Unicode version…
Jeep ကားချစ်သူများရင်ခုန်စွာမျှော်လင့်နေသည့် Wrangler၏(All New 2018 Wrangler)ဓာတ်ပုံများတရားဝင် ထွက်ရှိ၍လာပါသည်။အဆိုပါ(2018 Wranger)အား(2door)နှင့်(4door)ပုံစံ(၂) မျိုးဖြင့်Jeepမှ ထုတ်လုပ်ထားပါသည်။Jeep အနေဖြင့် ယခုပြသည့် Wrangler ဓာတ်ပုံအချို ့မှလွှဲ၍အခြားသော၄င်း၏ သတင်း/အချက်အလက်များအား (2017 Nov 29) တွင်ကျင်းပမည့်(Los Angles Auto Show) တွင်သာ မိတ်ဆက်ပြသမည်ဖြစ်ပါသည်။သို့သော်Warnglerချစ်သူများအနေဖြင့် ယခုထုတ်ပြန်ထားသည့် ဓာတ်ပုံမှ တဆင့် ထူးခြားချက်များအားလေ့လာနိုင်ပါသည်။ပထမဆုံးအနေဖြင့်Wrangler ကားများတွင် ပါလေ့ရှိသည့် (ကားရှေ ့-ဘယ် ဘက်) တွင်ရှိသည့်( Opening Air Motoring) အားယခု (2018 Wrangler) တွင်ထည့်သွင်း ထားမည် မဟုတ်ပါ။ထို့အတူဘေးတံခါးဒီဇိုင်းများသည်လည်းပုံစံအသစ်များဖြစ်ပါသည်။အခြားသောထူးခြားမှုမှာ(Gas Filler) စနစ်အားတံခါး၏ အနောက်ဘက်တွင် စတင်ထည့်သွင်းသည် ဖြစ်ပါသည်။ အရှေ ့ဘောနပ်ဖုံးတွင် Wrangler ၏အစဉ်အလာဖွင့်/ပိတ် ချိတ်များဆက်လက်ထားရှိပါမည်။ သို့သော် ၄င်း၏ (Roll Bar) အားယခင် ကားများထက် များစွာမြင့်မားသည့် ပုံစံဖြင့် ဖန်တီးထားပါမည်။ရည်ရွယ်ချက်မှာလုံခြုံစိတ်ချမှုနှင့် ကိုယ်ထည်ကြံ့ခို်င်စေရန်အတွက် ဖြစ်ပါသည်။
(2018 Jeep Wrangler)၏ အင်ဂျင်/ ဂီယာစနစ်နှင့်အခြားသောအချက်အလက်များအား (Jeep)မှ ထုတ်ပြန် ကြေညာခြင်းမရှိသော်လည်း ကျွမ်းကျင်သူများနှင့် Jeep Wrangler ချစ်ပရိတ်သတ် များ၏ ခန့်မှန်းချက်အရ ၄င်းတွင်V6 Engine နှင့် Manval Gear(သို့)Auto Gear တို့အားတွဲဖက်အသုံး ပြုနိုင်ဖွယ်ရှိပီး Auto Gear တွင်မှု TurbochargecI-4 Engine အားတွဲဖက်နိုင်ရှိသည်ဟုခန့်မှန်းထား ကြပါသည်။မည်သို့ပင်ဆိုစေ Jeep ၏ ဂုဏ်ဆောင် Wrangler အားမကြာမှီ ကျင်းပမည့် Los Angles Auto Show တွင်အားပါးတရခံစားကြည့်ရှု့လေ့လာနိုင် မည်ဖြစ်ပါသည်။
All-new 2018 Jeep® Wrangler Rubicon
Zawgyi version…