Unicode version…

လက်ရှိကျင်းပလျက်ရှိနေသော ၃၉ ကြိမ်မြောက် 2018 Bangkok International Motor Show ဖွင့်ပွဲအခမ်းအနားကို ၂၇ ရက်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သွားခဲ့သည်။ ဘန်ကောက်နိုင်ငံတကာကားပြပွဲ္ပ၌ ကားကုမ္ပဏီပေါင်း ၃၀ ကျော်နှင့် ဆိုင်ကယ်ကုမ္ပဏီ ၁၅ ခုကျော် ဝင်ရောက်ပြသနေပြီး ယာဉ်အပိုပစ္စည်းများ၊ ဆက်စပ်ပစ္စည်း ပြခန်းများ၊ Concept Car နှင့် Concept Bike များ ၊ Car Audio ပြခန်းများ နှင့် ယခုနှစ်မှ စတင်ပါဝင်လာသော မော်တော်ယာဉ်ဆိုင်ရာစီးပွား ရေးစွန့်ဦးတီထွင်သူများအစည်းအရုံး၏ပြခန်းများပြသ သွားလျက်ရှိသည်။ ပြိုင်ပွဲကျင်းပရေး၏ သဘာပတိနှင့် Grand Prix International PLC ၏ CEO ဖြစ်သူ Dr. Prachin Eamlumnow နှင့် ပြိုင်ပွဲကျင်းပရေးဒုဥက္ကဌ Mr. Jaturont Komolmis တို့မှ ပွဲ၏ရည်ရွယ် ချက်၊ပြင် ဆင်ထားမှု၊မျှော်လင့်ချက်များနှင့်ပတ်သက်ပြီး ဖွင့်ပွဲအခမ်းအနားတွင်ပြောကြားသွားခဲ့သည်။

နိုင်ငံတကာအဆင့်မီပြုလုပ်သော ဘန်ကောက်နိုင်ငံတကာကားပြပွဲသည် အာဆီယံ ဒေသအတွင်း အကြီးဆုံးကားပြပွဲတစ်ခုဖြစ်ပြီး ပြီးခဲ့သည့်နှစ်က လာရောက်ကြည့်ရှုသူပေါင်း ၁.၆ သန်းခန့်ရှိခဲ့သည်။ ယခုနှစ်ကားပြပွဲတွင် ဂျပန်ကားကုမ္ပဏီများဖြစ်သော Toyota, Lexus, Nissan, Honda, Mitsubishi, Isuzu, Mazda, Suzuki ၊ ကိုရီးယားအခြေစိုက် KIA နှင့် Hyundai ၊ ဥရောပနှင့် အမေရိကမှ Audi, BMW, Bentley, Mercedes-Benz, MINI, Jaguar, Porsche, Land Rover, Volvo, MG, Ford, Maserati, Chevrolet စသည်တို့ပါဝင်ပြသလျက်ရှိနေကြပြီး Honda, Yamaha, Suzuki, Kawasaki, Harley-Davidson, Triumph, Royal Enfield စသည့်မော်တော်ဆိုင်ကယ်ကုမ္ပဏီ များလည်းပါဝင်ပြသနေသည်။ အဆိုပါပွဲသို့ မြန်မာနိုင်ငံမှတစ်ဦးတည်းသောဖိတ်ကြားခံရသည့် Drive Media အပါအဝင်နိုင် ငံတကာမှ Auto media များတက်ရောက်လျက်ရှိနေပြီး ၂၇ နေ့မှာ Press Day ဖြစ်ပြီး ၂၈ ရက်နေ့မှ ဧပြီလ ၈ ရက်နေ့အထိ ၁၂ ရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ပြီး ထိုရက်များတွင်လာရောက်သောဧည့်သည်များကိုတစ်ဦးလျှင် ဝင်ကြေးဘတ် ၁၀၀ နှုန်းဖြင့် ကောက်ခံသွားမည်ဟု သိရသည်။ ထိုပွဲအတွင်းမှဓါတ်ပုံများကို Drive ပရိသတ်ကြီးသိရှိစေရန် Online နှင့် မဂ္ဂဇင်းတို့တွင်ဖော်ပြပေးသွားမည်ဖြစ်သည်။

Zawgyi version…

လက္ရွိက်င္းပလ်က္ရွိေနေသာ ၃၉ ၾကိမ္ေျမာက္ 2018 Bangkok International Motor Show ဖြင့္ပဲြအခမ္းအနားကုိ ၂၇ ရက္ေန႔နံနက္ပုိင္းက က်င္းပျပဳလုပ္သြားခဲ့သည္။ ဘန္ေကာက္ႏိုင္ငံတကာကားျပပဲြၸ၌ ကားကုမၸဏီေပါင္း ၃၀ ေက်ာ္ႏွင့္ ဆုိင္ကယ္ကုမၸဏီ ၁၅ ခုေက်ာ္ ဝင္ေရာက္ျပသေနျပီး ယာဥ္အပုိပစၥည္းမ်ား၊ ဆက္စပ္ပစၥည္း ျပခန္းမ်ား၊ Concept Car ႏွင့္ Concept Bike မ်ား ၊ Car Audio ျပခန္းမ်ား ႏွင့္ ယခုႏွစ္မွ စတင္ပါဝင္လာေသာ ေမာ္ေတာ္ယာဥ္ဆုိင္ရာစီးပြား ေရးစြန္႕ဦးတီထြင္သူမ်ားအစည္းအရုံး၏ျပခန္းမ်ားျပသ သြားလ်က္ရွိသည္။ ျပိဳင္ပဲြက်င္းပေရး၏ သဘာပတိႏွင့္ Grand Prix International PLC ၏ CEO ျဖစ္သူ Dr. Prachin Eamlumnow ႏွင့္ ျပိဳင္ပဲြက်င္းပေရးဒုဥကၠဌ Mr. Jaturont Komolmis တုိ႔မွ ပဲြ၏ရည္ရြယ္ ခ်က္၊ျပင္ ဆင္ထားမွဳ၊ေမွ်ာ္လင့္ခ်က္မ်ားႏွင့္ပတ္သက္ျပီး ဖြင့္ပဲြအခမ္းအနားတြင္ေျပာၾကားသြားခဲ့သည္။

ႏုိင္ငံတကာအဆင့္မီျပဳလုပ္ေသာ ဘန္ေကာက္ႏိုင္ငံတကာကားျပပဲြသည္ အာဆီယံ ေဒသအတြင္း အၾကီးဆုံးကားျပပဲြတစ္ခုျဖစ္ျပီး ျပီးခဲ့သည့္ႏွစ္က လာေရာက္ၾကည့္ရွဳသူေပါင္း ၁.၆ သန္းခန္႕ရွိခဲ့သည္။ ယခုႏွစ္ကားျပပဲြတြင္ ဂ်ပန္ကားကုမၸဏီမ်ားျဖစ္ေသာ Toyota, Lexus, Nissan, Honda, Mitsubishi, Isuzu, Mazda, Suzuki ၊ ကုိရီးယားအေျခစုိက္ KIA ႏွင့္ Hyundai ၊ ဥေရာပႏွင့္ အေမရိကမွ Audi, BMW, Bentley, Mercedes-Benz, MINI, Jaguar, Porsche, Land Rover, Volvo, MG, Ford, Maserati, Chevrolet စသည္တုိ႔ပါဝင္ျပသလ်က္ရွိေနၾကျပီး Honda, Yamaha, Suzuki, Kawasaki, Harley-Davidson, Triumph, Royal Enfield စသည့္ေမာ္ေတာ္ဆုိင္ကယ္ကုမၸဏီ မ်ားလည္းပါဝင္ျပသေနသည္။ အဆုိပါပဲြသုိ႔ ျမန္မာႏိုင္ငံမွတစ္ဦးတည္းေသာဖိတ္ၾကားခံရသည့္ Drive Media အပါအဝင္ႏိုင္ ငံတကာမွ Auto media မ်ားတက္ေရာက္လ်က္ရွိေနျပီး  ၂၇ ေန႔မွာ Press Day ျဖစ္ျပီး ၂၈ ရက္ေန႔မွ ဧျပီလ ၈ ရက္ေန႔အထိ ၁၂ ရက္တုိင္တုိင္က်င္းပသြားမည္ျဖစ္ျပီး ထုိရက္မ်ားတြင္လာေရာက္ေသာဧည့္သည္မ်ားကုိတစ္ဦးလွ်င္ ဝင္ေၾကးဘတ္ ၁၀၀ ႏွဳန္းျဖင့္ ေကာက္ခံသြားမည္ဟု သိရသည္။ ထုိပဲြအတြင္းမွဓါတ္ပုံမ်ားကုိ Drive ပရိသတ္ၾကီးသိရွိေစရန္ Online ႏွင့္ မဂၢဇင္းတုိ႔တြင္ေဖာ္ျပေပးသြားမည္ျဖစ္သည္။