Zawgyi Version…





Unicode Version…
ပြီးခဲ့သည့် ၂၀၁၈ နှစ်က ပြည်တွင်း၌ ကားသစ်အစီးရေ ၁၇၀၀၀ကျော်ရောင်းချခဲ့ရပြီး ၂၀၁၇ ကထက် ရောင်းအား ၂ ဆမြင့်တက်လာ
AAM(Automotive Association of Myanmar) ၏စာရင်းများအရ ပြည်တွင်းဈေးကွက်အတွင်း ၂၀၁၈ ခုနှစ်က ကားသစ်အစီးရေ ၁၇၀၀၀ကျော်ရောင်းချခဲ့ရပြီး ထိုရောင်းချခဲ့ရသောစာရင်းမှာ ၂၀၁၇ ခုနှစ်က ထက် ၂ ဆ မြင့် တက်သွားကြောင်း သိရသည်။ ထိုစာရင်းထဲတွင် လူစီးနှင့် လုပ်ငန်းသုံးယာဉ် များဟူ၍ ၂ မျိုးပါဝင်ပြီး ၂၀၁၈ ခုနှစ်က လူစီး ၁၀၂၆၈စီးနှင့် လုပ်ငန်းသုံး ၃၁၂၈ စီးရောင်း ချခဲ့ ရသည်။ ၂၀၁၇ ကမူလူစီး ၆၀၀၇ ၊ လုပ်ငန်းသုံး ၈၂၂၅ စီး၊စုစုပေါင်း ၈၂၂၅ သာရောင်းချခဲ့ရသည်။ စာရင်းများအရ လက်ရှိပြည်တွင်းမှာ ယခင်နှစ်များက ထက် ရောင်း အားတိုးတက်လာခဲ့ပြီး ဝယ်လိုအားလည်းမြင့်တက်လာခဲ့သည်။ ပြီးခဲ့သည့်နှစ်က SKD စနစ် ဖြင့်ပြည် တွင်း၌ တပ်ဆင်ထုတ်လုပ်သော ကားBrand များအဓိကရောင်းချခဲ့ရပြီး မော်ဒယ် Line Up ၄မျိုးလုံး SKD ထုတ်လုပ်သော Suzuki မှ အစီးရေ ၁သောင်းကျော်ရောင်းချခဲ့ရပြီး ဈေးကွက်၏ ၆၀ ရာခိုင်နှုန်း နီးပါးကို ရရှိ ထားကာ ၎င်း၏နောက်တွင် Toyota,Ford,Nissan တို့ကအစဉ် လိုက်ရပ်တည်နေကြသည်။ လက်ရှိ AAM အဖွဲ့တွင် Member ၂၀ကျော်ပါဝင်ထားပြီး KIA,Hyundai(Passenger),Peugeot နှင့် အသစ်ဝင် ရောက် လာကြသော Car Brand များမှာအသင်းဝင်အဖြစ်ပူးပေါင်းသေးခြင်းမရှိသေးချေ။