UnicodeVersion…

အမေရိကန်ရုပ်ရှင်ကားတွေ အထူးသဖြင့်အက်ရှင်ကားအများစုမှာ မြင်တွေ့ရလေ့ရှိတဲ့ ခန့်ခန့်ထည်ထည် SUV ကားတွေထဲ မှာ Chevrolet Suburban နဲ့ သူ့ရဲ့အမြွှာလို့ဆိုရလောက်တဲ့ Chevrolet Tahoe ကိုပြီးခဲ့တဲ့မေလအတွင်းက မြန်မာပြည်ဈေးကွက်ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ အမေရိကန်တွေအမြတ်တနိုးစီးနင်းလေ့ရှိတဲ့ ကားတစ်စီးဆိုတော့ ဘာတွေက ဘယ်လောက်များကောင်းလို့လဲဆိုတာ တစ်ချက်လောက်လေ့လာကြည့်ကြရအောင်လားခင်ဗျ။ Full-size SUV အဖြစ်ထုတ်လုပ်ထားတဲ့ Chevrolet Tahoe က ၁၉၉၁ တုန်းကတော့ GMC Yukon ဆိုတဲ့အမည်နဲ့ထုတ်ခဲ့တာပါ။ ၁၉၉၅ ခုနှစ်နောက်ပိုင်းရောက်မှသာ Chevrolet ကုမ္ပဏီကို Tahoe ဆိုတဲ့အမည်နဲ့ ထုတ်လုပ်ခွင့်ပြုခဲ့ပါတယ်။ ဒါကြောင့် Chevrolet Tahoe ရဲ့ Base က GMC Yukon ပေါ်မှာအခြေတည်ထားတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ သူ့ရဲ့အမည်ကတော့ ခက်ခဲကြမ်းတမ်းတဲ့လမ်းတွေကို ဖြတ်ကျော်ပြီးသွားရတဲ့ သဘာဝရှုခင်းတွေနဲ့လှပလွန်းတဲ့ အမေရိကန်အနောက်ပိုင်းက Lake Tahoe ကိုအစွဲပြုမှည့်ခေါ်ထားခြင်းဖြစ်ပါတယ်။ Chevrolet Tahoe ဟာ သူ့ရဲ့ညီနောင် Suburban နဲ့အတော် များများတူညီပါတယ်။ ဒါပေမဲ့ အလျားတော့နည်းနည်းတိုပါတယ်။ အတိအကျဆိုရရင်တော့ Tahoe က ၂၀၄ လက် မရှည်ပြီး Suburban က ၂၂၄ လက်မရှိပါတယ်။ Tahoe ရဲ့ဘီးခွေဆိုက်က လက်မ ၂၀ ရှိပြီး Suburban ကနောက် ဘီးရဲ့ အနောက်ဘက်ကို ပိုရှည်အောင် ဖန်တီးထားတာဖြစ်ပါတယ်။အမြင့်တွေ၊အကျယ်တွေကတော့ အတူတူပါပဲ။ လမ်းအမျိုး အစားမရွေးမောင်းနှင်နိုင်အောင် ထုတ်လုပ်ထားပြီး ၇ ယောက်စီး SUV ဖြစ်သလိုသက် သောင့်သက်သာဖြစ်စေမယ့် Feature တွေပေါင်းစပ်ထည့် သွင်းထားပါတယ်။ ပြီးတော့ JD Power ရဲ့ “MOST DEPENDABLE LARGE SUV” ဆုကိုရရှိထားပါသေးတယ်။

အပြင်ဘက်ပိုင်း
ရုပ်ထွက်ပိုင်းက Suburban နဲ့ လုံးဝကိုဆင်တူပါတယ်။ Tahoe Large Size ဖြစ်ပြီး Suburban ကတော့ Extra Large Size ပါ။ ရှဲလေးသာနည်းနည်းကွာသွားပါတယ်။ Suburban ရဲ့ရှေ့ရှဲပုံစံက နှစ်ထပ်ပြုလုပ်ထားတဲ့ တောက်ပတဲ့ Chrome ဘောင်ကွပ်တွေထဲမှာ အလျားလိုက်ငွေရောင် Chrome တွေပါပြီး Tahoe မှာတော့ အနက်ရောင် Chrome တွေဖြစ်သွားပါတယ်။Tahoe မှာ Projector ရှေ့မီးကြီးနှစ်ထပ်ပုံစံ၊နေ့အလင်းမီးတွေ၊ရှဲနှစ်ထပ်ပုံစံနဲ့ အောက် ဘက်ဘန် ပါပေါ်မှာ Fog Lamp တွေပါဝင်ပါတယ်။ လုံးဝကိုခန့်ထည်တဲ့ ဒီဇိုင်းနဲ့ Muscle ပုံစံတွေကိုသာ ဦးစားပေးတတ်တဲ့ Chevrolet ရဲ့ Trade Mark တွေကို Tahoe နဲ့ Suburban တို့မှာအထင်အရှားတွေ့မြင်ရမှာဖြစ်ပါတယ်။ နောက်ပြီး ဒီကား က ပြင်ပအသံတွေကို လျှော့ချပေးနိုင်ပြီး လေခွင်းအားကောင်းစေဖို့နဲ့ ကားကိုယ်ထည်ပေါ်မှာ သက်ရောက်လာမယ့် တန်ပြန်လေထုကိုအမြန်ဆုံးနဲ့ အကောင်းဆုံးခွင်းထုတ်နိုင်စေဖို့အတွက် ကားတံခါးနဲ့ရှေ့စက်ဖုံးပေါ်တွေမှာ လေခွင်းလိုင်း တွေကို ဖန်တီးထည့်သွင်းပေးထားတာမို့ High Way လမ်းတွေမှာ ကားနဲ့မလိုက်အောင် ပေါ့ပါးသွက်လက်စေမှာဖြစ် ပါတယ်။ ဒီကားတွေက Performance ကိုလည်းဦးစားပေးတာမို့ အင်ဂျင်ကြီးထားတယ်။ ဒါပေမဲ့ ဆီစားနှုန်းသက် သာစေအောင်လို့ တစ်ဖက်တစ်လမ်းကနေပြန်ပြီး အကျိုးပြုထားတာကတော့ ကားအလေးချိန်လျော့ကျစေဖို့ရာ ရှေ့ ဘောနက်နဲ့ နောင်ဖုံးတွေကို ပေါ့ပါးပြီးခိုင်ခံ့တဲ့ အလျူမီနီယံတွေနဲ့ပြုလုပ်ပေးထားပါတယ်။ နောက်ဘက်မှာတော့ ရိုးရှင်းပြီးဝင့်ကြွားတဲ့ LED နောက်မီးတွေနဲ့အတူနောက်တံခါးက Power Liftgate ဖြစ်ပါတယ်။ နောက်ဘက် Wiper ကိုတော့ အမိုးနားမှာပါတဲ့ Roof Spoiler ထဲမှာမြှုပ်ပေးထားတာကိုလည်း တွေ့ရပါတယ်။ ခြုံပြောရရင် Tahoe ရဲ့ရုပ်သွင်နဲ့အပြင်ဘက်ဒီဇိုင်းက မာကျောမှုနဲ့ ကြီးကျယ်ခမ်းနားမှုတွေကို ပေါင်းစပ်ပေးထားသလို ထင်ဟပ်စေပါတယ်။
အတွင်းခန်း
ကျယ်ဝန်းတဲ့ Extra Large SUV ဆိုတော့ စီးနင်းလိုက်ပါသူတွေအတွက် လုံလောက်တဲ့နေရာအကျယ်အဝန်းကို ရရှိမှာဖြစ်ပါတယ်။ ခုံ ၃ တန်းစလုံးမှာ လိုက်ပါနိုင်သူ ၇ ဦးအတွက် Luxury ဖြစ်စေဖို့ရာ ခွက်ပုံစံချိုးဆစ်ထားတဲ့ အကောင်းစားလည်သာထိုင်ခုံတွေ က စွမ်းဆောင်ပေးမှာဖြစ်သလို ရှေ့ Driver Seat က Memory 2 မျိုးနဲ့ မှတ်သား ထားနိုင်တဲ့ ပုံစံ ၁၂ မျိုး မော်တာစနစ်ပါဝင်သလို ရှေ့Passenger Seat ခုံကလည်း ပုံစံ ၆ မျိုးပြောင်းလဲနိုင်တဲ့ မော်တာစနစ်ပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ခေါင်းမှီတွေကိုလည်း ပုံစံ ၄ မျိုးသုံး မော်တာစနစ်ပါဝင်ပါတယ်။ အမြင့်ဆုံး ဂရိတ် LTZ မို့လို့ စတီယာရင် ၊ နဲ့ ထိုင်ခုံအပူ၊ အအေး ပေးစနစ်ပါဝင်ဦးမှာဖြစ်ပါတယ်။ ဒုတိယခုံတန်းနဲ့ တတိ ယခုံတန်းတွေကိုလည်း ခလုတ်နဲ့ လိုသလိုခေါက်သိမ်းနိုင်ဦးမှာပါ။ တံခါးဘောင်တွေမှာလည်း လည်သာ၊ကျွန်း ကွက်တွေကို တွဲစပ်ပုံဖော်ထားပြီး တံခါးတွေရဲ့ ဘေးတွေမှာလည်း ပစ္စည်းထည့်စရာ နေရာတွေပါသလို ကားတစ်စီးလုံးမှာ ခွက် ၁၅ ခုထည့်လို့ရမယ့် နေရာ တွေပါပါတယ်။ပြီးတော့ ၈ လက်မ Touch Screen နောက်ဘက်မှာလည်း လျှို့ ဝှက်အံဝှက်တစ်ခု၊ အလယ်ဗဟို တည့် တည့်မှာ Laptop,Tablet,လက်ဆွဲဖိုင်တွေထည့်ဖို့ ကြီး မားတဲ့ ပစ္စည်း ထည့်စရာနေရာရှိပါသေးတယ်။ နောက်ပြီးတော့ Remote Key စနစ်ဖြစ်သလို Keyless entry ဖြစ်ပါတယ်။ အဆင့်မြင့် ကားတွေရဲ့ ပုံစံအတိုင်း Push Start စနစ်ဖြစ်ပြီး Head up Display, Wireless Charging စနစ်၊ iPhone နဲ့ Android တွေကိုချိတ်ဆက်သုံးနိုင်မယ့် Chevrolet Mylink System အသစ်ပါဝင်တဲ့ ၈ လက်မအချက် အလက်ပြမျက် နှာပြင်လည်းပါပြီး အဲဒီမှာ Entertainment, Phone , Message နဲ့ 2D/3D ပါတဲ့Navigation စနစ်တွေထည့်သွင်း ပေးထားပါတယ်။ Bose Speaker ၁၀ လုံးပါဝင်မှာဖြစ်ပြီး နောက်ထိုင်ခုံက ခရီးသည်တွေ အတွက်လည်း နောက် TV ပါပြီး Blu-ray DVD တွေနဲ့ချိတ်ဆက်ကြည့်ရှုနိုင်ပါသေးတယ်။ ဇိမ်ခံပုံစံထုတ်ထားတဲ့ Tahoe မှာ USB Socket ၆ ပေါက်အပါအဝင် အားသွင်းနိုင်တဲ့ အပေါက် ၁၂ ခုအထိထည့်သွင်းပေးထားလို့ လိုက်ပါသူတွေကို အဆင်ပြေ စေမှာဖြစ်ပါတယ်။ ပြီးတော့ စတီယာရင်စနစ်ကလည်း Power စနစ်မဟုတ်ဘဲ Telescoping Steering စနစ်လို့ခေါ်တဲ့ ပေါ့ပါးပြီး အလိုအလျောက်ထိန်းချုပ်ကူညီပေးတဲ့ စနစ်ပါဝင်လာပါတယ်။
အင်ဂျင်နဲ့စွမ်းဆောင်ရည်ပိုင်း
သူက Suburban နဲ့အတူတူပဲဆိုတော့ 5.3L EcoTec 3 V8 အင်ဂျင်ကို Gasoline စနစ်နဲ့ထုတ်လုပ်ထားပြီး Auto Gear ၆ ချက်ဖြစ်ပါတယ်။ စွမ်းအင်ထွက်ရှိမှုကတော့ မြင်းကောင်ရေ ၃၃၅ ရှိပြီး ရုန်းအားက 518 Nm ဖြစ်ပါတယ်။ ဆီစားနှုန်းကတော့ ကီလို ၁၀၀ ကို 13 လီတာဆိုတော့ V8 အင်ဂျင်တစ်လုံးအတွက် ဒီလောက်တော့ရှိမယ်။ 4 WD စနစ်ဖြစ်ပြီး 5 Link Coil Spring ဆိုင်းထိန်းစနစ်သုံးထားလို့ လမ်းကြမ်းပိုင်းအသုံးပြုခြင်းနဲ့ ထိခိုက်မှုတွေအတွက် အမြင့်ဆုံးခံနိုင်ရည်ရှိ စေမှာဖြစ်ပါတယ်။ ကိုယ်ထည်တည်ဆောက်ထားပုံအရ ပုံမှန်ထက် တုန်ခါမှုကိုလျော့နည်းသလို တည်ငြိမ်တဲ့ရွေ့လျားမှုကို ဖြစ်ပေါ်စေမှာဖြစ်ပြီး လမ်းကြမ်းပိုင်းတွေမှာပိုပြီး သိသာထင်ရှာစေမှာပါလို့ Chevrolet ကအာမခံထားပါတယ်။ နောက်ပြီး တတိယမျိုးဆက်ဖြစ်တဲ့ Magnetic Ride Control စနစ်ကိုထည့်သွင်းထားပြီး လျှပ်စစ် Coil ပါလို့ လမ်းကြောင်း ပြောင်းလဲမှုတွေမှာ လက်ကိုင်ခွေကို မြန်ဆန်စွာတုံပြန်ပျော့ပျောင်းစေမှာဖြစ်ပါတယ်။ ဒါ့အပြင် သာမန်ထက် ၂ ဆ တာရှည် ခံ Duralife Brake Rotors Disc Brake တွေကိုသုံးထားလို့ ဘရိတ်စနစ်ကလည်း စိတ်ချ ယုံကြည်ရဦးမှာဖြစ်ပါတယ်။

လုံခြုံရေးအပိုင်း
လေအိတ် ၆ လုံးပါဝင်ပြီး Adaptive Cruise Control, Hill Decent Control, Lane Keep Assist, Side Blind Zone Alert, Rear Cross Traffic Alert, Forward Collision Alert, Automatic Front Braking,Enhanced Driver Alert, Safety Alert Seat, ခိုးသူများကို သတိပေးစနစ်၊ ခြေနင်းပြားကို လိုသလိုချိန်ညှိနိုင်တဲ့စနစ် ၊ မှန်အာရုံခံလုံခြုံရေးစနစ်စတဲ့ တန်းမီလုံခြုံ ရေးနစ်တွေအများကြီးပါဝင်မှာဖြစ်ပါတယ်။ နောက်ပြီး Back Camera ကလည်း မြင်ကွင်းကျယ်ပြတဲ့ စနစ်ဖြစ်လို့ ပါကင်ထိုးရာမှာ လွယ်ကူစွာမြင်နိုင်စွမ်းရှိမှာဖြစ်ပါတယ်။

ဈေးနှုန်းနဲ့သုံးသပ်ချက်
Tahoe က Suburban နဲ့ဆိုက်နဲ့Feature အနည်းငယ်လောက်သာကွာပေမယ့် ဈေးက USD 20,000 လောက်သက် သာပါတယ်။ စွမ်းဆောင်ရည်၊ပါဝင်တဲ့ Features တွေက သိပ်မကွာတဲ့အပြင် ပြည်တွင်းလမ်းတွေအတွက် Tahoe ကပိုပြီး အဆင်ပြေစေမှာဖြစ်ပါတယ်။ လမ်းကြမ်းပိုင်းအတွက် အထူးထုတ်ထားတဲ့ကားတွေဖြစ်လို့ Off Road လမ်းတွေထက်မှာ အပြုံးမပျက်ကော်ဖီထိုင်သောက်နေလို့ရပါတယ်။ ဒါပေမဲ့ အင်ဂျင်ကြီးပြီးကိုယ်ထည်ရှည်လျားလို့ ရန်ကုန်မြို့ထဲလမ်းတွေမှာ တော့ သိပ်ပြီးအဆင်ပြေဖို့ မလွယ်ပါဘူး။မိသားစုတွေ သက်သောင့်သက်သာခရီး သွားတာတို့၊ ပွဲတက်တာတွေအတွက် တော့ Tahoe ကလုံးဝကို ခန့်ထည်နေစေပါလိမ့်မယ်။ သ့ူရဲ့ဈေးတန်းကတော့ USD 169, 000 ဖြစ်ပါတယ်။

Specification…
Engine – 5.3 L Eco Tec3 V8
Displacement(CC) – 5,328
Transmissions – 6-Speed Automatic Transmission
Maximum Power (HP/rpm) – 355 @ 5,600
Maximum Torque (Nm/rpm) – 383 @ 4,100
Fuel Tank (liters) – 98
Drivetrain – 4WD

Zawgyi Version…

ခန္႕ညားထည္ဝါမွဳအျပည့္နဲ႔ အေမရိကန္ေတြရဲ႕ ဂုဏ္ေဆာင္ Full size SUV Chevrolet Tahoe
အေမရိကန္ရုပ္ရွင္ကားေတြ အထူးသျဖင့္အက္ရွင္ကားအမ်ားစုမွာ ျမင္ေတြ႔ရေလ့ရွိတဲ့ ခန္႔ခန္႔ထည္ထည္ SUV ကားေတြထဲ မွာ Chevrolet Suburban နဲ႔ သူ႕ရဲ႕အျမႊာလုိ႔ဆုိရေလာက္တဲ့ Chevrolet Tahoe ကုိျပီးခဲ့တဲ့ေမလအတြင္းက ျမန္မာျပည္ေစ်းကြက္ကုိ စတင္မိတ္ဆက္ခဲ့ပါတယ္။ အေမရိကန္ေတြအျမတ္တႏို္းစီးနင္းေလ့ရွိတဲ့ ကားတစ္စီးဆုိေတာ့ ဘာေတြက ဘယ္ေလာက္မ်ားေကာင္းလုိ႔လဲဆုိတာ တစ္ခ်က္ေလာက္ေလ့လာၾကည့္ၾကရေအာင္လားခင္ဗ်။ Full-size SUV အျဖစ္ထုတ္လုပ္ထားတဲ့ Chevrolet Tahoe က ၁၉၉၁ တုန္းကေတာ့ GMC Yukon ဆုိတဲ့အမည္နဲ႔ထုတ္ခဲ့တာပါ။ ၁၉၉၅ ခုႏွစ္ေနာက္ပုိင္းေရာက္မွသာ Chevrolet ကုမၸဏီကုိ Tahoe ဆုိတဲ့အမည္နဲ႔ ထုတ္လုပ္ခြင့္ျပဳခဲ့ပါတယ္။ ဒါေၾကာင့္ Chevrolet Tahoe ရဲ႕ Base က GMC Yukon ေပၚမွာအေျခတည္ထားတယ္လုိ႔ ဆုိရမွာျဖစ္ပါတယ္။ သူ႕ရဲ႕အမည္ကေတာ့ ခက္ခဲၾကမ္းတမ္းတဲ့လမ္းေတြကုိ ျဖတ္ေက်ာ္ျပီးသြားရတဲ့ သဘာဝရွဳခင္းေတြနဲ႔လွပလြန္းတဲ့ အေမရိကန္အေနာက္ပုိင္းက Lake Tahoe ကုိအစြဲျပဳမွည့္ေခၚထားျခင္းျဖစ္ပါတယ္။ Chevrolet Tahoe ဟာ သူ႔ရဲ႕ညီေနာင္ Suburban နဲ႔အေတာ္ မ်ားမ်ားတူညီပါတယ္။ ဒါေပမဲ့ အလ်ားေတာ့နည္းနည္းတုိပါတယ္။ အတိအက်ဆုိရရင္ေတာ့ Tahoe က ၂၀၄ လက္ မရွည္ျပီး Suburban က ၂၂၄ လက္မရွိပါတယ္။ Tahoe ရဲ႕ဘီးေခြဆုိက္က လက္မ ၂၀ ရွိျပီး Suburban ကေနာက္ ဘီးရဲ႕ အေနာက္ဘက္ကုိ ပုိရွည္ေအာင္ ဖန္တီးထားတာျဖစ္ပါတယ္။အျမင့္ေတြ၊အက်ယ္ေတြကေတာ့ အတူတူပါပဲ။ လမ္းအမ်ိဳး အစားမေရြးေမာင္းႏွင္ႏိုင္ေအာင္ ထုတ္လုပ္ထားျပီး ၇ ေယာက္စီး SUV ျဖစ္သလုိသက္ ေသာင့္သက္သာျဖစ္ေစမယ့္ Feature ေတြေပါင္းစပ္ထည့္ သြင္းထားပါတယ္။ ျပီးေတာ့ JD Power ရဲ႕ “MOST DEPENDABLE LARGE SUV” ဆုကုိရရွိထားပါေသးတယ္။

အျပင္ဘက္ပုိင္း
ရုပ္ထြက္ပုိင္းက Suburban နဲ႔ လုံးဝကုိဆင္တူပါတယ္။ Tahoe Large Size ျဖစ္ျပီး Suburban ကေတာ့ Extra Large Size ပါ။ ရွဲေလးသာနည္းနည္းကြာသြားပါတယ္။ Suburban ရဲ႕ေရွ႕ရွဲပုံစံက ႏွစ္ထပ္ျပဳလုပ္ထားတဲ့ ေတာက္ပတဲ့ Chrome ေဘာင္ကြပ္ေတြထဲမွာ အလ်ားလုိက္ေငြေရာင္ Chrome ေတြပါျပီး Tahoe မွာေတာ့ အနက္ေရာင္ Chrome ေတြျဖစ္သြားပါတယ္။Tahoe မွာ Projector ေရွ႕မီးၾကီးႏွစ္ထပ္ပုံစံ၊ေန႕အလင္းမီးေတြ၊ရွဲႏွစ္ထပ္ပုံစံနဲ႕ ေအာက္ ဘက္ဘန္ ပါေပၚမွာ Fog Lamp ေတြပါဝင္ပါတယ္။ လုံးဝကုိခန္႔ထည္တဲ့ ဒီဇုိင္းနဲ႕ Muscle ပုံစံေတြကုိသာ ဦးစားေပးတတ္တဲ့ Chevrolet ရဲ႕ Trade Mark ေတြကုိ Tahoe နဲ႔ Suburban တုိ႔မွာအထင္အရွားေတြ႕ျမင္ရမွာျဖစ္ပါတယ္။ ေနာက္ျပီး ဒီကား က ျပင္ပအသံေတြကုိ ေလွ်ာ့ခ်ေပးႏိုင္ျပီး ေလခြင္းအားေကာင္းေစဖုိ႔နဲ႕ ကားကိုယ္ထည္ေပၚမွာ သက္ေရာက္လာမယ့္ တန္ျပန္ေလထုကုိအျမန္ဆုံးနဲ႔ အေကာင္းဆုံးခြင္းထုတ္ႏိုင္ေစဖုိ႔အတြက္ ကားတံခါးနဲ႕ေရွ႕စက္ဖုံးေပၚေတြမွာ ေလခြင္းလုိင္း ေတြကုိ ဖန္တီးထည့္သြင္းေပးထားတာမုိ႔ High Way လမ္းေတြမွာ ကားနဲ႔မလုိက္ေအာင္ ေပါ့ပါးသြက္လက္ေစမွာျဖစ္ ပါတယ္။ ဒီကားေတြက Performance ကုိလည္းဦးစားေပးတာမုိ႔ အင္ဂ်င္ၾကီးထားတယ္။ ဒါေပမဲ့ ဆီစားႏွဳန္းသက္ သာေစေအာင္လုိ႔ တစ္ဖက္တစ္လမ္းကေနျပန္ျပီး အက်ိဳးျပဳထားတာကေတာ့ ကားအေလးခ်ိန္ေလ်ာ့က်ေစဖုိ႔ရာ ေရွ႕ ေဘာနက္နဲ႔ ေနာင္ဖုံးေတြကုိ ေပါ့ပါးျပီးခုိင္ခံ့တဲ့ အလ်ဴမီနီယံေတြနဲ႔ျပဳလုပ္ေပးထားပါတယ္။ ေနာက္ဘက္မွာေတာ့ ရုိးရွင္းျပီးဝင့္ၾကြားတဲ့ LED ေနာက္မီးေတြနဲ႕အတူေနာက္တံခါးက Power Liftgate ျဖစ္ပါတယ္။ ေနာက္ဘက္ Wiper ကုိေတာ့ အမုိးနားမွာပါတဲ့ Roof Spoiler ထဲမွာျမွဳပ္ေပးထားတာကုိလည္း ေတြ႔ရပါတယ္။ ျခဳံေျပာရရင္ Tahoe ရဲ႕ရုပ္သြင္နဲ႕အျပင္ဘက္ဒီဇုိင္းက မာေက်ာမွဳနဲ႔ ၾကီးက်ယ္ခမ္းနားမွဳေတြကုိ ေပါင္းစပ္ေပးထားသလုိ ထင္ဟပ္ေစပါတယ္။
အတြင္းခန္း
က်ယ္ဝန္းတဲ့ Extra Large SUV ဆုိေတာ့ စီးနင္းလုိက္ပါသူေတြအတြက္ လုံေလာက္တဲ့ေနရာအက်ယ္အဝန္းကုိ ရရွိမွာျဖစ္ပါတယ္။ ခုံ ၃ တန္းစလုံးမွာ လုိက္ပါႏိုင္သူ ၇ ဦးအတြက္ Luxury ျဖစ္ေစဖုိ႔ရာ ခြက္ပုံစံခ်ိဳးဆစ္ထားတဲ့ အေကာင္းစားလည္သာထုိင္ခုံေတြ က စြမ္းေဆာင္ေပးမွာျဖစ္သလုိ ေရွ႕ Driver Seat က Memory 2 မ်ိဳးနဲ႔ မွတ္သား ထားႏိုင္တဲ့ ပုံစံ ၁၂ မ်ိဳး ေမာ္တာစနစ္ပါဝင္သလုိ ေရွ႕Passenger Seat ခုံကလည္း ပုံစံ ၆ မ်ိဳးေျပာင္းလဲႏိုင္တဲ့ ေမာ္တာစနစ္ပါဝင္မွာျဖစ္ပါတယ္။ ဒါ့အျပင္ ေခါင္းမွီေတြကုိလည္း ပုံစံ ၄ မ်ိဳးသုံး ေမာ္တာစနစ္ပါဝင္ပါတယ္။ အျမင့္ဆုံး ဂရိတ္ LTZ မုိ႔လုိ႔ စတီယာရင္ ၊ နဲ႔ ထုိင္ခုံအပူ၊ အေအး ေပးစနစ္ပါဝင္ဦးမွာျဖစ္ပါတယ္။ ဒုတိယခုံတန္းနဲ႕ တတိ ယခုံတန္းေတြကုိလည္း ခလုတ္နဲ႕ လုိသလုိေခါက္သိမ္းႏိုင္ဦးမွာပါ။ တံခါးေဘာင္ေတြမွာလည္း လည္သာ၊ကြ်န္း ကြက္ေတြကုိ တဲြစပ္ပုံေဖာ္ထားျပီး တံခါးေတြရဲ႕ ေဘးေတြမွာလည္း ပစၥည္းထည့္စရာ ေနရာေတြပါသလုိ ကားတစ္စီးလုံးမွာ ခြက္ ၁၅ ခုထည့္လုိ႔ရမယ့္ ေနရာ ေတြပါပါတယ္။ျပီးေတာ့ ၈ လက္မ Touch Screen ေနာက္ဘက္မွာလည္း လွ်ိဳ႕ ဝွက္အံဝွက္တစ္ခု၊ အလယ္ဗဟုိ တည့္ တည့္မွာ Laptop,Tablet,လက္ဆဲြဖုိင္ေတြထည့္ဖုိ႔ ၾကီး မားတဲ့ ပစၥည္း ထည့္စရာေနရာရွိပါေသးတယ္။ ေနာက္ျပီးေတာ့ Remote Key စနစ္ျဖစ္သလုိ Keyless entry ျဖစ္ပါတယ္။ အဆင့္ျမင့္ ကားေတြရဲ႕ ပုံစံအတုိင္း Push Start စနစ္ျဖစ္ျပီး Head up Display, Wireless Charging စနစ္၊ iPhone နဲ႕ Android ေတြကုိခ်ိတ္ဆက္သုံးႏိုင္မယ့္ Chevrolet Mylink System အသစ္ပါဝင္တဲ့ ၈ လက္မအခ်က္ အလက္ျပမ်က္ ႏွာျပင္လည္းပါျပီး အဲဒီမွာ Entertainment, Phone , Message နဲ႔ 2D/3D ပါတဲ့Navigation စနစ္ေတြထည့္သြင္း ေပးထားပါတယ္။ Bose Speaker ၁၀ လုံးပါဝင္မွာျဖစ္ျပီး ေနာက္ထုိင္ခုံက ခရီးသည္ေတြ အတြက္လည္း ေနာက္ TV ပါျပီး Blu-ray DVD ေတြနဲ႕ခ်ိတ္ဆက္ၾကည့္ရွဳႏိုင္ပါေသးတယ္။ ဇိမ္ခံပုံစံထုတ္ထားတဲ့ Tahoe မွာ USB Socket ၆ ေပါက္အပါအဝင္ အားသြင္းႏိုင္တဲ့ အေပါက္ ၁၂ ခုအထိထည့္သြင္းေပးထားလုိ႔ လုိက္ပါသူေတြကုိ အဆင္ေျပ ေစမွာျဖစ္ပါတယ္။ ျပီးေတာ့ စတီယာရင္စနစ္ကလည္း Power စနစ္မဟုတ္ဘဲ Telescoping Steering စနစ္လုိ႔ေခၚတဲ့ ေပါ့ပါးျပီး အလုိအေလ်ာက္ထိန္းခ်ဳပ္ကူညီေပးတဲ့ စနစ္ပါဝင္လာပါတယ္။
အင္ဂ်င္နဲ႕စြမ္းေဆာင္ရည္ပုိင္း
သူက Suburban နဲ႕အတူတူပဲဆုိေတာ့ 5.3L EcoTec 3 V8 အင္ဂ်င္ကုိ Gasoline စနစ္နဲ႕ထုတ္လုပ္ထားျပီး Auto Gear ၆ ခ်က္ျဖစ္ပါတယ္။ စြမ္းအင္ထြက္ရွိမွဳကေတာ့ ျမင္းေကာင္ေရ ၃၃၅ ရွိျပီး ရုန္းအားက 518 Nm ျဖစ္ပါတယ္။ ဆီစားႏွဳန္းကေတာ့ ကီလုိ ၁၀၀ ကုိ 13 လီတာဆုိေတာ့ V8 အင္ဂ်င္တစ္လုံးအတြက္ ဒီေလာက္ေတာ့ရွိမယ္။ 4 WD စနစ္ျဖစ္ျပီး 5 Link Coil Spring ဆုိင္းထိန္းစနစ္သုံးထားလုိ႔ လမ္းၾကမ္းပုိင္းအသုံးျပဳျခင္းနဲ႔ ထိခိုက္မွဳေတြအတြက္ အျမင့္ဆုံးခံႏိိုင္ရည္ရွိ ေစမွာျဖစ္ပါတယ္။ ကုိယ္ထည္တည္ေဆာက္ထားပုံအရ ပုံမွန္ထက္ တုန္ခါမွဳကုိေလ်ာ့နည္းသလုိ တည္ျငိမ္တဲ့ေရြ႔လ်ားမွဳကုိ ျဖစ္ေပၚေစမွာျဖစ္ျပီး လမ္းၾကမ္းပုိင္းေတြမွာပုိျပီး သိသာထင္ရွာေစမွာပါလုိ႔ Chevrolet ကအာမခံထားပါတယ္။ ေနာက္ျပီး တတိယမ်ိဳးဆက္ျဖစ္တဲ့ Magnetic Ride Control စနစ္ကုိထည့္သြင္းထားျပီး လွ်ပ္စစ္ Coil ပါလုိ႔ လမ္းေၾကာင္း ေျပာင္းလဲမွဳေတြမွာ လက္ကုိင္ေခြကုိ ျမန္ဆန္စြာတုံျပန္ေပ်ာ့ေပ်ာင္းေစမွာျဖစ္ပါတယ္။ ဒါ့အျပင္ သာမန္ထက္ ၂ ဆ တာရွည္ ခံ Duralife Brake Rotors Disc Brake ေတြကုိသုံးထားလုိ႔ ဘရိတ္စနစ္ကလည္း စိတ္ခ် ယုံၾကည္ရဦးမွာျဖစ္ပါတယ္။

လုံျခဳံေရးအပုိင္း
ေလအိတ္ ၆ လုံးပါဝင္ျပီး Adaptive Cruise Control, Hill Decent Control, Lane Keep Assist, Side Blind Zone Alert, Rear Cross Traffic Alert, Forward Collision Alert, Automatic Front Braking,Enhanced Driver Alert, Safety Alert Seat, ခုိးသူမ်ားကုိ သတိေပးစနစ္၊ ေျခနင္းျပားကုိ လုိသလုိခ်ိန္ညွိႏိုင္တဲ့စနစ္ ၊ မွန္အာရုံခံလုံျခဳံေရးစနစ္စတဲ့ တန္းမီလုံျခဳံ ေရးနစ္ေတြအမ်ားၾကီးပါဝင္မွာျဖစ္ပါတယ္။ ေနာက္ျပီး Back Camera ကလည္း ျမင္ကြင္းက်ယ္ျပတဲ့ စနစ္ျဖစ္လုိ႔ ပါကင္ထုိးရာမွာ လြယ္ကူစြာျမင္ႏိုင္စြမ္းရွိမွာျဖစ္ပါတယ္။

ေစ်းႏွဳန္းနဲ႕သုံးသပ္ခ်က္
Tahoe က Suburban နဲ႕ဆုိက္နဲ႔Feature အနည္းငယ္ေလာက္သာကြာေပမယ့္ ေစ်းက USD 20,000 ေလာက္သက္ သာပါတယ္။ စြမ္းေဆာင္ရည္၊ပါဝင္တဲ့ Features ေတြက သိပ္မကြာတဲ့အျပင္ ျပည္တြင္းလမ္းေတြအတြက္ Tahoe ကပုိျပီး အဆင္ေျပေစမွာျဖစ္ပါတယ္။ လမ္းၾကမ္းပုိင္းအတြက္ အထူးထုတ္ထားတဲ့ကားေတြျဖစ္လုိ႔ Off Road လမ္းေတြထက္မွာ အျပဳံးမပ်က္ေကာ္ဖီထုိင္ေသာက္ေနလုိ႔ရပါတယ္။ ဒါေပမဲ့ အင္ဂ်င္ၾကီးျပီးကုိယ္ထည္ရွည္လ်ားလုိ႔ ရန္ကုန္ျမိဳ႕ထဲလမ္းေတြမွာ ေတာ့ သိပ္ျပီးအဆင္ေျပဖုိ႔ မလြယ္ပါဘူး။မိသားစုေတြ သက္ေသာင့္သက္သာခရီး သြားတာတုိ႔၊ ပဲြတက္တာေတြအတြက္ ေတာ့ Tahoe ကလုံးဝကုိ ခန္႕ထည္ေနေစပါလိမ့္မယ္။ သ႔ူရဲ႕ေစ်းတန္းကေတာ့ USD 169, 000 ျဖစ္ပါတယ္။

Specification…
Engine – 5.3 L Eco Tec3 V8
Displacement(CC) – 5,328
Transmissions – 6-Speed Automatic Transmission
Maximum Power (HP/rpm) – 355 @ 5,600
Maximum Torque (Nm/rpm) – 383 @ 4,100
Fuel Tank (liters) – 98
Drivetrain – 4WD