Unicode version…
လက်ရှိအမေရိကန်နိုင်ငံတွင် ပြုလုပ်နေသော 2018 Detroit Auto Show မှာပြသသွားခဲ့သော မော်ဒယ်သစ် တွေထဲကမှ ထိပ်တန်းကားသစ် ၁၀ စီး အကြောင်းကိုပြောပြချင်ပါသည်။
1- 2019 Ram 1500
အကြမ်းခံတဲ့ Truck ကားတွေကိုအဓိကထုတ်လုပ်တဲ့ အမေရိကန်အခြေစိုက်ကားထုတ်လုပ်ရေးဖြစ်တဲ့ Ram ရဲ့အသစ်ထွက်ရှိလာတဲ့ 1500 က Frame ပုံစံပြောင်းလဲထုတ်လုပ်မှုကြောင့် အရင်မော်ဒယ်ဟောင်းထက် 225 pounds ပိုပေါ့သွားသလို ဘော်ဒီပိုင်းကလည်းပိုပြီးကြံ့ခိုင်မှုကောင်းအောင် 98 percent က high-strength steel တွေနဲ့တည်ဆောက်ထားပါတယ်။ ပြီးတော့ ဆီစားနှုန်းချိုသာစေဖို့အတွက် Stop/start နဲ့ပြန်လည် ဆန်းသစ်ထားတဲ့ ဘရိတ်စနစ်ပါတဲ့ Hybrid အင်ဂျင်နဲ့ပါရရှိနိုင်မှာဖြစ်ပါတယ်။
2- 2019 Chevrolet Silverado
ပေါ့ပါးမှု၊သန်မာမှု၊ဝန်အပြည့်တင်ဆောင်နိုင်မှုတွေသာမကဘဲလှပတဲ့ရုပ်သွင်၊အရင်ကထက်ပေါင် 450 လောက် ပေါ့ပါးသွားတဲ့ ကားကိုယ်ထည်တွေနဲ့အတူကြိုတင်မှာကြားလို့ရနိုင်တော့မယ့် Chevrolet Silverado က fuel economy ရော စွမ်းဆောင်ရည်ပါအမြင့်ဆုံးအနေအထားမှာရှိနေပါတယ်။ သူ့မှာအဓိကအနေနဲ့ 3.0-liter straight-six diesel အင်ဂျင်ကိုသုံးထားပြီး gasoline V8 အင်ဂျင်သုံးတွေလည်း ရရှိနိုင်ပါတယ်။
3- 2019 Acura RDX
Luxury ကားတွေကိုပဲသီးသန့်ထုတ်လုပ်တဲ့ Honda ရဲ့ Brand ခွဲ Acura ထုတ် ၂၀၁၉ မော်ဒယ် All-new Acuraရဲ့ Design ပိုင်းကသီးသန့် Architecture ကိုသုံးထားလို့ပိုပြီး လှပမှုကိုရရှိခံစားနိုင်မှာပါ။ သူ့ကို 2.0-liter turbocharged four-cylinder အင်ဂျင်နဲ့ထုတ်ထားပြီး Civic Type R’s engine ရဲ့တည်ဆောက်မှုမျိုးကို အခြေခံထားပါတယ်။ 10-speed automatic transmission စနစ်သုံးဖြစ်ကာ Super-Handling All-Wheel Drive Trim ကိုကြိုတင်မှာယူလို့ရနေပါပြီ။
4- 2019 Volkswagen Jetta
Volkswagen က Jetta ၂၀၁၉ မော်ဒယ်ကို အများကြီးမျှော်လင့်ထားပုံရပါတယ်။ ဒါကြောင့် မာကျောမှု ၊ လုံခြုံစိတ်ချရမှု ၊ ကျယ်ဝန်းတဲ့ ကားအတွင်းပိုင်းတွေကို MQB ဗိသုကာလက်ရာတွေနဲ့တည်ဆောက်ထားပါ တယ်။ သူ့မှာ 1.4-liter TSI four-cylinder engine ကိုသုံးထားပြီး မြင်းကောင်ရေ 147 ကောင်ထွက်ရှိမှာပါ။ S ix-speed manual နဲ့ eight-ratio automatic gearbox တွေကို Order မှာလို့ရနေပါပြီ။
5- 2019 Mercedes-Benz G-Wagen
အသစ်ထွက်ရှိလာတဲ့ G-Wagen က အရင်တုန်းကလိုပဲ စစ်သုံးကားစတိုင်ဖြစ်ပေမယ့် အသုံးပြုထားခဲ့တဲ့ ပစ္စည်းတွေက အရမ်းကိုကောင်းမွန်လွန်းနေပြီး အရင်မော်ဒယ်ထက် ပေါင် ၄၀၀ လောက်ပေါ့ပါးသွားပါတယ်။ အရင်ထက်ပိုပြီးကောင်းသွားတာက ရှေ့ဝင်ရိုးကို rigid axle အစား independent suspension ကိုအစား ထိုးလိုက်လို့ မောင်းနှင်ရပိုကောင်းသွားသလို သက်တောင့်သက်သာပိုရှိလာပါတယ်။ Turbo inline six-cylinder engine ကိုသုံးထားပြီး လမ်းကြမ်းတွေအတွက်အမြဲအဆင်သင့်ဖြစ်နေပါပြီ။
6- 2019 Hyundai Veloster
စမတ်ကျပြီး လှပတဲ့ door layout ပုံစံထုတ်ထားတဲ့ sporty hatchback Veloster ရဲ့ဒီဇိုင်းပိုင်းက ထူးခြားဆန်းပြားနေသလို Honda Civic Type R ရဲ့ပြိုင်ဘက်ဖြစ်လာဖိုရရှိနေပါတယ်။ သူ့မှာ standard model ၊ turbocharged 1.6-liter engine နဲ့ new high-performance N variant ဆိုပြီး ၃ မျိုးခွဲ ထုတ်ထားပါတယ်။ N variant မှာ 275 မြင်းကောင်ရေနဲ့ standard six-speed manual ဂီယာဘောက်ကို သုံးထားပါသေးတယ်။
7- 2019 Ford Ranger
အမေရိကန်ကားစျေးကွက်နဲ့အနည်းငယ်အဆက်ပြတ်နေတဲ့ Ranger ကို Ford က ပါဝင်မှု အသစ်တွေနဲ့ပြန် လည်ထိုးဖောက်လာခဲ့ပါပြီ။ သူ့မှာဆီစားပိုမိုသက်သာပြီး စွမ်းဆောင်ရည်ပိုကောင်းတဲ့ 2.3-liter EcoBoost turbo-four engine ကိုသုံးထားသလို 10-speed automatic ဂီယာစနစ်ဖြစ်ပါတယ်။ ဒါ့အပြင် driver assist safety တွေ၊ FX4 Package မှာဆို ကားရှေ့အောက်ဘန်ဘာကိုပိုပြီး မာကျောအောင်ပြုလုပ်ပေးထားခြင်း၊ off-road တွေမှာလုံးဝစွမ်းဆောင်ရည်ကောင်းစေမယ့် shocks and suspension တွေပါဝင်လာခြင်း ၊ တောလမ်းတွေနဲ့ တောင်တက်လမ်းတွေသွားလာဖို့အကောင်းဆုံးထိန်းချုပ်နိုင်တဲ့ စနစ်တွေပါဝင်ပါတယ်။
8- Honda Insight
Hybrid ဆီဒင်အဖြစ်အမေရိကားစျေးကွက်ဆီထိုးဖောက်လာတဲ့ Honda Insight မှာ သူ့ရဲ့ဆီစားနှုန်းက အဓိက Highlight လုပ်ရမယ့်အနေအထားမျိုးဖြစ်ပါတယ်။ ပျှမ်းမျှမိုင် ၅၀ ကို ၁ ဂါလံသွားနိုင်ဖို့လုပ်ထားတာဆို တော့ fuel-economy ဖြစ်တာကကြောက်စရာကောင်းလှပါတယ်။ 1.5-liter Atkinson-cycle four-cylinder engine ကိုသုံးထားပြီး Luxury ဖြစ်စေမယ့်ပစ္စည်းတွေနဲ့အဆင့်မြင့်နည်းပညာတွေပါဝင်တဲ့ အတွင်းခန်း ကလည်း သူ့ကိုနာမည်ကျော်စေဦးမှာပါ။ ပြီးတော့ lane departure warning, adaptive cruise control , collision mitigation braking system တို့လို Safety system တွေလည်းပါဝင်ပါသေးတယ်။
Maker:S,Date:2017-9-12,Ver:6,Lens:Kan03,Act:Lar02,E-ve
9- 2019 Toyota Avalon
2019 Avalon မှာရှေ့ဘီးယက်စနစ်ကို အသုံးပြုထားမှာဖြစ်ပြီး (V6 Engine) နဲ့ မှာယူရနိုင်မယ့့်် (Hybrid Engine) တို့ကို ထည့်သွင်းထားသလို Lexus လိုမျိုး Luxury ပိုဆန်တဲ့ကားမျိုးဖြစ်ပါတယ်။ ဒီကားမှာ Toyota ရဲ့ပထမဆုံးပါဝင်မှုဖြစ်တဲ့ Apple CarPlay ကိုမှာယူလို့ရနိုင်သလို adaptive suspension ကိုသုံးထား ပါသေးတယ်။ Avalon မှာ ဒီဇိုင်း၊ စွမ်းဆောင်ရည်နဲ့ပါဝင်ပစ္စည်းတွေ သိသာစွာ ပြောင်းလဲခြင်း ရှိမှာမဟုတ် ပေမဲ့လည်း အဆင့်မြှင့်တင်ဖန်တီးမှုအချို့ နဲ့ အသွင်သစ်ဖန်တီးမှုတွေအများကြီးပါဝင်လာပါတယ်။
Ford Edge, Edge ST
ဒီမော်ဒယ်က ဘော်ဒီပုံစံပြောင်းလဲလိုက်ပြီး ရုပ်ထွက်ပိုင်းပိုလှသွားသလို 2.0-liter EcoBoost engine ကိုစံအနေနဲ့ထုတ်ထားပြီး ST Model အတွက်တော့ မြင်းကောင်ရေ ၃၃၅ ကောင်အားထွက်ရှိတဲ့ 2.7-liter twin-turbo V6 အင်ဂျင်နဲ့ရနိုင်ပါတယ်။ eight-speed automatic gearbox နဲ့ all-wheel drive system ကိုသုံးထားပြီး Sport ပိုဆန်သွားပါတယ်။ forward collision warning with auto braking, blind spot monitoring with cross-traffic alert, lane keep assist နဲ့ post-collision braking တို့ကိုသုံးထားလို့ Safety ကတော့ထိပ်တန်းပါ။
Zawgyi version..
1- 2019 Ram 1500
3- 2019 Acura RDX
7- 2019 Ford Ranger
8- Honda Insight
9- 2019 Toyota Avalon
- Ford Edge, Edge ST