Unicode version…
မကြာမီကကျင်းပခဲ့သည့် New York Auto Show တွင် ဂျာမနီအခြေစိုက် Audi မှ 2018 TTRS / RS 3 တို့အား မိ်တ်ဆက်ပြသခဲ့ပါသည်။ Audi TTRS သည် Audi ၏ရောင်းအားအကောင်းဆုံး (Little Coupe) အနေဖြင့် ထင်ရှားသည့် ကားဖြစ်ပါသည်။ယခု 2018 Model (TTRS / RS 3) တို့အား အသွင်သစ် အမြင်သစ်များဖြင့် ထုတ်လုပ်လာပါသည်။ New TTRS တွင် အင်ဂျင်အနေဖြင့် Turbocharged I 5 Engine ၊ 400hp ၊ 354 lb-ft of manual with paddle shift gearbox အားတွဲဖက် တပ်ဆင်ထားပါသည်။ အဆိုပါ Gear စနစ်တွင် Launch control mode လည်းထည့်သွင်းထားပါသည်။ ၄င်းအင်ဂျင်၏ Performance သည် 174 mph အထိ အမြင့်ဆုံးသတ်မှတ်ထားပါမည်။ TT RS တွင် Drive mode selection / Active Magnetic Suspension ၊ Audi’s Virtual Cockpit စသည့် ပါ၀င်မှုအသစ်များထည့်သွင်းထားပါသည်။ Audi RS 3 အား Audi ၏ ပထမဆုံး Compact Sedan အနေဖြင့် ထုတ်လုပ်ထားပြီး ၄င်းသည် TT RS နှင့် အင်ဂျင် ပါ၀င်ပစ္စည်း များသည်တူညီမှုရှိပါသည်။၄င်းအား Audi ၏ Sport sub- brand မှတစ်ဆင့်ရောင်းချမည်ဖြစ်ပါသည်။
အထက်ပါ Model (၂)မျိုးအပြင် Audi R8 ကိုအခြေခံထားသည့် Audi R8 LMS GT4 ကိုလည်း မိတ်ဆက်ပြသခဲ့ပါသည်။ အဆိုပါကားအား U.S Market တွင် ယခုလာမည့်(၂)နှစ်အတွင်း အစင်းရေ (၈)စင်း ခန့်သာရောင်းချသွားမည်ဖြစ်ပါသည်။ 2018 TT RS အား US$ 65875 ခန့်မှစ၍၄င်း၊ 2018 RS 3 အား US$ 55875 ခန့်မှစ၍၄င်း၊ New R8 LMS GT 4 အား US$ 250000 ၀န်းကျင်ခန့်မှစ၍၄င်း အသီးသီးရောင်းချ မည်ဖြစ်ပါသည်။ 2018 TT RS နှင့် 2018 RS 3 တို့အား ယခုနှစ် နှစ်လည်ပိုင်းတွင် စတင်ရောင်းချမည်ဖြစ်ပါ သည်။
Zawgyi  version…