Unicode version..
ဂျာမနီနိုင်ငံအခြေစိုက် ကမ္ဘာကျော် Mercedes – Benz ကုမ္ပဏီက ကားအမျိုးအစားများစွာကို Customers တွေရဲ့လိုလားနှစ်သက်မှု ဆန္ဒအများအပြားကို ပြည့်ဝစေ ပြီး ထုတ်လုပ်ပေးခဲ့တာ ဆယ်စုနှစ်များစွာ ကြာရှည်ခဲ့ ပါပြီ။ Mercedes-Benz ရဲ့ Logo အမှတ်တံဆိပ်ကြယ်ပွင့် တပ်ဆင်ထားတဲ့ ကားကိုစီးကြတဲ့ သူတိုင်းကလည်း တစ် ခြားသော ကားအမျိုးအစားတွေနဲ့ ယှဉ်ပြိုင်ပြီး ဂုဏ်ယူ ဝင့်ကြွားစွာနဲ့ စိတ်တိုင်းကျ စီးနိုင်ခဲ့ကြပါတယ်။ Mercedes – Benz ကုမ္ပဏီက အသုံးပြုသူတွေရဲ့စဉ် ဆက်မပြတ် အားပေးနေမှုကို စိတ်မပျက်စေရအောင် အစဉ်တစိုက် ကြိုးစား လုပ်ဆောင်ပေးနေခဲ့ပြီး၊ အခု 2017 နှစ်သစ်မှာ New E – Class ကားကို ကုမ္ပဏီရဲ့ဖောက်သည် တွေအ တွက် ပြီးပြည့်စုံတဲ့ လုပ်ဆောင်ချက်တွေနဲ့ အတူ ထုတ် လုပ်ပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ကားကို ထုတ်လုပ်ချိန် မှာ အဓိက ဦးတည်ချက်လေးချက် ထားရှိခဲ့ပါတယ်။ လှပ တင့်တယ်တဲ့ ကိုယ်ထည်ဒီဇိုင်း၊ အဆင့်မြင့် နည်းပညာ ကို လုပ်ဆောင်ပေးနိုင်မယ့် အတွင်းခန်းဖွဲ့စည်းမှု၊ အသစ်ဖန် တည်းထားတဲ့ ဘေးကင်းလုံခြုံမှုစနစ်နဲ့ ကားက ကိုယ်တိုင် မောင်းနှင်မယ့် Autonomous driving စနစ်တွေကို ပေါင်း စပ်ဖွဲ့စည်းခဲ့တာပါ။ 2017 E – Class ကားရဲ့ ဖွဲ့စည်းပုံနဲ့ ဒီဇိုင်းတွေက S – Class ကားရဲ့ Style ကိ်ု အခြေခံပြီးလုပ် ဆောင်ခဲ့တာ ဖြစ်ပါတယ်။
Mercedes – Benz E Class ကို ကုမ္ပဏီက Model သုံးမျိုးခွဲပြီး ထုတ်လုပ်ခဲ့ပါတယ်။ E 300 Sedan, AMG E 43 Sport Style နဲ့ AMG Wagon အမျိုးအစား တွေပါ။
2017 Mercedes – Benz E Class Luxury Sedan car ကားက Mid – size Four Door Sedan ဖြစ်ပြီး မူလက ထုတ်လုပ်ခဲ့တဲ့ ကားတွေရဲ့ Body Style ကို လုံးဝပြောင်းလဲခဲ့ပါတယ်။ ကိုယ်ထည်အရွယ်အစား ကို ကြီးမားအောင်လုပ်ဆောင်ခဲ့ပြီး S နဲ့ C – Class ကားတွေ ရဲ့ Style မျိုးနဲ့ ဆင်တူအောင် ပြုလုပ်ခဲ့ပြီး Mercedes ရဲ့
intelligent အများဆုံးပါ၀င်တဲ့ Sedan ကားအဖြစ် လုပ် ဆောင်ခဲ့တာပါ။ Luxury, mid – size နဲ့ four – door sedans ကားတွေရဲ့ စံသတ်မှတ်ချက်တွေ ကြားမှာ လှပ တင့်တယ်မှု၊ ပြီးပြည့်စုံမှုနဲ့ စွမ်းဆောင်မှုတွေက ပိုမိုပေါ် လွင်ထင်ရှားနေပါလိမ့်မယ်။ ဒီမျိုးဆက်သစ် E – Class sedan ကားကို အလိုအလျောက်စနစ်နဲ့ မောင်းနှင် နိုင်ခြင်း၊ ဘေးကင်းလုံခြံုမှုရှိစေခြင်း၊ သတင်းအချက်အ လက် ပေးပို့ မှတ်တမ်းတင်နိုင်ခြင်းတွေအတွက် နောက်ခံ ထားပြီး လုပ်ဆောင်ခဲ့တာမို့ စွမ်းဆောင်နိုင်ရည် ကတော့ S – Class ကား ထက်တောင် သာနေပါသေးတယ်လို့ Mercedes က ဆိုခဲ့ပါတယ်။
New E – Class Sedan ကားရဲ့ ရုပ်သွင်က Latest S – Classနဲ့ C – Class ကားတွေရဲ့ဒီဇိုင်းနဲ့တူညီ တယ် လို့ဆိုရပါလိမ့်မယ်။ ကားရဲ့ ဦးခေါင်းပိုင်းက ရှည်ပြီး ပစ္စည်းထားတဲ့အခန်းကတော့ တိုပါတယ်။ Wheel – base က ကျယ်တဲ့အတွက် Compact C – Class ကားတွေ ထက်ပိုပြီး သက်သောင့်သက်သာ ရှိစေမှာပါ။ Luxury Models မှာ ကြီးမားတဲ့ grille နှစ်ခုကို တပ်ဆင် ပေးထား ပြီး ကုမ္ပဏီရဲ့ အမှတ်တံဆိပ်ကြယ်ကို grille ရဲ့ရှေ့မှာ တပ်ဆင်ထားပါတယ်။
Navigation နဲ့ Infotainment System တွေကို 12.3 လက်မ အရွယ်အစားရှိတဲ့ High – resolution screen နဲ့ Display လုပ်နိုင်ပါတယ်။ Screen ကို Center Stack မှာထားရှိပြီး ပါးလွှာတဲ့ Climate – control ခလုပ် တွေလည်းဆင်ထားပါတယ်။ COMAND infotainment interface မှာ အသုံးပြုဖို့ ရွှေ့ပြောင်းနိုင်တဲ့ Touch – Sensitive Control Puck ကိုလည်း တပ်ဆင်ပေးထား ပါသေးတယ်။ ပထမဦးဆုံး Single drivetrain ကုုိသာ ထုတ်လုပ်ခဲ့ပြီး 2.0 liter Turbocharged Inline – 4 အင်ဂျင်ကို တပ်ဆင်ထားပါတယ်။ မြင်းကောင်ရေ ပါ၀ါ 241 hp ထွက်ရှိပြီး၊ အင်ဂျင် ရုန်းအားက 273 lb – ft ရှိပါ တယ်။ 9 – speed Automatic transmission စနစ်ဖြစ် ပြီး၊ နောက်ယက် (rear drive) သို့မဟုတ် ဘီးအားလုံး မောင်းနှင်နိုင်တဲ့ (all – wheel drive) ကို ရွေးချယ်နိုင် ပါလိမ့်မယ်။ Turbo – 4 အင်ဂျင်ကအရှိ်န်ပြင်းပြင်း မောင်း နှင်နိုင်လို့ 0-60 mph အမြန်နှုန်းကို အချိန် 6.2 စက္ကန့်နဲ့ အရောက်မောင်းသွား နိုင်ပါတယ်။ Top Speeds 130 mph ဖြစ်ပြီး အရှိန်ပြင်းမောင်းနှင်ရာမှာ Mercedes -Benz ရဲ့ V – 6 အင်ဂျင်ထက် သာလွန်အောင် မောင်းနိုင်ပါလိမ့် မယ်။
Suspensions စနစ်ကိုတော့ Adative dampers တွေပါ၀င်တဲ့ Steel multi – link system နဲ့ Air suspension system တိို့ကို ရွေးချယ်အသုံးပြုသွားနိုင်မှာ ပါ။ ဘီး နဲ့ တာယာအရွယ်အစား တွေက 17 to 20 inches အတွင်းမှာ ရှိပါတယ်။ Suspension, Steering, Transmission နဲ့ Throttle System တွေကို Adaptive Controls System နဲ့ ထိန်းချုပ်လုပ်ဆောင်သွား နိုင်မှာ ဖြစ်ပါတယ်။
Drive modes တွေကို Comfort ကနေ Economy, Sport နှင့် Sport + အထိအမျိုးမျိုး ပြောင်းလဲ ပြီး၊ကြိုက်တဲ့ mode မှာရွေးချယ်မောင်းနိုင်ပါတယ်။ New E – Class ကား ရဲ့ ကိုယ်ထည်အတွင်းပိုင်းကို မာကျော ခိုင်ခန့်တဲ့ high – strength steel နဲ့ ပြုလုပ်ထားပြီး ကိုယ် ထည်ရဲ့ အပေါ်ဖက်မှာ ပိုပြီးပေါ့ပါးတဲ့ အလူမီနမ် panels တွေနဲ့ ပေါင်းစပ်ပြုလုပ်ထားပါတယ်။ ကား အလေးချိန်က luxury Line နဲ့ ကိုက်ညီတဲ့ ပေါင် 4,000 ရှိနေပါတယ်။ ကိုယ်ထည်အသစ် ရဲ့ ဖွဲ့စည်းပုံက အတွင်းခန်းနေရာကို အထောက်အကူဖြစ်စေပြီး၊ ထုတ်လုပ်ခဲ့တဲ့ ကားတွေထက် New E – Class ကား ကိုယ်ထည်အလျားက 193.8 လက်မ ရှိတာကြောင့် 1.7 လက်မပိုရှည် နေပါတယ်။ Wheelbase မှာလည်း 2.6 လက်မတောင် ပိုပြီးကျယ် ပါတယ်။
ရှေ့ခန်းမှာ ထိုင်ခုံနှစ်လုံး တပ်ဆင် ပေးရာမှာ Multi – Adjustable chairs တွေဖြစ်ပါတယ်။ မိမိရဲ့ခါး (သို့) ကျောရိုးတန်းမ ကို အညောင်းပြေစေနိုင်တဲ့ အနေ အထား များစွာကို ရွေးချယ်အသုံးပြုသွားလို့ ရပါလိမ့်မယ်။ ရှေ့ခန်းရဲ့ ထိုင်ခုံနေရာမှာ နေရာလွတ် အနည်းငယ် ရှိနေ ပေမယ့် နောက်ထိုင်ခုံမှာတော့ နေရာလွတ်မရှိပါဘူး။ New E – Class ရဲ့ Package အသစ်မှာ ယာဉ်မောင်းနဲ့ ခရီးသည်တို့ရဲ့ ခုံနှစ်လုံးကြားမှာ အနွေးဓာတ် ထုတ်လွှတ် ပေးထားတဲ့ လက်တင်တန်း Warms Armrests ပါရှိပြီး Center Console ကိုပါ တပ်ဆင်ထားပါတယ်။ နောက် ဖက်ထိုင်ခုံရဲ့ အလယ်နေရာမှာ ပစ္စည်းထည့်လို့ ရတဲ့ လက်တင်တန်းတစ်ခုနဲ့ ပိုင်းခြားထားပါတယ်။ Storage armrest မှာတော့ ကိုယ်ပိုင်ကော်ဖီခွက်ကို သိမ်းဆည်း ထားနိုင်ပြီး tablet ကိုထားရှိ အသုံးပြုနိုင်တဲ့ နေရာအ ကျယ် အဝန်းမျိုးကို ပြုလုပ်ပေးထားပါတယ်။
New E – Class Sedan ကားရဲ့ဘေးကင်းလုံခြံု မှုစနစ်နဲ့ Autonomous driving features အတွက် လုပ်ဆောင်နိုင်တဲ့ System ကို ယုံကြည်စိတ်ချစွာ အသုံး ပြုနိုင်ပြီး ခိုင်မာကျစ်လစ်တဲ့ ဖွဲ့စည်းမှုမျိုးဖြစ်လို့ ကမ္ဘာ့ ခေတ်အမီဆုံး အဆင့်မြင့် ဆီဒင်ကား တစ်စီးလို့ ဆိုရ ပါလိမ့်မယ်။ နည်းပညာသစ်အားလုံးက နောက်ဆုံးပေါ် အဆင့်မြင့်နည်းပညာရပ်တွေဖြစ်ပြီး E – Class ကားရဲ့ features တွေ အဖြစ်အသုံးပြုခဲ့လို့ ဖြစ်ပါတယ်။
အာရုံစူးစိုက်မှုကို အထောက်အကူ ပြုပေးတဲ့ သတိ ပေးစနစ်ဖြစ်တဲ့ New Pre – Safe Sound System က မကြာမီအချိန်အတွင်း ဖြစ်လာနိုင်တဲ့ မတော်တဆမှု ဖြစ်ရပ်၊ ရှေ့ပိုင်း ယာဉ်တိုက်ခိုက်မှုအတွက် သတိပေးပြီး အလိုအလျောက် ဘရိတ်ဖမ်းခြင်း၊ နောက်မြင်ကွင်းကြည့် ကင်မရာစနစ် ရဲ့ အာရုံခံမှု စတာတွေတွေကို ယာဉ်မောင်း သိရှိအောင် ထူးခြားတဲ့ အသံလှိုင်းတစ်ခု ထုတ်လွှတ်ပြီး သတိပေးသွားနိုင်ပါတယ်။
Driver Assistance features မှာ Autonomous driving စနစ်အတွက် အထူးအသုံးပြုနိုင်တဲ့ Adaptive Cruise Control System ကတော့ ရှေ့ကားရဲ့ နောက်က လိုက်ပါခြင်း၊ ရပ်ခြင်းတို့ကို ပုံသေအကွာအဝေးကနေ လိုက်ပါလုပ်ဆောင်နိုင်ပြီး အမြန်နှုန်း speeds 130 mph နဲ့ ၊ရှေ့ကားရဲ့နောက်ကနေ လိုက်ပါနိုင်ပါတယ်။ Drive Pilot စနစ်ကြောင့် လမ်းကြောင်းမရှင်းတဲ့ စျေးလမ်းပေါ် မှာတောင် နောက်ကနေ 81 mph speeds နဲ့ မောင်းနိုင် ပါတယ်။ လမ်းကြောင်းပေါ်ကနေ သွေဖယ်သွားခဲ့မယ်ဆို ရင်တောင် ယာဉ်မောင်းကို 2 စက္ကန့်အချိန်အတွင်း အချက် ပြပြီး လမ်းပြောင်းနိုင်မှာ ဖြစ် ပါတယ်။
Automatic – braking System နဲ့ Steering features တွေမှာ လျင်မြန်တဲ့ တုန့်ပြန်မှုတွေ ပါဝင်ပါ တယ်။ ယာဉ်ကို အရှိန်ပြင်းပြင်းမောင်းနေချိန်မှာ လူကူး မျဉ်းကြားနားကို ချဉ်းကပ်လာခဲ့ပေမယ့် ဘရိတ်ဖမ်းဖို့ ယာဉ်မောင်း က သတိမေ့နေခဲ့ရင် အလိုအလျောက် ဘရိတ်စနစ်နဲ့ ယာဉ်ကိုရပ်တန့်စေနိုင်ပါတယ်။ စတီယာရင် စနစ်မှာ လှည့်အားကောင်းစေတဲ့ စနစ်ကို ထပ်မံပေါင်း စပ် ပေးထားတဲ့အတွက် ယာဉ်မောင်းက ရှောင်တိမ်းမှု တွေကို စနစ်တကျ လှုပ်ရှားသွားနိုင်ပါလိမ့်မယ်။ Smart phone App ကို အသုံးပြုပြီးကားကို ကိုယ်တိုင် parking ထိုးခိုင်း နိုင်မှာဖြစ်သလို ပါကင်နေရာကနေ အပြင်ကို ထွက်လာဖို့ လည်း ညွှန်ကြားနိုင်မှာဖြစ်ပါတယ်။ အနီးအနားမှာရှိနေ တဲ့ ကားတွေနဲ့ အရာဝတ္ထုတွေရဲ့ data တွေကို hardware ပိုင်းကနေ ထုတ်လွှတ်ပေးခြင်း နဲ့ လက်ခံပေးခြင်းတို့ကို လုပ်ဆောင်ပေးမှာပါ။ ဒါကြောင့် ယာဉ်မတော်တဆ ဖြစ်မှုကနေ ရှောင်လွှဲနိုင်ပြီး တစ်နေ့ တာလုံး ကူညီပေးနိုင် ပါလိမ့်မယ်။ ယာဉ်တိုက်မှုဖြစ်ဖို့ အလားအလာရှိခဲ့ရင် ခရီးသည်ရဲ့ ထိုင်ခုံမှာတပ်ဆင် ထား တဲ့ လေအိတ်ထဲကို လေတွေဝင်ရောက်လာပြီး 3 လက်မ အကွာမှာ လေအိတ် ပွင့်စေပါတယ်။
Luxury Features မှာ new infotainment စနစ်ကို ရွေးချယ်နိုင်ပြီး ခံစားမှုအပြည့်နဲ့ ကြည့်ရှုနိုင်မယ့် high – resolution animation ပုံရိပ်တွေကို တွေ့မြင်နိုင် မှာဖြစ်ပါတယ်။ ကားအတွင်းခန်းမှာ 64 colors အရောင် ပြောင်းနိုင်တဲ့ Ambient Lighting System ကို တပ်ဆင် ထားပါသေးတယ်။ High – End Burmester Sound System ကို အသုံးပြုထားပြီး Speakers 23 လုံးတပ် ဆင်ထားလို့ 3 D Sound အသံမျိုးနားဆင်နိုင်မှာ ဖြစ်ပါ တယ်။ လှပတင့်တယ်မှုရုပ်သွင် ကို ထူးခြားဆန်းပြားတဲ့ နည်းပညာသစ်ဝတ်ရုံ နဲ့ မွမ်းမံဆင်ယင်ထားတဲ့ Mercedes Benz New E – Class Luxury Car ရဲ့ Specification ကို Customers တွေ လေ့လာနိုင်ဖို့ ဖော်ပြ ပေးလိုက် ပါတယ်။
Specification
Engine – 2.0 liter turbocharged inline – 4
Horse Power – 241 hp
Torque – 273 pound – feet
Transmission – 9 – speed Automatic
0-60 mph – 6.2 Seconds
Top Speed – 130 mph
Body – mid – size, four door sedan
ပါဝါ
Zawgyi version…
Specification
Horse Power  –         241 hp
Torque                    –         273 pound – feet
0-60 mph                –         6.2 Seconds
Top Speed               –         130 mph
ပါဝါ