Unicode version…
Toyota ဆိုရင်လက်ရှိမြန်မာပြည်စျေးကွက်အတွင်းမှာမသိသူရှားပါးလောက်အောင် နာမည်ကျော်ပြီး လူကြိုက်များလှပါတယ်။ယခင် Used ကားစျေးကွက်မှာကတည်းကအောင်မြင်ခဲ့တဲ့ Toyota ဟာ Brand New စျေးကွက်ထဲမှာလည်းနေရာတစ်ခုအခိုင်အမာရ ရှိနေပြီဖြစ်ပါတယ်။ ကားလောက ကယှဉ်ပြိုင်မှုပြင်းထန်တာကြောင့် ကားထုတ်လုပ်သူတွေက အမြဲတမ်းဆန်းသစ်မှုတွေပြုလုပ်နေပါ တယ်။ဒါကြောင့် ဒီတစ်ခေါက် အင်ဂျင်ပုံစံအသစ်ပြောင်းလဲထုတ်လုပ်ထားတဲ့ Toyota Hilux Revo Double Cab G grade Auto ကို Drive Issue ရဲ့ Test Drive ကဏ္ဍမှာရွေးချယ်ထားခဲ့ပါတယ်။ဒီကားက ပူပူနွေးနွေး 2017 Myanmar Car Of The Year Award (People’s Choice)ကိုရရှိထားတာလည်းဖြစ်ပါတယ်။ သူ့အကြောင်း ဆက်လေ့လာကြည့်ရအောင်ပါ။
အပြင်ဘက်ပိုင်း
မြင်တွေ့ရကတည်းက Revo ရဲ့ရုပ်ထွက်ပိုင်းက ဆွဲဆောင်မှုရှိပြီး ရဲရင့်တက်ကြွတဲ့ပုံစံမျိုးပေါက်နေပါတယ်။ လေခွင်းအား ကောင်းအောင်ချိုးဆစ်ထားတဲ့ ရှေ့ဘောနက်ဒီဇိုင်း၊ Chrome တွေနဲ့ပြုလုပ်ထားတဲ့ အလျားလိုက်ရှေ့ရှဲတွေနဲ့အတူ Toyota Logo က ထင်ရှားစွာပေါ်လွင်နေပါတယ်။ နောက်ပြီး LED ပရောဂျက်တာရှေ့မီးကြီးနဲ့ နေ့အချိန်မီးလင်းပေးတဲ့ (DRL)စနစ်၊ အောက်ဘက်ရှဲ တွေနဲ့အပြိုင်လှပနေတဲ့ နှင်းခွဲမီးတွေကလည်း Revo ရဲ့ရုပ်သွင်ဆွဲဆောင်မှုရှိအောင် ပံ့ပိုးပေးနေသယောင်ပါပဲ။ ရှေ့မီးကြီးတွေက Follow me home စနစ်ပါလို့ ညအချိန် ကားရပ်လိုက်ချင်းမှာစက်သတ်လိုက်ပေမဲ့ မီးတွေကချက်ချင်းမပိတ်ဘဲ လူကို အမှောင်ထဲမှာမြင်နိုင်အောင် ထွန်းလင်းပြသပေးနိုင်ပါတယ်။ ပြီးတော့ အပိုအလိုမရှိတိကျစွာပုံဖော်ထားတဲ့ ဘော်ဒီအနားရေးကြောင်း တွေကလည်း Revo ကိုစက်ရုပ်တစ်ကောင်အလားထင်ဟပ်စေခဲ့ပါတယ်။ နောက်ပိုင်းကိုကြည့်မယ်ဆိုရင်လည်း လှပတဲ့ဘန်ဘာ တွေနဲ့အတူ မီးခွက် ၂ ထပ်ပုံစံကလည်းလန်းနေသလို နောက်ဖုံးအပေါ်မှာထပ်မံထည့်သွင်းထားတဲ့ ဘရိတ်မီးပုံစံကလည်းထူးခြား လှပနေပါတယ်။ ဒါ့အပြင် လမ်းကြမ်းတွေ၊တော၊တောင်တွေကိုဖြတ်ကျော်သွားနိုင်ဖို့အကောင်းဆုံးထုတ်လုပ်ထားတဲ့ ၁၇ လက်မ Alloy Wheel တွေလည်း ပါဝင်ပါသေးတယ်။
အတွင်းခန်း
ကားထဲကိုစဝင်ဝင်ချင်းမှာခံစားမိတာက Pick up တစ်စီးဖြစ်ပေမယ့် သူ့ရဲ့ထို်င်ခုံတွေက leather seats တွေကိုသုံးထားလို့ သက်သောင့်သက်သာရှိနေတာပါပဲ။ Driver seat ကိုတော့ မော်တာနဲ့လိုသလိုပုံစံပြောင်းလဲနိုင်ဦးမှာပါ။ နောက်ပြီးတော့ Dashboard ပုံစံကိုလည်းအသစ်ပြောင်းလဲထားပြီး ကြီးမားတဲ့ tablet အရွယ်အစား Screen ကနေပြီးတော့ Audio , navigation systems တွေအပြင် DVDs ပါကြည့်ရှုနိုင်မှာပါ။ အဲဒီမှာ အနောက်ဘက်ကင်မရာစနစ် ပါပါဝင်လို့ ပါကင်ထိုးဖို့လွယ်ကူစေမှာဖြစ်ပါတယ်။ စတီယာရင်ပိုင်းကတော့ မောင်းနှင်ရအဆင်ပြေစေတဲ့အပြင် ဖုန်း၊Audio နဲ့Cruise Control တွေကိုထိန်းချူပ်နိုင်တဲ့ control တွေပါဝင်သလို CD-Player, MP3, AUX-Jack, USB, Bluetooth တွေချိတ်ဆက်အသုံးပြုနိုင်တဲ့စပီကာ ၆လုံးပါဝင်လို့လည်း Entertainmentကိုအကောင်းဆုံးနားဆင်နိုင်မှာဖြစ်ပါတယ်။ နောက်ပြီး Driver ကိုအထောက်အကူပြုပေးမယ့် ရှေ့ဒိုင်ကွပ်မှာလည်း 4.2 inch Multi-Information Display (MID) (သတင်းအချက်အလက်မျိုးစုံပြသပေးသောမျက်နှာပြင်)ပါဝင်ပြီး ကြည် လင်ပြတ် သားတဲ့အရောင်နဲ့ရုပ်ထွက်က ဆွဲဆောင်မှုရှိစေမှာပါ။ အဲဒီမှာလောင်စာဆီစားနှုန်းတိုင်းတာတဲ့မီတာစနစ်ပါဝင်ပါသေးတယ်။ Revo ကို Drive Mode ၂ မျိုးပြောင်းလဲလို့ရနိုင်ပြီး Eco Mode နဲ့ Power Mode တို့ဖြစ်ပါတယ်။ Push start ဖြစ်ပြီး Engine Immobiliser ပါဝင်လို့ စက်နှိုးသောစနစ်နဲ့ကားအတွင်းဝင်ရောက်မှုတွေအတွက် အဆင့်မြင့်ပုံစံတစ်ခုကိုခံစားရရှိနိုင်မှာပါ။ နောက်ပြီးတော့ ဘေးတံခါး တွေမှာပစ္စည်းထည့်စရာနေရာအလုံအလောက်နဲ့ခွက်ထည့်စရာနေရာလည်းပါသလို ရှေ့ Dashboardမှာ Cool Box ပါပါဝင်ပါတယ်။ အဲကွန်းစနစ်က ကားပေါ်မှာလိုက်ပါသူတွေအတွက် အလိုအလျောက်လေအေးပေးတဲ့စနစ်ပါဝင်တာမို့ သက်သောင့်သက်သာစီးနင်း လိုက်ပါနိုင်မှာဖြစ်ပြီး ဒုတိယခုံတန်းတွက်လည်း အအေးပေးနိုင်တဲ့စနစ်ပါဝင်ပါတယ်။ ပြီးတော့ လမ်းအနေအထားပေါ်မူတည်ပြီး 2WD/4WD ပုံစံတွေပြောင်းလဲမောင်းနှင်နိုင်တဲ့ခလုတ်တွေပါဝင်ပါတယ်။
စွမ်းဆောင်ရည်
2017 Toyota Hilux Revo Double Cab G grade Auto ကို 2.8 L Turbo diesel engine နဲ့ထုတ်ထားပြီး မကြာသေးမီကမှပြောင်းလဲလိုက်တဲ့ Global GD အင်ဂျင်ကိုသုံးထားလို့ လောင်စာဆီစားနှုန်း ၁၅ရာခိုင်နှုန်း အထိပိုမိုသက်သာလာကာ အမြင့်မားဆုံးTorqueကလည်း ၂၅ရာခိုင်နှုန်း အထိတိုးမြင့်လာပါတယ်။ ဒါ့အပြင် အဲဒီအင်ဂျင်က အမြင့်မားဆုံးထုတ်လုပ်မှုအား 177hp / 3,400rpm အထိထုတ်လွှတ်ပေးပြီး အမြင့်မားဆုံးTorque 450Nm / 1600-2400rpm အထိပေးစွမ်းနိုင်တဲ့အတွင်းပိုင်း အအေး ပေးကိရိယာပါရှိသော 2.8 လီတာ ဆလင်ဒါ 4 လုံး၊ ဗား ၁၆ လုံး VN တာဗို ဒီဇယ်မျိုးဖြစ်ပါတယ်။ သူ့မှာချောမွေ့ပြီး ထိရောက် ကောင်းမွန်တဲ့ 6-speed sequential automatic လည်း တပ်ဆင်ပါရှိပါတယ်။ စွမ်းဆောင်ရည်ပိုင်းအပြင် Hilux Revo ရဲ့ GDအင်ဂျင်အသစ်က ကြမ်းတမ်းတဲ့ မြေပြင်အနေအထားမှာပင်တုန်ခါမှုများနဲ့ လမ်းဆူညံသံတွေကို လျော့ကျစေပြီး စက်သံကို အတော်ပင် တိုးတိတ်ညင်သာစေပါတယ်။ ဒီလိုစွမ်းဆောင်ရည်မြင့် Revo အတွက်သုံးထားတဲ့ Suspension က အရှေ့ကို Double wishbone with stabilizer ဖြစ်ပြီး အနောက်ကတော့ Rigid type ဖြစ်ပါတယ်။ Brake စနစ်က ရှေ့ဘက်ကို Disc Brake နဲ့နောက်ဘက်ကို Drum Brake စနစ်ကိုသုံးစွဲထားပါတယ်။
လုံခြုံရေး
Hilux Revo အသစ် (Double Cab) မှာ ဆွဲအားထိန်းချုပ်မှုစနစ် (A-TRC) ပါရှိပြီး ယာဉ်တည်ငြိမ်မှုထိန်းချုပ်ခြင်းစနစ် (VSC) ကဲ့သို့ ဘေးကင်းလုံခြုံရေးနည်းပညာအင်္ဂါရပ်များပါရှိလာပါတယ်။လိုက်ပါစီးနင်းသူများရဲ့ဘေးကင်းလုံခြုံရေး စိတ်ချသေချာရစေရန်အတွက် မော်တော်ယာဉ်ကိုကွေ့နေစဉ်အချိန်မှာ ထိန်းချုပ်မောင်းနှင်မှုအောက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘီးဘရိတ်တွေနဲ့ အင်ဂျင် မှထုတ်လုပ်မှုအားတို့ကို အလိုအလျောက်ထိန်းချုပ်ပေးပါတယ်။ အဲဒီစနစ်မှ နောက်တွဲယာဉ်ယိမ်းထိုးမှုကိုသိရှိတာနဲ့ တစ်ပြိုင်နက် ဘရိတ်ဖမ်းခြင်းနဲ့အင်ဂျင်မှထုတ်လုပ်မှုအားတို့ကို ထိန်းချုပ်ခြင်းဖြင့် မော်တော်ယာဉ်အားဖိထားပေးရန် အခြားအဆင့်မြင့်ဘေး ကင်းလုံခြုံရေးအင်္ဂါရပ်ဖြစ်တဲ့ နောက်တွဲယာဉ်လှုပ်ယမ်းခြင်းထိန်းချုပ်မှုစနစ် (TSC) ကိုလည်းထည့်သွင်းထားပါသေးတယ််။ဒါ့အပြင်မော် တော်ယာဉ် ဆင်ခြေလျှောပေါ်တက်တဲ့အခါ စတက်ချိန်မှာ နောက်ပြန်လိမ့်မသွားစေရန်အတွက် ဘရိတ်ထိန်းချုပ်မှုကို အလို အလျောက်ဖိထားပေးပြီး ယာဉ်မောင်းနှင်သူရဲ့ဝန်ထုပ်ဝန်ပိုးကိုလျှော့ချပေးတဲ့ ကုန်းတက်ကုန်းဆင်းတွေမှာကူညီထိန်းချုပ်သောစနစ် (HAC) လည်းပါဝင်လာသည်။ပြီးတော့ ယာဉ်မောင်းနှင်သူမှ ထိန်းချုပ်မောင်းနှင်ခြင်းပေါ်မှာ အာရုံစိုက်နိုင်စေရန်အတွက် မတ် စောက်သော၊ ချော်သော သို့မဟုတ် မညီညာသောကုန်းတက်တွေမှာ မောင်းနှင်တဲ့အခါနိမ့်ပါးတဲ့မော်တော်ယာဉ်အမြန်နှုန်းအား အသစ်ထပ်ဖြည့်ထားတဲ့ အဆင့်မြင့်ဘေးကင်းလုံခြုံရေးအင်္ဂါရပ်တစ်ခု 4 ဖြစ်တဲ့ ကုန်းဆင်းမှာကူညီထိန်းချုပ်မှုစနစ် (DAC) မှကူညီထိန်းထားပေးဦးမှာပါ။ လေအိတ်စနစ်က SRS လေအိတ် ရ လုံး (ယာဉ်မောင်းနှင်သူ + လိုက်ပါစီးနင်းသူ၊ ယာဉ်မောင်းနှင် သူရဲ့ဒူးခေါင်း၊ဘေးဘက်၊ ပြတင်းတံခါးအကာ)ပါဝင်ပါတယ်။ ပြီးတော့ အရေးပေါ်ဘရိတ်ဖမ်းခြင်းအချက်ပြကိရိယာနဲ့ကားခိုးယူခြင်းမှ ကင်းဝေးအောင် ဟွန်းသံနဲ့အချက်ပေးမယ့် အီလက်ထရွန်နစ်လုံခြုံရေးကိရိယာလည်း ပါဝင်ပါသေးတယ်။
စျေးနှုန်းနဲ့သုံးသပ်ချက်
ဒီကားက အမြင့်ဆုံး Grade ဖြစ်ပြီး စုံလင်တဲ့စနစ်တွေ၊အကြမ်းခံမှု၊ ရုပ်သွင်လှပမှု၊ နေရာစုံမောင်းနှင်နိုင်မှု စတဲ့အရည်အချင်းတွေ ပြည့်စုံအောင်ပါဝင်ပါတယ်။စျေးနှုန်းက Toyota Hilux Revo Double Cab G grade Auto ကို 47,400 ရှိမှာဖြစ်ပြီး စွယ်စုံရကားတစ်စီးအနေနဲ့ဆိုရင်သင့်တော်တဲ့အနေအထားမှာရှိပါတယ်။ ဒီကားကို ဝယ်ယူချင်ရင်တော့ ရန်ကုန်မှာဆိုရင် Toyota Aye and Sons လိပ်စာ – ၈၇(က)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်၊ တယ်လီဖုန်း – (၀၁) ၄၀၀ ၉၅၀ ၊ (၀၁) ၅၀၂ ၂၀၆ နှင့် Toyota Mingalarလိပ်စာ – အမှတ် (၆)၊ ဘုရင့်နောင်လမ်း၊ (၂) ရပ်ကွက်၊ လှိုင်မြို့နယ်၊ တယ်လီဖုန်း – (၀၁) ၅၁၄ ၉၄၀ ၊ (၀၁) ၅၁၄ ၉၄၁၊ မန္တလေးမှာဆိုရင် Toyota GW Lion အမှတ် [၅၄၂]၊ ဦးပိုင် – ၁၀/၃၃၉ ၊ မန္တလေး-ပြင်ဦးလွင်လမ်း၊ (၃၅) လမ်းနှင့် (၃၇) လမ်းကြား၊ အောင်ပင်လယ်ရပ်ကွက်၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးတိုင်း၊ တယ်လီဖုန်း – (၀၉) ၉၆၉ ရ၀၀ ၀၀၁ – ၃ သို့ဆက် သွယ်ဝယ်ယူနိုင်ပါတယ်။
Specification
Engine Type – 1GD-FTV 4 cyl 16 valve DOHC VN Turbo Intercooler
Engine Power-2.8L/ 2,755 cc
Fuel –Diesel
Engine Drive- 4×4
Maximum Power(Km/rpm)- 177 / 3400
Maximum Torque(Nm/rpm)- 450 / 1600-2400
Transmission- 6 speed AT
Ground Clearance (mm)- 217
Zawgyi version…
Toyota ဆုိရင္လက္ရွိျမန္မာျပည္ေစ်းကြက္အတြင္းမွာမသိသူရွားပါးေလာက္ေအာင္ နာမည္ေက်ာ္ျပီး လူၾကိဳက္မ်ားလွပါတယ္။ယခင္ Used ကားေစ်းကြက္မွာကတည္းကေအာင္ျမင္ခဲ့တဲ့ Toyota ဟာ Brand New ေစ်းကြက္ထဲမွာလည္းေနရာတစ္ခုအခုိင္အမာရ ရွိေနျပီျဖစ္ပါတယ္။ ကားေလာက ကယွဥ္ျပိဳင္မွဳျပင္းထန္တာေၾကာင့္ ကားထုတ္လုပ္သူေတြက အျမဲတမ္းဆန္းသစ္မွဳေတြျပဳလုပ္ေနပါ တယ္။ဒါေၾကာင့္ ဒီတစ္ေခါက္ အင္ဂ်င္ပုံစံအသစ္ေျပာင္းလဲထုတ္လုပ္ထားတဲ့ Toyota Hilux Revo Double Cab G grade Auto ကုိ Drive Issue ရဲ႕ Test Drive က႑မွာေရြးခ်ယ္ထားခဲ့ပါတယ္။ဒီကားက ပူပူေႏြးေႏြး 2017 Myanmar Car Of The Year Award (People’s Choice)ကုိရရွိထားတာလည္းျဖစ္ပါတယ္။ သူ႕အေၾကာင္း ဆက္ေလ့လာၾကည့္ရေအာင္ပါ။
အျပင္ဘက္ပုိင္း
ျမင္ေတြ႕ရကတည္းက Revo ရဲ႕ရုပ္ထြက္ပုိင္းက ဆဲြေဆာင္မွဳရွိျပီး ရဲရင့္တက္ၾကြတဲ့ပုံစံမ်ိဳးေပါက္ေနပါတယ္။ ေလခြင္းအား ေကာင္းေအာင္ခ်ိဳးဆစ္ထားတဲ့ ေရွ႕ေဘာနက္ဒီဇုိင္း၊ Chrome ေတြနဲ႕ျပဳလုပ္ထားတဲ့ အလ်ားလုိက္ေရွ႕ရွဲေတြနဲ႕အတူ Toyota Logo က ထင္ရွားစြာေပၚလြင္ေနပါတယ္။ ေနာက္ျပီး LED ပေရာဂ်က္တာေရွ႕မီးႀကီးနဲ႕ ေန႔အခ်ိန္မီးလင္းေပးတဲ့ (DRL)စနစ္၊ ေအာက္ဘက္ရွဲ ေတြနဲ႕အျပိဳင္လွပေနတဲ့ ႏွင္းခြဲမီးေတြကလည္း Revo ရဲ႕ရုပ္သြင္ဆြဲေဆာင္မွဳရွိေအာင္ ပံ့ပုိးေပးေနသေယာင္ပါပဲ။ ေရွ႕မီးၾကီးေတြက Follow me home စနစ္ပါလုိ႕ ညအခ်ိန္ ကားရပ္လုိက္ခ်င္းမွာစက္သတ္လုိက္ေပမဲ့ မီးေတြကခ်က္ခ်င္းမပိတ္ဘဲ လူကုိ အေမွာင္ထဲမွာျမင္ႏုိင္ေအာင္ ထြန္းလင္းျပသေပးႏုိင္ပါတယ္။ ျပီးေတာ့ အပုိအလုိမရွိတိက်စြာပုံေဖာ္ထားတဲ့ ေဘာ္ဒီအနားေရးေၾကာင္း ေတြကလည္း Revo ကုိစက္ရုပ္တစ္ေကာင္အလားထင္ဟပ္ေစခဲ့ပါတယ္။ ေနာက္ပုိင္းကုိၾကည့္မယ္ဆုိရင္လည္း လွပတဲ့ဘန္ဘာ ေတြနဲ႕အတူ မီးခြက္ ၂ ထပ္ပုံစံကလည္းလန္းေနသလုိ ေနာက္ဖုံးအေပၚမွာထပ္မံထည္႔သြင္းထားတဲ့ ဘရိတ္မီးပုံစံကလည္းထူးျခား လွပေနပါတယ္။ ဒါ့အျပင္ လမ္းၾကမ္းေတြ၊ေတာ၊ေတာင္ေတြကုိျဖတ္ေက်ာ္သြားႏုိင္ဖုိ႕အေကာင္းဆုံးထုတ္လုပ္ထားတဲ့ ၁၇ လက္မ Alloy Wheel ေတြလည္း ပါဝင္ပါေသးတယ္။
အတြင္းခန္း
ကားထဲကုိစဝင္ဝင္ခ်င္းမွာခံစားမိတာက Pick up တစ္စီးျဖစ္ေပမယ့္ သူ႕ရဲ႕ထုိ္င္ခုံေတြက leather seats ေတြကုိသုံးထားလုိ႕ သက္ေသာင့္သက္သာရွိေနတာပါပဲ။ Driver seat ကုိေတာ့ ေမာ္တာနဲ႕လုိသလုိပုံစံေျပာင္းလဲႏုိင္ဦးမွာပါ။ ေနာက္ျပီးေတာ့ Dashboard ပုံစံကုိလည္းအသစ္ေျပာင္းလဲထားျပီး ၾကီးမားတဲ့ tablet အရြယ္အစား Screen ကေနျပီးေတာ့ Audio , navigation systems ေတြအျပင္ DVDs ပါၾကည့္ရွဳႏုိင္မွာပါ။ အဲဒီမွာ အေနာက္ဘက္ကင္မရာစနစ္ ပါပါဝင္လုိ႕ ပါကင္ထုိးဖုိ႕လြယ္ကူေစမွာျဖစ္ပါတယ္။ စတီယာရင္ပုိင္းကေတာ့ ေမာင္းႏွင္ရအဆင္ေျပေစတဲ့အျပင္ ဖုန္း၊Audio နဲ႕Cruise Control ေတြကုိထိန္းခ်ဴပ္ႏုိင္တဲ့ control ေတြပါဝင္သလုိ CD-Player, MP3, AUX-Jack, USB, Bluetooth ေတြခ်ိတ္ဆက္အသုံးျပဳႏုိင္တဲ့စပီကာ ၆လုံးပါဝင္လုိ႕လည္း Entertainmentကုိအေကာင္းဆုံးနားဆင္ႏုိင္မွာျဖစ္ပါတယ္။ ေနာက္ျပီး Driver ကုိအေထာက္အကူျပဳေပးမယ့္ ေရွ႕ဒုိင္ကြပ္မွာလည္း 4.2 inch Multi-Information Display (MID) (သတင္းအခ်က္အလက္မ်ိဳးစုံျပသေပးေသာမ်က္ႏွာျပင္)ပါဝင္ျပီး ၾကည္ လင္ျပတ္ သားတဲ့အေရာင္နဲ႕ရုပ္ထြက္က ဆြဲေဆာင္မွဳရွိေစမွာပါ။ အဲဒီမွာေလာင္စာဆီစားႏႈန္းတိုင္းတာတဲ့မီတာစနစ္ပါဝင္ပါေသးတယ္။ Revo ကုိ Drive Mode ၂ မ်ိဳးေျပာင္းလဲလုိ႕ရႏုိင္ျပီး Eco Mode နဲ႕ Power Mode တုိ႕ျဖစ္ပါတယ္။ Push start ျဖစ္ျပီး Engine Immobiliser ပါဝင္လုိ႕ စက္ႏိႈးေသာစနစ္နဲ႕ကားအတြင္းဝင္ေရာက္မွဳေတြအတြက္ အဆင့္ျမင့္ပုံစံတစ္ခုကုိခံစားရရွိႏုိင္မွာပါ။ ေနာက္ျပီးေတာ့ ေဘးတံခါး ေတြမွာပစၥည္းထည့္စရာေနရာအလုံအေလာက္နဲ႕ခြက္ထည့္စရာေနရာလည္းပါသလုိ ေရွ႕ Dashboardမွာ Cool Box ပါပါဝင္ပါတယ္။ အဲကြန္းစနစ္က ကားေပၚမွာလုိက္ပါသူေတြအတြက္ အလိုအေလ်ာက္ေလေအးေပးတဲ့စနစ္ပါဝင္တာမုိ႕ သက္ေသာင့္သက္သာစီးနင္း လုိက္ပါႏုိင္မွာျဖစ္ျပီး ဒုတိယခုံတန္းတြက္လည္း အေအးေပးႏုိင္တဲ့စနစ္ပါဝင္ပါတယ္။ ျပီးေတာ့ လမ္းအေနအထားေပၚမူတည္ျပီး 2WD/4WD ပုံစံေတြေျပာင္းလဲေမာင္းႏွင္ႏုိင္တဲ့ခလုတ္ေတြပါဝင္ပါတယ္။
စြမ္းေဆာင္ရည္
2017 Toyota Hilux Revo Double Cab G grade Auto ကုိ 2.8 L Turbo diesel engine နဲ႕ထုတ္ထားျပီး မၾကာေသးမီကမွေျပာင္းလဲလုိက္တဲ့ Global GD အင္ဂ်င္ကုိသုံးထားလုိ႕ ေလာင္စာဆီစားႏႈန္း ၁၅ရာခိုင္ႏႈန္း အထိပိုမိုသက္သာလာကာ အျမင့္မားဆုံးTorqueကလည္း ၂၅ရာခိုင္ႏႈန္း အထိတိုးျမင့္လာပါတယ္။ ဒါ့အျပင္ အဲဒီအင္ဂ်င္က အျမင့္မားဆုံးထုတ္လုပ္မႈအား 177hp / 3,400rpm အထိထုတ္လႊတ္ေပးၿပီး အျမင့္မားဆုံးTorque 450Nm / 1600-2400rpm အထိေပးစြမ္းႏုိင္တဲ႕အတြင္းပိုင္း အေအး ေပးကိရိယာပါရွိေသာ 2.8 လီတာ ဆလင္ဒါ 4 လုံး၊ ဗား ၁၆ လုံး VN တာဗို ဒီဇယ္မ်ိဳးျဖစ္ပါတယ္။ သူ႕မွာေခ်ာေမြ႕ၿပီး ထိေရာက္ ေကာင္းမြန္တဲ့ 6-speed sequential automatic လည္း တပ္ဆင္ပါရွိပါတယ္။ စြမ္းေဆာင္ရည္ပိုင္းအျပင္ Hilux Revo ရဲ႕ GDအင္ဂ်င္အသစ္က ၾကမ္းတမ္းတဲ့ ေျမျပင္အေနအထားမွာပင္တုန္ခါမႈမ်ားနဲ႕ လမ္းဆူညံသံေတြကုိ ေလ်ာ့က်ေစၿပီး စက္သံကုိ အေတာ္ပင္ တိုးတိတ္ညင္သာေစပါတယ္။ ဒီလုိစြမ္းေဆာင္ရည္ျမင့္ Revo အတြက္သုံးထားတဲ့ Suspension က အေရွ႕ကုိ Double wishbone with stabilizer ျဖစ္ျပီး အေနာက္ကေတာ့ Rigid type ျဖစ္ပါတယ္။ Brake စနစ္က ေရွ႕ဘက္ကုိ Disc Brake နဲ႕ေနာက္ဘက္ကုိ Drum Brake စနစ္ကုိသုံးစြဲထားပါတယ္။
လံုျခံဳေရး
Hilux Revo အသစ္ (Double Cab) မွာ ဆြဲအားထိန္းခ်ဳပ္မႈစနစ္ (A-TRC) ပါရိွျပီး ယာဥ္တည္ၿငိမ္မႈထိန္းခ်ဳပ္ျခင္းစနစ္ (VSC) ကဲ့သို႔ ေဘးကင္းလုံၿခဳံေရးနည္းပညာအဂၤါရပ္မ်ားပါရွိလာပါတယ္။လိုက္ပါစီးနင္းသူမ်ားရဲ႕ေဘးကင္းလုံၿခဳံေရး စိတ္ခ်ေသခ်ာရေစရန္အတြက္ ေမာ္ေတာ္ယာဥ္ကုိေကြ႕ေနစဥ္အခ်ိန္မွာ ထိန္းခ်ဳပ္ေမာင္းႏွင္မႈေအာက္ရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ ဘီးဘရိတ္ေတြနဲ႕ အင္ဂ်င္ မွထုတ္လုပ္မႈအားတို႔ကို အလိုအေလ်ာက္ထိန္းခ်ဳပ္ေပးပါတယ္။ အဲဒီစနစ္မွ ေနာက္တြဲယာဥ္ယိမ္းထိုးမႈကိုသိရိွတာနဲ႕ တစ္ၿပိဳင္နက္ ဘရိတ္ဖမ္းျခင္းနဲ႕အင္ဂ်င္မွထုတ္လုပ္မႈအားတို႔ကို ထိန္းခ်ဳပ္ျခင္းျဖင့္ ေမာ္ေတာ္ယာဥ္အားဖိထားေပးရန္ အျခားအဆင့္ျမင့္ေဘး ကင္းလုံၿခဳံေရးအဂၤါရပ္ျဖစ္တဲ့ ေနာက္တြဲယာဥ္လႈပ္ယမ္းျခင္းထိန္းခ်ဳပ္မႈစနစ္ (TSC) ကိုလည္းထည့္သြင္းထားပါေသးတယ္္။ဒါ့အျပင္ေမာ္ ေတာ္ယာဥ္ ဆင္ေျခေလွ်ာေပၚတက္တဲ့အခါ စတက္ခ်ိန္မွာ ေနာက္ျပန္လိမ့္မသြားေစရန္အတြက္ ဘရိတ္ထိန္းခ်ဳပ္မႈကို အလို အေလ်ာက္ဖိထားေပးၿပီး ယာဥ္ေမာင္းႏွင္သူရဲ႕ဝန္ထုပ္ဝန္ပိုးကိုေလွ်ာ့ခ်ေပးတဲ့ ကုန္းတက္ကုန္းဆင္းေတြမွာကူညီထိန္းခ်ဳပ္ေသာစနစ္ (HAC) လည္းပါဝင္လာသည္။ျပီးေတာ့ ယာဥ္ေမာင္းႏွင္သူမွ ထိန္းခ်ဳပ္ေမာင္းႏွင္ျခင္းေပၚမွာ အာ႐ုံစိုက္ႏိုင္ေစရန္အတြက္ မတ္ ေစာက္ေသာ၊ ေခ်ာ္ေသာ သို႔မဟုတ္ မညီညာေသာကုန္းတက္ေတြမွာ ေမာင္းႏွင္တဲ့အခါနိမ့္ပါးတဲ့ေမာ္ေတာ္ယာဥ္အျမန္ႏႈန္းအား အသစ္ထပ္ျဖည့္ထားတဲ့ အဆင့္ျမင့္ေဘးကင္းလုံၿခဳံေရးအဂၤါရပ္တစ္ခု 4 ျဖစ္တဲ့ ကုန္းဆင္းမွာကူညီထိန္းခ်ဳပ္မႈစနစ္ (DAC) မွကူညီထိန္းထားေပးဦးမွာပါ။ ေလအိတ္စနစ္က SRS ေလအိတ္ ၇ လုံး (ယာဥ္ေမာင္းႏွင္သူ + လိုက္ပါစီးနင္းသူ၊ ယာဥ္ေမာင္းႏွင္ သူရဲ႕ဒူးေခါင္း၊ေဘးဘက္၊ ျပတင္းတံခါးအကာ)ပါဝင္ပါတယ္။ ျပီးေတာ့ အေရးေပၚဘရိတ္ဖမ္းျခင္းအခ်က္ျပကိရိယာနဲ႕ကားခုိးယူျခင္းမွ ကင္းေဝးေအာင္ ဟြန္းသံနဲ႕အခ်က္ေပးမယ့္ အီလက္ထ႐ြန္နစ္လုံၿခဳံေရးကိရိယာလည္း ပါဝင္ပါေသးတယ္။
ေစ်းႏွဳန္းနဲ႕သုံးသပ္ခ်က္
ဒီကားက အျမင့္ဆုံး Grade ျဖစ္ျပီး စုံလင္တဲ့စနစ္ေတြ၊အၾကမ္းခံမွဳ၊ ရုပ္သြင္လွပမွဳ၊ ေနရာစုံေမာင္းႏွင္ႏုိင္မွဳ စတဲ့အရည္အခ်င္းေတြ ျပည့္စုံေအာင္ပါဝင္ပါတယ္။ေစ်းႏွဳန္းက Toyota Hilux Revo Double Cab G grade Auto ကုိ 47,400 ရွိမွာျဖစ္ျပီး စြယ္စုံရကားတစ္စီးအေနနဲ႕ဆုိရင္သင့္ေတာ္တဲ့အေနအထားမွာရွိပါတယ္။ ဒီကားကုိ ဝယ္ယူခ်င္ရင္ေတာ့ ရန္ကုန္မွာဆုိရင္ Toyota Aye and Sons လိပ္စာ – ၈၇(က)၊ ကမာၻေအးဘုရားလမ္း၊ ဗဟန္းၿမိဳ႕နယ္၊ ေ႐ႊဂုံတိုင္၊ တယ္လီဖုန္း – (၀၁) ၄၀၀ ၉၅၀ ၊ (၀၁) ၅၀၂ ၂၀၆ ႏွင့္ Toyota Mingalarလိပ္စာ – အမွတ္ (၆)၊ ဘုရင့္ေနာင္လမ္း၊ (၂) ရပ္ကြက္၊ လႈိင္ၿမိဳ႕နယ္၊ တယ္လီဖုန္း – (၀၁) ၅၁၄ ၉၄၀ ၊ (၀၁) ၅၁၄ ၉၄၁၊ မႏၱေလးမွာဆုိရင္ Toyota GW Lion အမွတ္ [၅၄၂]၊ ဦးပိုင္ – ၁၀/၃၃၉ ၊ မႏၱေလး-ျပင္ဦးလြင္လမ္း၊ (၃၅) လမ္းႏွင့္ (၃၇) လမ္းၾကား၊ ေအာင္ပင္လယ္ရပ္ကြက္၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ မႏၱေလးတိုင္း၊ တယ္လီဖုန္း – (၀၉) ၉၆၉ ၇၀၀ ၀၀၁ – ၃ သုိ႕ဆက္ သြယ္ဝယ္ယူႏုိင္ပါတယ္။
Specification
Engine Type – 1GD-FTV 4 cyl 16 valve DOHC VN Turbo Intercooler
Engine Power-2.8L/ 2,755 cc
Fuel –Diesel
Engine Drive- 4×4
Maximum Power(Km/rpm)- 177 / 3400
Maximum Torque(Nm/rpm)- 450 / 1600-2400
Transmission- 6 speed AT
Ground Clearance (mm)- 217