Unicode version….
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ ထွက်ပေါ်ခဲ့တဲ့ရလဒ်တွေအရ ကမ္ဘာ့ထိပ်တန်းကားကုမ္ပဏီ ၁၀ ခုကို mbaskool.com မှဖော်ပြသွားခဲ့ပါတယ်။အဲဒီစာရင်းထဲမှာပါဝင်ခဲ့တဲ့ ကားကုမ္ပဏီတွေဟာ အရည်အသွေး၊စတိုင်ကမှု၊After sale service ၊ Customer service, Maintenance ပိုင်းလွယ်ကူကောင်းမွန်မှု ၊ ကမ္ဘာအနှ့ံနိုင်ငံ ၁၀၀ ကျော်မှာ ရောင်းချနိုင်မှု၊အမြတ်အစွန်း၊ဝင်ငွေများပြားမှု၊ကားအများအပြားရောင်းချရမှုတွေအပေါ်မှာမူတည်တွက်ချက် ထားတာဖြစ်ပါတယ်။ ကဲဒီကုမ္ပဏီတွေက ဘာတွေဖြစ်မလဲဆိုတာ ဆက်ကြည့်လိုက်ကြရအောင်ပါ။
BMW
ဂျာမနီအခြေစိုက် BMW ဟာ ကမ္ဘာ့ထိပ်တန်းကားကုမ္ပဏီတွေထဲမှာတစ်ခုအပါအဝင်ဖြစ်ပါတယ်။ BMW Group ထဲမှာ automobile, motorcycles နဲ့ financial services လုပ်ငန်းတွေပါဝင်ပြီး မော်တော်ယာဉ်နဲ့ပတ် သက်လို့သူ့ရဲ့အုပ်စုထဲမှာ BMW, Rolls Royce နဲ့ MINI တို့ပါဝင်ပါတယ်။ လက်ရှိအထိ BMW Group ဟာ နိုင်ငံပေါင်း ၁၄ နို်င်ငံမှာရှိတဲ့ စက်ရုံတွေကနေပြီးတော့ ဝန်ထမ်း ၁သိန်း ၂ သောင်းကျော်နဲ့ ကားအမျိုးအစား ၃၁ မျိုးကိုထုတ်လုပ်ပြီး ကမ္ဘာအနှ့ံကိုဖြန့်ချိနေပါတယ်။
ဝင်ငွေ- အမေရိကန်ဒေါ်လာ ၈၉.၃၉ ဘီလျံ
အသားတင်အမြတ်-အမေရိကန်ဒေါ်လာ ရ.၆၄ ဘီလျံ
ရောင်းချရသောကားအစီးရေ – ၂,၃၆၇,၆၀၃
Daimler
အဆင့်မီကားတွေကိုထုတ်လုပ်ရောင်းချနေတဲ့ Daimler Group ဟာဆိုရင်သက်တမ်း ၁၃၀ ကျော်ပြီဖြစ်တဲ့ ကားကုမ္ပဏီတစ်ခုဖြစ်ပြီး သူ့လက်အောက်မှာ Mercedes-Benz cars, Mercedes-Benz vans, Daimler trucks, Daimler buses နဲ့ Daimler financial servicesဆိုတဲ့လုပ်ငန်းတွေရှိပါတယ်။ ကားထုတ် လုပ်ရေးနဲ့ပတ်သက်လို့တော့နိုင်ငံပေါင်း ၂၀ မှာရှိတဲ့သူတို့ရဲ့စက်ရုံတွေကနေတစ်ဆင့် ကမ္ဘာအနှ့့ံက အရောင်း စင်တာ ၈၅၀၀ ကျော်ဆီကားတွေတင်ပို့ပြီး ရောင်းချနေပါတယ်။သူ့ရဲ့ဝန်ထမ်းအင်အားက ၂ သိန်း ၈သောင်းကျော်ရှိပါတယ်။
ဝင်ငွေ- အမေရိကန် ဒေါ်လာ ၁၆၂.၄၅ ဘီလျံ
အသားတင်အမြတ်- အမေရိကန် ဒေါ်လာ ၉.၃၀ ဘီလျံ
ရောင်းချရသောကားအစီးရေ – ၂,၅၅၇,၀၅၂
Fiat Chrysler
Fiat Chrysler ဆိုတာက အီတလီအခြေစိုက် Fiat S.p.a နဲ့ Chrysler တို့ ၂၀၁၄ ခုနှစ်က ပူးပေါင်းပြီး Fiat Chrysler automobiles (FCA) အဖြစ်ဖွဲ့စည်းခဲ့တဲ့ကုမ္ပဏီဖြစ်ပါတယ်။ သူတို့က အပေါ့စားလုပ်ငန်းသုံး ယာဉ်တွေ၊လူစီးယာဉ်တွေနဲ့အဲဒီကားတွေရဲ့အစိတ်အပိုင်းတွေ၊ထုတ်လုပ်မှုတွေနဲ့ပတ်သက်ပြီး ကိုယ်တိုင်ဒီဇိုင်း ဆွဲ၊ ထုတ်လုပ်၊ရောင်းချ၊ဖြန့်ဖြူးနေတဲ့ ကားလုပ်ငန်းအဖွဲ့ကြီးဖြစ်ပါတယ်။ Fiat Chrysler automobiles (FCA) မှာ Alfa Romeo, Chrysler, Dodge, Fiat Professional, Jeep, Lancia, Ram Truck, Abarth, Mopar, SRT, Maserati, Comau, Magneti Marelli နဲ့ Teksid တို့လိုကား Brand တွေပါဝင်ပြီး နိုင်ငံပေါင်း ၄၀ ရှိစက်ရုံတွေကနေတစ်ဆင့် နိုင်ငံ ၁၅၀ ကျော်ကို ကားတွေဖြန့်ဖြူးရောင်းချနေပါတယ်။ သူတို့ရဲ့ဝန်ထမ်းအင် အားကလည်း ၂သိန်း၃သောင်း၈ထောင်ကျော်ရှိပါတယ်။
ဝင်ငွေ- အမေရိကန် ဒေါ်လာ ၁၁၇.၆၇ ဘီလျံ
အသားတင်အမြတ်- အမေရိကန် ဒေါ်လာ ၁.၉၂ ဘီလျံ
ရောင်းချရသောကားအစီးရေ – ၄,၄၈၂,၀၀၀
Hyundai
တောင်ကိုရီးယားအခြေစိုက် Hyundai ကားကုမ္ပဏီဟာ ၁၉၆၇ ကတည်းကစတင်တည်ထောင်ခဲ့တာဖြစ်ပြီး ကားထုတ်လုပ်ရေးသာမကဘဲ သူတို့ရဲ့Customerတွေအတွက် Credit နဲ့အာမခံဆိုင်ရာတွေကိုပြုလုပ်ပေးတဲ့ အပြင် မီးရထားသံလမ်းထုတ်လုပ်မှုတွေကိုပါဆောင်ရွက်နေပါတယ်။ Hyundai ဟာ ၁၉၉၆ ခုနှစ်က သူတို့ရဲ့ Operation ကို အိန္ဒိယနိုင်ငံမှာစတင်တုန်းက လူသိနည်းခဲ့ပေမယ့်နောက်ပိုင်းမှာတော့ သူတို့ရဲ့နည်းပညာတိုး တက်လာမှုနဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ၁၉၃ နိုင်ငံမှာအရောင်းစင်တာ ၅၀၀၀ကျော်ဖွင့်လှစ်ရောင်းချနိုင် တဲ့အထိအောင်မြင်လာခဲ့ပါတယ်။ သူတို့ရဲ့ဝန်ထမ်းအင်အားကလည်း ၈သောင်း၆ထောင် ကျော်ရှိပါတယ်။
ဝင်ငွေ- အမေရိကန် ဒေါ်လာ ၈၀.၉၄ ဘီလျံ
အသားတင်အမြတ်- အမေရိကန် ဒေါ်လာ ၄.၉၄ ဘီလျံ
ရောင်းချရသောကားအစီးရေ – ၄,၈၆၀,၀၀၀
Honda
Honda ကုမ္ပဏီက ကားတွေသာမကဘဲ လေယာဉ်နဲ့ဆိုင်ကယ်တွေကိုပါထုတ်လုပ်ခဲ့ပါတယ်။ သူတို့ရဲ့အဓိက စျေးကွက်က မြောက်အမေရိကတိုက်ဖြစ်ပြီး ၁၉၉၃ခုနှစ်က မြောက်အမေရိကရဲ့တစ်နှစ်တာ ကားအများဆုံး ရောင်းရတဲ့ ကုမ္ပဏီအဖြစ်ရပ်တည်ခဲ့ပါတယ်။ ဒါ့အပြင် သူတို့ရဲ့Customerတွေအတွက် Credit နဲ့အာမခံဆိုင်ရာတွေကိုပြုလုပ်ပေးတဲ့ Service ကိုပါဆောင်ရွက်နေပါတယ်။ Honda ဟာ နိုင်ငံပေါင်း ၃၃ နိုင်ငံမှာ အရောင်းစင်တာ ၈၉ခုဖွင့်လှစ်က နိုင်ငံ ၁၄၀ ကျော်ကို ကားတွေဖြန့်ဖြူးရောင်းချနေပြီး ဝန်ထမ်း အင်အား ၂၉၅၀၀ ကျော်ပိုင်ဆိုင်ထားပါတယ်။
ဝင်ငွေ- အမေရိကန် ဒေါ်လာ ၁၂၂.၉၅ ဘီလျံ
အသားတင်အမြတ်- အမေရိကန် ဒေါ်လာ ၅.၆၅ ဘီလျံ
ရောင်းချရသောကားအစီးရေ – ၄,၉၇၂,၀၀၀
Nissan
၁၉၃၃ ခုနှစ်မှာစတင်တည်ထောင်ခဲ့တဲ့ Nissan ကုမ္ပဏီက ကားထုတ်လုပ်ရေးတစ်ခုထဲမဟုတ်ဘဲ သင်္ဘော တပ်ဆင်ရေးအတွက် လိုအပ်တဲ့ပစ္စည်းတွေကိုပါ ထုတ်လုပ်ရောင်းချနေတာဖြစ်ပါတယ်။ သူ့ဆီမှာ Nissan, Datsun နဲ့ Infiniti ဆိုပြီး နာမည်ခွဲ ၃ ခုနဲ့ကားတွေထုတ်လုပ်ဖြန့်ဖြူးနေပါတယ်။ သူတို့ဟာ ၂၀၁၀ မှာ ဇီးရိုးကာဗွန်ဒိုင်အောက်ဆိုက်ဖြစ်စေမယ့် လျှပ်စစ်ကားကိုစတင်ထုတ်လုပ်ခဲ့ပြီး ကမ္ဘာ့ကားစျေးကွက်မှာ ပို်မိုနေရာယူလာနိုင်ခဲ့ပါတယ်။ လက်ရှိမှာ နိုင်ငံပေါင်း ၁၆၀ ကျော်ကိုကားတွေဖြန့်ဖြူးရောင်းချနေပြီး ဝန်ထမ်း ၁သောင်းကျော်နဲ့ လုပ်ငန်းတွေလည်ပတ်နေပါတယ်။
ဝင်ငွေ- အမေရိကန် ဒေါ်လာ ၉၆.၆၃ ဘီလျံ
အသားတင်အမြတ်- အမေရိကန် ဒေါ်လာ ၅.၆၆ ဘီလျံ
ရောင်းချရသောကားအစီးရေ – ၅,၂၇၇,၀၀၀
Ford Motors
အမေရိကန်အခြေစိုက် Ford Motors ရဲ့လက်အောက်မှာ ကားထုတ်လုပ်ရေးဖြန့်ဖြူးရေးနဲ့ ဆက်စပ်ပစ္စည်း ထုတ်လုပ်မှုတို့အပြင် အရစ်ကျကားဝယ်လိုသူတွေကို ငွေကြေးစီစဉ်ပေးမှုတွေကိုလုပ်ကိုင်နေပါတယ်။ အဲလို လုပ်ကိုင်ဖို့Ford Motors ကမြောက်အမေရိက၊တောင်အမေရိက၊ဥရောပနဲ့အာရှပစိဖိတ်အာဖရိကဆိုပြီး အပိုင်း ၄ ပိုင်းခွဲထားပြီး ဝန်ထမ်းအင်အား ၂ သိန်းနီးပါးခန့်အပ်ဆောင်ရွက်နေပါတယ်။ လက်ရှိမှာ Ford ဟာ Lincoln, Ford ဆိုပြီး Brand ၂ မျိုးကိုထုတ်လုပ်နေပါတယ်။ ၁၉၀၃ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပြီး သက်တမ်းရင့်ကားကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။
ဝင်ငွေ- အမေရိကန် ဒေါ်လာ ၁၄၀.၆၉ ဘီလျံ
အသားတင်အမြတ်- အမေရိကန် ဒေါ်လာ ရ.၁၈ ဘီလျံ
ရောင်းချရသောကားအစီးရေ – ၆,၆၅၁,၀၀၀
Toyota
နှစ်စဉ်နှစ်တိုင်း အရောင်းရဆုံးကားကုမ္ပဏီတွေစာရင်းထဲမှာ ထိပ်တန်းအဆင့်မှာအမြဲပါဝင်နေကြဖြစ်တဲ့ Toyota ကို ၁၉၃၇ မှာစတင်တည်ထောင်ခဲ့တာဖြစ်ပြီး သူတို့ဟာကားတွေကို ဒီဇိုင်းရေးဆွဲမှုအပြင် ဆက်စပ်ပစ္စည်း ထုတ်လုပ်ခြင်း၊ဖြန့်ဖြူးရောင်းချခြင်းတွေသာမက အရစ်ကျကားဝယ်လိုသူတွေကို ငွေကြေးစီစဉ်ပေးမှုတွေကို လုပ်ကိုင်နေပါတယ်။ သူ့လက်အောက်မှာ Toyota brand အပြင် , Lexus, Daihatsu, Ranz နဲ့ Hino တို့လို Brand ခွဲတွေကိုပါထုတ်လုပ်ရောင်းချနေပါတယ်။ ဝန်ထမ်းအင်အား ၃သောင်း ၃ ထောင်ကျော်ကိုသုံးပြီး ၂၈ နိုင်ငံမှာရှိတဲ့ စက်ရုံ ၅၃ ရုံကနေတစ်ဆင့် ကားတွေထုတ်ပြီး နိုင်ငံပေါင်း ၁၇၀ ကျော်ကိုဖြန့်ဖြူး ရောင်းချနေပါတယ်။
ဝင်ငွေ- အမေရိကန် ဒေါ်လာ ၂၄၀.၀၅ ဘီလျံ
အသားတင်အမြတ်- အမေရိကန် ဒေါ်လာ ၁၆.၄၄ ဘီလျံ
ရောင်းချရသောကားအစီးရေ – ၈,၈၃၁,၉၃၀
General Motors
အမေရိကန်အခြေစိုက်ဖြစ်သလို ၁၉၀၈ ခုနှစ်မှာစတင်တည်ထောင်ခဲ့တဲ့ GM ကလည်းဝါရင့်ကားထုတ်လုပ် သူဖြစ်ပြီး လူစီးယာဉ်၊ Truck နဲ့ ကားပစ္စည်းတွေကိုထုတ်လုပ်ရောင်းချနေပါတယ်။ GM အနေနဲ့ Baojun, Jiefang, Buick, Onstar, Cadillac, Opel, Chervolet, Vauxhall, GMC, Wuling , Holden ဆိုတဲ့အမှတ်တံဆိပ် ၁၁ ခုကိုပိုင်ဆိုင်ထားပြီး သူတို့ဟာ နို်င်ငံပေါင်း ၃၅ နိုင်ငံမှာရှိတဲ့စက်ရုံခွဲတွေဆီမှတစ်ဆင့် ၁၂၅ နိုင်ငံကို ကားတွေရောင်းချနေပါတယ်။ ဝန်ထမ်းအင်အားကတော့ ၂ သိန်းခွဲလောက်ပိုင်ဆိုင်ထားပါတယ်။
ဝင်ငွေ- အမေရိကန် ဒေါ်လာ ၁၆၆.၄ ဘီလျံ
အသားတင်အမြတ်- အမေရိကန် ဒေါ်လာ ၉.၄ ဘီလျံ
ရောင်းချရသောကားအစီးရေ – ၉,၉၆၅,၂၃၈
Volkswagen
ဂျာမနီအခြေစိုက်ကားကုမ္ပဏီတစ်ခုဖြစ်ပြီး ဥရောပရဲ့အကြီးဆုံးကားထုတ်လုပ်ရေးလုပ်ငန်းအဖြစ်ရပ်တည်နေပါ တယ်။ လက်ရှိမှာ Volkswagen အနေနဲ့ လူစီးယာဉ်၊ လုပ်ငန်းသုံးယာဉ်၊ ငွေကြေးဆိုင်ရာဝန်ဆောင်မှု၊ မော်တော်ဆိုင်ကယ်နဲ့ အင်ဂျင်နီယာလုပ်ငန်းနဲ့ဆက်စပ်တာတွေကိုလုပ်ကိုင်ပါတယ်။ သူ့လက်အောက်မှာ Audi, Bentley, Porsche, Lamborghini, Seat, Skoda, Volkswagen နဲ့ Bugatti ကားBrand တွေရှိပြီး Ducati ဆိုင်ကယ်ကုမ္ပဏီကိုပါပိုင်ဆိုင်ထားပါတယ်။ နိုင်ငံပေါင်း ၃၁ နိုင်ငံမှာသူတို့ရဲ့ကားထုတ် လုပ်ရေးဌာနတွေရှိပြီး ၁၅၃ နိုင်ငံကိုကားတွေတင်ပို့ရောင်းချနေပါတယ်။
ဝင်ငွေ- အမေရိကန် ဒေါ်လာ ၂၂၆.၀၃ ဘီလျံ
အသားတင်အမြတ်- အမေရိကန် ဒေါ်လာ ၁၂.၂၂ ဘီလျံ
ရောင်းချရသောကားအစီးရေ – ၁၀,၃၀၇,၃၄၀
Zawgyi version..
ျပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္မွာ ထြက္ေပၚခဲ့တဲ့ရလဒ္ေတြအရ ကမာၻ႕ထိပ္တန္းကားကုမၸဏီ ၁၀ ခုကုိ mbaskool.com မွေဖာ္ျပသြားခဲ့ပါတယ္။အဲဒီစာရင္းထဲမွာပါဝင္ခဲ့တဲ့ ကားကုမၸဏီေတြဟာ အရည္အေသြး၊စတုိင္ကမွဳ၊After sale service ၊ Customer service, Maintenance ပုိင္းလြယ္ကူေကာင္းမြန္မွဳ ၊ ကမာၻအႏွ႕ံႏုိင္ငံ ၁၀၀ ေက်ာ္မွာ ေရာင္းခ်ႏိုင္မွဳ၊အျမတ္အစြန္း၊ဝင္ေငြမ်ားျပားမွဳ၊ကားအမ်ားအျပားေရာင္းခ်ရမွဳေတြအေပၚမွာမူတည္တြက္ခ်က္ ထားတာျဖစ္ပါတယ္။ ကဲဒီကုမၸဏီေတြက ဘာေတြျဖစ္မလဲဆုိတာ ဆက္ၾကည့္လုိက္ၾကရေအာင္ပါ။
- BMW
ဂ်ာမနီအေျခစိုက္ BMW ဟာ ကမာၻ႕ထိပ္တန္းကားကုမၸဏီေတြထဲမွာတစ္ခုအပါအဝင္ျဖစ္ပါတယ္။ BMW Group ထဲမွာ automobile, motorcycles နဲ႕ financial services လုပ္ငန္းေတြပါဝင္ျပီး ေမာ္ေတာ္ယာဥ္နဲ႕ပတ္ သက္လုိ႕သူ႕ရဲ႕အုပ္စုထဲမွာ BMW, Rolls Royce နဲ႕ MINI တုိ႔ပါဝင္ပါတယ္။ လက္ရွိအထိ BMW Group ဟာ ႏုိင္ငံေပါင္း ၁၄ ႏုိ္င္ငံမွာရွိတဲ့ စက္ရုံေတြကေနျပီးေတာ့ ဝန္ထမ္း ၁သိန္း ၂ ေသာင္းေက်ာ္နဲ႕ ကားအမ်ိဳးအစား ၃၁ မ်ိဳးကုိထုတ္လုပ္ျပီး ကမာၻအႏွ႕ံကုိျဖန္႕ခ်ိေနပါတယ္။
ဝင္ေငြ- အေမရိကန္ေဒၚလာ ၈၉.၃၉ ဘီလ်ံ
အသားတင္အျမတ္-အေမရိကန္ေဒၚလာ ၇.၆၄ ဘီလ်ံ
ေရာင္းခ်ရေသာကားအစီးေရ – ၂,၃၆၇,၆၀၃
- Daimler
အဆင့္မီကားေတြကုိထုတ္လုပ္ေရာင္းခ်ေနတဲ့ Daimler Group ဟာဆုိရင္သက္တမ္း ၁၃၀ ေက်ာ္ျပီျဖစ္တဲ့ ကားကုမၸဏီတစ္ခုျဖစ္ျပီး သူ႕လက္ေအာက္မွာ Mercedes-Benz cars, Mercedes-Benz vans, Daimler trucks, Daimler buses နဲ႕ Daimler financial servicesဆုိတဲ့လုပ္ငန္းေတြရွိပါတယ္။ ကားထုတ္ လုပ္ေရးနဲ႕ပတ္သက္လုိ႔ေတာ့ႏုိင္ငံေပါင္း ၂၀ မွာရွိတဲ့သူတုိ႕ရဲ႕စက္ရုံေတြကေနတစ္ဆင့္ ကမၻာအႏွ႕႔ံက အေရာင္း စင္တာ ၈၅၀၀ ေက်ာ္ဆီကားေတြတင္ပုိ႔ျပီး ေရာင္းခ်ေနပါတယ္။သူ႕ရဲ႕ဝန္ထမ္းအင္အားက ၂ သိန္း ၈ေသာင္းေက်ာ္ရွိပါတယ္။
ဝင္ေငြ- အေမရိကန္ ေဒၚလာ ၁၆၂.၄၅ ဘီလ်ံ
အသားတင္အျမတ္- အေမရိကန္ ေဒၚလာ ၉.၃၀ ဘီလ်ံ
ေရာင္းခ်ရေသာကားအစီးေရ – ၂,၅၅၇,၀၅၂
- Fiat Chrysler
Fiat Chrysler ဆုိတာက အီတလီအေျခစုိက္ Fiat S.p.a နဲ႕ Chrysler တုိ႕ ၂၀၁၄ ခုႏွစ္က ပူးေပါင္းျပီး Fiat Chrysler automobiles (FCA) အျဖစ္ဖဲြ႕စည္းခဲ့တဲ့ကုမၸဏီျဖစ္ပါတယ္။ သူတုိ႔က အေပါ့စားလုပ္ငန္းသုံး ယာဥ္ေတြ၊လူစီးယာဥ္ေတြနဲ႕အဲဒီကားေတြရဲ႕အစိတ္အပုိင္းေတြ၊ထုတ္လုပ္မွဳေတြနဲ႕ပတ္သက္ျပီး ကုိယ္တုိင္ဒီဇုိင္း ဆဲြ၊ ထုတ္လုပ္၊ေရာင္းခ်၊ျဖန္႕ျဖဴးေနတဲ့ ကားလုပ္ငန္းအဖြဲ႕ၾကီးျဖစ္ပါတယ္။ Fiat Chrysler automobiles (FCA) မွာ Alfa Romeo, Chrysler, Dodge, Fiat Professional, Jeep, Lancia, Ram Truck, Abarth, Mopar, SRT, Maserati, Comau, Magneti Marelli နဲ႕ Teksid တုိ႕လုိကား Brand ေတြပါဝင္ျပီး ႏုိင္ငံေပါင္း ၄၀ ရွိစက္ရုံေတြကေနတစ္ဆင့္ ႏုိင္ငံ ၁၅၀ ေက်ာ္ကုိ ကားေတြျဖန္႕ျဖဴးေရာင္းခ်ေနပါတယ္။ သူတုိ႕ရဲ႕ဝန္ထမ္းအင္ အားကလည္း ၂သိန္း၃ေသာင္း၈ေထာင္ေက်ာ္ရွိပါတယ္။
ဝင္ေငြ- အေမရိကန္ ေဒၚလာ ၁၁၇.၆၇ ဘီလ်ံ
အသားတင္အျမတ္- အေမရိကန္ ေဒၚလာ ၁.၉၂ ဘီလ်ံ
ေရာင္းခ်ရေသာကားအစီးေရ – ၄,၄၈၂,၀၀၀
- Hyundai
ေတာင္ကုိရီးယားအေျခစုိက္ Hyundai ကားကုမၸဏီဟာ ၁၉၆၇ ကတည္းကစတင္တည္ေထာင္ခဲ့တာျဖစ္ျပီး ကားထုတ္လုပ္ေရးသာမကဘဲ သူတုိ႕ရဲ႕Customerေတြအတြက္ Credit နဲ႕အာမခံဆုိင္ရာေတြကုိျပဳလုပ္ေပးတဲ့ အျပင္ မီးရထားသံလမ္းထုတ္လုပ္မွဳေတြကုိပါေဆာင္ရြက္ေနပါတယ္။ Hyundai ဟာ ၁၉၉၆ ခုႏွစ္က သူတုိ႕ရဲ႕ Operation ကုိ အိႏၵိယႏုိင္ငံမွာစတင္တုန္းက လူသိနည္းခဲ့ေပမယ့္ေနာက္ပုိင္းမွာေတာ့ သူတုိ႕ရဲ႕နည္းပညာတုိး တက္လာမွဳနဲ႕ ၾကိဳးစားအားထုတ္မွဳေတြေၾကာင့္ ၁၉၃ ႏုိင္ငံမွာအေရာင္းစင္တာ ၅၀၀၀ေက်ာ္ဖြင့္လွစ္ေရာင္းခ်ႏုိင္ တဲ့အထိေအာင္ျမင္လာခဲ့ပါတယ္။ သူတုိ႕ရဲ႕ဝန္ထမ္းအင္အားကလည္း ၈ေသာင္း၆ေထာင္ ေက်ာ္ရွိပါတယ္။
ဝင္ေငြ- အေမရိကန္ ေဒၚလာ ၈၀.၉၄ ဘီလ်ံ
အသားတင္အျမတ္- အေမရိကန္ ေဒၚလာ ၄.၉၄ ဘီလ်ံ
ေရာင္းခ်ရေသာကားအစီးေရ – ၄,၈၆၀,၀၀၀
- Honda
Honda ကုမၸဏီက ကားေတြသာမကဘဲ ေလယာဥ္နဲ႕ဆုိင္ကယ္ေတြကုိပါထုတ္လုပ္ခဲ့ပါတယ္။ သူတုိ႔ရဲ႕အဓိက ေစ်းကြက္က ေျမာက္အေမရိကတုိက္ျဖစ္ျပီး ၁၉၉၃ခုႏွစ္က ေျမာက္အေမရိကရဲ႕တစ္ႏွစ္တာ ကားအမ်ားဆုံး ေရာင္းရတဲ့ ကုမၸဏီအျဖစ္ရပ္တည္ခဲ့ပါတယ္။ ဒါ့အျပင္ သူတုိ႕ရဲ႕Customerေတြအတြက္ Credit နဲ႕အာမခံဆုိင္ရာေတြကုိျပဳလုပ္ေပးတဲ့ Service ကုိပါေဆာင္ရြက္ေနပါတယ္။ Honda ဟာ ႏုိင္ငံေပါင္း ၃၃ ႏုိင္ငံမွာ အေရာင္းစင္တာ ၈၉ခုဖြင့္လွစ္က ႏိုင္ငံ ၁၄၀ ေက်ာ္ကုိ ကားေတြျဖန္႕ျဖဴးေရာင္းခ်ေနျပီး ဝန္ထမ္း အင္အား ၂၉၅၀၀ ေက်ာ္ပုိင္ဆုိင္ထားပါတယ္။
ဝင္ေငြ- အေမရိကန္ ေဒၚလာ ၁၂၂.၉၅ ဘီလ်ံ
အသားတင္အျမတ္- အေမရိကန္ ေဒၚလာ ၅.၆၅ ဘီလ်ံ
ေရာင္းခ်ရေသာကားအစီးေရ – ၄,၉၇၂,၀၀၀
- Nissan
၁၉၃၃ ခုႏွစ္မွာစတင္တည္ေထာင္ခဲ့တဲ့ Nissan ကုမၸဏီက ကားထုတ္လုပ္ေရးတစ္ခုထဲမဟုတ္ဘဲ သေဘၤာ တပ္ဆင္ေရးအတြက္ လုိအပ္တဲ့ပစၥည္းေတြကုိပါ ထုတ္လုပ္ေရာင္းခ်ေနတာျဖစ္ပါတယ္။ သူ႕ဆီမွာ Nissan, Datsun နဲ႕ Infiniti ဆုိျပီး နာမည္ခဲြ ၃ ခုနဲ႕ကားေတြထုတ္လုပ္ျဖန္႕ျဖဴးေနပါတယ္။ သူတုိ႕ဟာ ၂၀၁၀ မွာ ဇီးရုိးကာဗြန္ဒုိင္ေအာက္ဆုိက္ျဖစ္ေစမယ့္ လွ်ပ္စစ္ကားကုိစတင္ထုတ္လုပ္ခဲ့ျပီး ကမာၻ႕ကားေစ်းကြက္မွာ ပို္မုိေနရာယူလာႏုိင္ခဲ့ပါတယ္။ လက္ရွိမွာ ႏုိင္ငံေပါင္း ၁၆၀ ေက်ာ္ကုိကားေတြျဖန္႕ျဖဴးေရာင္းခ်ေနျပီး ဝန္ထမ္း ၁ေသာင္းေက်ာ္နဲ႕ လုပ္ငန္းေတြလည္ပတ္ေနပါတယ္။
ဝင္ေငြ- အေမရိကန္ ေဒၚလာ ၉၆.၆၃ ဘီလ်ံ
အသားတင္အျမတ္- အေမရိကန္ ေဒၚလာ ၅.၆၆ ဘီလ်ံ
ေရာင္းခ်ရေသာကားအစီးေရ – ၅,၂၇၇,၀၀၀
- Ford Motors
အေမရိကန္အေျခစုိက္ Ford Motors ရဲ႕လက္ေအာက္မွာ ကားထုတ္လုပ္ေရးျဖန္႕ျဖဴးေရးနဲ႕ ဆက္စပ္ပစၥည္း ထုတ္လုပ္မွဳတုိ႕အျပင္ အရစ္က်ကားဝယ္လုိသူေတြကုိ ေငြေၾကးစီစဥ္ေပးမွဳေတြကုိလုပ္ကုိင္ေနပါတယ္။ အဲလုိ လုပ္ကုိင္ဖုိ႕Ford Motors ကေျမာက္အေမရိက၊ေတာင္အေမရိက၊ဥေရာပနဲ႕အာရွပစိဖိတ္အာဖရိကဆုိျပီး အပုိင္း ၄ ပုိင္းခဲြထားျပီး ဝန္ထမ္းအင္အား ၂ သိန္းနီးပါးခန္႕အပ္ေဆာင္ရြက္ေနပါတယ္။ လက္ရွိမွာ Ford ဟာ Lincoln, Ford ဆုိျပီး Brand ၂ မ်ိဳးကုိထုတ္လုပ္ေနပါတယ္။ ၁၉၀၃ ခုႏွစ္ကတည္းက စတင္တည္ေထာင္ခဲ့တဲ့ ကုမၸဏီျဖစ္ျပီး သက္တမ္းရင့္ကားကုမၸဏီတစ္ခုလည္းျဖစ္ပါတယ္။
ဝင္ေငြ- အေမရိကန္ ေဒၚလာ ၁၄၀.၆၉ ဘီလ်ံ
အသားတင္အျမတ္- အေမရိကန္ ေဒၚလာ ၇.၁၈ ဘီလ်ံ
ေရာင္းခ်ရေသာကားအစီးေရ – ၆,၆၅၁,၀၀၀
- Toyota
ႏွစ္စဥ္ႏွစ္တုိင္း အေရာင္းရဆုံးကားကုမၸဏီေတြစာရင္းထဲမွာ ထိပ္တန္းအဆင့္မွာအျမဲပါဝင္ေနၾကျဖစ္တဲ့ Toyota ကုိ ၁၉၃၇ မွာစတင္တည္ေထာင္ခဲ့တာျဖစ္ျပီး သူတုိ႕ဟာကားေတြကုိ ဒီဇုိင္းေရးဆဲြမွဳအျပင္ ဆက္စပ္ပစၥည္း ထုတ္လုပ္ျခင္း၊ျဖန္႕ျဖဴးေရာင္းခ်ျခင္းေတြသာမက အရစ္က်ကားဝယ္လုိသူေတြကုိ ေငြေၾကးစီစဥ္ေပးမွဳေတြကုိ လုပ္ကုိင္ေနပါတယ္။ သူ႕လက္ေအာက္မွာ Toyota brand အျပင္ , Lexus, Daihatsu, Ranz နဲ႕ Hino တုိ႕လုိ Brand ခဲြေတြကုိပါထုတ္လုပ္ေရာင္းခ်ေနပါတယ္။ ဝန္ထမ္းအင္အား ၃ေသာင္း ၃ ေထာင္ေက်ာ္ကုိသုံးျပီး ၂၈ ႏုိင္ငံမွာရွိတဲ့ စက္ရုံ ၅၃ ရုံကေနတစ္ဆင့္ ကားေတြထုတ္ျပီး ႏုိင္ငံေပါင္း ၁၇၀ ေက်ာ္ကုိျဖန္႕ျဖဴး ေရာင္းခ်ေနပါတယ္။
ဝင္ေငြ- အေမရိကန္ ေဒၚလာ ၂၄၀.၀၅ ဘီလ်ံ
အသားတင္အျမတ္- အေမရိကန္ ေဒၚလာ ၁၆.၄၄ ဘီလ်ံ
ေရာင္းခ်ရေသာကားအစီးေရ – ၈,၈၃၁,၉၃၀
- General Motors
အေမရိကန္အေျခစုိက္ျဖစ္သလုိ ၁၉၀၈ ခုႏွစ္မွာစတင္တည္ေထာင္ခဲ့တဲ့ GM ကလည္းဝါရင့္ကားထုတ္လုပ္ သူျဖစ္ျပီး လူစီးယာဥ္၊ Truck နဲ႕ ကားပစၥည္းေတြကုိထုတ္လုပ္ေရာင္းခ်ေနပါတယ္။ GM အေနနဲ႕ Baojun, Jiefang, Buick, Onstar, Cadillac, Opel, Chervolet, Vauxhall, GMC, Wuling , Holden ဆုိတဲ့အမွတ္တံဆိပ္ ၁၁ ခုကုိပုိင္ဆုိင္ထားျပီး သူတုိ႔ဟာ ႏုိ္င္ငံေပါင္း ၃၅ ႏုိင္ငံမွာရွိတဲ့စက္ရုံခဲြေတြဆီမွတစ္ဆင့္ ၁၂၅ ႏုိင္ငံကုိ ကားေတြေရာင္းခ်ေနပါတယ္။ ဝန္ထမ္းအင္အားကေတာ့ ၂ သိန္းခဲြေလာက္ပုိင္ဆုိင္ထားပါတယ္။
ဝင္ေငြ- အေမရိကန္ ေဒၚလာ ၁၆၆.၄ ဘီလ်ံ
အသားတင္အျမတ္- အေမရိကန္ ေဒၚလာ ၉.၄ ဘီလ်ံ
ေရာင္းခ်ရေသာကားအစီးေရ – ၉,၉၆၅,၂၃၈
- Volkswagen
ဂ်ာမနီအေျခစုိက္ကားကုမၸဏီတစ္ခုျဖစ္ျပီး ဥေရာပရဲ႕အၾကီးဆုံးကားထုတ္လုပ္ေရးလုပ္ငန္းအျဖစ္ရပ္တည္ေနပါ တယ္။ လက္ရွိမွာ Volkswagen အေနနဲ႕ လူစီးယာဥ္၊ လုပ္ငန္းသုံးယာဥ္၊ ေငြေၾကးဆုိင္ရာဝန္ေဆာင္မွဳ၊ ေမာ္ေတာ္ဆုိင္ကယ္နဲ႕ အင္ဂ်င္နီယာလုပ္ငန္းနဲ႕ဆက္စပ္တာေတြကုိလုပ္ကုိင္ပါတယ္။ သူ႕လက္ေအာက္မွာ Audi, Bentley, Porsche, Lamborghini, Seat, Skoda, Volkswagen နဲ႕ Bugatti ကားBrand ေတြရွိျပီး Ducati ဆုိင္ကယ္ကုမၸဏီကုိပါပုိင္ဆုိင္ထားပါတယ္။ ႏုိင္ငံေပါင္း ၃၁ ႏုိင္ငံမွာသူတုိ႕ရဲ႕ကားထုတ္ လုပ္ေရးဌာနေတြရွိျပီး ၁၅၃ ႏုိင္ငံကုိကားေတြတင္ပုိ႕ေရာင္းခ်ေနပါတယ္။
ဝင္ေငြ- အေမရိကန္ ေဒၚလာ ၂၂၆.၀၃ ဘီလ်ံ
အသားတင္အျမတ္- အေမရိကန္ ေဒၚလာ ၁၂.၂၂ ဘီလ်ံ
ေရာင္းခ်ရေသာကားအစီးေရ – ၁၀,၃၀၇,၃၄၀