Unicode version…
(BMW)သည် (1999)ခုနှစ်တွင် စတင်ဖန်တီးခဲ့သည့် (BMW X5 Crossover) မှအစပြု၍ (X1 / X3/ X4/ X6)တိုင်အောင် Crossover) များအား အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပါသည်။ (BMW)၏ (SUVs)များသည် အထူးညွှန်းဆိုရန်အလိုအပ်အောင် ကျော်ကြားသည့်ကားများ ဖြစ်ခဲ့ပြီး အသစ်အသစ်သော ခံစားမှုများကို ပေးအပ်လိုသည့် BMW သည် ယခုအခါ X2 Crossover အား ထပ်မံမွေးဖွားလိုက်ပါသည်။ (All New X2)အား (X 1)၏ Platform ကိုအခြေခံကာ ဖန်တီးထားပြီး (X4 / X6)တို့၏ အခြေခံဖန်တီးမှုများဖြစ်သည့် ဆင်ခြေလျောပုံစံအမိုးနှင့် Muscular Lines များဖြင့် တည်ဆောက်ထားပါသည်။ သို့သော် (X4 / X6)တို့နှင့် မတူသည့်အစဉ်အလာ SUV ပုံစံဖြင့် X2 အား ဖန်တီးထားမည်ဖြစ်ပြီး လွယ်ကူစွာအသုံးပြုနိုင်မည့် ပြေပြစ်သည့် နောက်ဖုံးလည်း ပါ၀င်မည်ဖြစ် ပါသည်။ သို့သော် အသုံးပြုထားသည့် ပစ္စည်းများကို ထိပ်တန်းအရည်အသွေးမြင့်ပစ္စည်းများကိုသာ ရွေးချယ်ထည့်သွင်းထားမည်ဖြစ်ပြီး (x1) ထက်များစွာဝင့်ကြွားသည့် ဟန်ပန်ဖြင့် တွေ့မြင်ရမည် လည်းဖြစ်ပါသည်။ (All – New X2)တွင် (LED စနစ်သုံးမီး)များပါ၀င်မည်ဖြစ်ပြီး ကားအရောင် (၁၁)မျိုး ရရှိနိုင်မည်ဖြစ်ပါသည်။ အတွင်းခန်းဖွဲ့စည်းမှုနှင့် ပါ၀င်မှုများအား သေသပ်ကျနစွာ ဖန်တးထားပြီး BMW SUVs များ၏ အစဉ်အလာများအတိုင်း ဆွဲဆောင်မှုအပြည့်ဖြင့် ဖန်တီးထားမည် ဖြစ်ပါသည်။ ၄င်း၏အတွင်းခန်းရှိ Dashboard နေရာနှင့် တံခါးဘောင်များနေရာတွင် (အလျားလိုက် ပုံစံလိုင်း)များအား အရောင်စုံလင်စွာဖြင့် ထည့်သွင်းထားမည်ဖြစ်ပါသည်။ (M – Sport X package) တွင် (M Steering Wheel) နှင့် သီးသန့်ဖြစ်မည့် ဖွဲ့စည်းမှုများ ပါရှိပါမည်။ ပစ္စည်းထည့်ရန် အကျယ်အနေဖြင့် (21.6 cubic Feet) ခန့် ပုံမှန်အကျယ်ရှိကာ ဒုတိယထိုင်ခုံအား ခေါက်သိမ်း လိုက်ပါက (50.1 cubic Feet)အထိ အကျယ်ရှိပါမည်။ နည်းပညာဆိုင်ရာပါ၀င်မှုများအနေဖြင့် (BMW’s i Drive Infotainment System)၊ (Full – Color H U D)၊ ( 8.8 inch Navigation)၊ (Automatic Cruise Control)၊ (Speed Limit Info) စသည့်ပါ၀င်မှုများအား ရွေးချယ်မှာယူနိုင်ရန် စီစဉ်ထားပါမည်။ ၄င်းတွင်အင်ဂျင်အနေဖြင့် (2.0 L Turbocharged I 4 Engine)၊ (228 hp) အင်ဂျင်နှင့် (8 – speed Automatic) စနစ်တို့တွဲဖက်ပါ၀င်ပါမည်။ (All – New X2 Crossover) အား (2018)နွေဦးပေါက် ရာသီတွင် ရောင်းချမှုစတင်မည်ဖြစ်ပြီး စျေးနှုန်းအတိအကျ ထုတ်ပြန်မှု မရှိသော်လည်း လက်ရှိ ( X 1 x Drive 28 i)၏ ရောင်းစျေး (US $ 36985) ထက်အနည်းငယ် သာလွန်သည့်စျေးဖြင့် စတင်စျေးဖွင့်မည်ဟု သုံးသပ်မိပါသည်။
Zawgyi version…
(BMW)သည္ (1999)ခုႏွစ္တြင္ စတင္ဖန္တီးခဲ့သည့္ (BMW X5 Crossover) မွအစျပဳ၍ (X1 / X3/ X4/ X6)တိုင္ေအာင္ Crossover) မ်ားအား ေအာင္ျမင္စြာ ထုတ္လုပ္ႏုိင္ခဲ့ပါသည္။ (BMW)၏ (SUVs)မ်ားသည္ အထူးညႊန္းဆိုရန္အလိုအပ္ေအာင္ ေက်ာ္ၾကားသည့္ကားမ်ား ျဖစ္ခဲ့ၿပီး အသစ္အသစ္ေသာ ခံစားမႈမ်ားကို ေပးအပ္လိုသည့္ BMW သည္ ယခုအခါ X2 Crossover အား ထပ္မံေမြးဖြားလိုက္ပါသည္။ (All New X2)အား (X 1)၏ Platform ကိုအေျခခံကာ ဖန္တီးထားၿပီး (X4 / X6)တို႕၏ အေျခခံဖန္တီးမႈမ်ားျဖစ္သည့္ ဆင္ေျခေလ်ာပံုစံအမိုးႏွင့္ Muscular Lines မ်ားျဖင့္ တည္ေဆာက္ထားပါသည္။ သို႕ေသာ္ (X4 / X6)တို႕ႏွင့္ မတူသည့္အစဥ္အလာ SUV ပံုစံျဖင့္ X2 အား ဖန္တီးထားမည္ျဖစ္ၿပီး လြယ္ကူစြာအသံုးျပဳႏိုင္မည့္ ေျပျပစ္သည့္ ေနာက္ဖံုးလည္း ပါ၀င္မည္ျဖစ္ ပါသည္။ သို႕ေသာ္ အသံုးျပဳထားသည့္ ပစၥည္းမ်ားကို ထိပ္တန္းအရည္အေသြးျမင့္ပစၥည္းမ်ားကိုသာ ေ႐ြးခ်ယ္ထည့္သြင္းထားမည္ျဖစ္ၿပီး (x1) ထက္မ်ားစြာ၀င့္ၾကြားသည့္ ဟန္ပန္ျဖင့္ ေတြ႕ျမင္ရမည္ လည္းျဖစ္ပါသည္။ (All – New X2)တြင္ (LED စနစ္သံုးမီး)မ်ားပါ၀င္မည္ျဖစ္ၿပီး ကားအေရာင္ (၁၁)မ်ိဳး ရ႐ွိႏိုင္မည္ျဖစ္ပါသည္။ အတြင္းခန္းဖြဲ႕စည္းမႈႏွင့္ ပါ၀င္မႈမ်ားအား ေသသပ္က်နစြာ ဖန္တးထားၿပီး BMW SUVs မ်ား၏ အစဥ္အလာမ်ားအတိုင္း ဆြဲေဆာင္မႈအျပည့္ျဖင့္ ဖန္တီးထားမည္ ျဖစ္ပါသည္။ ၄င္း၏အတြင္းခန္း႐ွိ Dashboard ေနရာႏွင့္ တံခါးေဘာင္မ်ားေနရာတြင္ (အလ်ားလိုက္ ပံုစံလိုင္း)မ်ားအား အေရာင္စံုလင္စြာျဖင့္ ထည့္သြင္းထားမည္ျဖစ္ပါသည္။ (M – Sport X package) တြင္ (M Steering Wheel) ႏွင့္ သီးသန္႕ျဖစ္မည့္ ဖြဲ႕စည္းမႈမ်ား ပါ႐ွိပါမည္။ ပစၥည္းထည့္ရန္ အက်ယ္အေနျဖင့္ (21.6 cubic Feet) ခန္႕ ပံုမွန္အက်ယ္႐ွိကာ ဒုတိယထိုင္ခံုအား ေခါက္သိမ္း လိုက္ပါက (50.1 cubic Feet)အထိ အက်ယ္႐ွိပါမည္။ နည္းပညာဆိုင္ရာပါ၀င္မႈမ်ားအေနျဖင့္ (BMW’s i Drive Infotainment System)၊ (Full – Color H U D)၊ ( 8.8 inch Navigation)၊ (Automatic Cruise Control)၊ (Speed Limit Info) စသည့္ပါ၀င္မႈမ်ားအား ေ႐ြးခ်ယ္မွာယူႏိုင္ရန္ စီစဥ္ထားပါမည္။ ၄င္းတြင္အင္ဂ်င္အေနျဖင့္ (2.0 L Turbocharged I 4 Engine)၊ (228 hp) အင္ဂ်င္ႏွင့္ (8 – speed Automatic) စနစ္တို႕တြဲဖက္ပါ၀င္ပါမည္။ (All – New X2 Crossover) အား (2018)ေႏြဦးေပါက္ ရာသီတြင္ ေရာင္းခ်မႈစတင္မည္ျဖစ္ၿပီး ေစ်းႏႈန္းအတိအက် ထုတ္ျပန္မႈ မရွိေသာ္လည္း လက္႐ွိ ( X 1 x Drive 28 i)၏ ေရာင္းေစ်း (US $ 36985) ထက္အနည္းငယ္ သာလြန္သည့္ေစ်းျဖင့္ စတင္ေစ်းဖြင့္မည္ဟု သံုးသပ္မိပါသည္။