Unicode version
Hyundai ၏ 2018 ထုတ် Model များနှင့် 2017 Ioniq Lineup တို့ ၌ Blue Link ဆက်သွယ်ခြင်း ၀န်ဆောင်မှုစနစ် အား Standard အနေဖြင့် စတင်ထည့်သွင်းမည်ဖြစ်ပြီး ၎င်းတွင် (အံဝင်ဂွင်ကျဖြစ်စေမည့် Google Assistant အသုံးပြုခြင်း ) လည်း ပါရှိမည်ဟု Hyundai မှ ကြေညာလို်က်ပါသည်။ 2018 Hyundai Elantra GT / 2018 Hyundai Santa Fe Sport / Redesigned 2018 Sonata တို့ ၌ ပထမဆုံး တပ်ဆင်မည်ဖြစ်ပြီး ၀ယ်ယူသူများ အနေဖြင့် Blue Link အသုံးပြုမှုအတွက် အသင်းဝင်ကြေး ( 3 years Free ) ခံစားရပါမည်။ အဆိုပါ ၀န်ဆောင်မှု ၌ – အဝေးမှ တံခါးများ Lock ချခြင်း ၊အဝေးမှ စက်နိုးခြင်း ၊Air – Con ဖွင့်စေခြင်း ၊ ယာဉ်၏ လစဉ်ပြုပြင် ထိန်းသိမ်းမှုမှတ်တမ်းစသည့် ထိန်းချုပ်မှုအားလုံးကို အသုံးပြုသူ၏ Smart phone ၊ Smart watch နှင့် Amazon Alexia မှ တဆင့် ထိန်းချုပ်နိုင်မည်ဖြစ်သည်။ ထိုအချိန်နှင့် တပြိုင်တည်း၌ Hyundai သည် ၎င်း၏ Blue Link ၀န်ဆောင်မှုအတွင်းသို့ Google Assistant Function အား ဖြည့်စွက်ထည့်သွင်း ထားမည်ဖြစ်သည်။ အဆိုပါနည်းပညာအား Google Hare Voice Active Speaker မှ တဆင့် အသုံးပြုရမည်ဖြစ်ကာ များစွာသော Blue Link Function များဖြင့် ထိန်းချုပ်နိုင်မည်ဖြစ်သည်။ အလားတူ လျှပ်စစ်ကားများအတွက် ( Plug – in )စနစ်ဖြင့် အားသွင်းခြင်း / ဟွန်းနှင့် ကားမီးများ ၊ ‛Automatic Collision Notification / SOS အရေးပေါ်ကူညီမှု / ခိုးယူသွားသည့် ယာဉ်၏ တည်နေရာ ရှာဖွေခြင်း ၊စသည့်လုပ်ဆောင်ချက်များကိုလည်း ပြုလုပ်နိုင်မည်ဖြစ်သည်။ ‛‛ကျွနု်ပ်တို့သည် ထိုကဲ့သို့ ကောင်းမွန်သည့် Customer –Focused ဖြစ်မည့် ပေါင်းစပ်ခြင်းလုပ်ငန်း နယ်ပယ်၌ ဆက်လက်၍ ဦးဆောင်သွားမည်″ ဟု Hyundai Motor America ၏ Digital Business Planning and Connected Operation ဌာန၏ ညွန်ကြားရေးမူဖြစ်သူ Mr Manish Mohrotra မှ ပြောကြားပါသည်။
Zawgyi version…
Hyundai ၏ 2018 ထုတ္ Model မ်ားႏွင့္ 2017 Ioniq Lineup တုိ႔ ၌ Blue Link ဆက္သြယ္ျခင္း ၀န္ေဆာင္မႈစနစ္ အား Standard အေနျဖင့္ စတင္ထည့္သြင္းမည္ျဖစ္ၿပီး ၎တြင္ (အံ၀င္ဂြင္က်ျဖစ္ေစမည့္ Google Assistant အသုံးျပဳျခင္း ) လည္း ပါရွိမည္ဟု Hyundai မွ ေၾကညာလို္က္ပါသည္။ 2018 Hyundai Elantra GT / 2018 Hyundai Santa Fe Sport / Redesigned 2018 Sonata တုိ႔ ၌ ပထမဆုံး တပ္ဆင္မည္ျဖစ္ၿပီး ၀ယ္ယူသူမ်ား အေနျဖင့္ Blue Link အသုံးျပဳမႈအတြက္ အသင္း၀င္ေၾကး ( 3 years Free ) ခံစားရပါမည္။ အဆိုပါ ၀န္ေဆာင္မႈ ၌ – အေ၀းမွ တံခါးမ်ား Lock ခ်ျခင္း ၊အေ၀းမွ စက္ႏိုးျခင္း ၊Air – Con ဖြင့္ေစျခင္း ၊ ယာဥ္၏ လစဥ္ျပဳျပင္ ထိန္းသိမ္းမႈမွတ္တမ္းစသည့္ ထိန္းခ်ဳပ္မႈအားလုံးကို အသုံးျပဳသူ၏ Smart phone ၊ Smart watch ႏွင့္ Amazon Alexia မွ တဆင့္ ထိန္းခ်ဳပ္ႏိုင္မည္ျဖစ္သည္။ ထိုအခ်ိန္ႏွင့္ တၿပိဳင္တည္း၌ Hyundai သည္ ၎၏ Blue Link ၀န္ေဆာင္မႈအတြင္းသို႔ Google Assistant Function အား ျဖည့္စြက္ထည့္သြင္း ထားမည္ျဖစ္သည္။ အဆိုပါနည္းပညာအား Google Hare Voice Active Speaker မွ တဆင့္ အသုံးျပဳရမည္ျဖစ္ကာ မ်ားစြာေသာ Blue Link Function မ်ားျဖင့္ ထိန္းခ်ဳပ္ႏိုင္မည္ျဖစ္သည္။ အလားတူ လွ်ပ္စစ္ကားမ်ားအတြက္ ( Plug – in )စနစ္ျဖင့္ အားသြင္းျခင္း / ဟြန္းႏွင့္ ကားမီးမ်ား ၊ ‛Automatic Collision Notification / SOS အေရးေပၚကူညီမႈ / ခိုးယူသြားသည့္ ယာဥ္၏ တည္ေနရာ ရွာေဖြျခင္း ၊စသည့္လုပ္ေဆာင္ခ်က္မ်ားကိုလည္း ျပဳလုပ္ႏိုင္မည္ျဖစ္သည္။ ‛‛ကၽြႏု္ပ္တို႔သည္ ထိုကဲ့သို႔ ေကာင္းမြန္သည့္ Customer –Focused ျဖစ္မည့္ ေပါင္းစပ္ျခင္းလုပ္ငန္း နယ္ပယ္၌ ဆက္လက္၍ ဦးေဆာင္သြားမည္″ ဟု Hyundai Motor America ၏ Digital Business Planning and Connected Operation ဌာန၏ ညြန္ၾကားေရးမူျဖစ္သူ Mr Manish Mohrotra မွ ေျပာၾကားပါသည္။