Unicode version..

ပြီးခဲ့တဲ့နှစ်က သွားရောက်ခဲ့ရတဲ့ဘန်ကောက်နိုင်ငံတကာကားပြပွဲခရီးစဉ်ထက် ဒီတစ်ကြိမ်ကပိုပြီးတော့ အသက် ဝင်လာခဲ့သလို ပိုပြီးတော့လည်းရင်းနှီးနွေးထွေးမှုတွေပိုရခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ ဒုတိယအကြိမ်မြောက် ဖြစ်သွားလို့ Organizer တွေ၊အခြားနိုင်ငံတကာမီဒီယာတွေနဲ့ပိုမိုခင်မင်မှုရရှိခဲ့ပြီး အလုပ်လုပ်ရတာပိုပြီး သက် တောင့်ဖြစ်ခဲ့ပါတယ်။ GPI Group ရဲ့ဧည့်ဝတ်ကျေပွန်မှုကတော့ တစ်နှစ်ထက်တစ် နှစ်ပိုပြီးကောင်းမွန်လာခဲ့ သလို ဒီနှစ်မှာတော့ထူးထူးခြားခြားနောက်ထပ်အစီအစဉ်တွေအဖြစ် Drift Taxi တွေစီးနင်းရတာတို့၊ နောက်ပြီး Go Kart မှာလည်းကိုယ်တိုင်ပြိုင်ကားတွေမောင်းနှင်ခဲ့ရတာတွေပါဝင်ခဲ့ပါတယ်။ 26-3-2018 ရက်နေ့မှ 29-3-2018 အထိထိုင်းနိုင်ငံ၊ဘန်ကောက်မှာကျင်းပတဲ့ကို စာရေးသူတို့ Drive Media မှ မြန်မာနိုင်ငံရဲ့တစ်ခုတည်း သော Official Media Partner အဖြစ်တက်ရောက်ခွင့်ရခဲ့ပါတယ်။ ပထမနေ့ကတော့ VIP Day ဖြစ်လို့လေ ဆိပ်ကနေ ဟိုတယ်ကို လာကြိုတဲ့ကားနဲ့သွားပြီး Check in လုပ်၊ ပြီးတော့ ပြပွဲကျင်းပရာ Impact Challenger မှာရှိတဲ့ Press Center မှာ Registration လုပ်တယ်။ အဲဒီက တာဝန်ရှိသူတွေကနေပေးတဲ့ Press release တွေ၊Media ကဒ်တွေထုတ်ပြီး Impact Challenger Exhibition Zone ထဲမှာပဲရှိတဲ့ Bangkok Novotel Hotel မှာ ခဏနားတယ်။ညနေရောက်တော့ အခြားလာရောက်ကြတဲ့ International Media တွေနဲ့အတူ Dinner ပျော်ပျော်ပါးပါးစားသောက်ကြပါတယ်။ ဒီခရီးစဉ်အတွင်းမှာ GPI ရဲ့ Dinner အစီအစဉ်တွေက တစ်နေ့ တစ်မျိုး မရိုးရဘဲ ဘန်ကောက်ရဲ့နာမည်ကြီးစားသောက်ဆိုင်တွေကို လှည့်ပတ်ကျွေးမွေးခဲ့ပါတယ်။ စားရင်းသောက် ရင်းနဲ့ အခြားနိုင်ငံက Motor Journalist တွေနဲ့ အတွေ့အကြုံတွေဖလှယ်ခဲ့ရပါတယ်။ ဒါကြောင့် ဒီခရီးစဉ်က စာရေးသူအတွက်တော့ လုံးဝကိုတန်ဖိုးရှိလှတဲ့ခရီးစဉ်လို့ဆိုရင်မမှားနိုင်ပါဘူး။

ဒုတိယနေ့ရောက်တဲ့အချိန်မှာတော့ မနက်စာစားပြီးကတည်းက မကြာခင်စတင်တော့မယ့် Grand Opening Ceremony အတွက်စိတ်အားတက်ကြွနေခဲ့မိပါတယ်။ ၃၉ ကြိမ်မြောက် ဘန်ကောက်နိုင်ငံတကာ ကားပြပွဲ ဖွင့်ပွဲ ကိုလည်း ထုံးစံအတိုင်း ခမ်းခမ်းနားနားကျင်းပခဲ့ပြီး ပြပွဲမှာပါဝင်ခဲ့ကြတဲ့ ကုမ္ပဏီတွေရဲ့ကိုယ်စားလှယ်တွေ၊နိုင် ငံတကာသံအမတ်တွေနဲ့တကွ ပြိုင်ပွဲကျင်းပရေး သဘာပတိနဲ့ Grand Prix International PLC ရဲ့ CEO ဖြစ်သူ Dr. Prachin Eamlumnow နဲ့ ပြိုင်ပွဲကျင်းပရေးဒုဥက္ကဌ Mr. Jaturont Komolmis တို့တက်ရောက်ကာ ဖွင့်လှစ်ပေးခဲ့ပါတယ်။ တကယ့်ကို ငွေကုန်ခံပြီးခမ်းနားစွာပြုလုပ်ထားတဲ့ အပြင် အဆင်တွေကို အားကျငေးမောခဲ့ရပါတယ်။ မတ်လ ၂၆ ရက်နေ့မှ ဧပြီလ ၈ ရက်နေ့အ ထိကျင်းပခဲ့တဲ့ ၃၉ ကြိမ် မြောက် ဘန်ကောက်နိုင်ငံတကာကားပြပွဲ္ပမှာ ကားကုမ္ပဏီပေါင်း ၃၀ ကျော်၊ ဆိုင်ကယ်ကုမ္ပဏီ ၁၅ ခုကျော်ဝင် ရောက်ပြသသွားခဲ့သလို ယာဉ်အပိုပစ္စည်းများ၊ဆက်စပ်ပစ္စည်း ပြခန်းများ၊ Concept Car နဲ့ Concept Bike များ၊ Car Audio ပြခန်းများ နဲ့ ယခုနှစ်မှ စတင်ပါဝင်လာခဲ့တဲ့ မော်တော်ယာဉ်ဆိုင်ရာစီးပွား ရေးစွန့်စားသူများအစည်း အရုံးပြခန်းတွေလည်းပါဝင်ခဲ့ပါတယ်။ နိုင်ငံတကာအဆင့်မီပြုလုပ်ခဲ့တဲ့ ဘန်ကောက်နိုင်ငံတကာကားပြပွဲမှာ အာဆီယံဒေသအတွင်း အကြီးဆုံးကားပြပွဲတစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က လာရောက်ကြည့်ရှုသူပေါင်း ၁.၆ သန်း ခန့်ရှိခဲ့ပါတယ်။ ယခုနှစ်ကားပြပွဲမှာ ဂျပန်ကားကုမ္ပဏီတွေဖြစ်တဲ့ Toyota, Lexus, Nissan, Honda, Mitsubishi, Isuzu, Mazda, Suzuki ၊ ကိုရီးယားအခြေစိုက် KIA နဲ့ Hyundai ၊ ဥရောပနဲ့အမေရိကမှ Audi, BMW, Bentley, Mercedes-Benz, MINI, Jaguar, Porsche, Land Rover, Volvo, MG, Ford, Maserati, Chevrolet စသည်တို့ပါဝင်ခဲ့ကြပါတယ်။ ဒါ့အပြင် Honda, Yamaha, Suzuki, Kawasaki, Harley-Davidson, Triumph,Ducati, Royal Enfield စတဲ့မော်တော်ဆိုင် ကယ်ကုမ္ပဏီများလည်းပါ ဝင်ခဲ့ကြပါတယ်။ ဝင်ကြေး အဖြစ် တစ်ဦးကို ဘတ် ၁၀၀ နှုန်းနဲ့ လာရောက်ကြည့်ရှုနိုင်ပြီး ပထမနေ့ကတော့ မီဒီယာတွေချည်းသီးသန့် Press Day ဖြစ်လို့ အပြင်လူတွေမရှိပါဘူး။ ဒါကြောင့် ဒီရက်မှာအသစ်မိတ်ဆက်တဲ့ကားတွေ အများအပြားပြု လုပ်တတ်တာကု်တွေ့ရပါတယ်။ စတုရန်းပေ ၆၀၀၀၀ ကျယ်တဲ့ Hall ကြီးထဲမှာ ကိုယ့်နိုင်ငံမှာမြင်တွေ့ရဖို့မရှိတဲ့ ကားတွေကိုဓါတ်ပုံ၊ဗီဒီယိုမှတ်တမ်းတင်ရင်း ရှေ့နောက် ဥဒဟိုလျှောက်သွားနေမိပါတယ်။ အချိန်ကုန်လို့ ကုန် ဆုံးမှန်းစမသိအောင်ပဲဖြစ်ခဲ့ရတယ်။ နေ့လည်ရောက်တော့ GPI ရဲ့အထူးအစီအစဉ်အနေနဲ့ Drift Taxi သွားစီး ခဲ့ရပါတယ်။ ကျွမ်းကျင်တဲ့ ပရော်ဖက်ရှင်နယ်ကားမောင်းသူမောင်းတဲ့ကားကို လုက်ပါစီးနင်းခဲ့ရပါတယ်။ စာရေး သူအတွက်တော့ ပထမဆုံးအတွေ့အကြုံဖြစ်ခဲ့ရပြီး အတော်လေးစိတ်လှုပ်ရှားစရာ၊ရင်တုန်စရာကောင်းတဲ့ ခံစား မှုတွေရရှိခဲ့ပါတယ်။ အဲဒီနောက် Go Kart မှာလည်း ကိုယ်တိုင်ပြိုင်ကားတွေမောင်းနှင်ခဲ့ရတာတွေပါဝင်ခဲ့ ပါတယ်။ 12 မိနစ်ကို ဘတ် ၆၀၀ ပေးရတဲ့ ပြိုင်ကားတွေကို စိတ်ကြိုက်စီးနင်းခွင့်ရအောင် GPI ကစီစဉ် ပေးခဲ့ပါတယ်။ တစ်နေ့တာပင်ပန်းခဲ့သမျှ Dinner မှာ Sea Food တွေအကြိုက်စားလိုက်ရလို့ ပြေပျောက်ခဲ့ရ ပါတယ်။

SAMSUNG

SAMSUNG

SAMSUNG

SAMSUNG

SAMSUNG

SAMSUNG

SAMSUNG

SAMSUNG

SAMSUNG

SAMSUNG

SAMSUNG

SAMSUNG

SAMSUNG

SAMSUNG

SAMSUNG

SAMSUNG

ဒုတိယနေ့ကတော့ လုံးဝကိုအရေးကြီးတဲ့နေ့တစ်နေ့လို့ဆိုချင်ဆိုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ပြိုင်ပွဲကျင်း ပရေးသဘာပတိနဲ့ Grand Prix International PLC ရဲ့ CEO ဖြစ်သူ Dr. Prachin Eamlumnow နဲ့နိုင်ငံ တကာမီဒီယာတွေ သီးသန့်တွေ့ဆုံပြီး Group Interview လုပ်ခဲ့ရလို့ပါ။ အရမ်းကိုဖော်ရွေပြီး ထိုင်းနိုုင်ငံရဲ့ Auto Industry မှာအဓိကကျလှတဲ့ Dr. Prachin နဲ့စကားလက်ဆုံကျခဲ့ပါတယ်။ နောက်ပြီး ထိုင်းနိုင်ငံရဲ့ Auto Industry အကြောင်း၊အနာဂတ်စျေးကွက်အခြေအနေတွေကို သေသေချာချာဆွေးနွေးခဲ့သလို ဒီနှစ်အတွင်း GPI ကတာဝန်ယူကျင်းပမယ့် မြန်မာ့ကားပြပွဲကိုလည်း အတည်ပြုပေးသွားခဲ့ပါတယ်။ မီဒီယာတွေနဲ့ရင်းနှီး စွာစကားပြောဆိုပြီးတော့ အမှတ်တရလက်ဆောင်တွေချီးမြှင့်ခဲ့ပါတယ်။ အဲဒါပြီးတော့ စာရေးသူတို့အနေနဲ့ Ford Motor ရဲ့ထိုင်းနိုင်ငံမှတာဝန်ရှိသူနဲ့ သီးသန့်တွေ့ဆုံမှုတွေလုပ်ခဲ့ပါတယ်။ ပထမနေ့မှာ မပြီးပြတ်သေးတဲ့ လေ့လာမှုတွေ၊ရိုက်ကူးမှုတွေ အများအပြားထပ်လုပ်ခဲ့ရပါတယ်။ ဒီနှစ်ကားပြပွဲမှု အရင်နှစ်ကထက်ပိုထူးခြား လာတာတစ်ခုက EV ကားတွေပိုများလာတာဖြစ်ပါတယ်။ BMW,Mercedes,Toyota,Nissan တို့ရဲ့လျှပ်စစ် ကားထုတ်လုပ်မှု၊ကြိုတင်မိတ်ဆက်မှုတွေသာမက ထိုင်းပြည်တွင်းဖြစ် EV ကားတွေ၊ဆိုင်ကယ်ထုတ်လုပ်မှု အများအပြားတွေ့ခဲ့ရပြီး EV ကားစနစ်ကိုပြောင်းလဲဖို့ ခြေလှမ်းစတင်နေပြီဆိုတာတွေ့လိုက်ရပါတယ်။ ကျွန် တော်တို့နိုင်ငံမှာတော့ EV စနစ်ကိုအကောင်ထည်ဖော်ဖို့ ဘာအစီအစဉ်မှမရှိသေးပါဘူးထင်ပါတယ်။ ဒါ့အပြင် ဒီကားပြပွဲမှာရောင်းရတဲ့ ကားအစီးရေက တစ်နှစ်လုံးအတိုင်းအတာ ထိုင်းမှာရောင်းရတဲ့ကားအစီးရေရဲ့ ၅၀ ရာခိုင်နှုန်းရှိတယ်ဆိုတော့ ဒီလိုကားပြပွဲတွေလုပ်ရတာက Sale ရော၊ Branding အတွက်ပါ အကျိုး အမြတ်တွေအများကြီးထွက်ပေါ်တယ်လို့ ဆိုနိုင်ပါတယ်။ တကယ်လည်း ဒီပွဲရက် ၁၂ ရက်အတွင်းမှာ ဆိုင်ကယ်နဲ့ ကားအစီးရေ ၅သောင်းကျော် ကြိုတင်မှာယူရောင်းချခဲ့ရပါတယ်။နောက်ပြီး ထိုင်းရဲ့အရစ်ကျစနစ်တွေက ဒီမှာ ထက် ပိုကောင်းတော့ သာမန်လူတန်းစားတွေတောင် ကားတစ်စီးအသာလေးဝယ်နိုင်တယ်။ အများပြည်သူ သယ် ယူပို့ဆောင်ရေးစနစ်ကလည်းကောင်းတော့ မော်တော်ကားဖွံ့ဖြိုးမှုစနစ်က ပြောစရာမလိုအောင် ကောင်းမွန်ပါ တယ်။ အစစ ကိုယ့်တိုင်းပြည်ထက်သာနေတော့ အားကျငေးမောရုံမှတစ်ပါးမတတ်နိုင်ခဲ့ပါ။ ဒါပေမဲ့ ကိုယ့်ဆီ မှာ အဆင့်မီကားပြပွဲတစ်ခုပေါ်လာနိုင်တော့မှာဆိုတော့လည်း နောင်တစ်ချိန်မှာ ဒီလိုခမ်းနားတဲ့ ကားပြပွဲတွေ ပြည်တွင်းမှာလုပ်နိုင်စွမ်းလောက်ပါရဲ့လို့ ရေရွတ်လိုက်မိရင်း အတွေ့အကြုံများစွာရရှိခဲ့တဲ့ ဘန်ကောက် နိုင်ငံတကာကားပြပွဲ ဒုတိယအကြိမ်မြောက်ခရီးစဉ်အကြောင်း အဆုံးသတ်ပါရစေ။

Zawgyi version

ျပီးခဲ့တဲ့ႏွစ္က သြားေရာက္ခဲ့ရတဲ့ဘန္ေကာက္ႏိုင္ငံတကာကားျပပဲြခရီးစဥ္ထက္ ဒီတစ္ၾကိမ္ကပုိျပီးေတာ့ အသက္ ဝင္လာခဲ့သလုိ ပိုျပီးေတာ့လည္းရင္းႏွီးေႏြးေထြးမွဳေတြပုိရခဲ့တယ္လုိ႔ဆုိရမွာျဖစ္ပါတယ္။ ဒုတိယအၾကိမ္ေျမာက္ ျဖစ္သြားလုိ႔ Organizer ေတြ၊အျခားႏုိင္ငံတကာမီဒီယာေတြနဲ႔ပုိမုိခင္မင္မွဳရရွိခဲ့ျပီး အလုပ္လုပ္ရတာပုိျပီး သက္ ေတာင့္ျဖစ္ခဲ့ပါတယ္။ GPI Group ရဲ႕ဧည့္ဝတ္ေက်ပြန္မွဳကေတာ့ တစ္ႏွစ္ထက္တစ္ ႏွစ္ပုိျပီးေကာင္းမြန္လာခဲ့ သလုိ ဒီႏွစ္မွာေတာ့ထူးထူးျခားျခားေနာက္ထပ္အစီအစဥ္ေတြအျဖစ္ Drift Taxi ေတြစီးနင္းရတာတုိ႔၊ ေနာက္ျပီး Go Kart မွာလည္းကုိယ္တုိင္ျပိဳင္ကားေတြေမာင္းႏွင္ခဲ့ရတာေတြပါဝင္ခဲ့ပါတယ္။ 26-3-2018 ရက္ေန႔မွ 29-3-2018 အထိထုိင္းႏိုင္ငံ၊ဘန္ေကာက္မွာက်င္းပတဲ့ကုိ စာေရးသူတုိ႔ Drive Media မွ ျမန္မာႏိုင္ငံရဲ႕တစ္ခုတည္း ေသာ Official Media Partner အျဖစ္တက္ေရာက္ခြင့္ရခဲ့ပါတယ္။ ပထမေန႔ကေတာ့ VIP Day ျဖစ္လုိ႔ေလ ဆိပ္ကေန ဟုိတယ္ကုိ လာၾကိဳတဲ့ကားနဲ႔သြားျပီး Check in လုပ္၊ ျပီးေတာ့ ျပပဲြက်င္းပရာ Impact Challenger မွာရွိတဲ့ Press Center မွာ Registration လုပ္တယ္။ အဲဒီက တာဝန္ရွိသူေတြကေနေပးတဲ့ Press release ေတြ၊Media ကဒ္ေတြထုတ္ျပီး Impact Challenger Exhibition Zone ထဲမွာပဲရွိတဲ့ Bangkok Novotel Hotel မွာ ခဏနားတယ္။ညေနေရာက္ေတာ့ အျခားလာေရာက္ၾကတဲ့ International Media ေတြနဲ႔အတူ Dinner ေပ်ာ္ေပ်ာ္ပါးပါးစားေသာက္ၾကပါတယ္။ ဒီခရီးစဥ္အတြင္းမွာ GPI ရဲ႕ Dinner အစီအစဥ္ေတြက တစ္ေန႔ တစ္မ်ိဳး မရုိးရဘဲ ဘန္ေကာက္ရဲ႕နာမည္ၾကီးစားေသာက္ဆုိင္ေတြကုိ လွည့္ပတ္ေကြ်းေမြးခဲ့ပါတယ္။ စားရင္းေသာက္ ရင္းနဲ႔ အျခားႏိုင္ငံက Motor Journalist ေတြနဲ႔ အေတြ႔အၾကဳံေတြဖလွယ္ခဲ့ရပါတယ္။ ဒါေၾကာင့္ ဒီခရီးစဥ္က စာေရးသူအတြက္ေတာ့ လုံးဝကုိတန္ဖုိးရွိလွတဲ့ခရီးစဥ္လုိ႔ဆုိရင္မမွားႏိုင္ပါဘူး။

ဒုတိယေန႔ေရာက္တဲ့အခ်ိန္မွာေတာ့ မနက္စာစားျပီးကတည္းက မၾကာခင္စတင္ေတာ့မယ့္ Grand Opening Ceremony အတြက္စိတ္အားတက္ၾကြေနခဲ့မိပါတယ္။ ၃၉ ၾကိမ္ေျမာက္ ဘန္ေကာက္ႏိုင္ငံတကာ ကားျပပြဲ ဖြင့္ပဲြ ကုိလည္း ထုံးစံအတုိင္း ခမ္းခမ္းနားနားက်င္းပခဲ့ျပီး ျပပဲြမွာပါဝင္ခဲ့ၾကတဲ့ ကုမၸဏီေတြရဲ႕ကုိယ္စားလွယ္ေတြ၊ႏိုင္ ငံတကာသံအမတ္ေတြနဲ႔တကြ ျပိဳင္ပဲြက်င္းပေရး သဘာပတိနဲ႔ Grand Prix International PLC ရဲ႕ CEO ျဖစ္သူ Dr. Prachin Eamlumnow နဲ႔ ျပိဳင္ပဲြက်င္းပေရးဒုဥကၠဌ Mr. Jaturont Komolmis တုိ႔တက္ေရာက္ကာ ဖြင့္လွစ္ေပးခဲ့ပါတယ္။ တကယ့္ကုိ ေငြကုန္ခံျပီးခမ္းနားစြာျပဳလုပ္ထားတဲ့ အျပင္ အဆင္ေတြကုိ အားက်ေငးေမာခဲ့ရပါတယ္။ မတ္လ ၂၆ ရက္ေန႔မွ ဧျပီလ ၈ ရက္ေန႔အ ထိက်င္းပခဲ့တဲ့ ၃၉ ၾကိမ္ ေျမာက္ ဘန္ေကာက္ႏိုင္ငံတကာကားျပပဲြၸမွာ ကားကုမၸဏီေပါင္း  ၃၀ ေက်ာ္၊  ဆုိင္ကယ္ကုမၸဏီ ၁၅ ခုေက်ာ္ဝင္ ေရာက္ျပသသြားခဲ့သလုိ ယာဥ္အပုိပစၥည္းမ်ား၊ဆက္စပ္ပစၥည္း ျပခန္းမ်ား၊ Concept Car နဲ႔ Concept Bike မ်ား၊ Car Audio ျပခန္းမ်ား နဲ႔ ယခုႏွစ္မွ စတင္ပါဝင္လာခဲ့တဲ့ ေမာ္ေတာ္ယာဥ္ဆုိင္ရာစီးပြား ေရးစြန္႕စားသူမ်ားအစည္း အရုံးျပခန္းေတြလည္းပါဝင္ခဲ့ပါတယ္။ ႏုိင္ငံတကာအဆင့္မီျပဳလုပ္ခဲ့တဲ့ ဘန္ေကာက္ႏိုင္ငံတကာကားျပပဲြမွာ  အာဆီယံေဒသအတြင္း အၾကီးဆုံးကားျပပဲြတစ္ခုျဖစ္ျပီး ျပီးခဲ့တဲ့ႏွစ္က လာေရာက္ၾကည့္ရွဳသူေပါင္း ၁.၆ သန္း ခန္႕ရွိခဲ့ပါတယ္။ ယခုႏွစ္ကားျပပဲြမွာ ဂ်ပန္ကားကုမၸဏီေတြျဖစ္တဲ့ Toyota, Lexus, Nissan, Honda, Mitsubishi, Isuzu, Mazda, Suzuki ၊ ကုိရီးယားအေျခစုိက္ KIA နဲ႔  Hyundai  ၊ ဥေရာပနဲ႔အေမရိကမွ Audi, BMW, Bentley, Mercedes-Benz, MINI, Jaguar, Porsche, Land Rover, Volvo, MG, Ford, Maserati, Chevrolet စသည္တုိ႔ပါဝင္ခဲ့ၾကပါတယ္။ ဒါ့အျပင္ Honda, Yamaha, Suzuki, Kawasaki, Harley-Davidson, Triumph,Ducati, Royal Enfield စတဲ့ေမာ္ေတာ္ဆုိင္ ကယ္ကုမၸဏီမ်ားလည္းပါ ဝင္ခဲ့ၾကပါတယ္။ ဝင္ေၾကး အျဖစ္ တစ္ဦးကုိ ဘတ္ ၁၀၀ ႏွဳန္းနဲ႔ လာေရာက္ၾကည့္ရွဳႏိုင္ျပီး ပထမေန႔ကေတာ့ မီဒီယာေတြခ်ည္းသီးသန္႔ Press Day ျဖစ္လုိ႔ အျပင္လူေတြမရွိပါဘူး။ ဒါေၾကာင့္ ဒီရက္မွာအသစ္မိတ္ဆက္တဲ့ကားေတြ အမ်ားအျပားျပဳ လုပ္တတ္တာကု္ေတြ႔ရပါတယ္။ စတုရန္းေပ ၆၀၀၀၀ က်ယ္တဲ့ Hall ၾကီးထဲမွာ ကုိယ့္ႏိုင္ငံမွာျမင္ေတြ႔ရဖုိ႔မရွိတဲ့ ကားေတြကုိဓါတ္ပုံ၊ဗီဒီယုိမွတ္တမ္းတင္ရင္း ေရွ႕ေနာက္ ဥဒဟုိေလွ်ာက္သြားေနမိပါတယ္။ အခ်ိန္ကုန္လုိ႔ ကုန္ ဆုံးမွန္းစမသိေအာင္ပဲျဖစ္ခဲ့ရတယ္။ ေန႔လည္ေရာက္ေတာ့ GPI ရဲ႕အထူးအစီအစဥ္အေနနဲ႔ Drift Taxi သြားစီး ခဲ့ရပါတယ္။ ကြ်မ္းက်င္တဲ့ ပေရာ္ဖက္ရွင္နယ္ကားေမာင္းသူေမာင္းတဲ့ကားကုိ လုက္ပါစီးနင္းခဲ့ရပါတယ္။ စာေရး သူအတြက္ေတာ့ ပထမဆုံးအေတြ႔အၾကဳံျဖစ္ခဲ့ရျပီး အေတာ္ေလးစိတ္လွဳပ္ရွားစရာ၊ရင္တုန္စရာေကာင္းတဲ့ ခံစား မွဳေတြရရွိခဲ့ပါတယ္။ အဲဒီေနာက္ Go Kart မွာလည္း ကုိယ္တုိင္ျပိဳင္ကားေတြေမာင္းႏွင္ခဲ့ရတာေတြပါဝင္ခဲ့ ပါတယ္။ 12 မိနစ္ကုိ ဘတ္ ၆၀၀ ေပးရတဲ့ ျပိဳင္ကားေတြကုိ စိတ္ၾကိဳက္စီးနင္းခြင့္ရေအာင္ GPI ကစီစဥ္ ေပးခဲ့ပါတယ္။ တစ္ေန႔တာပင္ပန္းခဲ့သမွ် Dinner မွာ Sea Food ေတြအၾကိဳက္စားလုိက္ရလုိ႔ ေျပေပ်ာက္ခဲ့ရ ပါတယ္။

ဒုတိယေန႔ကေတာ့ လုံးဝကုိအေရးၾကီးတဲ့ေန႕တစ္ေန႕လုိ႔ဆုိခ်င္ဆုိႏိုင္ပါတယ္။ ဘာလုိ႔လဲဆုိေတာ့ ျပိဳင္ပဲြက်င္း ပေရးသဘာပတိနဲ႔ Grand Prix International PLC ရဲ႕ CEO ျဖစ္သူ Dr. Prachin Eamlumnow နဲ႕ႏိုင္ငံ တကာမီဒီယာေတြ သီးသန္႕ေတြ႔ဆုံျပီး Group Interview လုပ္ခဲ့ရလုိ႔ပါ။ အရမ္းကုိေဖာ္ေရြျပီး ထုိင္းႏိုုင္ငံရဲ႕ Auto Industry မွာအဓိကက်လွတဲ့ Dr. Prachin နဲ႔စကားလက္ဆုံက်ခဲ့ပါတယ္။ ေနာက္ျပီး ထုိင္းႏိုင္ငံရဲ႕ Auto Industry အေၾကာင္း၊အနာဂတ္ေစ်းကြက္အေျခအေနေတြကုိ ေသေသခ်ာခ်ာေဆြးေႏြးခဲ့သလို ဒီႏွစ္အတြင္း GPI ကတာဝန္ယူက်င္းပမယ့္ ျမန္မာ႔ကားျပပြဲကုိလည္း အတည္ျပဳေပးသြားခဲ့ပါတယ္။ မီဒီယာေတြနဲ႕ရင္းႏွီး စြာစကားေျပာဆုိျပီးေတာ့ အမွတ္တရလက္ေဆာင္ေတြခ်ီးျမွင့္ခဲ့ပါတယ္။ အဲဒါျပီးေတာ့ စာေရးသူတုိ႔အေနနဲ႔ Ford Motor ရဲ႕ထုိင္းႏိုင္ငံမွတာဝန္ရွိသူနဲ႔ သီးသန္႕ေတြ႔ဆုံမွဳေတြလုပ္ခဲ့ပါတယ္။ ပထမေန႔မွာ မျပီးျပတ္ေသးတဲ့ ေလ့လာမွဳေတြ၊ရုိက္ကူးမွဳေတြ အမ်ားအျပားထပ္လုပ္ခဲ့ရပါတယ္။ ဒီႏွစ္ကားျပပဲြမွဳ အရင္ႏွစ္ကထက္ပုိထူးျခား လာတာတစ္ခုက EV ကားေတြပုိမ်ားလာတာျဖစ္ပါတယ္။ BMW,Mercedes,Toyota,Nissan တုိ႔ရဲ႕လွ်ပ္စစ္ ကားထုတ္လုပ္မွဳ၊ၾကိဳတင္မိတ္ဆက္မွဳေတြသာမက ထုိင္းျပည္တြင္းျဖစ္ EV ကားေတြ၊ဆုိင္ကယ္ထုတ္လုပ္မွဳ အမ်ားအျပားေတြ႔ခဲ့ရျပီး EV ကားစနစ္ကုိေျပာင္းလဲဖုိ႔ ေျခလွမ္းစတင္ေနျပီဆုိတာေတြ႔လုိက္ရပါတယ္။ ကြ်န္ ေတာ္တုိ႔ႏိုင္ငံမွာေတာ့ EV စနစ္ကုိအေကာင္ထည္ေဖာ္ဖုိ႔ ဘာအစီအစဥ္မွမရွိေသးပါဘူးထင္ပါတယ္။ ဒါ့အျပင္ ဒီကားျပပြဲမွာေရာင္းရတဲ့ ကားအစီးေရက တစ္ႏွစ္လုံးအတုိင္းအတာ ထုိင္းမွာေရာင္းရတဲ့ကားအစီးေရရဲ႕ ၅၀ ရာခုိင္ႏွဳန္းရွိတယ္ဆုိေတာ့ ဒီလုိကားျပပြဲေတြလုပ္ရတာက Sale ေရာ၊ Branding အတြက္ပါ အက်ိဳး အျမတ္ေတြအမ်ားၾကီးထြက္ေပၚတယ္လုိ႔ ဆုိႏိုင္ပါတယ္။ တကယ္လည္း ဒီပြဲရက္ ၁၂ ရက္အတြင္းမွာ ဆုိင္ကယ္နဲ႔ ကားအစီးေရ ၅ေသာင္းေက်ာ္ ၾကိဳတင္မွာယူေရာင္းခ်ခဲ့ရပါတယ္။ေနာက္ျပီး ထုိင္းရဲ႕အရစ္က်စနစ္ေတြက ဒီမွာ ထက္ ပုိေကာင္းေတာ့ သာမန္လူတန္းစားေတြေတာင္ ကားတစ္စီးအသာေလးဝယ္ႏိုင္တယ္။ အမ်ားျပည္သူ သယ္ ယူပုိ႔ေဆာင္ေရးစနစ္ကလည္းေကာင္းေတာ့ ေမာ္ေတာ္ကားဖြံ႕ျဖိဳးမွဳစနစ္က ေျပာစရာမလုိေအာင္ ေကာင္းမြန္ပါ တယ္။ အစစ ကုိယ့္တုိင္းျပည္ထက္သာေနေတာ့ အားက်ေငးေမာရုံမွတစ္ပါးမတတ္ႏိုင္ခဲ့ပါ။ ဒါေပမဲ့ ကုိယ့္ဆီ မွာ အဆင့္မီကားျပပဲြတစ္ခုေပၚလာႏိုင္ေတာ့မွာဆုိေတာ့လည္း ေနာင္တစ္ခ်ိန္မွာ ဒီလုိခမ္းနားတဲ့ ကားျပပဲြေတြ ျပည္တြင္းမွာလုပ္ႏိုင္စြမ္းေလာက္ပါရဲ႕လုိ႔ ေရရြတ္လုိက္မိရင္း အေတြ႔အၾကဳံမ်ားစြာရရွိခဲ့တဲ့ ဘန္ေကာက္ ႏိုင္ငံတကာကားျပပြဲ ဒုတိယအၾကိမ္ေျမာက္ခရီးစဥ္အေၾကာင္း အဆုံးသတ္ပါရေစ။