Unicode Version…
လက်ရှိကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံထဲမှာ ဒုတိယနေရာကနေရပ်တည်နေတဲ့ တရုတ်နိုင်ငံဟာဆိုရင် မော်တော်ကား ဈေးကွက်မှာလည်း ထိပ်ဆုံးကဦးဆောင်နေပါတယ်။ အဲဒီအတူ ကားဈေးကွက်ထဲမှာလည်း တရုတ်ကား Brand မျိုးစုံဝင် ရောက်နေရာယူလာကြပြီး အချို့ကတော့ ပြည်တွင်းဈေးကွက်တွေတင်မဟုတ်ဘဲ ပြည်ပဈေးကွက်ကိုပါ ထိုးဖောက် လာကြပါပြီ။ ဒီကားတွေက တရုတ်ပြည်တွင်းထုတ်ဆိုပေမယ့် အသုံးပြုထားတဲ့ ကုန်ပစ္စည်းတွေက ဂျာမနီမှ Bosch, အမေရိက မှ Continental, Johnson နဲ့ TRW၊ ဗြိတိန်မှ Delphi၊ ပြင်သစ်မှ Faurecia၊ ကနေဒါမှ Magna၊ ဂျပန်မှ Aisin နဲ့ Denso တို့ကနေတစ်ဆင့်တရားဝင်တင်သွင်းခဲ့တာဆိုတော့ နည်းပညာပိုင်းအစုံအလင်ကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။ အဲဒီထဲမှာတော့ မကြာသေးခင်ကမှ ဈေးကွက်ထဲရောက်လာပေမယ့် အခုချိန်မှာ Premium အဆင့်လူစီးကား တွေထုတ် လုပ်မှုကြောင့် လူကြိုက်များနေတဲ့ GAC ရဲ့SUV ကားသစ်လေးတစ်စီးကို Drive ရဲ့စမ်းသပ်မောင်းနှင်ခြင်းကဏ္ဍထဲကို ထည့်သွင်းပေးချင်ပါတယ်။ ဒီကား Compact SUV GS 4 လို့အမည်တွင်ပြီး ၂၀၁၅ ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့ တာဖြစ်ပါတယ်။သူ့ကို Sedan အမျိုးအစားဖြစ်တဲ့ GA 3 Platform အတိုင်းထုတ်ထားပြီး ယခင်ထွက်ရှိပြီးသား Compact SUV GS 5Super နဲ့ ကိုယ်ထည်ဆိုက်ဒ်သိပ်မကွာပါဘူး။ GS4ရဲ့ အလျား၊ အနံ၊ အမြင့် မှာ 4510x1852x1708 mm ရှိပါတယ်။ အခု GS 4 က GS 5 ထက် အလျားနည်းနည်းတိုပေမယ့် ပိုတော့မြင့်ပါတယ်။ ကဲ..သူ့ရဲ့ရုပ်ထွက်ပိုင်းကို အရင်လေ့လာကြည့်ရအောင်ပါ။
အပြင်ဘက်
ရုတ်တရက်ကြည့်လိုက်ရင်တော့ GS 5 နဲ့တော်တော်လေးဆင်ပေမယ့် သူက နောက်မှထွက်တဲ့မော်ဒယ်ဆိုတော့ မီးလုံးပိုင်း တွေပိုလှပပြီး အဆင့်မြင့်လာတယ်။ သူ့ရဲ့ရှဲတွေနဲ့ ဒီဇိုင်းက Flying Dynamic Design ကိုအခြေခံထားပြီး Sculpting 2.0 ဒီဇိုင်းဖြစ်လို့ အရင်ဒီဇိုင်းတွေထက်ပိုပြီး လှပနေပါတယ်။ ရှေ့မီးတွေက စတီယာရင်ချိုးရာကို လိုက်ကွေ့ပေးမယ့် Intelligent Adaptive Front-lighting ဖြစ်ပြီး Halogen စနစ်သုံးဖြစ်ပါတယ်။ Halogen က ပိုပြီးလင်းအား၊ဖြန့် ကျက်အားပိုကောင်းသလို တုံပြန်မှု လည်းမြန်ဆန်ပါတယ်။ ပြီးတော့ ဒီမီးကြီးတွေက အော်တိုအဖွင့်၊အပိတ်၊ အတင်၊အချစ နစ် သုံးထားပါတယ်။ အဲဒီမီးကြီးပေါ်မှာပါတဲ့ Signal မီးက လည်း မြားပုံသဏ္ဍာန်ဒီဇိုင်းဖြစ်သွားတော့ GS 4 က မီးလုံးပုံစံ တော်တော်လေးလေးမိုက်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ နောက်ပြီးတော့ LED Daytime running light နဲ့ Fog Lamp တွေက အောက်ဘက်ကိုရောက်သွားပြီး ဒီဇိုင်းကလည်း ဆန်းသွားပါတယ်။ ရှေ့နောက်မှန်တွေပေါ်က Wiper တွေက အော်တိုဆင်ဆာနဲ့ အလုပ်လုပ်ပါမယ်။ ပြီးတော့ လှပဆန်းသစ်တဲ့ဒီဇိုင်းနဲ့ ၁၈ လက်မ Alloy Wheel တွေပါဝင်ပါဦးမယ်။ အချိုးအဆစ်က GAC ကားတွေရဲ့ Trend အတိုင်းဖြစ်ပြီး GAC SUV တိုင်းမှာတွေ့ရလေ့ရှိတဲ့ Roof tail ပါတယ်။ ပြီးတော့ နောက်ဘက်ဒီဇိုင်းပိုင်းက GS 5 ထက်ပိုလန်းတယ်။ ပေါင်းစပ်နောက်မီးတွေပါဝင်ပြီး Back Trunk ကလည်းတော်တော် ကျယ်သလို ဝန်က 450 L တောင်ဆန့် တာဆိုတော့မဆိုးဘူး။
အတွင်းခန်း
ဒီအပိုင်းမှာတော့ တော်တော်လေးအကြိုက်တွေ့မိတာတွေရှိပါတယ်။ ပထမဆုံး အနက်ရောင် Theme နဲ့လုပ်ထားတဲ့ အတွင်းခန်းမှာ လှပပြီးဆွဲဆောင်မှုရှိတဲ့ တံခါးဘေးလက်ကိုင်တွေ၊ ဒတ်ရှ်ဘုတ်ဒီဇိုင်းနဲ့ Quality ၊ Climate Control ကို ပုံစံဆန်းဆန်းလေးနဲ့ ဖွဲ့စည်းဒီဇိုင်းဖော်ထားပုံက ထူးခြားလှပနေပါတယ်။ ခွက်ထည့်စရာတွေ၊ ပစ္စည်းထည့်စရာတွေက အများကြီးပဲ။ လည်သာထိုင်ခုံတွေဖြစ်ပြီး Driver ထိုင်ခုံက Seat Motor နဲ့ဖြစ်ပြီး ပုံစံ ၆ မျိုးပြောင်းနိုင်ပါတယ်။ ထိန်းချုပ်စရာ Control တွေများတယ်။ သတင်းအချက်အလက်အတွက် 7″ touch screen ပါဝင်ပြီး အကောင်းဆုံး ကြည်လင်ပြတ်သားစွာ တေးဂီတကိုခံစားနိုင်မယ့် 6-speaker Hi-Fi sound system ပါဝင်ပါတယ်။ဒါ့အပြင် Radio, CD, USB, Aux, iPod တွေသာမက HDMI mobile phone interconnection လဲပါဝင်ပါတယ်။ Engine Start/Stop စနစ်ဖြစ်ပြီး GAC ရဲ့ G-DCT မော်ဒယ်အားလုံးမှာ BOSCH မှ Engine Start-Stop စနစ်ကို အသုံးပြု ထုတ်လုပ်ထား လို့ တစ်ရက်ကို အကြိမ်ပေါင်း ၁၅၀အထိ အဖွင့် အပိတ်လုပ်နိုင်ပြီး Keylee Entry လည်းဖြစ်ပါတယ်။ Auto Hold လို၊ EPB တို့လိုအဆင့်မြင့်ပါဝင်မှု စနစ်တွေလည်း ထည့်သွင်းထားပါ သေးတယ်။ ထိန်းချုပ်မှုခလုတ်တွေပါတဲ့ 4 Spoke စတီယာ ရင်ပုံစံ၊ Sunroof ၊ နောက်လက်တင်ခုံနဲ့ Cup Holder ၊ Tire Pressure Monitor ပစ္စည်းတင်ဖို့အတွက် နောက်ခုံတန်းကိုပါ ခေါက်သိမ်းနိုင်တဲ့စနစ်၊ အဆင့်မြင့်တဲ့ ဂီယာတံပုံစံတွေကြောင့် GS 4 ရဲ့အတွင်းခန်းက တော်တော်လေးလက်ခံနိုင်တဲ့ အနေအထားမျိုးဖြစ်ပါတယ်။
အင်ဂျင်နှင့်စွမ်းဆောင်ရည်
ဒီကားမှာ GAC ရဲ့နောက်ဆုံးပေါ် 200 T အမျိုးအစား 1.5 L Turbo ဓါတ်ဆီအင်ဂျင်ကို သုံးထားသလို 7G –DCT အော်တိုဂီယာ စနစ်ဖြစ်ပါတယ်။ 2WD စနစ်ဖြစ်ပြီး ပါဝါထွက်ရှိမှုက မြင်းကောင်ရေ 150 အားဖြစ်ပြီး ရုန်းအားက 235Nm ဖြစ်ပါတယ်။ အင်ဂျင်သေးပြီး ပါဝါထွက်ရှိနှုန်းအားကောင်းအောင် ပြုလုပ်ပေးတဲ့စနစ်က 200 T နည်းပညာ မှာထည့် သွင်းပေးထားပါတယ်။ ဘီး ၄ ဘီးလုံးရဲ့ suspension က သီးသန့်စီတည်ဆောက်ထားတဲ့ စနစ်ဖြစ်ပြီး အရှေ့ကို McPherson Front Independent Suspension အသုံးပြုထားသလို အနောက်ကို multi-link သုံးထားပါ တယ်။ဒါကြောင့် GS4 က လမ်းကြမ်းတွေ မောင်းနှင်ရာမှာ စီးနင်းသူတွေကို သက်သောင့်သက်သာရှိစေမှာဖြစ်တယ်လို့ သိရပါတယ်။ ပြီး တော့ ဘရိတ်စနစ်ကလည်း အမြင့်ဆုံးသော စွမ်းဆောင်ရည်ကို ရရှိနိုင်မယ့် Disc Brake တွေကို သုံးစွဲထားပါတယ်။
လုံခြုံရေး
ပထမဆုံး ပြောပြချင်တာက 360′ Panoramic Parking Image System ပါတဲ့ကင်မရာစနစ်ဖြစ်ပါတယ်။ ဒါက GAC ရဲ့မော်ဒယ်တိုင်းလိုလိုမှာမြင်တွေ့နေကြဖြစ်ပါတယ်။ ဘော်ဒီပိုင်းကိုလည်း အမေရိကန် Standard ဖရိန်တွေသုံးထားလို့ မကျောမှုအပြည့်ရှိမယ်လို့ GAC မှဆိုထားပါတယ်။ ပြီးတော့ Bosch ရဲ့နောက်ဆုံးပေါ် ESP ကို အသုံးပြုထားပြီး ကုန်းဆင်း တွေမှာကူညီပေးနိုင်တဲ့ Hill Descent Control ၊ လေအိတ် ၆လုံး အပြင် Tire Pressure Monitoring System, Warning System, Lane Departure Warning System, Blind Spots Warning , Cruise Control နဲ့Rear Cross Traffic Alert အစရှိတဲ့ Feature တွေကို သုံးထားလို့ C-NCAP မှာ ကြယ် (၅)ပွင့်ရရှိထားပါတယ်။
စမ်းသပ်မောင်းနှင်ခြင်း
GS 4 မှာပါတဲ့ 200 T အင်ဂျင်လျစ်လျစ်ထနေတာပဲ။ ဆီစားနှုန်းကလည်း ၁၀၀ ကီလိုမီတာကို 6.6 လီတာဆိုတော့ ဆလွန်းကားလောက်ပဲနော်။ တာဘိုပါတော့ အထမြန်တာပေါ့။ မြင်းကောင်ရေထွက်တာများတော့ ကားကနင်းသလောက် ပါတယ်။ နောက်ပြီး ဒီကားမှာသုံးထားတဲ့ အမေရိက TRW ရဲ့ နောက်ဆုံးပေါ်နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ Electric Power Steering (EPS)စနစ်ကို အသုံးပြုထားလို့ တုန့်ပြန်မှုက ဝ.၃ စက္ကန့်သာရှိပြီး အရှိန်နည်းရင် ပေါ့ပြီး အရှိန်များရင် စတီယာတိုင်ကို လေးပေးပါတယ်။ ဒီစနစ်ကြောင့် လမ်းကျဉ်းလေးထဲမှာ ကီလို ၈၀ လောက်မောင်းပြီး ရှောင်ရတာ တွေမှာစတီယာရင် စနစ်ကတော်တော်လေးအကြိုက်တွေ့မိပါတယ်။ မြေပြင်ကင်းလွတ်ပမာဏကလည်း 190 mm ဆိုတော့ ပြည်တွင်းလမ်းတွေမှာ အဆင်ပြေပြေမောင်းနှင်နိုင်မှာပါ။
ဈေးနှုန်းနဲ့သုံးသပ်ချက်
ဒီကားလေးက ဈေးကွက်အတွင်းမှာ လူသိများလာသလို နာမည်လည်းရလာပါတယ်။ GS 4 မှာ စာရေးသူအဓိက ကြိုက်တာက အတွင်းခန်းဒီဇိုင်း၊ သက်သောင့်သက်သာရှိပြီး ကျယ်ဝန်းတဲ့အတွင်းခန်း၊ စတီယာရင်စနစ်တွေပဲဖြစ် ပါတယ်။အဲဒီအပြင် ဒီကားက နည်းပညာ၊ပါဝင်ပစ္စည်းတွေကြောင့် အဘက်ဘက်က ပြည့်စုံပေမယ့် တစ်ခုပြောစရာရှိတာက Touch Screen ပိုင်းဖြစ်ပါတယ်။ ဒီအပိုင်းမှာ နည်းနည်းအားနည်းချက်တွေတွေ့ရသလို နှိပ်ရတဲ့အပိုင်မှာလည်း နည်းနည်းတော့ စိတ်တိုင်းမကျချင်ပါဘူး။ ဒီအပိုင်းလေးကိုသာ သေချာပြင်လိုက်ရင် ဒီကားက အပြစ်နည်းလောက် အောင်ကို ကောင်းမွန်သွားပါလိမ့်မယ်။ ခြုံပြီးဆိုရရင်တော့ နည်းပညာကောင်းတဲ့ကုမ္ပဏီတွေရဲ့ နည်းပညာတွေသုံးထားပြီး Auto Hold ,EPB စနစ်တို့လိုစနစ်လေးတွေတောင် အသေးစိတ်ထည့်သွင်းထားတဲ့ GS 4 က သူ့ရဲ့ဆောင်ပုဒ်ဖြစ်တဲ့ “ SUV တစ်စီးရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်အသစ်” နဲ့ညီတဲ့ကားတစ်စီးဖြစ်ပါတယ်။ ဈေးကတော့ USD 43,888 ပဲဖြစ်ပါတယ်။

Specification…
Engine – New 200T 1.5L Turbo Engine
Displacement(CC) – 1495
Transmissions – 7G –DCT Transmission
Maximum Power (HP/rpm) – 152/5,000
Maximum Torque (Nm/rpm) – 235/ 4,250
Drivetrain – FWD
Top Speed (Km/h) – 180
Acceleration 0-100 Km/h (sec) – 9.5

Zawgyi Version…

SUV တစ္စီးရဲ႕အဓိပၸါယ္ဖြင့္ဆုိခ်က္အသစ္ (သို႕) GAC GS4
လက္ရွိကမာၻ႔စီးပြားေရးအင္အားၾကီးႏိုင္ငံထဲမွာ ဒုတိယေနရာကေနရပ္တည္ေနတဲ့ တရုတ္ႏိုင္ငံဟာဆုိရင္ ေမာ္ေတာ္ကား ေစ်းကြက္မွာလည္း ထိပ္ဆုံးကဦးေဆာင္ေနပါတယ္။ အဲဒီအတူ ကားေစ်းကြက္ထဲမွာလည္း တရုတ္ကား Brand မ်ိဳးစုံဝင္ ေရာက္ေနရာယူလာၾကျပီး အခ်ိဳ႕ကေတာ့ ျပည္တြင္းေစ်းကြက္ေတြတင္မဟုတ္ဘဲ ျပည္ပေစ်းကြက္ကုိပါ ထုိးေဖာက္ လာၾကပါျပီ။ ဒီကားေတြက တရုတ္ျပည္တြင္းထုတ္ဆုိေပမယ့္ အသံုးျပဳထားတဲ့ ကုန္ပစၥည္းေတြက ဂ်ာမနီမွ Bosch, အေမရိက မွ Continental, Johnson နဲ႔ TRW၊ ၿဗိတိန္မွ Delphi၊ ျပင္သစ္မွ Faurecia၊ ကေနဒါမွ Magna၊ ဂ်ပန္မွ Aisin နဲ႔ Denso တို႔ကေနတစ္ဆင့္တရားဝင္တင္သြင္းခဲ့တာဆုိေတာ့ နည္းပညာပုိင္းအစုံအလင္ကုိ ေတြ႔ျမင္ၾကရမွာျဖစ္ပါတယ္။ အဲဒီထဲမွာေတာ့ မၾကာေသးခင္ကမွ ေစ်းကြက္ထဲေရာက္လာေပမယ့္ အခုခ်ိန္မွာ Premium အဆင့္လူစီးကား ေတြထုတ္ လုပ္မွဳေၾကာင့္ လူၾကိဳက္မ်ားေနတဲ့ GAC ရဲ႕SUV ကားသစ္ေလးတစ္စီးကုိ Drive ရဲ႕စမ္းသပ္ေမာင္းႏွင္ျခင္းက႑ထဲကုိ ထည့္သြင္းေပးခ်င္ပါတယ္။ ဒီကား Compact SUV GS 4 လုိ႔အမည္တြင္ျပီး ၂၀၁၅ ခုႏွစ္မွာစတင္ထုတ္လုပ္ခဲ့ တာျဖစ္ပါတယ္။သူ႕ကုိ Sedan အမ်ိဳးအစားျဖစ္တဲ့ GA 3 Platform အတုိင္းထုတ္ထားျပီး ယခင္ထြက္ရွိျပီးသား Compact SUV GS 5Super နဲ႔ ကုိယ္ထည္ဆုိက္ဒ္သိပ္မကြာပါဘူး။ GS4ရဲ႕ အလ်ား၊ အနံ၊ အျမင့္ မွာ 4510x1852x1708 mm ရွိပါတယ္။ အခု GS 4 က GS 5 ထက္ အလ်ားနည္းနည္းတုိေပမယ့္ ပုိေတာ့ျမင့္ပါတယ္။ ကဲ..သူ႕ရဲ႕ရုပ္ထြက္ပုိင္းကုိ အရင္ေလ့လာၾကည့္ရေအာင္ပါ။
အျပင္ဘက္
ရုတ္တရက္ၾကည့္လုိက္ရင္ေတာ့ GS 5 နဲ႔ေတာ္ေတာ္ေလးဆင္ေပမယ့္ သူက ေနာက္မွထြက္တဲ့ေမာ္ဒယ္ဆုိေတာ့ မီးလုံးပုိင္း ေတြပုိလွပျပီး အဆင့္ျမင့္လာတယ္။ သူ႔ရဲ႕ရွဲေတြနဲ႔ ဒီဇုိင္းက Flying Dynamic Design ကုိအေျခခံထားျပီး Sculpting 2.0 ဒီဇုိင္းျဖစ္လုိ႔ အရင္ဒီဇုိင္းေတြထက္ပုိျပီး လွပေနပါတယ္။ ေရွ႕မီးေတြက စတီယာရင္ခ်ိဳးရာကုိ လုိက္ေကြ႕ေပးမယ့္ Intelligent Adaptive Front-lighting ျဖစ္ျပီး Halogen စနစ္သုံးျဖစ္ပါတယ္။ Halogen က ပုိျပီးလင္းအား၊ျဖန္႕ က်က္အားပုိေကာင္းသလုိ တုံျပန္မွဳ လည္းျမန္ဆန္ပါတယ္။ ျပီးေတာ့ ဒီမီးၾကီးေတြက ေအာ္တုိအဖြင့္၊အပိတ္၊ အတင္၊အခ်စ နစ္ သုံးထားပါတယ္။ အဲဒီမီးၾကီးေပၚမွာပါတဲ့ Signal မီးက လည္း ျမားပုံသ႑ာန္ဒီဇုိင္းျဖစ္သြားေတာ့ GS 4 က မီးလုံးပုံစံ ေတာ္ေတာ္ေလးေလးမုိက္တယ္လုိ႔ ဆုိရမွာျဖစ္ပါတယ္။ ေနာက္ျပီးေတာ့ LED Daytime running light နဲ႔ Fog Lamp ေတြက ေအာက္ဘက္ကုိေရာက္သြားျပီး ဒီဇုိင္းကလည္း ဆန္းသြားပါတယ္။ ေရွ႕ေနာက္မွန္ေတြေပၚက Wiper ေတြက ေအာ္တုိဆင္ဆာနဲ႔ အလုပ္လုပ္ပါမယ္။ ျပီးေတာ့ လွပဆန္းသစ္တဲ့ဒီဇုိင္းနဲ႔ ၁၈ လက္မ Alloy Wheel ေတြပါဝင္ပါဦးမယ္။ အခ်ိဳးအဆစ္က GAC ကားေတြရဲ႕ Trend အတုိင္းျဖစ္ျပီး GAC SUV တုိင္းမွာေတြ႔ရေလ့ရွိတဲ့ Roof tail ပါတယ္။ ျပီးေတာ့ ေနာက္ဘက္ဒီဇုိင္းပုိင္းက GS 5 ထက္ပိုလန္းတယ္။ ေပါင္းစပ္ေနာက္မီးေတြပါဝင္ျပီး Back Trunk ကလည္းေတာ္ေတာ္ က်ယ္သလုိ ဝန္က 450 L ေတာင္ဆန္႔ တာဆုိေတာ့မဆုိးဘူး။
အတြင္းခန္း
ဒီအပုိင္းမွာေတာ့ ေတာ္ေတာ္ေလးအၾကိဳက္ေတြ႔မိတာေတြရွိပါတယ္။ ပထမဆုံး အနက္ေရာင္ Theme နဲ႔လုပ္ထားတဲ့ အတြင္းခန္းမွာ လွပျပီးဆဲြေဆာင္မွဳရွိတဲ့ တံခါးေဘးလက္ကုိင္ေတြ၊ ဒတ္ရွ္ဘုတ္ဒီဇုိင္းနဲ႕ Quality ၊ Climate Control ကုိ ပုံစံဆန္းဆန္းေလးနဲ႔ ဖဲြ႕စည္းဒီဇုိင္းေဖာ္ထားပုံက ထူးျခားလွပေနပါတယ္။ ခြက္ထည့္စရာေတြ၊ ပစၥည္းထည့္စရာေတြက အမ်ားၾကီးပဲ။ လည္သာထုိင္ခုံေတြျဖစ္ျပီး Driver ထုိင္ခုံက Seat Motor နဲ႔ျဖစ္ျပီး ပုံစံ ၆ မ်ိဳးေျပာင္းႏိုင္ပါတယ္။ ထိန္းခ်ဳပ္စရာ Control ေတြမ်ားတယ္။ သတင္းအခ်က္အလက္အတြက္ 7″ touch screen ပါဝင္ၿပီး အေကာင္းဆံုး ၾကည္လင္ျပတ္သားစြာ ေတးဂီတကိုခံစားႏိုင္မယ့္ 6-speaker Hi-Fi sound system ပါဝင္ပါတယ္။ဒါ့အျပင္ Radio, CD, USB, Aux, iPod ေတြသာမက HDMI mobile phone interconnection လဲပါဝင္ပါတယ္။ Engine Start/Stop စနစ္ျဖစ္ျပီး GAC ရဲ႕ G-DCT ေမာ္ဒယ္အားလံုးမွာ BOSCH မွ Engine Start-Stop စနစ္ကို အသံုးျပဳ ထုတ္လုပ္ထား လုိ႔ တစ္ရက္ကုိ အႀကိမ္ေပါင္း ၁၅၀အထိ အဖြင့္ အပိတ္လုပ္ႏိုင္ၿပီး Keylee Entry လည္းျဖစ္ပါတယ္။ Auto Hold လုိ၊ EPB တုိ႔လုိအဆင့္ျမင့္ပါဝင္မွဳ စနစ္ေတြလည္း ထည့္သြင္းထားပါ ေသးတယ္။ ထိန္းခ်ဳပ္မွဳခလုတ္ေတြပါတဲ့ 4 Spoke စတီယာ ရင္ပုံစံ၊ Sunroof ၊ ေနာက္လက္တင္ခုံနဲ႕ Cup Holder ၊ Tire Pressure Monitor ပစၥည္းတင္ဖုိ႔အတြက္ ေနာက္ခုံတန္းကုိပါ ေခါက္သိမ္းႏိုင္တဲ့စနစ္၊ အဆင့္ျမင့္တဲ့ ဂီယာတံပုံစံေတြေၾကာင့္ GS 4 ရဲ႕အတြင္းခန္းက ေတာ္ေတာ္ေလးလက္ခံႏိုင္တဲ့ အေနအထားမ်ိဳးျဖစ္ပါတယ္။
အင္ဂ်င္ႏွင့္စြမ္းေဆာင္ရည္
ဒီကားမွာ GAC ရဲ႕ေနာက္ဆုံးေပၚ 200 T အမ်ိဳးအစား 1.5 L Turbo ဓါတ္ဆီအင္ဂ်င္ကုိ သုံးထားသလုိ 7G –DCT ေအာ္တုိဂီယာ စနစ္ျဖစ္ပါတယ္။ 2WD စနစ္ျဖစ္ျပီး ပါဝါထြက္ရွိမွဳက ျမင္းေကာင္ေရ 150 အားျဖစ္ျပီး ရုန္းအားက 235Nm ျဖစ္ပါတယ္။ အင္ဂ်င္ေသးျပီး ပါဝါထြက္ရွိႏွုန္းအားေကာင္းေအာင္ ျပဳလုပ္ေပးတဲ့စနစ္က 200 T နည္းပညာ မွာထည့္ သြင္းေပးထားပါတယ္။ ဘီး ၄ ဘီးလုံးရဲ႕ suspension က သီးသန္႔စီတည္ေဆာက္ထားတဲ့ စနစ္ျဖစ္ၿပီး အေရွ႕ကို McPherson Front Independent Suspension အသံုးျပဳထားသလုိ အေနာက္ကို multi-link သံုးထားပါ တယ္။ဒါေၾကာင့္ GS4 က လမ္းၾကမ္းေတြ ေမာင္းႏွင္ရာမွာ စီးနင္းသူေတြကုိ သက္ေသာင့္သက္သာရွိေစမွာျဖစ္တယ္လုိ႔ သိရပါတယ္။ ျပီး ေတာ့ ဘရိတ္စနစ္ကလည္း အျမင့္ဆုံးေသာ စြမ္းေဆာင္ရည္ကုိ ရရွိႏိုင္မယ့္ Disc Brake ေတြကုိ သုံးစြဲထားပါတယ္။
လုံျခဳံေရး
ပထမဆုံး ေျပာျပခ်င္တာက 360′ Panoramic Parking Image System ပါတဲ့ကင္မရာစနစ္ျဖစ္ပါတယ္။ ဒါက GAC ရဲ႕ေမာ္ဒယ္တုိင္းလုိလုိမွာျမင္ေတြ႔ေနၾကျဖစ္ပါတယ္။ ေဘာ္ဒီပုိင္းကုိလည္း အေမရိကန္ Standard ဖရိန္ေတြသုံးထားလုိ႔ မေက်ာမွဳအျပည့္ရွိမယ္လုိ႔ GAC မွဆုိထားပါတယ္။ ျပီးေတာ့ Bosch ရဲ႕ေနာက္ဆံုးေပၚ ESP ကို အသံုးျပဳထားၿပီး ကုန္းဆင္း ေတြမွာကူညီေပးႏိုင္တဲ့ Hill Descent Control ၊ ေလအိတ္ ၆လံုး အျပင္ Tire Pressure Monitoring System, Warning System, Lane Departure Warning System, Blind Spots Warning , Cruise Control နဲ႔Rear Cross Traffic Alert အစရွိတဲ့ Feature ေတြကုိ သုံးထားလုိ႔ C-NCAP မွာ ၾကယ္ (၅)ပြင့္ရရွိထားပါတယ္။
စမ္းသပ္ေမာင္းႏွင္ျခင္း
GS 4 မွာပါတဲ့ 200 T အင္ဂ်င္လ်စ္လ်စ္ထေနတာပဲ။ ဆီစားႏွဳန္းကလည္း ၁၀၀ ကီလိုမီတာကုိ 6.6 လီတာဆုိေတာ့ ဆလြန္းကားေလာက္ပဲေနာ္။ တာဘုိပါေတာ့ အထျမန္တာေပါ့။ ျမင္းေကာင္ေရထြက္တာမ်ားေတာ့ ကားကနင္းသေလာက္ ပါတယ္။ ေနာက္ျပီး ဒီကားမွာသုံးထားတဲ့ အေမရိက TRW ရဲ႕ ေနာက္ဆံုးေပၚနည္းပညာနဲ႔ ထုတ္လုပ္ထားတဲ့ Electric Power Steering (EPS)စနစ္ကို အသံုးျပဳထားလုိ႔ တုန္႔ျပန္မႈက ၀.၃ စကၠန္႔သာရွိၿပီး အရွိန္နည္းရင္ ေပါ့ၿပီး အရွိန္မ်ားရင္္ စတီယာတိုင္ကို ေလးေပးပါတယ္။ ဒီစနစ္ေၾကာင့္ လမ္းက်ဥ္းေလးထဲမွာ ကီလုိ ၈၀ ေလာက္ေမာင္းျပီး ေရွာင္ရတာ ေတြမွာစတီယာရင္ စနစ္ကေတာ္ေတာ္ေလးအၾကိဳက္ေတြ႔မိပါတယ္။ ေျမျပင္ကင္းလြတ္ပမာဏကလည္း 190 mm ဆုိေတာ့ ျပည္တြင္းလမ္းေတြမွာ အဆင္ေျပေျပေမာင္းႏွင္ႏုိင္မွာပါ။
ေစ်းႏွဳန္းနဲ႕သုံးသပ္ခ်က္
ဒီကားေလးက ေစ်းကြက္အတြင္းမွာ လူသိမ်ားလာသလုိ နာမည္လည္းရလာပါတယ္။ GS 4 မွာ စာေရးသူအဓိက ၾကိဳက္တာက အတြင္းခန္းဒီဇုိင္း၊ သက္ေသာင့္သက္သာရွိျပီး က်ယ္ဝန္းတဲ့အတြင္းခန္း၊ စတီယာရင္စနစ္ေတြပဲျဖစ္ ပါတယ္။အဲဒီအျပင္ ဒီကားက နည္းပညာ၊ပါဝင္ပစၥည္းေတြေၾကာင့္ အဘက္ဘက္က ျပည့္စုံေပမယ့္ တစ္ခုေျပာစရာရွိတာက Touch Screen ပုိင္းျဖစ္ပါတယ္။ ဒီအပုိင္းမွာ နည္းနည္းအားနည္းခ်က္ေတြေတြ႔ရသလုိ ႏွိပ္ရတဲ့အပုိင္မွာလည္း နည္းနည္းေတာ့ စိတ္တုိင္းမက်ခ်င္ပါဘူး။ ဒီအပုိင္းေလးကုိသာ ေသခ်ာျပင္လုိက္ရင္ ဒီကားက အျပစ္နည္းေလာက္ ေအာင္ကုိ ေကာင္းမြန္သြားပါလိ္မ့္မယ္။ ျခဳံျပီးဆုိရရင္ေတာ့ နည္းပညာေကာင္းတဲ့ကုမၸဏီေတြရဲ႕ နည္းပညာေတြသုံးထားျပီး Auto Hold ,EPB စနစ္တုိ႔လုိစနစ္ေလးေတြေတာင္ အေသးစိတ္ထည့္သြင္းထားတဲ့ GS 4 က သူ႕ရဲ႕ေဆာင္ပုဒ္ျဖစ္တဲ့ “ SUV တစ္စီးရဲ႕အဓိပၸါယ္ဖြင့္ဆုိခ်က္အသစ္” နဲ႕ညီတဲ့ကားတစ္စီးျဖစ္ပါတယ္။ ေစ်းကေတာ့ USD 43,888 ပဲျဖစ္ပါတယ္။

Specification…
Engine – New 200T 1.5L Turbo Engine
Displacement(CC) – 1495
Transmissions – 7G –DCT Transmission
Maximum Power (HP/rpm) – 152/5,000
Maximum Torque (Nm/rpm) – 235/ 4,250
Drivetrain – FWD
Top Speed (Km/h) – 180
Acceleration 0-100 Km/h (sec) – 9.5