Unicode version…
မကြာမီက ကျင်းပခဲ့သည့် New York Auto Show တွင် ကမ္ဘာကျော် Buick မှ 3-Row Family crossover ဖြစ်သည့် 2018 Buick Enclave အားမိတ်ဆက်ပြသခဲ့ပါသည်။ New Enclave အား ၄င်း၏ယခင် Model များထက် ပို၍ကြီးမားလှပသည့်ဒီဇိုင်းဖြင့် ဖန်တီးထားပြီး ဇိမ်ခံပစ္စည်းများစွာလည်း ထည့်သွင်းထားပါသည်။
Buick Enclave အား Chev Traverse ထံမှ Common Share အနေဖြင့် ထုတ်လုပ်ထားပါသည်။ ယခု 2018 Enclave ၏ တတိယထိုင်ခုံတန်းသည် များစွာကျယ်ဝန်းမှုရှိပြီး ဒုတိယထိုင်ခုံများကိုလည်း Captain’s Chair ပုံစံဖြင့်သာ ထည့်သွင်းထား၍ ခရီးသည်(၇)ယောက်သာ စီးနင်းနိုင်ပါသည်။ New Enclave တွင် အင်ဂျင်အနေဖြင့် New V6 Engine 302 hp အင်ဂျင်စနစ်ကိုတပ်ဆင်ထားပြီး Toning Capacity မှာ 5000 lbs ရှိပါသည်။
New Enclave ၏ဒီဇိုင်းအား All New Design ဖြင့် ဖန်တီးထားပြီး နည်းပညာသုံးနှင့် ဇိမ်ခံပစ္စည်းများ ကိုလည်းစုံလင်စွာထည့်သွင်းထားပါသည်။ ထို့အပြင် (Trim Level) အသစ်ဖြစ်သည့် Avenir Trim ကိုလည်းမိတ်ဆက်ထည့်သွင်းထားပါသည်။ အဆိုပါ Enclave Avenir တွင် Upgraded Materials နှင့် Unique Color များကိုရွေးချယ် မှာယူနိုင်ပါသည်။
2018 Buick Enclave အား US$ 40000ခန့် မှစတင်၍ စျေးနှုန်းသတ်မှတ်မည်ဖြစ်ပါသည်။ ၄င်းအား 2017 နှစ်လည်ပိုင်းမှစတင်၍ ရောင်းရမည်ဖြစ်ပါသည်။၄င်းသည် All New Crossover အမျိုးအစားအနေဖြင့် Acura MDX , Infiniti QX 60 နှင့် Volvo XC 90 စသည့် Brands များနှင့်ယှဉ်ပြိုင် နိုင်သည့် တန်းမြင့်ကားတစ်မျိုးပင်ဖြစ်ပါသည်။
Zawgyi version…