ကမ္ဘာကျော် Jaguar ၏ နာမည်ကျော် (2018 F-Pace Crossover) တွင် ၀ယ်သူ့စိတ်ကြိုက် ဖန်တီးနိုင်မည့် (ကားအတွင်းခန်းအလင်းပေးစနစ်)အား (US $ 2350) ခန့်ဖြင့် ထူးခြားစွာရယူပိုင်ဆိုင်နိုင် ပါမည်။ အဆိုပါ အထူးပြုလုပ်ချက်များပါဝင်သည့် Ambient Lighting စနစ်တွင် (အရောင်ပေါင်းစပ်မှုများ) ဟန်ချက်ညီစွာ ပါရှိပြီး Jaguar မှတင်စားခေါ်ဝေါ်သည့် Caesium ခေါ် အပြာရောင်အဆင်းကို အဓိကအသုံးပြုမည်ဖြစ်ပြီး အရောင်တောက်ပမှုအား ညီညွတ်စွာ ဖန်တီးထားမည် ဖြစ်ပါသည်။
F- Pace ၏ Ambient Lighting စနစ်တွင် ကား Dashboard ရှိ ထိန်းချုပ် ခလုတ်များ မပါဝင်ပါ။ ၄င်းတို့တွင် သဘာဝအတိုင်းခံစားရမည့် အဖြူရောင်တောက်ပသည့် အလင်းကိုသာ(ရှေ့မီးဖွင့်ပါက) ရရှိစေပါမည်။ သို့သော် ဂီယာထိန်းချုပ်အုံနှင့် ပတ်လည်တ၀ိုက်တွင် (အပြာ/အနီ/ခရမ်းရောင်/ အစိမ်းရောင်) စသည့်အလင်းရောင်များအား စိတ်ကြိုက်ရွေးချယ်နိုင်ပါမည်။
၎င်း၏ ဂီယာဒိုင်ခွက်အုံတွင် မတူညီသည့် (Display Model) များပြုလုပ်နိုင်ပါမည်။ ၄င်းတို့မှာ (ပြာလဲ့လဲ့အရောင်)သည် ပုံမှန် အသုံးပြုခြင်းဖြစ်ပြီး (Sport Mode) ရွေးချယ်လိုက်ပါက (အနီရောင်)သို့ ပြောင်းသွားပါမည်။ ထူးခြားမှုမှာ (Sport Mode)ဆိုပါက ဒိုင်ခွက်မီးအပြင် Ambient Light ပါ အနီရောင်သို့ ပြောင်းသွားမည်ဖြစ်ပါသည်။ သို့သော် (Sport Dynamic) ပုံစံဆိုပါက အနီရောင်အပြင် အပြာရောင်ကိုလည်းရွေးချယ် နိုင်ပါမည်။
(2018 Jaguar F – Pace) သည် (sporty Crossover) ပုံစံဖြစ်ပြီး အလူမီနီယံသတ္တုဖြင့် အဓိက ဖန်တီးထားခြင်း၊ လှပဆန်းသစ်သည့် ဒီဇိုင်းပုံစံရှိခြင်း၊ အထူးကောင်းမွန်ပြီး သွက်လက်ပေါ့ပါးမှုရှိသည့် အောင်ပိုင်းဆိုင်းထိန်းစနစ်များ ပါဝင်ခြင်း၊ ဆီစားသက်သာပြီး စွမ်းဆောင်ရည်မြင့်မားသည့် အင်ဂျင်စနစ် ပါရှိခြင်းနှင့် အဆင့်မြင့်လုံခြုံရေးစနစ်များ ပါဝင်ခြင်းတို့ကြောင့် အထူးနာမည်ကျော် ထင်ရှားသည့် ဗြိတိသျှတို့၏ ဂုဏ်ဆောင် ကားတစ်စင်းဖြစ်ပါသည်။