Unicode version…
လာမည့်မတ်လ ၂၉ ရက်နေ့မှ ဧပြီလ ၈ ရက်နေ့အထိထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိ Impact Challenger 1-3 တွင်ကျင်းပပြုလုပ်မည့် ၃၉ ကြိမ်မြောက် ဘန်ကောက်နို်င်ငံတကာကားပြပွဲသို့ Drive Magazine မှ မြန်မာပြည်မှ တစ်ခုတည်းသော မီဒီယာအဖြစ် ဖိတ်ကြားခံရပြီး Official Media Partner အဖြစ်တက်ရောက်ခွင့်ရရှိခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကလည်း Drive Magazine အနေဖြင့် အဆိုပါကားပြပွဲကို တက်ရောက်ခွင့်ရရှိခဲ့ပြီး ယခုအကြိမ်မှာ ဒုတိယမြောက်သွား ရောက်ခွင့်ရခြင်းလည်း ဖြစ်သည်။
ယခုပြပွဲတွင် ကမ္ဘာကျော်ကား Company များနှင့် Motorcycle Companyများမှ ယာဉ်များကို ပြခန်းများဖြင့် ပြသမည်ဖြစ်ကာ စတုရန်းပေ ၆၀၀၀၀ ကျယ်ပြန့်သည့် အဆောက်အဦးခန်းမထဲတွင် ကားမော်ဒယ် အသစ်များ၊ Concept ကားများ၊ Accessoriesများ၊စက်ချောဆီများကို ပြသသွားမည်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ကမ္ဘာကျော် ကား Brand များဖြစ်သည့် Aston Martin, Audi, BMW, Carlsson, Chevrolet, Ford, Honda, Hyundai, Isuzu, Jaguar, KIA, Lamborghini, Land Rover, Lexus, Maserati, Mazda, McLaren, Mercedes-Benz, MG, MINI, Mitsubishi Motors, Nissan, Porsche, Rolls-Royce Motor Cars, Subaru, Suzuki, Ssang Yong, Tata Motors, Toyota, and Volvo တို့ကနောက်ဆုံးပေါ်အထူး ကားများကိုပြသခဲ့ပါသည်။ အဆိုပါပွဲနှင့်ပတ်သက်သော သတင်းများ၊ဓါတ်ပုံများ၊ ဗီဒီယိုများကို Drive Media ၏ Facebook,website,you tube,magazine တို့မှတစ်ဆင့်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။
Zawgyi verson…