Unicode version..

လက်ရှိဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပလျက်ရှိနေသော ဂျနီဗာကားပွဲတွင်ပေးအပ်ချီးမြှင့်ခဲ့သော ၂၀၁၈ ခုနှစ် ဥရောပတစ်နှစ်တာအကောင်းဆုံးကားဆုကို ဆွီဒင်ကားထုတ်လုပ်ရေးဖြစ်သော Volvo ထုတ် SUV မော်ဒယ် XC40 မှဆွတ်ခူးရရှိသွားခဲ့သည်။ ထိုဆုမှာကမ္ဘာပေါ်တွင် ဂုဏ်သိက္ခာကြီးမြင့်သောဆုတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က တစ်နှစ်တာကားဆုကို Peugeot 3008 မှရရှိခဲ့သည်။ ယခုနှစ်ဆုချီးမြှင့်ရာတွင် ဥရောပနိုင်ငံ ၂၃ နိုင်ငံမှ အကဲဖြတ်ဒိုင် ၆၀ ဦးတို့မှမဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ပြီး Volvo XC40 မှ 325 မှတ်ဖြင့်ပထမ၊ Seat Ibiza မှ 242 ဖြင့်ဒုတိယ ၊ BMW 5-series မှ 226 မှတ်ဖြင့် တတိယအသီးသီးရရှိခဲ့သည်။ ထို့အပြင် ဆန်ခါတင်စာရင်း ၌ပါဝင်ခဲ့ကြသော Kia Stinger coupe က 204 မှတ် ၊ Citroën C3 Aircross က 171 မှတ်၊ Audi A8 မှ 169 မှတ် နှင့် Alfa Romeo Stelvio က163 မှတ်တို့ဖြင့် အစဉ်လိုက်ရပ်တည်နိုင်ခဲ့ကြသည်။ ထိုသို့ဒိုင်များမှ အမှတ်ပေးရာတွင် အကဲဖြတ်စံနှုန်းများအဖြစ် ဒီဇိုင်း၊သက်သောင့်သက်သာရှိမှု ၊ လုံခြုံရေး ၊ စတီယာရင်ထိန်းချုပ်ကိုင်တွယ်နိုင်မှု၊ အရည်အသွေး၊လုပ်ဆောင်နိုင်မှု၊သဘာဝပတ်ဝန်းကျင်နှင့်ကိုက်ညီမှု ၊ ယာဉ်မောင်း၏စိတ်ကျေနပ်မှု၊စျေးနှုန်းနှင့်နည်းပညာဆန်းသစ်တီထွင်မှု စသည့်အချက်များအပေါ်တွင် အခြေခံတွက်ချက်ထားခြင်းလည်းဖြစ်သည်။ ကားအမှတ်တံဆိပ်အနေဖြင့် Volvo သည်ယခုဆုကို ပထမဆုံးအကြိမ်ရရှိနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

၂၀၁၀ မှ ၂၀၁၈ အထိ ဥရောပတစ်နှစ်တာအကောင်းဆုံးကားဆုရရှိခဲ့သည့်မော်ဒယ်များစာရင်း
2010 Volkswagen Polo
2011 Nissan Leaf
2012 Chevrolet Volt/Opel Ampera
2013 Volkswagen Golf
2014 Peugeot 308
2015 Volkswagen Passat
2016 Opel Astra
2017 Peugeot 3008
2018 Volvo XC40

Zawgyi version…

လက္ရွိဆြစ္ဇာလန္ႏုိင္ငံတြင္ က်င္းပလ်က္ရွိေနေသာ ဂ်နီဗာကားပဲြတြင္ေပးအပ္ခ်ီးျမွင့္ခဲ့ေသာ ၂၀၁၈ ခုႏွစ္ ဥေရာပတစ္ႏွစ္တာအေကာင္းဆုံးကားဆုကုိ ဆီြဒင္ကားထုတ္လုပ္ေရးျဖစ္ေသာ Volvo ထုတ္ SUV ေမာ္ဒယ္ XC40 မွဆြတ္ခူးရရွိသြားခဲ့သည္။ ထုိဆုမွာကမာၻေပၚတြင္ ဂုဏ္သိကၡာၾကီးျမင့္ေသာဆုတစ္ခုျဖစ္ျပီး ျပီးခဲ့သည့္ ၂၀၁၇ ခုႏွစ္က တစ္ႏွစ္တာကားဆုကုိ Peugeot 3008 မွရရွိခဲ့သည္။ ယခုႏွစ္ဆုခ်ီးျမွင့္ရာတြင္ ဥေရာပႏိုင္ငံ ၂၃ ႏုိင္ငံမွ အကဲျဖတ္ဒုိင္ ၆၀ ဦးတုိ႔မွမဲေပးေရြးခ်ယ္ခဲ့ျခင္းျဖစ္ျပီး Volvo XC40 မွ 325 မွတ္ျဖင့္ပထမ၊ Seat Ibiza မွ 242 ျဖင့္ဒုတိယ ၊ BMW 5-series မွ 226 မွတ္ျဖင့္ တတိယအသီးသီးရရွိခဲ့သည္။ ထုိ႔အျပင္ ဆန္ခါတင္စာရင္း ၌ပါဝင္ခဲ့ၾကေသာ Kia Stinger coupe က 204 မွတ္ ၊ Citroën C3 Aircross က 171 မွတ္၊ Audi A8 မွ 169 မွတ္ ႏွင့္ Alfa Romeo Stelvio က163 မွတ္တုိ႔ျဖင့္ အစဥ္လုိက္ရပ္တည္ႏုိင္ခဲ့ၾကသည္။ ထုိသို႕ဒုိင္မ်ားမွ အမွတ္ေပးရာတြင္ အကဲျဖတ္စံႏွဳန္းမ်ားအျဖစ္ ဒီဇုိင္း၊သက္ေသာင့္သက္သာရွိမွဳ ၊ လုံျခဳံေရး ၊ စတီယာရင္ထိန္းခ်ဳပ္ကုိင္တြယ္ႏိုင္မွဳ၊ အရည္အေသြး၊လုပ္ေဆာင္ႏုိင္မွဳ၊သဘာဝပတ္ဝန္းက်င္ႏွင့္ကုိက္ညီမွဳ ၊ ယာဥ္ေမာင္း၏စိတ္ေက်နပ္မွဳ၊ေစ်းႏွဳန္းႏွင့္နည္းပညာဆန္းသစ္တီထြင္မွဳ စသည့္အခ်က္မ်ားအေပၚတြင္ အေျခခံတြက္ခ်က္ထားျခင္းလည္းျဖစ္သည္။ ကားအမွတ္တံဆိပ္အေနျဖင့္ Volvo သည္ယခုဆုကုိ ပထမဆုံးအၾကိမ္ရရွိႏုိင္ခဲ့ျခင္းလည္းျဖစ္သည္။

၂၀၁၀ မွ ၂၀၁၈ အထိ ဥေရာပတစ္ႏွစ္တာအေကာင္းဆုံးကားဆုရရွိခဲ့သည့္ေမာ္ဒယ္မ်ားစာရင္း
2010 Volkswagen Polo
2011 Nissan Leaf
2012 Chevrolet Volt/Opel Ampera
2013 Volkswagen Golf
2014 Peugeot 308
2015 Volkswagen Passat
2016 Opel Astra
2017 Peugeot 3008
2018 Volvo XC40