယ္ထားပါတယ္။ ဒီကားေလးမွာ 4.0 liter V8 biturbo engine ကို တပ္ဆင္ထားလို႔ အင္ဂ်င္စြမ္းေဆာင္ ရည္ ျမင့္မားပါတယ္။ အဆဲြအလွည့္ ေကာင္းၿပီး ယိမ္းယိုင္ မႈ မရွိတဲ့ စတီယာရင္ စနစ္ပါဝင္တယ္။ ကားရဲ႕ ပတ္လည္မွာ သတိေပးအာရံုခံစနစ္ေတြ ကိုလည္း တပ္ ဆင္ေပးထားပါ တယ္။ High-performance Braking system ပါဝင္ေနလို႔ ခရီးေဝးေမာင္းမယ္ဆုိရင္ သင္ မယံုၾကည္ႏိုင္ေလာက္တဲ့ စြမ္းေဆာင္ရည္ေတြရွိေနတာကို လက္ေတြ႕ သိရွိလာပါလိမ့္မယ္။

Speed limit  အတြက္လည္း စိတ္ပူစရာ မလုိ ပါဘူး။ African savanna ေဒသမွာ က်ားက ေတာဆိတ္ ကို အမဲလိုက္သလို turbo အင္ဂ်င္ႀကီးက ေဝါကနဲ႔ အသံျမည္ၿပီး အရွိန္အဟုန္ျပင္းျပင္းနဲ႔ အားကုန္ေျပး ႏိုင္ပါတယ္။ ဘာေၾကာင့္လည္းဆုိေတာ့ ျမင္းေကာင္ေရ အားက 500 hp ထြက္ရွိလို႔ပါပဲ။ ဒါေၾကာင့္ ကြၽန္ေတာ္က ထုိင္ခံုမွာ ခပ္ေလ်ာေလ်ာေလး ထုိင္ၿပီး အားပါးတရၿပံဳးရင္း ေကာင္းလိုက္တာ လို႔ စၿပီး ေအာ္ဟစ္လိုက္ပါတယ္။

ကြၽန္ေတာ့္ရဲ႕ ပထမဦးဆံုး ခရီးစဥ္ တစ္စိတ္ တစ္ပိုင္းကေတာ့ ဇနီးသည္နဲ႔ ေယာကၡမႀကီးကို ကားေပၚ မွာတင္ၿပီး ေစ်းဝယ္ထြက္ဖို႔ ျဖစ္ပါတယ္။ ရည္ရြယ္ခ်က္ ကေတာ့ ကြၽန္ေတာ့္ဆီကို ေရာက္လာမယ့္ အမ်ဳိးသမီး ႏွစ္ေယာက္ ရဲ႕ ပူညံပူညံ ေျပာလာမယ့္ စကားသံေတြကို ျဖတ္ေတာက္ပစ္ႏိုင္ဖုိ႔ နဲ႔ ဘဝမွာႀကီးက်ယ္တဲ့ ေပ်ာ္ရႊင္မႈကို ရရွိခံစားေစ ႏို္င္တဲ့ အေတြ႕အႀကံဳေတြကို  မွ်ေဝခံစား ခိုင္းၿပီး ကြၽန္ေတာ့္အေပၚ အဆင္ေျပေျပ ဆက္ဆံလာ ၾကဖုိ႔ ျဖစ္ပါတယ္။

ကြၽန္ေတာ္တုိ႔ကားကို Wertheim ရြာေလးဆီကုိ ဦးတည္ေမာင္းႏွင္လာခဲ့ပါတယ္။ အဲဒီရြာေလးမွာ ရဲတိုက္ အိုႀကီး ရဲ႕ ေအာက္ဖက္နားမွာရွိတဲ့ တည္းခုိခန္းငယ္ေလး တစ္ခုမွာ ကြၽန္ေတာ္တို႔ ေခတၱဝင္ေရာက္ တည္းခိုၿပီး နားခဲ့ၾကပါတယ္။ ညစာကိုေတာ့ မုေယာစပါးနဲ႔ လုပ္ထား တဲ့ ဘီယာနဲ႔ ေဒသထြက္ကုန္ ဝိုင္ ေတြကို ေပ်ာ္ရႊင္စြာ ေသာက္ရင္း ရိုးရာဆန္တဲ့ အစားအေသာက္ေတြကို စား ေသာက္ခဲ့ၾကပါတယ္။ မနက္မိုးလင္းခ်ိန္မွာ breakfast ကို အဝစားၿပီး အဲဒီရြာေလးကေန ေစ်းဝယ္လုိ႔ရတဲ့ ေနရာကို ေတာက္ေလ်ာက္ ေမာင္းထြက္လာခဲ့ပါတယ္။ ေစ်းဆိုင္ ေတြရွိတဲ့ ေနရာမွာ Fashion stores ဆိုင္ေတြက 60% နဲ႔ အထက္ ေလ်ာ့ေစ်း နဲ႔ ေရာင္းခ်ေပးေနပါတယ္။ ေစ်းဆုိင္ေတြမွာ အလုအယက္တိုးေဝွ႔ၿပီး ေစ်းဝယ္ ရတာ ပင္ပန္းလြန္းတဲ့ အတြက္ ေန႔လည္စာ စားၿပီးမွပဲ ပင္ပန္းမႈ ေတြ ေလ်ာ့ပါးလာၿပီး ခြန္အားသစ္ေတြ ျပန္လည္ရရွိခဲ့ ပါတယ္။

ကားေပၚေရာက္ခ်ိန္မွာ Oakley Sunglasses ေတြ ကို ဆြဲခ်ၿပီး ႏွာေခါင္းအေပၚနားအထိ ေနေရာင္ ကာဖုိ႔ လုပ္ေဆာင္လိုက္ကာ ေတာင္ဖက္ပိုင္းမွာ ရွိတဲ့ Stuttgart နဲ႔ Outletcity Metzingen ၿမိဳ႕ေတြဆီကုိ ခရီးဆက္ခဲ့ ၾကပါ တယ္။ Metzingen ကို ေရာက္ရွိခ်ိန္မွာ ကြၽန္ေတာ္ တို႔ စိတ္တိုင္းက် ေစ်းဝယ္ႏိုင္မယ့္ ကုန္တုိက္ႀကီး တစ္ခု ကို ေတြ႕ခဲ့ၾကပါတယ္။ အရည္အေသြး ေကာင္းမြန္ၿပီး ေစ်းႏႈန္း ျမင့္မားတဲ့ အထူးသီးသန္႔ ပစၥည္းေတြကို အမ်ဳိး အစားေပါင္း(၇၀) ေက်ာ္ေလာက္ ေရာင္းေပးေနတာျဖစ္ၿပီး နာမည္ႀကီး designer brands ေတြလည္း ရွိပါတယ္။ ႀကီးမားတဲ့ အေဆာက္အဦး တခ်ဳိ႕ကိုလည္း ပိုင္ဆိုင္ထား ပါတယ္။ တရုတ္ခရီးသြား ဧည္သည့္ေတြ အလာမ်ားလို႔ စတုိးဆုိင္အမ်ားစုမွာ တရုတ္စကားေျပာတတ္တဲ့ ဝန္ထမ္း ေတြ ရွိေနပါတယ္။

ကြၽန္ေတာ္တို႔က ထိုင္ခံုေလးခုပါဝင္တဲ့ Cabriolet ကားကုိ လူသံုးေယာက္ပဲ စီးလာတဲ့ အတြက္ စိတ္ခ်မ္းေျမ့ ေပ်ာ္ရႊင္မႈကို ရရွိပါတယ္။ ပိုေနတဲ့ ခံုတစ္လံုးမွာ ေစ်းဝယ္ လာတဲ့ ေစ်းအိတ္ေတြ တင္ဖို႔လိုအပ္တဲ့ ေနရာအက်ယ္ အဝန္းကို ရရွိေစလို႔ပါပဲ။ ကားရဲ႕ ပစၥည္းထားတဲ့ အခန္း ကေတာ့ ကြၽန္ေတာ္တုိ႔ရဲ႕ ခရီးေဆာင္ေသတၱာ သံုး ခု ေလာက္တင္ထားလို႔ သိပ္ၿပီးေနရာအပို မရွိေတာ့ပါဘူး။ ေနာက္ထုိင္ခံုေတြကို အနားယူဖုိ႔ အထူးပံုစံနဲ႔ တည္ ေဆာက္ ေပးထားတာျဖစ္ပါတယ္။

ေစ်းဝယ္ၿပီးခ်ိန္မွာေတာ့ ကားကို highway လမ္း ကေန မေမာင္းပဲ ဂ်ာမနီႏိုင္ငံရဲ႕ ျပည္တြင္းလမ္းေၾကာင္း ကို ေမာင္းဖုိ႔ GPS စနစ္နဲ႔ ေရြးခ်ယ္ခဲ့ပါတယ္။ ကြၽန္ေတာ္ တို႔ ဦးတည္သြားေနတဲ့ ခရီးစဥ္ကေတာ့ Schwarzwald ေဒသျဖစ္ၿပီး Black Forest လို႔ လူသိမ်ားပါတယ္။ အဲဒီ ေနရာေလးက ဂ်ာမနီႏိုင္ငံရဲ႕ ေတာင္ပိုင္းမွာရွိၿပီး စာဖဲြ႕ကာ ရွင္းျပဖုိ႔ ခက္ခဲေလာက္ေအာင္ကို လွပလြန္းတဲ့ ေဒသ ျဖစ္ပါတယ္။ ကြၽန္ေတာ့္ အေနနဲ႔ လွပၿပီး သာယာေနတဲ့ beautiful autumn day မွာ ျပည္တြင္းက ထုတ္လုပ္ထား တဲ့ Mercedes Cabriolet ကားေလးနဲ႔ ဒီလိုေနရာေလးကို လာေရာက္ၿပီး အေတြ႕အႀကံဳေကာင္း တစ္ခုရယူဖုိ႔ အ ေကာင္းဆံုး နည္းလမ္းတစ္ခု ျဖစ္လိမ့္မယ္လို႔ စိတ္ကူးထဲ မွာ အရင္တုန္းက မေတြးမိခဲ့ပါဘူး။

Black Forest က ႀကီးမားက်ယ္ျပန္႔တဲ့ ေတာင္စဥ္ ေတာင္တန္း တစ္ေလွ်ာက္မွာရွိတဲ့ ေတာအုပ္ႀကီး တစ္ခု ျဖစ္ၿပီး Baden-Wurttemberg ေဒသကေန ဂ်ာမနီရဲ႕ အေနာက္ေတာင္ပိုင္း ျပင္သစ္ႏိုင္ငံနဲ႔ ထိစပ္ေနတဲ့ နယ္စပ္  ေဒသအထိ မိုင္တစ္ရာ အကြာအေဝးအတြင္းမွာ ေတာင္ စဥ္ေတာင္တန္းေတြက က်ယ္ျပန္႔စြာ ဆက္လ်က္တည္ရွိ ေနတာ ျဖစ္ပါတယ္။ သစ္ေတာေတြ ထူထပ္စြာ ရွိေနလို႔ ေဒသ အေခၚအရ black လိ္ု႔ အမည္ေပးထားပါတယ္။ ဒီ ေဒသရဲ႕ ထင္ေပၚေက်ာ္ၾကားမႈ အတြက္ ပံ့ပိုးေပးေနတဲ့ အခ်က္ေတြကေတာ့ ဥၾသငွက္သံလို အခ်ိန္မွန္မွန္ျမည္ ေပးတဲ့ cuckoo clocks ရွိျခင္း၊ နာရီသံကို အခ်ိန္မွန္ လုပ္ေဆာင္ ေပးျခင္း ၊ ႏွင္းေလ်ာစီးႏိုင္ျခင္း နဲ႔ ခရီးသြား လုပ္ငန္း ရွိျခင္း၊ သဘာဝ အလွတရားေတြနဲ႔ ျပည့္စံုေန ျခင္း တို႔ျဖစ္ပါတယ္။

စေနေန႔ ျဖစ္တဲ့အတြက္  လမ္းေပၚမွာ အံ့အား သင့္စရာ ေကာင္းေလာက္ေအာင္ကို တိတ္ဆိတ္မႈရွိေနလို႔ သစ္ေတာအတြင္းက ျဖတ္ေမာင္းလာတဲ့ လမ္းတစ္ ေလွ်ာက္မွာ ေတြ႕ျမင္ရတဲ့ လွပတဲ့ ရႈခင္းေတြကို ခံစားရ တဲ့ အရသာကို ပိုမုိ္ျမွင့္တင္ေပးလိုက္သလုိ ျဖစ္ၿပီး drama ဆန္တဲ့ ေပ်ာ္ရႊင္မႈေတြနဲ႔ အတူ ေတာအုပ္အတြင္းကေန ထြက္ခြာလာခဲ့ပါတယ္။ ကြၽန္ေတာ္တုိ႔ကား ေမာင္းခဲ့တဲ့ ေတာင္တက္လမ္း တစ္ေလွ်ာက္မွာ ဆိုင္ကယ္စီးနင္းသူ ေတြကိုသာ အဓိကေတြ႕ခဲ့ရၿပီး သာယာတဲ့ ရာသီဥတုနဲ႔ ရွင္းလင္းေနတဲ့ လမ္းေပၚမွာ ကားေမာင္းရင္း ပတ္ဝန္း က်င္မွာ ရွိတဲ့ သဘာဝအလွတရားေတြကို ေငးေမာၾကည့္ ရႈခဲ့ၾကရပါတယ္။ လမ္းရဲ႕တစ္ဖက္ တစ္ခ်က္မွာ ေဆး ေရာင္စံု ခ်ယ္မႈန္းထားတဲ့ ပန္းခ်ီကားခ်ပ္ကို ၾကည့္ရသလို မ်ဳိးေသးငယ္တဲ့ ၿမိဳ႕ေလးေတြကို ျဖတ္ေက်ာ္ၿပီး ေမာင္းႏွင္ ခဲ့ၾကပါတယ္။

စေန ၊ တနဂၤေႏြ အားလပ္ရက္ ႏွစ္ရက္ကို ေက်ာ္ လြန္ၿပီးခ်ိန္မွာ လမ္းအမ်ဳိးမ်ဳိးကို ေျပာင္းလဲၿပီး ကားကို ေမာင္းႏွင္ခဲ့တာ ကိီလုိမီတာ ၆ဝဝ ေလာက္ရွိေနပါၿပီ။ ကြၽန္ေတာ္တို႔ အတြက္ကေတာ့ စိတ္သာယာ ခ်မ္းေျမ့မႈ ကို ရရွိေစတဲ့ ယာဥ္ေမာင္းႏွင္မႈ အေတြ႕အႀကံဳေကာင္း ေတြကို ပိုင္ဆိုင္ခြင့္ရခဲ့ပါတယ္။ ကြၽန္ေတာ႔္ရဲ႕ ကားေမာင္း ႏွင္းမႈ အေတြ႕အႀကံဳေတြကို ျပန္လည္သံုးသပ္ၾကည့္တဲ့ အခါ ေနာက္ပိုင္း rear suspension စနစ္တည္ရွိပံုက AMG ရဲ႕ ေကာင္းမြန္တဲ့ electronic LSD စနစ္ကို အသံုးျပဳထားလို႔ ေခတ္မီ ဆန္းသစ္တဲ့ ပံုစံမ်ဳိးျဖစ္ေစပါ တယ္။ ယာဥ္ကိုေမာင္းႏွင္ျခင္း၊ ကိုင္တြယ္ ထိန္းသိမ္းျခင္း ေတြမွာ ျမင့္မားတဲ့ တုန္႔ျပန္မႈကို ရရွိေစၿပီး ဟန္ခ်က္ညီညီ နဲ႔ လုပ္ေဆာင္ႏိုင္ပါတယ္။ Adative damper ပါဝင္တဲ့ အတြက္ ယာဥ္ကုိ ေမာင္းႏွင္ရာမွာ အဆင့္ျမင့္တဲ့ ride quality ကိုရရွိေစပါလိမ့္မယ္။ ေဘးကင္းလံုၿခံဳေရး စနစ္ အတြက္ အာရံုခံဆင္ဆာေတြကိုလည္း တပ္ဆင္ထားပါ ေသးတယ္။ brake စနစ္ကေတာ့ ေျပာစရာမလုိေအာင္ကို ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္မ်ဳိးကို ပိုင္ဆုိင္ထားလို႔ ယာဥ္ကို ေမာင္းႏွင္ရတဲ့ driving position ကေတာ့ လံုးဝ ျပည့္စံု ေကာင္းမြန္တယ္လို႔ ဆုိရပါလိမ့္မယ္။

အတြင္းခန္းမွာ အသံုးျပဳရ လြယ္ကူတဲ့ center console, ခြက္ထည့္လို႔ရတဲ့ centre stack နဲ႔ ပုလင္းေတြ ထည့္လို႔ရတဲ့ ထူထဲခိုင္ခန္႔တဲ့ တံခါးေတြ ပါဝင္လို႔ သက္ေသာင့္ သက္သာနဲ႔ ယာဥ္ကို ေမာင္းႏွင္ႏို္င္မွာပါ။ ထုိင္ခံုေလးခု ပါဝင္ေပမယ့္ ပစၥည္းထည့္တဲ့ အခန္း ကေတာ့ ခရီးေဆာင္အိတ္ငယ္ သံုးလံုးထက္ပိုၿပီး ဆန္႔မွာ မဟုတ္ပါဘူး။ ဘာေၾကာင့္လည္းဆိုေတာ့ ေနာက္ခန္းမွာ အမုိးကို ေခါက္ၿပီးသြင္းထားတဲ့အတြက္ ပစၥည္းထားတဲ့ ေနရာကို က်ဥ္းသြားေစတာျဖစ္ပါတယ္။ 50km/h အ ထက္မွာ ရွိတဲ့ Speed နဲ႔ ေမာင္းႏွင္ခ်ိန္မွာ အေပၚ အမိုးကို ေခါက္သိမ္းတဲ့ အခါ အသံဆူညံမႈကို နည္းပါးေစမွာ ျဖစ္ၿပီး ေနာက္ဘက္က ျပတင္းေပါက္မွန္တံခါးေတြ အပါအဝင္ အမိုးကို အတင္အခ် လုပ္ခ်ိန္ကေတာ့ စကၠန္႔ ႏွစ္ဆယ္ ေလာက္သာ ၾကာပါလိမ့္မယ္။

အတြင္းဖက္ cabin အခန္းထဲမွာ 100 km/h အထက္ ေမာင္းႏွင္ခ်ိန္မွာေတာင္ ေလတုိက္သံ (သို႔) ဆူညံသံကို အသံတိုးတုိးေလးသာ ၾကာရမွာျဖစ္ပါတယ္။

2017 Mercedes-AMG C63 S Cabriolet ကား ကို သံုးသပ္ၾကည့္မယ္ဆိုရင္ တပ္မက္ႏွစ္လိုဖြယ္ ေကာင္းတဲ့ ရုပ္သြင္နဲ႔ ေၾကာက္စရာ ေကာင္းေလာက္ေအာင္ စြမ္းအား ျပည့္ဝမႈေတြကို ေရာေႏွာထားတဲ့ ကားျဖစ္ၿပီး ေတြ႕ျမင္ရ သူေတြကို စဲြေဆာင္မႈေပးစြမ္းႏိုင္မွာျဖစ္ပါတယ္။ အမ်ဳိး သား တစ္ေယာက္ဟာ ဘဝမွာ အေရးႀကီးဆံုး အမ်ဳိး သမီး ႏွစ္ေယာက္ရဲ႕ စိတ္ၿငိဳျငင္မႈေတြကို မခံစားရပဲ ေျဖေပ်ာက္ ေအာင္လုပ္ ေပးခ်င္တယ္ဆိုရင္ေတာ့ AMG ကားေလးကို ေပ်ာ္ရႊင္စြာစီးၿပီး ခရီးထြက္ၾကဖို႔ လိုအပ္ပါ လိမ့္မယ္။ Show room မွာ ကားကို သြားမၾကည့္ခင္ ကားရဲ႕ Specs ကို အရင္ဆံုးေလ့လာ ထားခ်င္သူေတြ အတြက္ ေဖာ္ျပေပးလုိက္ပါတယ္။

2017  Mercedes-AMG  C63 S     Specification

 

ENGINE4.0L twin-turbocharged   48-valve V8/       503 hp @ 5,500-6,200 rpm,  516 lb-ft @ 1,750-4,500 rpm
TRANSMISSION 7-speed twin-clutch automatic
LAYOUT2-door, 4-passenger, front-engine, RWD convertible
EPA MILEAGE17/22 mpg (city/hwy)
L x W x H187 x 73.9 x 55.3 in
WHEELBASE111.8 in
WEIGHT4,226 lbs
0-60 MPH4.1 sec
TOP SPEED174 mph

 

 
Marcus Sigurdsson