Unicode version…

Automakers အများစုထုတ်လုပ်သော Base Model ကားများ၏ များတွင် စွမ်းရည်နိမ့်အင်ဂျင်များအာ ထည့်သွင်းလေ့ရှိကြပြီး Trim Level မြင့်သည့် Grade များတွင်သာ အင်ဂျင်ပါ၀ါအမြင့်များတပ်ဆင်ထားကြပါ သည်။သို့သော် ဂျာမနီအခြေစိုက် Volkswagen ၏ 2017 VW Golf ၏ Base Model တွင် 1.8 L turbocharged I4 Engine ၊ 170 hp အင်ဂျင်အသစ်အား ထည့်သွင်းထားမှုမှာ ထူးခြားချက်ပင်ဖြစ်ပါသည်။ VW Golf ၏ယခင် Models များတွင် 2.5 L I 5 Engine အား Base အနေဖြင့် ထည့်သွင်းထားပြီး ယခု 2017 Golf ၌သာ ပြောင်းလဲမှုတစ်ရပ်အနေဖြင့် Turbocharged Engine အား Standart အနေဖြင့် ထည့်သွင်းထားခြင်း ဖြစ်ပါသည်။

2017 VW Golf အား အသွင်သစ်/အမြင်သစ်ဖြင့် ထုတ်လုပ်ထားသည့် အပြင်ထိုသို့စွမ်းအားမြင့် အင်ဂျင်စနစ်ကိုလည်း Base အနေဖြင့် ထည့်သွင်းထားမှုမှာ Small Car များအနက် ထူးခြားသည့်အချက်ပင် ဖြစ်ပါသည်။အဆိုပါအင်ဂျင်သည် EA 888 I4 Engine အုပ်စု၏ အစိတ်အပိုင်းဖြစ်ပြီး Torque အနေဖြင့် 199 lb-ft ရှိပြီး 1600 rpm မှ 4400rpm အထိ Peak torque ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့အတူ ဆီစားနှုန်းမှာ ဆီတစ်ဂါလံအား မြို့တွင်း 25 မိုင်၊ Highway 35 မိုင် ရနိုင်၍ Golf ကဲ့သို့Economy Car အနေဖြင့် အဆင်ပြေမှုရှိမည်ဖြစ်ပါသည်။ 2017 Golf Base Model အား US$ 20715 ခန့်ဖြင့်ရောင်းချမည်ဖြစ်ပြီး Full Spec ဆိုပါက US$ 23515 ခန့် ကျင်သင့်မည်ဖြစ်ပါသည်။

Small Car များအနက် VW Golf ကဲ့သို့ Turbocharged အား Base Model တွင် ထည့်သွင်းမှုမှာ များစွာထူးခြားပါသည်။ အခြားသော Small Car Model များဖြစ်ကြသည့် 2017 Nissan Sentra / 2017 Honda Civic တို့၌ Turbocharged Engine များအား အပိုဆောင်းအနေဖြင့်သာ မှာယူရနိုင်၍ 2017 VW Golf သည် စွမ်းအားမြင့် အင်ဂျင်အားစျေးသက်သာစွာဖြင့် ၀ယ်ယူနိုင်မည် ဖြစ်ပါသည်။

Zawgyi version…

Automakers အမ်ားစုထုတ္လုပ္ေသာ Base Model ကားမ်ား၏ မ်ားတြင္ စြမ္းရည္နိမ့္အင္ဂ်င္မ်ားအာ ထည့္သြင္းေလ့႐ွိၾကၿပီး Trim Level ျမင့္သည့္ Grade မ်ားတြင္သာ အင္ဂ်င္ပါ၀ါအျမင့္မ်ားတပ္ဆင္ထားၾကပါ သည္။သို႕ေသာ္ ဂ်ာမနီအေျခစိုက္ Volkswagen ၏ 2017 VW Golf ၏ Base Model တြင္ 1.8 L turbocharged I4 Engine ၊ 170 hp အင္ဂ်င္အသစ္အား ထည့္သြင္းထားမႈမွာ ထူးျခားခ်က္ပင္ျဖစ္ပါသည္။ VW Golf ၏ယခင္ Models မ်ားတြင္ 2.5 L I 5 Engine အား Base အေနျဖင့္ ထည့္သြင္းထားၿပီး ယခု 2017 Golf ၌သာ ေျပာင္းလဲမႈတစ္ရပ္အေနျဖင့္ Turbocharged Engine အား Standart အေနျဖင့္ ထည့္သြင္းထားျခင္း ျဖစ္ပါသည္။

2017 VW Golf အား အသြင္သစ္/အျမင္သစ္ျဖင့္ ထုတ္လုပ္ထားသည့္ အျပင္ထိုသို႕စြမ္းအားျမင့္ အင္ဂ်င္စနစ္ကိုလည္း Base အေနျဖင့္ ထည့္သြင္းထားမႈမွာ Small Car မ်ားအနက္ ထူးျခားသည့္အခ်က္ပင္ ျဖစ္ပါသည္။အဆိုပါအင္ဂ်င္သည္ EA 888 I4 Engine အုပ္စု၏ အစိတ္အပိုင္းျဖစ္ၿပီး Torque အေနျဖင့္ 199 lb-ft ႐ွိၿပီး 1600 rpm မွ 4400rpm အထိ Peak torque ရ႐ွိႏိုင္မည္ျဖစ္ပါသည္။ ထို႕အတူ ဆီစားႏႈန္းမွာ ဆီတစ္ဂါလံအား ၿမိဳ႕တြင္း 25 မိုင္၊ Highway 35 မိုင္ ရႏိုင္၍ Golf ကဲ့သို႕Economy Car အေနျဖင့္ အဆင္ေျပမႈ႐ွိမည္ျဖစ္ပါသည္။ 2017 Golf Base Model အား US$ 20715 ခန္႕ျဖင့္ေရာင္းခ်မည္ျဖစ္ၿပီး Full Spec ဆိုပါက US$ 23515 ခန္႕ က်င္သင့္မည္ျဖစ္ပါသည္။

Small Car မ်ားအနက္ VW Golf ကဲ့သို႕ Turbocharged အား Base Model တြင္ ထည့္သြင္းမႈမွာ မ်ားစြာထူးျခားပါသည္။ အျခားေသာ Small Car Model မ်ားျဖစ္ၾကသည့္  2017 Nissan Sentra / 2017 Honda Civic တို႕၌ Turbocharged Engine မ်ားအား အပိုေဆာင္းအေနျဖင့္သာ မွာယူရႏိုင္၍ 2017 VW Golf သည္ စြမ္းအားျမင့္ အင္ဂ်င္အားေစ်းသက္သာစြာျဖင့္ ၀ယ္ယူႏိုင္မည္ ျဖစ္ပါသည္။