Unicode version…
အခုပြောမှာကတော့ လက်ရှိ စျေးကွက်အတွင်းမှာရနိုင်နေတဲ့ မော်ဒယ်တွေထဲက အကောင််းဆုံး ဖြစ်မယ့့် မော်ဒယ်တွေ အကြောင်းပဲ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ စွမ်းဆောင်ရည်မြှင့်တင်မှုတွေနဲ့အတူ စိတ်ဝင်စားစရာတော့ ကောင်းနေတာလည်း ဖြစ််ပါတယ်။
2018 Kawasaki Concours …
မော်ဒယ်က အင်ဂျင်ပိုင်းမှာ လေးလုံးထိုး အင်ဂျင်အရွယ်ကို တပ်ဆင်ထားတာပါ။ ၁.၃၅ လီတာသုံး အင်ဂျင်ပါ။ ဒါက လက်ရှိ ပြည်တွင်းမှာ လူကြိုက်များနေတဲ့ တန်ဖိုးသင့် အိမ်စီးကားတွေရဲ့ အင်ဂျင် အရွယ်လောက်ထိအောင် ရှိပါတယ်။ Four-Strokeအင်ဂျင်စနစ် ဖြစ်ပြီး အင်ဂျင် အသံထွက် အထူး တည်ငြိမ်တာ တွေ့ရပါတယ်။ ဆီထိုးသွင်းစနစ်က DOHCပါ။ အင်ဂျင် အအေးခံစနစ် အတွက် ရေတိုင်ကီပုံစံ ပါရှိပြီး Coolantနဲ့ သွားပါတယ်။
အင်ဂျင်ပေါက်ကွဲစနစ် အတွက် လျှစ်စစ်နဲ့ ထိန်းချုပ်တဲ့ TCBIစနစ်ကို တပ်ဆင်ထားပါတယ်။ ဒီစနစ်က အင်ဂျင် လည်ပတ်အား များများနဲ့ မြန်နှုန်းမြင့် မောင်းနှင်နေချိန်မှာ အင်ဂျင်အတွင်းခန်း ပေါက်ကွဲမှုကို အကောင်းဆုံး ထိန်းပေးနိုင်မယ့် စနစ်ပါ။ ဂီယာပို်င်းကတော့ ၆ချက် ဖြစ်ပါတယ်။ Manualနဲ့ သွားပါတယ်။ မော်ဒယ်က တစောင်း မောင်းနှင်နိုင်မှု အနေအထား အများဆုံး ၂၆ဒီဂရီထိအောင် တိမ်းစောင်း မောင်းနှင်နိုင်မှာပါ။
Suspensionပိုင်းမှာ ရှေ့ဖက်က ၄၃မီလီအရွယ် Telescopic Forkကို ထိုင်ထားပါတယ်။ သူက အနိမ့်၊ အမြင့် ချိ်န်ညှိနိုင်သေးတဲ့ အရှင် ပုံစံပါ။ ဘီးကင်းလွတ်အကျယ် ၄.၄လက်မ ရှိပါတယ်။ နောက်ဖက် စနစ်ကတော့ Tetra-Leverစနစ်ကို ထိုင်ထားပြီး သူလည်း အရှင်(ချိန်ညှိနိုင်) ဖြစ်ပါတယ်။ ဘီးရဲ့ ကင်းလွတ်အကျယ် ၅.၄လက်မ ရှိပါတယ်။
ဘီးတွေကတော့ အရွယ်တူတွေပဲ တပ်ဆင်ထားတာ ဖြစ်ပြီး ၁၇လက်မ အရွယ်ပါ။ ရှေ့တာယာကတော့ 120/70 ZRတွေ ဖြစ်ပြီး နောက်တာယာက 190/50 ZRဖြစ်ပါတယ်။ ဘရိတ် အနေနဲ့ ပုံမှန် အတိုင်း ရှေ့ပိုင်းကို အရွယ် ပိုကြီးအောင် ထည့်ထားပြီး ၃၁၀ မီလီအရွယ် Rotorကို ထိုင်ထားပါတယ်။ ABSစနစ်နဲ့ ဖြစ်ပြီး ထိုးပြွန် ၄ခုနဲ့ ဖိအားပေး ဖမ်းယူနိုင်မယ့်စနစ်ပါ။ နောက်ဘရိတ်ကတော့ ၂၇၀ မီလီအရွယ်ပဲ ရှိပါတယ်။ သူက ထိုးပြွန် တစ်ခုတညး်နဲ့ ဖမ်းထိန်းပါတယ်။ ဒါပေမယ့် နောက်ဘီးရဲ့ အနေအထား တည်ငြိမ်မှုက ဘရိတ်ပိုင်း စမ််းသပ်ချက်မှာ ရှေ့ဘီးရဲ့ စွမ်းဆောင်ရည်ထက် ပိုကောင်းတာ တွေ့ရပါတယ်။
ကိုယ်ထည်ဘောင်က Monocoqueဆိုတဲ့ တစ်ဆက်တည်း အထိုင်ဘောင်စနစ်ပါ၊ ဘောင်သားကို အလူမီနမ်နဲ့ ပုံသွင်းထားပါတယ်။ ဆိုင်ကယ်က တစ်စီးလုံး အလျားတင် ၈၇.၈လက်မ ရှည်ပါတယ်။ မျက်နှာစာ အကျယ်ဆုံး လက်ကိုင် အဖျား နှစ်ဖက်က ၃၁.၁လက်မ ဖြစ်ပေမယ့် နောက်ဖက် ပစ္စည်းအိတ်တွေရဲ့ အကျယ်ပါ ယူမယ် ဆိုရင် ၃၉.၄လက်မထိအောင် မျက်နှာစာရှိသွားမှာပါ။ မြေပြင်ကနေ ၄.၉လက်မပဲ လွတ်လို့ လမ်းကြမ်းစစ်စစ် မောင်းနှင်ဖို့ အားနည်းပါလိမ့်မယ်။ ထု်ိင်ခုံကတော့ မြေပြင်ကနေ ၃၂.၁လက်မ အမြင့်မှာ ရှိပါတယ်။ ဆီမဖြည့်ရသေးချိ်န်မှာတောင် မော်ဒယ်က ပေါင် ၆၉၀လောက် လေးပါတယ်။
တပ်ဆင် ဆီတိုင်ကီကတော့ ၅.၈ ဂါလံထိအောင် ဆံ့တဲ့ အရွယ်ဖြစ်ပါတယ်။ အကြီးစား ဆီတိုင်ကီပါပဲ။ ဒါကလည်း မော်ဒယ်ကို ခရီးဝေး မောင်းနှင်ဖို့ ထုတ်လုပ်ထားလို့ပါ။ ဆီစားနှုန်းကတော့ ပျမ်းမျှ တစ်ဂါလံကို ၃၅မိုင် ၀န်းကျင် မောင်းနှင်နိုင်ဖို့ ရှိပါတယ်။ အရောင် အနေနဲ့ ၂ရောင်ပဲ ထုတ်လုပ်တာ တွေ့ရပြီး စိတ်ကြိုက် မစြဖ်ရင်တော့ ကိုယ့််လက်ထဲရောက်မှ ပြန်ပြောင်းရပါလိမ့်မယ်။ ရရှိနိုင်မယ့် အရောင်တွေက သတ္တုစပ်မီးခိုးရောင်နဲ့ အနက်ပြောင်တွေ အဖြစ် ရနိုင်မှာပါ။
2018 Honda Rebel 300 …
မော်ဒယ်က ဒီဇိုင်းပိုင်းမှာတော့ ခေတ်နည်းနည်းနောက်ကျတဲ့ ရုပ်ထွက်နဲ့ အချိုးအဆစ်ကို တွေ့ရပြီး ရုပ်ထွက်ထက် စာရင် ဒီဇိုင်းနဲ့ ဟန်ချက်ညီမှု ပိုအားကောင်းတာ တွေ့ရပါတယ်။ အထူးသဖြင့်တော့ အပေါ့စား မော်ဒယ် တစ်ခု အနေနဲ့ တည်ငြိမ်မှု အားနည်းတတ်ပေမယ့် အခု မော်ဒယ်က ဟန်ချက်ညီမှု အထူးကောင်းပြီး အမြန်နှုန်း နည်းနည်းနဲ့တင် လက်လွှတ်စီးနင်းလို့ရလောက်အောင် တည်ငြိမ်မှု ရှိတာလည်း တွေ့့ရပါတယ်။ Shockတွေရဲ့ ဖန်တီးမှု အားကောင်းခြင်း၊ နောက်Forkတည်ငြိမ်ခြင်း၊ ဆီတိုင်ကီကို တဖက်တချက်စီ အလေးချိန် ဟန်ချက်ညီအောင် ဖန်တီးထည့်သွင်းထားခြင်း၊ တာယာတွေကို အရွယ်အစားထက် မျက်နှာပြင် ကြီးမားအောင် ဖန်တီးထည့်သွင်း ထားခြင်းတွေက သဘောကျစရာပါ။
အင်ဂျင်က ၂၈၆ စီစီသုံး အင်ဂျင်ကို တပ်ဆင်ထားပြီး အလွယ် အနေနဲ့ 300လို့ သတ်မှတ်ထားတာပါ။ တစ်လုံးထိုး အင်ဂျင်ပဲ ဖြစ်ပြီး Four-strokeအင်ဂျင်စနစ်နဲ့ လာပါတယ်။ အင်ဂျင်ကို လျှပ်စစ်နဲ့ စက်နှိုးနိုင်ပါတယ်။ ဆီထိုးသွင်းစနစ်က DOHCနဲ့ ဖြစ်ပြီး လျှပ်စစ်စနစ်လောက် မတိကျပေမယ့် စွမ်းအင် ထုတ်လုပ်မှုတော့ ပိုကောင်းစေတဲ့ စနစ်ပါ။ ဂီယာချက် ၆ချက်အထိအောင် သုံးနိုင်မယ့် မော်ဒယ် ဖြစ်ပြီး Manualနဲ့ သွားပါတယ်။ ခရီးဝေး သွားလာမောင်းနှင်မှု အတွက် အကောင်းဆုံး ဖြစ်မယ့် မော်ဒယ်ပါ။
ဘီးတွေက ရှေ့၊ နောက် ရွယ်တူပဲ ဖြစ်ပြီး ၁၆လက်မ အရွယ်တွေပါ။ ရှေ့တာယာ အရွယ်က 130/90ဖြစ်ပြီး နောက်တာယာက 150/80ဖြစ်ပါတယ်။ နောက်တာယာ မျက်နှာပြင်ကို တည်ငြိမ်မှု အတွက် အရွယ် ပိုကြီးထားပါတယ်။ ရလဒ်ကတော့ နောက်တာယာ မျက်နှာပြင် ပိုကြီးသွားပြီး မော်ဒယ်က မောင်းနှင်ချိန်မှာ တည်ငြိမ်မှု အပြည့်ပေးနိုင်ပေမယ့် အင်ဂျင်ကလည်း အလတ်တန်းစား၊ တာယာလည်း မျက်နှာပြင် ကြီးသွားလို့ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုတော့ အားနည်းသွားပါတယ်။
ဘရိတ်ပိုင်းမှာတော့ ABSပုံစံ ဟိုက်ဒရောလစ် ဘရိတ်တွေကိုပဲ ရှေ့ရော နောက်ပါ တပ်ဆင်ထားတာ တွေ့ရပါတယ်။ အထူးသဖြင့်တော့ နောက်ဘရိတ်မှာပါ ABSသုံးထားတာက တန်းမြင့် ဘီးတွေမှာပဲ တွေ့ရတဲ့ စနစ် ဖြစ်လာပြီး သဘောကျစရာပါ။ Suspensionပိုင်းမှာတော့ ရှေ့ပိုင်းက Telescopicကို သုံးထားပြီး နောက်ဖက်ကတော့ Twin-Sided Swingကို ထိုင်ထားတာ ဖြစ်ပါတယ်။
မော်ဒယ်ရဲ့ တပ်ဆင် ဆီတိုင်ကီက ၃ဂါလံထိအောင် ဆံ့ပါတယ်။ ဆီဖြည့်ပြီးချိန် အလေးချိန် ၃၆၄ပေါင်ပဲ ရှိမှာ ဖြစ်ပြီး အာရှဒေသ စီးနင်းသူတွေ အတွက်တော့ တနိုင်ပဲ ဖြစ်ပါတယ်။ ထိုင်ခုံက မြေပြင်ကနေ ၂၇လက်မ အမြင့်မှာ ရှိမယ်။ စွမ်းဆောင်ရည် ဦးစားပေး မော်ဒယ် မဟုတ်လို့ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုတော့ အားမကောင်းပါဘူး။ ဆီတစ်ဂါလံကို မိုင် ၅၀၀န်းကျင်ထိအောင် စီးနင်းနိုင်မှာလည်း ဖြစ်ပါတယ်။
2018 BMW F850GS/ F750GS …
ရှေ့ထွက် မော်ဒယ် F800GSနဲ့ F700GSမော်ဒယ်တွေ နေရာမှာ အစားထိုးရောင်းချဖို့ ထုတ်လုပ်လာတဲ့ မော်ဒယ်သစ်တွေပါ။ နည်းပညာ ထည့်သွင်းဖန်တီးမှု အနည်းငယ်ကွဲပြားမှုကလွဲရင် တခြားတော့ ကြီးမားတဲ့ ကွဲဲပြားမှု မရှိပဲ မော်ဒယ် ၂ခုလုံးက အလတ်တန်းစား ကိုယ်ထည် အရွယ်တွေပဲ ဖြစ်ပါတယ်။ ထူးခြားချက် အနေနဲ့တော့ ရှေ့ထွက် မော်ဒယ်တွေ နေရာမှာ အစားထိုးရောင်းချဖို့ ပြင်ဆင်လာတာ ဖြစ်ပေမယ့် ဒီဇိုင်းပိုင်းက အသစ် ဖန်တီး ထုတ်လုပ်ထားခြင်းပဲ ဖြစ်ပါတယ်။
မော်ဒယ်နှစ်ခုလုံးမှာ အင်ဂျင်က အရွယ်တူ ထည့်သွင်း တပ်ဆင်ထားပါတယ်။ ၈၅၃ စီစီသုံး Twinအထိုင် ပုံစံ အင်ဂျင်စနစ်ပါ။ F850GSမှာက အင်ဂျင်အနေနဲ့ ရုန်းအား ၆၇.၈ပေါင်-ပေရှိပြီး စွမ်းအင် မြင်းကောင်ရေ ၉၅ကောင်အားထိအောင် ထွက်ရှိမှာ ဖြစ်ပါတယ်။ လမ်းကြမ်းပိုင်း စွန့်စားခန်း မောင်းနှင်စီးနင်းချင်သူတွေ အတွက် စိတ်ကြိုက်ဖြစ်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ အင်ဂျင်က အရွယ်တူပေမယ့် F750GSကတော့ မြို့တွင်းသုံး မော်ဒယ် ပုံစံ ဖန်တီးထားပြီး အင်ဂျင်က ရုန်းအား ၆၁.၂ပေါင်-ပေမှာ စွမ်းအင် မြင်းကောင်ရေ ရ၇ကောင်အားပဲ ထွက်ရှိပါတယ်။
အင်ဂျင်စနစ်မှာ ထူးခြားချက်က Crankshaftတွေကို အပြိုင် အနေနဲ့ ဖန်တီးထားပြီး အင်ဂျင်ကို လည်ပတ်နှုန်း များများနဲ့ မောင်းနှင်ချိန်မှာ မော်ဒယ်ကို တုန်ခါမှု နည်းပါးသွားအောင် ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ၆ချက်သုံး ဂီယာနဲ့ သွားပါတယ်။ Anti-hoppingကလပ်စနစ်နဲ့ ဖြစ်ပါတယ်။ အိတ်ဇောက ညာဖက်မှာ၊ ချိန်တွေက ဘယ်ဘက်မှာ၊ ပုံမှန်ပါပဲ။
ကားတွေမှာလိုပဲ မော်ဒယ်တွေက မောင်းနှင်မှု Modeတွေ ရွေးချယ်မောင်းနှင်နိုင်အောင် ဖန်တီးထားတာလည်း တွေ့ရပါတယ်။ Rainနဲ့ Roadဖြစ်ပါတယ်။ လမ်းကြမ်းပိုင်းနဲ့ လမ်းစို အနေအထားတွေ အတွက် Rainက အကောင်းဆုံး ဖြစ်ပြီး မြို့တွင်းနဲ့ ခရီးဝေး ပုံမှန် လမ်းကြောင်းမောင်းနှင်မှု အတွက် Roadနဲ့ သွားတာ ပိုကောင်းပါတယ်။ Modeအပေါ် မူတည်လို့ ဆီစားနှုန်းနဲ့ စွမ်းဆောင်ရည်တော့ နည်းနည်းလေးကွာသွားပါတယ်။
ဘရိတ်တွေက ABSနဲ့ ဖြစ်ပါတယ်။ Stability Controlကိုပါ ထည့်ထားခြင်းက ဘရိတ်ပိုင်း စွမ်းဆောင်ရည် အကောင်းဆုံး ဖြစ်လာစေပါတယ်။ သံမဏိဦးစားပေး ကိုယ်ထည်ဘောင်ကို ထိုင်ထားပါတယ်။ တပ်ဆင် ဆီတိုင်ကီက ၄ဂါလံထိအောင် ဆံ့ပါတယ်။ ရှေ့ဖောက်က ၅.၉လက်မနဲ့ နောက်ဖောက်က ရလက်မ မြင့်ပါတယ်။ လမ်းကြမ်းသုံးမယ်ဆိုရင် ၈လက်မ ဖောက်တွေနဲ့လည်း ရနိုင်ပါတယ်။ Suspensionစနစ်မှာ ထူးခြားချက်က လျှပ်စစ်နဲ့ ထိန်းချုပ်စနစ် ဖြစ်ပြီး လမ်း အနေအထားကို လိုက်ပြီး အကောင်းဆုံး အလိုက်သင့် ထိန်းညှိပြောင်းလဲပေးတာ ဖြစ်ပါတယ်။
ဘီးတွေက Alloyနဲ့ မလာပဲ အလူမီနမ်နဲ့ ဖြစ်ပါတယ်။ ရှေ့ဘီးက ၁၇လက်မ၊ နောက်ဘီးက ၁၉လက်မ ဖြစ်ပါတယ်။ Tubelessနဲ့ ဖြစ်ပါတယ်။ သဘောကျစရာပါ။ ရှေ့ဘရိတ်က ၃၀၅ မီလီ Discနဲ့ ဖြစ်ပြီး နောက်ဘက်ကတော့ ၂၆၅ မီလီဖြစ််ပါတယ်။ ရှေ့မီးကြီးက LEDနဲ့ ဖြစ်ပါတယ်။ ဒိုင်ခွက်က ၆.၅လက်မ အရွယ် TFTပြသစနစ်နဲ့ Digitalဖြစ်လာပါတယ်။ ဆီအပြည့်နဲ့ဆိုရင် ပေါင် ၅၀၅ပေါင် လေးပါမယ်။ ပုလဲ၊ အဝါဖျော့၊ သတ္တုရောင် ၃မျိုးပဲ ထုတ်လုပ်ရောင်းချဖို့ ရှိနေပြီး မကြာခင်လပိုင်း အတွင်းမှာ စတင်ရောင်းချဖို့ ရှိတယ်လို့ ဆိုပါတယ်။
ကျော်နန္ဒ (မြေလတ်သား)
Zawgyi version…
အခုေျပာမွာကေတာ့ လက္ရွိ ေစ်းကြက္အတြင္းမွာရႏိုင္ေနတဲ့ ေမာ္ဒယ္ေတြထဲက အေကာင္္းဆံုး ျဖစ္မယ့့္ ေမာ္ဒယ္ေတြ အေၾကာင္းပဲ ျဖစ္ပါတယ္။ အထူးသျဖင့္ေတာ့ စြမ္းေဆာင္ရည္ျမွင့္တင္မႈေတြနဲ႔အတူ စိတ္၀င္စားစရာေတာ့ ေကာင္းေနတာလည္း ျဖစ္္ပါတယ္။
2018 Kawasaki Concours …
ေမာ္ဒယ္က အင္ဂ်င္ပိုင္းမွာ ေလးလံုးထိုး အင္ဂ်င္အရြယ္ကို တပ္ဆင္ထားတာပါ။ ၁.၃၅ လီတာသံုး အင္ဂ်င္ပါ။ ဒါက လက္ရွိ ျပည္တြင္းမွာ လူႀကိဳက္မ်ားေနတဲ့ တန္ဖိုးသင့္ အိမ္စီးကားေတြရဲ႕ အင္ဂ်င္ အရြယ္ေလာက္ထိေအာင္ ရွိပါတယ္။ Four-Strokeအင္ဂ်င္စနစ္ ျဖစ္ၿပီး အင္ဂ်င္ အသံထြက္ အထူး တည္ၿငိမ္တာ ေတြ႔ရပါတယ္။ ဆီထိုးသြင္းစနစ္က DOHCပါ။ အင္ဂ်င္ အေအးခံစနစ္ အတြက္ ေရတုိင္ကီပံုစံ ပါရွိၿပီး Coolantနဲ႔ သြားပါတယ္။
အင္ဂ်င္ေပါက္ကြဲစနစ္ အတြက္ လွ်စ္စစ္နဲ႔ ထိန္းခ်ဳပ္တဲ့ TCBIစနစ္ကို တပ္ဆင္ထားပါတယ္။ ဒီစနစ္က အင္ဂ်င္ လည္ပတ္အား မ်ားမ်ားနဲ႔ ျမန္ႏႈန္းျမင့္ ေမာင္းႏွင္ေနခ်ိန္မွာ အင္ဂ်င္အတြင္းခန္း ေပါက္ကြဲမႈကို အေကာင္းဆံုး ထိန္းေပးႏုိင္မယ့္ စနစ္ပါ။ ဂီယာပို္င္းကေတာ့ ၆ခ်က္ ျဖစ္ပါတယ္။ Manualနဲ႔ သြားပါတယ္။ ေမာ္ဒယ္က တေစာင္း ေမာင္းႏွင္နုိင္မႈ အေနအထား အမ်ားဆံုး ၂၆ဒီဂရီထိေအာင္ တိမ္းေစာင္း ေမာင္းႏွင္ႏုိင္မွာပါ။
Suspensionပိုင္းမွာ ေရွ႕ဖက္က ၄၃မီလီအရြယ္ Telescopic Forkကို ထုိင္ထားပါတယ္။ သူက အနိမ့္၊ အျမင့္ ခ်ိ္န္ညိွနိုင္ေသးတဲ့ အရွင္ ပံုစံပါ။ ဘီးကင္းလြတ္အက်ယ္ ၄.၄လက္မ ရွိပါတယ္။ ေနာက္ဖက္ စနစ္ကေတာ့ Tetra-Leverစနစ္ကို ထိုင္ထားၿပီး သူလည္း အရွင္(ခ်ိန္ညွိနုိင္) ျဖစ္ပါတယ္။ ဘီးရဲ႕ ကင္းလြတ္အက်ယ္ ၅.၄လက္မ ရွိပါတယ္။
ဘီးေတြကေတာ့ အရြယ္တူေတြပဲ တပ္ဆင္ထားတာ ျဖစ္ၿပီး ၁၇လက္မ အရြယ္ပါ။ ေရွ႕တာယာကေတာ့ 120/70 ZRေတြ ျဖစ္ၿပီး ေနာက္တာယာက 190/50 ZRျဖစ္ပါတယ္။ ဘရိတ္ အေနနဲ႔ ပံုမွန္ အတိုင္း ေရွ႕ပိုင္းကို အရြယ္ ပိုႀကီးေအာင္ ထည့္ထားၿပီး ၃၁၀ မီလီအရြယ္ Rotorကို ထုိင္ထားပါတယ္။ ABSစနစ္နဲ႔ ျဖစ္ၿပီး ထိုးျပြန္ ၄ခုနဲ႔ ဖိအားေပး ဖမ္းယူႏုိင္မယ့္စနစ္ပါ။ ေနာက္ဘရိတ္ကေတာ့ ၂၇၀ မီလီအရြယ္ပဲ ရွိပါတယ္။ သူက ထိုးျပြန္ တစ္ခုတညး္နဲ႔ ဖမ္းထိန္းပါတယ္။ ဒါေပမယ့္ ေနာက္ဘီးရဲ႕ အေနအထား တည္ၿငိမ္မႈက ဘရိတ္ပိုင္း စမ္္းသပ္ခ်က္မွာ ေရွ႕ဘီးရဲ႕ စြမ္းေဆာင္ရည္ထက္ ပိုေကာင္းတာ ေတြ႔ရပါတယ္။
ကိုယ္ထည္ေဘာင္က Monocoqueဆုိတဲ့ တစ္ဆက္တည္း အထုိင္ေဘာင္စနစ္ပါ၊ ေဘာင္သားကို အလူမီနမ္နဲ႔ ပံုသြင္းထားပါတယ္။ ဆိုင္ကယ္က တစ္စီးလံုး အလ်ားတင္ ၈၇.၈လက္မ ရွည္ပါတယ္။ မ်က္ႏွာစာ အက်ယ္ဆံုး လက္ကိုင္ အဖ်ား ႏွစ္ဖက္က ၃၁.၁လက္မ ျဖစ္ေပမယ့္ ေနာက္ဖက္ ပစၥည္းအိတ္ေတြရဲ႕ အက်ယ္ပါ ယူမယ္ ဆိုရင္ ၃၉.၄လက္မထိေအာင္ မ်က္ႏွာစာရွိသြားမွာပါ။ ေျမျပင္ကေန ၄.၉လက္မပဲ လြတ္လို႔ လမ္းၾကမ္းစစ္စစ္ ေမာင္းႏွင္ဖို႔ အားနည္းပါလိမ့္မယ္။ ထု္ိင္ခံုကေတာ့ ေျမျပင္ကေန ၃၂.၁လက္မ အျမင့္မွာ ရွိပါတယ္။ ဆီမျဖည့္ရေသးခ်ိ္န္မွာေတာင္ ေမာ္ဒယ္က ေပါင္ ၆၉၀ေလာက္ ေလးပါတယ္။
တပ္ဆင္ ဆီတုိင္ကီကေတာ့ ၅.၈ ဂါလံထိေအာင္ ဆံ့တဲ့ အရြယ္ျဖစ္ပါတယ္။ အႀကီးစား ဆီတုိင္ကီပါပဲ။ ဒါကလည္း ေမာ္ဒယ္ကို ခရီးေ၀း ေမာင္းႏွင္ဖုိ႔ ထုတ္လုပ္ထားလုိ႔ပါ။ ဆီစားႏႈန္းကေတာ့ ပ်မ္းမွ် တစ္ဂါလံကို ၃၅မိုင္ ၀န္းက်င္ ေမာင္းႏွင္ႏုိင္ဖုိ႔ ရွိပါတယ္။ အေရာင္ အေနနဲ႔ ၂ေရာင္ပဲ ထုတ္လုပ္တာ ေတြ႔ရၿပီး စိတ္ႀကိဳက္ မျစဖ္ရင္ေတာ့ ကိုယ့္္လက္ထဲေရာက္မွ ျပန္ေျပာင္းရပါလိမ့္မယ္။ ရရွိႏုိင္မယ့္ အေရာင္ေတြက သတၱဳစပ္မီးခိုးေရာင္နဲ႔ အနက္ေျပာင္ေတြ အျဖစ္ ရႏုိင္မွာပါ။
2018 Honda Rebel 300 …
ေမာ္ဒယ္က ဒီဇိုင္းပိုင္းမွာေတာ့ ေခတ္နည္းနည္းေနာက္က်တဲ့ ရုပ္ထြက္နဲ႔ အခ်ိဳးအဆစ္ကို ေတြ႔ရၿပီး ရုပ္ထြက္ထက္ စာရင္ ဒီဇုိင္းနဲ႔ ဟန္ခ်က္ညီမႈ ပိုအားေကာင္းတာ ေတြ႔ရပါတယ္။ အထူးသျဖင့္ေတာ့ အေပါ့စား ေမာ္ဒယ္ တစ္ခု အေနနဲ႔ တည္ၿငိမ္မႈ အားနည္းတတ္ေပမယ့္ အခု ေမာ္ဒယ္က ဟန္ခ်က္ညီမႈ အထူးေကာင္းၿပီး အျမန္ႏႈန္း နည္းနည္းနဲ႔တင္ လက္လႊတ္စီးနင္းလို႔ရေလာက္ေအာင္ တည္ၿငိမ္မႈ ရွိတာလည္း ေတြ႔႔ရပါတယ္။ Shockေတြရဲ႕ ဖန္တီးမႈ အားေကာင္းျခင္း၊ ေနာက္Forkတည္ၿငိမ္ျခင္း၊ ဆီတိုင္ကီကို တဖက္တခ်က္စီ အေလးခိ်န္ ဟန္ခ်က္ညီေအာင္ ဖန္တီးထည့္သြင္းထားျခင္း၊ တာယာေတြကို အရြယ္အစားထက္ မ်က္ႏွာျပင္ ႀကီးမားေအာင္ ဖန္တီးထည့္သြင္း ထားျခင္းေတြက သေဘာက်စရာပါ။
အင္ဂ်င္က ၂၈၆ စီစီသံုး အင္ဂ်င္ကို တပ္ဆင္ထားၿပီး အလြယ္ အေနနဲ႔ 300လုိ႔ သတ္မွတ္ထားတာပါ။ တစ္လံုးထိုး အင္ဂ်င္ပဲ ျဖစ္ၿပီး Four-strokeအင္ဂ်င္စနစ္နဲ႔ လာပါတယ္။ အင္ဂ်င္ကို လွ်ပ္စစ္နဲ႔ စက္ႏိႈးႏုိင္ပါတယ္။ ဆီထိုးသြင္းစနစ္က DOHCနဲ႔ ျဖစ္ၿပီး လွ်ပ္စစ္စနစ္ေလာက္ မတိက်ေပမယ့္ စြမ္းအင္ ထုတ္လုပ္မႈေတာ့ ပိုေကာင္းေစတဲ့ စနစ္ပါ။ ဂီယာခ်က္ ၆ခ်က္အထိေအာင္ သံုးႏိုင္မယ့္ ေမာ္ဒယ္ ျဖစ္ၿပီး Manualနဲ႔ သြားပါတယ္။ ခရီးေ၀း သြားလာေမာင္းႏွင္မႈ အတြက္ အေကာင္းဆံုး ျဖစ္မယ့္ ေမာ္ဒယ္ပါ။
ဘီးေတြက ေရွ႕၊ ေနာက္ ရြယ္တူပဲ ျဖစ္ၿပီး ၁၆လက္မ အရြယ္ေတြပါ။ ေရွ႕တာယာ အရြယ္က 130/90ျဖစ္ၿပီး ေနာက္တာယာက 150/80ျဖစ္ပါတယ္။ ေနာက္တာယာ မ်က္ႏွာျပင္ကို တည္ၿငိမ္မႈ အတြက္ အရြယ္ ပိုႀကီးထားပါတယ္။ ရလဒ္ကေတာ့ ေနာက္တာယာ မ်က္ႏွာျပင္ ပိုႀကီးသြားၿပီး ေမာ္ဒယ္က ေမာင္းႏွင္ခ်ိန္မွာ တည္ၿငိမ္မႈ အျပည့္ေပးႏုိင္ေပမယ့္ အင္ဂ်င္ကလည္း အလတ္တန္းစား၊ တာယာလည္း မ်က္ႏွာျပင္ ႀကီးသြားလုိ႔ အျမန္ႏႈန္း ျမွင့္တင္ေမာင္းႏွင္ႏုိင္မႈေတာ့ အားနည္းသြားပါတယ္။
ဘရိတ္ပိုင္းမွာေတာ့ ABSပံုစံ ဟိုက္ဒေရာလစ္ ဘရိတ္ေတြကိုပဲ ေရွ႕ေရာ ေနာက္ပါ တပ္ဆင္ထားတာ ေတြ႔ရပါတယ္။ အထူးသျဖင့္ေတာ့ ေနာက္ဘရိတ္မွာပါ ABSသံုးထားတာက တန္းျမင့္ ဘီးေတြမွာပဲ ေတြ႔ရတဲ့ စနစ္ ျဖစ္လာၿပီး သေဘာက်စရာပါ။ Suspensionပိုင္းမွာေတာ့ ေရွ႕ပိုင္းက Telescopicကို သံုးထားၿပီး ေနာက္ဖက္ကေတာ့ Twin-Sided Swingကို ထိုင္ထားတာ ျဖစ္ပါတယ္။
ေမာ္ဒယ္ရဲ႕ တပ္ဆင္ ဆီတုိင္ကီက ၃ဂါလံထိေအာင္ ဆံ့ပါတယ္။ ဆီျဖည့္ၿပီးခ်ိန္ အေလးခ်ိန္ ၃၆၄ေပါင္ပဲ ရွိမွာ ျဖစ္ၿပီး အာရွေဒသ စီးနင္းသူေတြ အတြက္ေတာ့ တႏုိင္ပဲ ျဖစ္ပါတယ္။ ထိုင္ခံုက ေျမျပင္ကေန ၂၇လက္မ အျမင့္မွာ ရွိမယ္။ စြမ္းေဆာင္ရည္ ဦးစားေပး ေမာ္ဒယ္ မဟုတ္လုိ႔ အျမန္ႏႈန္း ျမွင့္တင္ေမာင္းႏွင္ႏုိင္မႈေတာ့ အားမေကာင္းပါဘူး။ ဆီတစ္ဂါလံကို မိုင္ ၅၀၀န္းက်င္ထိေအာင္ စီးနင္းႏုိင္မွာလည္း ျဖစ္ပါတယ္။
2018 BMW F850GS/ F750GS …
ေရွ႕ထြက္ ေမာ္ဒယ္ F800GSနဲ႔ F700GSေမာ္ဒယ္ေတြ ေနရာမွာ အစားထိုးေရာင္းခ်ဖုိ႔ ထုတ္လုပ္လာတဲ့ ေမာ္ဒယ္သစ္ေတြပါ။ နည္းပညာ ထည့္သြင္းဖန္တီးမႈ အနည္းငယ္ကြဲျပားမႈကလြဲရင္ တျခားေတာ့ ႀကီးမားတဲ့ ကြဲဲျပားမႈ မရွိပဲ ေမာ္ဒယ္ ၂ခုလံုးက အလတ္တန္းစား ကိုယ္ထည္ အရြယ္ေတြပဲ ျဖစ္ပါတယ္။ ထူးျခားခ်က္ အေနနဲ႔ေတာ့ ေရွ႕ထြက္ ေမာ္ဒယ္ေတြ ေနရာမွာ အစားထိုးေရာင္းခ်ဖို႔ ျပင္ဆင္လာတာ ျဖစ္ေပမယ့္ ဒီဇိုင္းပိုင္းက အသစ္ ဖန္တီး ထုတ္လုပ္ထားျခင္းပဲ ျဖစ္ပါတယ္။
ေမာ္ဒယ္ႏွစ္ခုလံုးမွာ အင္ဂ်င္က အရြယ္တူ ထည့္သြင္း တပ္ဆင္ထားပါတယ္။ ၈၅၃ စီစီသံုး Twinအထုိင္ ပံုစံ အင္ဂ်င္စနစ္ပါ။ F850GSမွာက အင္ဂ်င္အေနနဲ႔ ရုန္းအား ၆၇.၈ေပါင္-ေပရွိၿပီး စြမ္းအင္ ျမင္းေကာင္ေရ ၉၅ေကာင္အားထိေအာင္ ထြက္ရွိမွာ ျဖစ္ပါတယ္။ လမ္းၾကမ္းပိုင္း စြန္႔စားခန္း ေမာင္းႏွင္စီးနင္းခ်င္သူေတြ အတြက္ စိတ္ႀကိဳက္ျဖစ္ေအာင္ ဖန္တီးထားတာ ျဖစ္ပါတယ္။ အင္ဂ်င္က အရြယ္တူေပမယ့္ F750GSကေတာ့ ၿမိဳ႕တြင္းသံုး ေမာ္ဒယ္ ပံုစံ ဖန္တီးထားၿပီး အင္ဂ်င္က ရုန္းအား ၆၁.၂ေပါင္-ေပမွာ စြမ္းအင္ ျမင္းေကာင္ေရ ၇၇ေကာင္အားပဲ ထြက္ရွိပါတယ္။
အင္ဂ်င္စနစ္မွာ ထူးျခားခ်က္က Crankshaftေတြကို အၿပိဳင္ အေနနဲ႔ ဖန္တီးထားၿပီး အင္ဂ်င္ကို လည္ပတ္ႏႈန္း မ်ားမ်ားနဲ႔ ေမာင္းႏွင္ခ်ိန္မွာ ေမာ္ဒယ္ကို တုန္ခါမႈ နည္းပါးသြားေအာင္ ဖန္တီးထားျခင္း ျဖစ္ပါတယ္။ ၆ခ်က္သံုး ဂီယာနဲ႔ သြားပါတယ္။ Anti-hoppingကလပ္စနစ္နဲ႔ ျဖစ္ပါတယ္။ အိတ္ေဇာက ညာဖက္မွာ၊ ခ်ိန္ေတြက ဘယ္ဘက္မွာ၊ ပံုမွန္ပါပဲ။
ကားေတြမွာလုိပဲ ေမာ္ဒယ္ေတြက ေမာင္းႏွင္မႈ Modeေတြ ေရြးခ်ယ္ေမာင္းႏွင္နုိင္ေအာင္ ဖန္တီးထားတာလည္း ေတြ႔ရပါတယ္။ Rainနဲ႔ Roadျဖစ္ပါတယ္။ လမ္းၾကမ္းပိုင္းနဲ႔ လမ္းစို အေနအထားေတြ အတြက္ Rainက အေကာင္းဆံုး ျဖစ္ၿပီး ၿမိဳ႕တြင္းနဲ႔ ခရီးေ၀း ပံုမွန္ လမ္းေၾကာင္းေမာင္းႏွင္မႈ အတြက္ Roadနဲ႔ သြားတာ ပိုေကာင္းပါတယ္။ Modeအေပၚ မူတည္လုိ႔ ဆီစားႏႈန္းနဲ႔ စြမ္းေဆာင္ရည္ေတာ့ နည္းနည္းေလးကြာသြားပါတယ္။
ဘရိတ္ေတြက ABSနဲ႔ ျဖစ္ပါတယ္။ Stability Controlကိုပါ ထည့္ထားျခင္းက ဘရိတ္ပိုင္း စြမ္းေဆာင္ရည္ အေကာင္းဆံုး ျဖစ္လာေစပါတယ္။ သံမဏိဦးစားေပး ကိုယ္ထည္ေဘာင္ကို ထိုင္ထားပါတယ္။ တပ္ဆင္ ဆီတိုင္ကီက ၄ဂါလံထိေအာင္ ဆံ့ပါတယ္။ ေရွ႕ေဖာက္က ၅.၉လက္မနဲ႔ ေနာက္ေဖာက္က ၇လက္မ ျမင့္ပါတယ္။ လမ္းၾကမ္းသံုးမယ္ဆိုရင္ ၈လက္မ ေဖာက္ေတြနဲ႔လည္း ရႏုိင္ပါတယ္။ Suspensionစနစ္မွာ ထူးျခားခ်က္က လွ်ပ္စစ္နဲ႔ ထိန္းခ်ဳပ္စနစ္ ျဖစ္ၿပီး လမ္း အေနအထားကို လိုက္ၿပီး အေကာင္းဆံုး အလုိက္သင့္ ထိန္းညွိေျပာင္းလဲေပးတာ ျဖစ္ပါတယ္။
ဘီးေတြက Alloyနဲ႔ မလာပဲ အလူမီနမ္နဲ႔ ျဖစ္ပါတယ္။ ေရွ႕ဘီးက ၁၇လက္မ၊ ေနာက္ဘီးက ၁၉လက္မ ျဖစ္ပါတယ္။ Tubelessနဲ႔ ျဖစ္ပါတယ္။ သေဘာက်စရာပါ။ ေရွ႕ဘရိတ္က ၃၀၅ မီလီ Discနဲ႔ ျဖစ္ၿပီး ေနာက္ဘက္ကေတာ့ ၂၆၅ မီလီျဖစ္္ပါတယ္။ ေရွ႕မီးႀကီးက LEDနဲ႔ ျဖစ္ပါတယ္။ ဒိုင္ခြက္က ၆.၅လက္မ အရြယ္ TFTျပသစနစ္နဲ႔ Digitalျဖစ္လာပါတယ္။ ဆီအျပည့္နဲ႔ဆိုရင္ ေပါင္ ၅၀၅ေပါင္ ေလးပါမယ္။ ပုလဲ၊ အ၀ါေဖ်ာ့၊ သတၱဳေရာင္ ၃မ်ိဳးပဲ ထုတ္လုပ္ေရာင္းခ်ဖို႔ ရွိေနၿပီး မၾကာခင္လပိုင္း အတြင္းမွာ စတင္ေရာင္းခ်ဖို႔ ရွိတယ္လုိ႔ ဆိုပါတယ္။
ေက်ာ္နႏၵ (ေျမလတ္သား)