မကြာမီကကျင်းပခဲ့သည့် New York Auto Show တွင် အမေရိကန်အခြေစိုက် Buick မှ ၄င်း၏ ထင်ရှားသည့် Regal Model အား All New Model အနေဖြင့် မိတ်ဆက်ပြသခဲ့ပါသည်။ New Regal အား Regal Sport back အမည်သစ်ဖြင့် ပွဲထုတ်ခဲ့ပြီး 4-door Luxury Coupe ပုံစံအသစ်ဖြင့်  အသွင်သစ်/ အမြင်သစ်ဖြင့် ပွဲထုတ်ခဲ့ပါသည်။ထို့အပြင် Regal Tour X ကိုလည်း သီးခြားဒီဇိုင်းပုံစံဖြစ်သည့် Wagon Type ဖြင့်မိတ်ဆက်ပြသခဲ့ပါသည်။ (Buick Regal) အနေဖြင့် ထိုသို့စိတ်ဝင်စားဖွယ်ပုံစံအသစ်များဖြင့် ဖန်တီးခြင်း သည် Mercedes CLS – Class ကဲ့သို့ Couple / Shooting/Brake ပုံစံများကဲ့သို့ ၀ယ်သူများရွေးချယ်နိုင်ရန် စီစဉ်ထားခြင်းဖြစ်ပါသည်။

Regal Sport back / Tour X တို့တွင် 2.0 L Turbocharged I4 Engine၊ 250 hp အင်ဂျင်နှင့် 9-Speed Auto Gearbox တို့အား တပ်ဆင်ထားပါသည်။ AWD System အား Tour X တွင် Standard ထည့်သွင်းထားပြီး  Sport back တွင် မှာယူနိုင်မည်ဖြစ်ပါသည်။ New Regal Sport back / Tour X တို့အား  Legal ၏ ယခင် Model များနှင့် ကွဲပြားခြားနားစွာ ဖန်တီးထား၍ လှပခန့်ညားသည့်ပုံစံကိုများစွာ အလေးပေး တည်ဆောက်ထားပါသည်။ Wagon Type ဖြစ်သည့် Legal Tour X တွင် ပစ္စည်းထည့်ရန် နေရာအား 73.5 cubic feet ခန့်ကျယ်ဝန်းစွာဖန်တီးထားပါသည်။

Regal Sport back အား US$ 30000 ၀န်းကျင့်ဖြင့်၎င်း Regal Tour X  အား US$  33000 ၀န်းကျင် ဖြင့်၎င်း / Regal Tour X အား US$ 33000 ၀န်းကျင်ဖြင့်၎င်း ရောင်းချမည်ဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းခန့်တွင် စတင်ရောင်းချမည်ဖြစ်ပါသည်။

Shooting Brake / Wagon အမျိုးအစားကားလောကတွင် နာမည်ရနေသည့် (Mercedes- Benz) (Audi) (BMW) (Volvo) ကဲ့သို့ ဥရောပထုတ် Brands များကဲ့သို့ U.S Make ဖြစ်သည့် Buick သည်လည်း Legal Tour X ဖြင့်တန်းဝင်ဖြစ်လာမည်ဟု ယုံကြည်မိပါသည်။