Unicode version…

တစ်ဟုန်ထိုးတိုးတက်လာနေတဲ့ ကမ္ဘာ့ကားလောကကြီးမှာ ကားထုတ်လုပ်သူတွေအားလုံးက နည်းပညာ၊ပါဝင်ပစ္စည်းတွေ၊သူတို့ရဲ့ ဆန်းသစ်မှုတွေကို အပြိုင်အဆိုင်ထည့်သွင်းလာကြပါတယ်။ လက်ရှိမှာတောင်ကိုရီးယားအခြေစိုက် KIA Motor ကလည်း နာမည်ကျော် Brand တွေနဲ့အပြိုင် နည်းပညာ၊အတွင်း Grade ပိုင်းမှာ ကောင်းကောင်းကြီးယှဉ်လာနိုင်တာကိုတွေ့ရပြီး ကျွမ်းကျင်သူတွေရဲ့ ချီး ကျူးခြင်းကို ခံထားရပါတယ်။ KIA ကကားလေးကားကြီးမရွေးဘဲ နည်းပညာတွေ၊ပါဝင်ပစ္စည်းတွေကို အစွမ်းကုန်ရသလောက် ထည့် ပေးထားလို့ စျေးကွက်မှာတော်တော်လေးနေရာပိုရလာသလို အရင်ကအားနည်းချက်တွေကိုလည်းပြုပြင်လာနိုင်လို့ ထိပ်တန်းကား ကုမ္ပဏီစာရင်းမှာပါဝင်လာပါတယ်။ ဒီတစ်ခေါက် Drive ရဲ့ Test Drive ကဏ္ဍမှာပါဝင်လာတာကတော့ Mid size SUV KIA Sorento ပဲဖြစ်ပါတယ်။ မိသားစုသုံး၊စွမ်းဆောင်ရည်မြင့်ပြီး အ့ံမခန်းပါဝင်မှုတွေကို ဒီကားမှာမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီတော့ ဆက်လေ့လာကြ ရအောင်ပါ။

အပြင်ဘက်ပိုင်း

ရုပ်ထွက်ပိုင်းမှာတော့ အရင် Sorento နဲ့မတူတဲ့အချက်ရှိလာပါတယ်။ပထမဆုံးပြောရမှာက ရှေ့မီးကြီးပါ။ အရင်လို LED တွေလို မဟုတ်တော့ဘဲ Xeon တွေကိုသုံးထားပြီး အတန်းလိုက် ၃ လုံးပါဝင်လာပါတယ်။ ဒါကြောင့် ရှေ့မီးကြီးဒီဇိုင်းက ပိုပြီးလှ ပဆန်း သစ် သွားသလို Xeon ကိုသုံးထားလို့ ဖြန့်ကျက်အား၊လင်းအားပိုင်းပိုကောင်းလာရုံသာမကဘဲ တစ်ဖက်ယာဉ်မောင်းကိုလည်း မျက်စိ မစူး အောင်ပြုလုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ညအချိန်ကားမောင်းနှင်ရာမှာလည်း ပိုမိုအန္တရာယ်ကင်းစေဖို့အတွက် ကားမောင်းတဲ့ အရှိန် ပေါ်မူတည်ပြီး အလင်းအနီး၊အဝေးကို Auto ထိုးပေးခြင်း နဲ့ Steering ကွေ့တဲ့ဘက်သို့အလင်းလိုက်ဖြာပေးတဲ့ Dynamic bending light system လည်းပါရှိပါတယ်။အဲဒီရှေ့မီးကြီးတွေအောက်မှာပဲ နေ့အလင်းမီးတန်းကို လှပစွာပုံဖော်ထားပြန်ပါတယ်။ နောက်တစ်ချက်က လေးထောင့်ပုံ Fog Lamp ၄လုံးပါဝင်လာခြင်းကလည်း ထူးခြားနေပြန်ပါတယ်။ Sorento GT Line ကိုပိုပြီးလှပအောင်ပံ့ပိုးပေး နေတာတဲ့ အရာတစ်ခုကျန်ပါသေးတယ်။အဲဒါကတော့ KIA Signature ဖြစ်တဲ့ ကျားနှာခေါင်းပုံ Grille(ရှေ့ရှဲ) က အရင်လိုမဟုတ်တော့ဘဲ ပြေ ပြေပြစ်ပြစ်ပိုဖြစ်လာပြီး အရောင်ပြန်နိုင်တဲ့ metallic တွေကိုသုံးထားလို့ ခန့်ညားမှုပိုရှိသွားပါတယ်။ Sport ပိုဆန်သွားစေ တဲ့နောက် တစ်ချက်က GT Alloy တွေပါဝင်လာတာဖြစ်ပြီး မိုးရွာရင် အလိုအလျောက်အာရုံခံပြီး အလုပ်လုပ်ပေးတဲ့ Wiper စနစ်၊ အမိုးပေါ်မှာ Alloy နဲ့လုပ်ထား တဲ့ roof rail ၊ ငါးမန်းတောင်ပုံစံ အင်တန်နာတွေ၊ လေခွင်းအားကောင်းအောင်တည်ဆောက်ထားတဲ့ Body အချိုးအ ဆစ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ကားနောက်ဘက်မှာလည်း လှပတဲ့ဒီဇိုင်းနဲ့ပြုလုပ်ထားတဲ့ LED tail lamps နဲ့ stop lamps တွေပါ သလို GT Line ဆိုတဲ့အမှတ်တံဆိပ်လည်းရိုက်နှိပ်ထားပါတယ်။ ရုပ်ထွက်ပိုင်းကတော့ ဒီဇိုင်းအရာမှာဆရာကျလှတဲ့ KIA ရဲ့ဆန်း သစ်မှုတွေက လူတိုင်းအကြိုက်တွေ့မယ့်အနေအထားလို့သုံးသပ်ချင်ပါတယ်။

အတွင်းခန်း

ကားတစ်စီးရဲ့ အတွင်းခန်းမှာအရေးကြီးဆုံးက ဘာအချက်လဲ။ လှပမှုလား၊ ဇိမ်ခံပစ္စည်းတွေပါဝင်မှုလား၊ သက်တောင့်သက်သာ ရှိမှုလားဆိုပြီး မေးခွန်းထုတ်ကြည့်မယ်ဆိုရင် ကောင်းပေ့ဆိုတဲ့အရာတွေအားလုံးပါဝင်သင့်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ KIA Sorento က ဒီအချက်တွေအတော်များများပြည့်စုံတဲ့ကားတစ်စီးလို့ဆိုရမလိုပါ။ဘာလို့လည်းဆိုတော့ ကြိုက်ကျေနပ်လောက်စရာ အတွင်းခန်းမျိုး ကိုပိုင်ဆိုင်ထားလို့ပါ။ ပထမဆုံးပြောချင်တာကတော့ ထိုင်ခုံပိုင်းပါ။ ခုံ ၃ တန်းပါရှိပြီး လူ ရ ဦးသက်တောင့်သက်သာလိုက်ပါနိုင် မယ့် အကျယ်အဝန်းမျိုးရှိပါတယ်။ ပါတဲ့ထိုင်ခုံတွေကလည်း အကောင်းစားလည်သာတွေကိုသုံးထားလို့ ညက်ညောတဲ့အထိ အတွေ့ကို ခံစား တွေ့ရှိခဲ့ရပါတယ်။ နောက်ပြီး ဒုတိယခုံတန်းနဲ့တတိယခုံတန်းတွေကိုလည်း လိုသလိုခေါက်နိုင်၊သိမ်းနိုင်တာမို့ ပစ္စည်းတင်ဖို့အတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။ Driver Seat က Motor နဲ့ ပုံစံ ၁၀ မျိုးချိန်ညှိလို့ရနိုင်ပြီး လိုချင်တဲ့ပုံစံကို Memory မှတ်ထား လို့ရနိုင်ပါတယ်။ ဒါ့အပြင် ရှေ့Passenger Seat ကိုလည်း ပုံစံ ၈ မျိုးအထိ Motor နဲ့ချိန်ညှိလို့ရနိုင် မှာပါ။ ပြီးတော့ steering wheel ပုံစံနဲ့ side mirror position တွေကိုလည်း မှတ်သားထားလို့ရပါသေးတယ်။ ထူးခြားတဲ့ပါဝင်မှုနောက်ထပ်တစ်ခုကတော့ ပထမခုံတန်းနဲ့ ဒုတိယခုံတန်း တွေကို အပူ၊အအေးပေးလို့ရတာပဲဖြစ်ပါတယ်။ ထိုင်ခုံတွေမှာ GT Line ဆိုတဲ့စာသားတွေပါပါသေးတယ်။ ဒါ့အပြင် ဒီကားက Round Air con system ဖြစ်ပြီး ဇုန်အလိုက်ခွဲပြီး အပူ၊အအေးကိုထိန်းညှိလို့ရနိုင်ပါတယ်။ ပြီးတော့ လက်တင်ခုံတွေ၊Cup holder တွေကလည်း ရှေ့နောက်မှာပါရှိဦးမှာပါ။ ဆက်ပြီးပြောချင်တာကတော့ စတီယာရင်ပိုင်းပါ။ ကိုင်တွယ်ရကောင်းမွန်ပြီး အပူပေး စနစ်ပါတဲ့ လည်သာသုံး စတီယာရင်စနစ်မှာ ပါဝင်မှုအသစ်ဖြစ်တဲ့ Paddle Shift ပါဝင်လာပြီး Sport စတိုင်မောင်းနှင်လို့ရပါတယ်။ ပြီးတော့ Cruise Control ၊ Audio ၊ Bluetooth စနစ် ၊ Phone တွေကိုထိန်းချုပ်နိုင်ဖို့ Control တွေပါရှိပါတယ်။ နောက်ပြီး Gear Shift Knob ကလည်း GT-Line exclusive ပုံစံလုပ်ထားလို့ စတိုင်ကျပြီး ကိုင်တွယ်ရကောင်းမွန်စေမှာဖြစ်ပါတယ်။ နောက်ပြီး လင်းအား ကောင်းပြီး ကြည်လင်ပြတ်သားမှုရှိတဲ့ 7” TFT-LCD ဒိုင်ခွက်မှာလည်း ပြင်ပအပူချိန်၊ Audio သတင်းအချက်အလက်၊ ဆီစားနှုန်း၊ မောင်းနှင်မှုပြုနေတဲ့ Drive Mode ပုံစံ စတာတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဒတ်ရှ်ဘုတ်အလယ်မှာလည်း ၈ လက်မ LCD touch screen ပါဝင်ပြီး Back camera, CD player စတဲ့အပိုင်းတွေကို အလွယ်တကူထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ ကြီးမားကျယ်ပြန့်တဲ့ Panoramic sunroof ၊ Wireless Charger စနစ်၊ သော့ကို အိတ်ထဲထည့်ရုံနဲ့ အလိုအလျောက်ဖွင့်ပေးနိုင်တဲ့ Smart power tailgate ၊ Entertainment အတွက်Premium sound system ကိုရရှိနိုင်ဖို့ရာ 8″ subwoofer နဲ့တွဲဖက်ထားတဲ့ တံဆိပ်စပီကာ ၈ လုံးပါရှိပါတယ်။

စွမ်းဆောင်ရည်

ဒီကားက 2.2 L CRDi Diesel Engine ကိုသုံးထားပြီး 8-speed Auto ပါဝင်ပြီး အမြင့်ဆုံးစွမ်းရည်က rpm 3800 မှာ 200 ps ထွက်ရှိမှာဖြစ်ပါတယ်။ အမြင့်ဆုံးရုန်းအားကတော့ 1,800-2,500 rpm မှာ 436 Nm ရှိမှာပါ။ ဆီစားနှုန်းက ပျှမ်းမျှတစ်ဂါလံ ၂၁ မိုင် နှုန်းဖြစ်ပါတယ်။ AWD စနစ်ဖြစ်ပြီး Euro5 emissions standards ဖြစ်လို့ သဘာဝပတ်ဝန်း ကျင်ထိခိုက်မှု လျော့နည်း စေမှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ဒီကားရဲ့ထူးခြားကောင်းမွန်လှတဲ့ suspension စနစ်အကြောင်းပါ။ ဒီစနစ်က ကားရဲ့ cargo ထည့်တဲ့ နေရာမှာ ပစ္စည်းတွေအများအပြားတင်ဆောင်ခဲ့ရင် suspension ကအလိုအလျောက်မြင့်တက်သွားပြီး တည်ငြိမ်မှုနဲ့ လုံလောက်တဲ့ မြေပြင်ကင်းလွတ်ပမာဏမျိုးရောက်အောင် ပြုလုပ်ပေးမှာဖြစ်ပါတယ်။ နောက်ပြီးတော့ Eco, Sport, Smart နဲ့ Comfort ဆိုပြီး Mode 4 မျိုးပြောင်းလဲမောင်းနှင်နိုင်မှာဖြစ်ပါတယ်။

လုံခြုံရေး

လုံခြုံရေးစနစ်အပိုင်းကိုကြည့်ရတာ Sorento ကအရမ်းကိုကောင်းမွန်တဲ့ပါဝင်မှုတွေကိုတွေ့ရပါတယ်။ ပထမဆုံး သူ့ရဲ့ဘော်ဒီပိုင်းက အဆင့်မြင့်ကြံ့ခိုင်မာကျောတဲ့ စတီးလ် 52.7 % အထက်အသုံးပြုထားပြီး ကားဘေးဘက်၊ရှေ့ဘက်နဲ့ နောက်ဘက်တွေမှာလည်း မာကျောတဲ့ သံမဏိတွေပါလို့ ယာဉ်တိမ်းမှောက်ခဲ့တဲ့တိုင်အောင် အမိုးပွင့်တာမျိုးမရှိဘဲ လိုက်ပါစီးနင်းသူတွေကို ကာကွယ်မှုအပြည့်ပေး နိုင်ပါတယ်။ ပြီးတော့ လိုက်ပါစီးနင်းသူအားလုံးအတွက် လေအိတ် ၈ လုံးကကာကွယ်ပေးမှာဖြစ်ပြီး တောင်တက်ရာမှာကူညီပေးမယ့် Hill-start Assist Control (HAC) ၊ မတူညီတဲ့လမ်းမျက်နှာပြင်ပေါ်မှာသွားနေလည်း ယာဉ်ကိုတည်ငြိမ်မှုရှိအောင်ပြုလုပ်ပေးတဲ့စနစ် Vehicle Stability Management (VSM) ၊ 360 ဒီဂရီကင်မရာကလည်း ပါဝင်မှုအသစ်ဖြစ်လာပြီး ယာဉ်တစ်ခုလုံးကို ကွက်ကွက် ကွင်း ကွင်းနဲ့ ရှေ့နောက်၊ဘေးဘက်အပေါ်အားလုံးမြင်ရအောင် ကူညီပေးနိုင်ပါတယ်။ ဘရိတ်ပိုင်းဆိုင်ရာမှာလည်း Red brake calipers ကို သုံးထားတဲ့အတွက် Brake performance ပိုမိုကောင်းမွန်နေမှာဖြစ်ပါတယ်။နောက်ပြီး Blind-spot Collision Warning (BCW) ၊ Cruise Control တို့လိုစနစ်တွေပါဝင်လို့ Safety ဖြစ်တဲ့ ကားကောင်းတစ်စီးလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။

စမ်းသပ်မောင်းနှင်မှု

ဒီဇယ်အင်ဂျင်သုံးကားဖြစ်ပေမယ့် အထနှေးတာမျိုးမရှိပါဘူး။ လီဗာနင်းတာနဲ့ ဓါတ်ဆီကားတွေလို ချက်ချင်းထထွက်တာကိုတွေ့ရတယ်။ နောက်ပြီး ဒီကားက SUV mid size ဖြစ်ပေမယ့် မောင်းရတာ ကားလေးတစ်စီးလိုပဲပေါ့တယ်။ Mode ကလည်း ၄ မျိုးပြောင်း မောင်း လို့ရတယ်။ သာမန်ဆို Eco နဲ့မောင်းကြည့်တယ်။ဒါက ပုံမှန်ပဲ။ ဒါပေမယ့် Sport mode ပြောင်းလိုက်တော့ ကားက စတီယာ ရင်ချက်ချင်းစီးသွားတယ်။ မောင်းရတာလုံးဝ Sport ဆန်သွားတယ်။ ကျန်တဲ့ Smart နဲ့ Comfort mode တွေကတော့ အေးအေး သက်သာ မောင်းနှင်မှုပုံစံကို ခံစားရတယ်။ အောက်ပိုင်းလည်းကောင်းတော့ ချိုင့်တွေမရှောင်ဘဲမောင်းကြည့်တာမျိုးတွေ လုပ်တယ်။ ဒါပေမယ့် ငြိမ့်ငြိမ့်ညောင်းညောင်းပဲ။ AWD စနစ်သုံးဆိုတော့တည်ငြိမ်မှု၊ လက်ကိုင်ပိုင်းလည်း စမ်းကြည့်တယ်။ ထိန်းချုပ်ရကောင်း တယ်။ဆိုရရင် စာရေးသူကို Driving ဖီလင်အပြည့်ပေးတဲ့ကားတစ်စီးလို့ ဆိုချင်ပါတယ်။

စျေးနှုန်းနဲ့သုံးသပ်ချက်

Luxury ဖြစ်တယ်။ ခုံ ၃ တန်းပါတယ်။ ပစ္စည်းစုံတယ်။ဒီတော့ စျေးက US$65,000 လောက်ကျမယ်။ ဒါက အပြီးအစီးပဲ။ ဒီကိုသွင်းတဲ့ Sorento က အမြင့်ဆုံး Sport Luxury Grade ဖြစ်လို့ ပေးရတာနဲ့တန်တာကို ပြန်ရပါလိမ့်မယ်။ မိသားစုများတဲ့သူတွေ၊ပွဲတက်နဲ့ နေရာ စုံသွားလာချင်သူတွေအတွက် KIA Sorento GT Line က ရွေးချယ်စရာကောင်းတဲ့ Model လို့ဆိုချင်ပါတယ်။ နောက်ပြီး ဒီကားက 7 Years or Kilo 150,000 ရမှာဆိုတော့ ဝယ်ပြီးလည်းစိတ်ချလက်ချစီးလို့ရနိုင်ပြီပေါ့။

Specification

Engine Type –TCI Diesel Engine

Engine Power-2.2 L

Fuel –Diesel

Engine Drive- AWD

Maximum Power(ps/rpm)- 200 / 3800

Maximum Torque(Nm/rpm)- 436 /2500

Transmission-8 speed AT

Drive-AWD

Zawgyi version…

တစ္ဟုန္ထုိးတုိးတက္လာေနတဲ့ ကမာၻ႔ကားေလာကၾကီးမွာ ကားထုတ္လုပ္သူေတြအားလုံးက နည္းပညာ၊ပါဝင္ပစၥည္းေတြ၊သူတုိ႔ရဲ႕ ဆန္းသစ္မွဳေတြကုိ အျပိဳင္အဆုိင္ထည့္သြင္းလာၾကပါတယ္။ လက္ရွိမွာေတာင္ကုိရီးယားအေျခစုိက္ KIA Motor ကလည္း နာမည္ေက်ာ္ Brand ေတြနဲ႔အျပိဳင္ နည္းပညာ၊အတြင္း Grade ပုိင္းမွာ ေကာင္းေကာင္းၾကီးယွဥ္လာႏုိင္တာကုိေတြ႔ရျပီး က်ြမ္းက်င္သူေတြရဲ႕ ခ်ီး က်ဴးျခင္းကုိ ခံထားရပါတယ္။ KIA ကကားေလးကားၾကီးမေရြးဘဲ နည္းပညာေတြ၊ပါဝင္ပစၥည္းေတြကုိ အစြမ္းကုန္ရသေလာက္ ထည့္ ေပးထားလုိ႔ ေစ်းကြက္မွာေတာ္ေတာ္ေလးေနရာပုိရလာသလုိ အရင္ကအားနည္းခ်က္ေတြကုိလည္းျပဳျပင္လာႏိုင္လုိ႔ ထိပ္တန္းကား ကုမၸဏီစာရင္းမွာပါဝင္လာပါတယ္။ ဒီတစ္ေခါက္ Drive ရဲ႕ Test Drive က႑မွာပါဝင္လာတာကေတာ့ Mid size SUV KIA Sorento ပဲျဖစ္ပါတယ္။ မိသားစုသုံး၊စြမ္းေဆာင္ရည္ျမင့္ျပီး အ့ံမခန္းပါဝင္မွဳေတြကုိ ဒီကားမွာျမင္ေတြ႔ရမွာျဖစ္ပါတယ္။ ဒီေတာ့ ဆက္ေလ့လာၾက ရေအာင္ပါ။

အျပင္ဘက္ပုိင္း

ရုပ္ထြက္ပုိင္းမွာေတာ့ အရင္  Sorento နဲ႔မတူတဲ့အခ်က္ရွိလာပါတယ္။ပထမဆုံးေျပာရမွာက ေရွ႔မီးၾကီးပါ။ အရင္လုိ LED ေတြလုိ မဟုတ္ေတာ့ဘဲ Xeon ေတြကုိသုံးထားျပီး အတန္းလုိက္ ၃ လုံးပါဝင္လာပါတယ္။ ဒါေၾကာင့္ ေရွ႔မီးၾကီးဒီဇုိင္းက ပုိျပီးလွ ပဆန္း သစ္ သြားသလုိ Xeon ကုိသုံးထားလုိ႔ ျဖန္႕က်က္အား၊လင္းအားပုိင္းပုိေကာင္းလာရုံသာမကဘဲ တစ္ဖက္ယာဥ္ေမာင္းကုိလည္း မ်က္စိ မစူး ေအာင္ျပဳလုပ္ေပးႏုိင္ပါတယ္။ ဒါ့အျပင္ ညအခ်ိန္ကားေမာင္းႏွင္ရာမွာလည္း ပိုမိုအႏၱရာယ္ကင္းေစဖုိ႕အတြက္ ကားေမာင္းတဲ့ အရွိန္ ေပၚမူတည္ျပီး အလင္းအနီး၊အေဝးကို Auto ထိုးေပးျခင္း နဲ႔ Steering ေကြ႔တဲ့ဘက္သို႔အလင္းလိုက္ျဖာေပးတဲ့ Dynamic bending light system လည္းပါရွိပါတယ္။အဲဒီေရွ႕မီးၾကီးေတြေအာက္မွာပဲ ေန႔အလင္းမီးတန္းကုိ လွပစြာပုံေဖာ္ထားျပန္ပါတယ္။ ေနာက္တစ္ခ်က္က ေလးေထာင့္ပုံ Fog Lamp ၄လုံးပါဝင္လာျခင္းကလည္း ထူးျခားေနျပန္ပါတယ္။ Sorento GT Line ကုိပုိျပီးလွပေအာင္ပံ့ပိုးေပး ေနတာတဲ့ အရာတစ္ခုက်န္ပါေသးတယ္။အဲဒါကေတာ့ KIA Signature ျဖစ္တဲ့ က်ားႏွာေခါင္းပုံ Grille(ေရွ႕ရွဲ) က အရင္လုိမဟုတ္ေတာ့ဘဲ ေျပ ေျပျပစ္ျပစ္ပုိျဖစ္လာျပီး အေရာင္ျပန္ႏုိင္တဲ့ metallic ေတြကုိသုံးထားလုိ႔ ခန္႔ညားမွဳပုိရွိသြားပါတယ္။ Sport ပုိဆန္သြားေစ တဲ့ေနာက္ တစ္ခ်က္က GT Alloy ေတြပါဝင္လာတာျဖစ္ျပီး မုိးရြာရင္ အလုိအေလ်ာက္အာရုံခံျပီး အလုပ္လုပ္ေပးတဲ့ Wiper စနစ္၊ အမုိးေပၚမွာ Alloy နဲ႕လုပ္ထား တဲ့ roof rail ၊ ငါးမန္းေတာင္ပုံစံ အင္တန္နာေတြ၊ ေလခြင္းအားေကာင္းေအာင္တည္ေဆာက္ထားတဲ့ Body အခ်ိဳးအ ဆစ္ေတြကုိ ျမင္ေတြ႔ရမွာျဖစ္ပါတယ္။ ကားေနာက္ဘက္မွာလည္း လွပတဲ့ဒီဇုိင္းနဲ႔ျပဳလုပ္ထားတဲ့ LED tail lamps နဲ႔ stop lamps ေတြပါ သလုိ GT Line ဆုိတဲ့အမွတ္တံဆိပ္လည္းရုိက္ႏွိပ္ထားပါတယ္။ ရုပ္ထြက္ပုိင္းကေတာ့ ဒီဇုိင္းအရာမွာဆရာက်လွတဲ့ KIA ရဲ႕ဆန္း သစ္မွဳေတြက လူတုိင္းအၾကိဳက္ေတြ႔မယ့္အေနအထားလုိ႔သုံးသပ္ခ်င္ပါတယ္။

အတြင္းခန္း

ကားတစ္စီးရဲ႕ အတြင္းခန္းမွာအေရးၾကီးဆုံးက ဘာအခ်က္လဲ။ လွပမွဳလား၊ ဇိမ္ခံပစၥည္းေတြပါဝင္မွဳလား၊ သက္ေတာင့္သက္သာ ရွိမွဳလားဆုိျပီး ေမးခြန္းထုတ္ၾကည့္မယ္ဆုိရင္ ေကာင္းေပ့ဆုိတဲ့အရာေတြအားလုံးပါဝင္သင့္တယ္လုိ႔ ဆုိရမွာျဖစ္ပါတယ္။ KIA Sorento က ဒီအခ်က္ေတြအေတာ္မ်ားမ်ားျပည့္စုံတဲ့ကားတစ္စီးလုိ႔ဆုိရမလုိပါ။ဘာလုိ႔လည္းဆုိေတာ့ ၾကိဳက္ေက်နပ္ေလာက္စရာ အတြင္းခန္းမ်ိဳး ကုိပုိင္ဆုိင္ထားလုိ႔ပါ။ ပထမဆုံးေျပာခ်င္တာကေတာ့ ထုိင္ခုံပုိင္းပါ။ ခုံ ၃ တန္းပါရွိျပီး လူ ၇ ဦးသက္ေတာင့္သက္သာလုိက္ပါႏုိင္ မယ့္ အက်ယ္အဝန္းမ်ိဳးရွိပါတယ္။ ပါတဲ့ထုိင္ခုံေတြကလည္း အေကာင္းစားလည္သာေတြကုိသုံးထားလုိ႔ ညက္ေညာတဲ့အထိ အေတြ႔ကုိ ခံစား ေတြ႕ရွိခဲ့ရပါတယ္။ ေနာက္ျပီး ဒုတိယခုံတန္းနဲ႔တတိယခုံတန္းေတြကုိလည္း လုိသလုိေခါက္ႏိုင္၊သိမ္းႏုိင္တာမုိ႔ ပစၥည္းတင္ဖုိ႔အတြက္ အဆင္ေျပေစမွာျဖစ္ပါတယ္။ Driver Seat က Motor နဲ႔ ပုံစံ ၁၀ မ်ိဳးခ်ိန္ညွိလုိ႔ရႏုိင္ျပီး လုိခ်င္တဲ့ပုံစံကုိ Memory မွတ္ထား လုိ႔ရႏိုင္ပါတယ္။ ဒါ့အျပင္ ေရွ႕Passenger Seat ကုိလည္း ပုံစံ ၈ မ်ိဳးအထိ Motor နဲ႔ခ်ိန္ညွိလုိ႔ရႏိုင္ မွာပါ။ ျပီးေတာ့ steering wheel ပုံစံနဲ႔ side mirror position ေတြကုိလည္း မွတ္သားထားလုိ႔ရပါေသးတယ္။ ထူးျခားတဲ့ပါဝင္မွဳေနာက္ထပ္တစ္ခုကေတာ့ ပထမခုံတန္းနဲ႔ ဒုတိယခုံတန္း ေတြကုိ အပူ၊အေအးေပးလုိ႔ရတာပဲျဖစ္ပါတယ္။ ထုိင္ခုံေတြမွာ GT Line ဆုိတဲ့စာသားေတြပါပါေသးတယ္။ ဒါ့အျပင္ ဒီကားက Round Air con system ျဖစ္ျပီး ဇုန္အလုိက္ခဲြျပီး အပူ၊အေအးကုိထိန္းညွိလုိ႔ရႏုိင္ပါတယ္။   ျပီးေတာ့ လက္တင္ခုံေတြ၊Cup holder ေတြကလည္း ေရွ႔ေနာက္မွာပါရွိဦးမွာပါ။ ဆက္ျပီးေျပာခ်င္တာကေတာ့ စတီယာရင္ပုိင္းပါ။ ကုိင္တြယ္ရေကာင္းမြန္ျပီး အပူေပး စနစ္ပါတဲ့ လည္သာသုံး စတီယာရင္စနစ္မွာ ပါဝင္မွဳအသစ္ျဖစ္တဲ့ Paddle Shift ပါဝင္လာျပီး Sport စတုိင္ေမာင္းႏွင္လုိ႔ရပါတယ္။ ျပီးေတာ့ Cruise Control ၊ Audio ၊ Bluetooth စနစ္ ၊ Phone ေတြကုိထိန္းခ်ဳပ္ႏိုင္ဖုိ႔ Control ေတြပါရွိပါတယ္။ ေနာက္ျပီး Gear Shift Knob ကလည္း GT-Line exclusive ပုံစံလုပ္ထားလုိ႔ စတုိင္က်ျပီး ကုိင္တြယ္ရေကာင္းမြန္ေစမွာျဖစ္ပါတယ္။ ေနာက္ျပီး လင္းအား ေကာင္းျပီး ၾကည္လင္ျပတ္သားမွဳရွိတဲ့ 7” TFT-LCD ဒုိင္ခြက္မွာလည္း ျပင္ပအပူခ်ိန္၊ Audio သတင္းအခ်က္အလက္၊ ဆီစားႏွဳန္း၊ ေမာင္းႏွင္မွဳျပဳေနတဲ့ Drive Mode ပုံစံ စတာေတြကုိ ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။ ဒတ္ရွ္ဘုတ္အလယ္မွာလည္း ၈ လက္မ LCD touch screen ပါဝင္ျပီး Back camera,  CD player စတဲ့အပုိင္းေတြကုိ အလြယ္တကူထိန္းခ်ဳပ္ႏိုင္မွာျဖစ္ပါတယ္။ ၾကီးမားက်ယ္ျပန္႕တဲ့ Panoramic sunroof ၊ Wireless Charger စနစ္၊ ေသာ့ကုိ အိတ္ထဲထည့္ရုံနဲ႔ အလုိအေလ်ာက္ဖြင့္ေပးႏုိင္တဲ့ Smart power tailgate ၊ Entertainment အတြက္Premium sound system ကုိရရွိႏုိင္ဖုိ႔ရာ 8″ subwoofer နဲ႔တြဲဖက္ထားတဲ့ တံဆိပ္စပီကာ ၈ လုံးပါရွိပါတယ္။

စြမ္းေဆာင္ရည္

ဒီကားက 2.2 L CRDi Diesel Engine ကုိသုံးထားျပီး 8-speed Auto ပါဝင္ျပီး အျမင့္ဆုံးစြမ္းရည္က rpm 3800 မွာ 200 ps ထြက္ရွိမွာျဖစ္ပါတယ္။ အျမင့္ဆုံးရုန္းအားကေတာ့ 1,800-2,500 rpm မွာ 436 Nm ရွိမွာပါ။  ဆီစားႏွဳန္းက ပွ်မ္းမွ်တစ္ဂါလံ ၂၁ မိုင္ ႏွဳန္းျဖစ္ပါတယ္။ AWD စနစ္ျဖစ္ျပီး   Euro5 emissions standards ျဖစ္လုိ႔ သဘာဝပတ္ဝန္း က်င္ထိခုိက္မွဳ ေလ်ာ့နည္း ေစမွာ ျဖစ္ပါတယ္။ ေနာက္တစ္ခုကေတာ့ ဒီကားရဲ႕ထူးျခားေကာင္းမြန္လွတဲ့ suspension စနစ္အေၾကာင္းပါ။ ဒီစနစ္က ကားရဲ႕ cargo ထည့္တဲ့ ေနရာမွာ ပစၥည္းေတြအမ်ားအျပားတင္ေဆာင္ခဲ့ရင္ suspension ကအလုိအေလ်ာက္ျမင့္တက္သြားျပီး တည္ျငိမ္မွဳနဲ႔ လုံေလာက္တဲ့ ေျမျပင္ကင္းလြတ္ပမာဏမ်ိဳးေရာက္ေအာင္ ျပဳလုပ္ေပးမွာျဖစ္ပါတယ္။ ေနာက္ျပီးေတာ့ Eco, Sport, Smart နဲ႔ Comfort ဆုိျပီး Mode 4 မ်ိဳးေျပာင္းလဲေမာင္းႏွင္ႏုိင္မွာျဖစ္ပါတယ္။

လံုျခံဳေရး

လုံျခဳံေရးစနစ္အပုိင္းကုိၾကည့္ရတာ Sorento ကအရမ္းကုိေကာင္းမြန္တဲ့ပါဝင္မွဳေတြကုိေတြ႔ရပါတယ္။ ပထမဆုံး သူ႕ရဲ႕ေဘာ္ဒီပုိင္းက အဆင့္ျမင့္ၾကံ့ခုိင္မာေက်ာတဲ့ စတီးလ္ 52.7 % အထက္အသုံးျပဳထားျပီး ကားေဘးဘက္၊ေရွ႕ဘက္နဲ႔ ေနာက္ဘက္ေတြမွာလည္း မာေက်ာတဲ့ သံမဏိေတြပါလုိ႔ ယာဥ္တိမ္းေမွာက္ခဲ့တဲ့တုိင္ေအာင္ အမုိးပြင့္တာမ်ိဳးမရွိဘဲ လုိက္ပါစီးနင္းသူေတြကုိ ကာကြယ္မွဳအျပည့္ေပး ႏုိင္ပါတယ္။ ျပီးေတာ့ လုိက္ပါစီးနင္းသူအားလုံးအတြက္ ေလအိတ္ ၈ လုံးကကာကြယ္ေပးမွာျဖစ္ျပီး ေတာင္တက္ရာမွာကူညီေပးမယ့္ Hill-start Assist Control (HAC) ၊ မတူညီတဲ့လမ္းမ်က္ႏွာျပင္ေပၚမွာသြားေနလည္း ယာဥ္ကုိတည္ျငိမ္မွဳရွိေအာင္ျပဳလုပ္ေပးတဲ့စနစ္ Vehicle Stability Management (VSM) ၊ 360 ဒီဂရီကင္မရာကလည္း ပါဝင္မွဳအသစ္ျဖစ္လာျပီး ယာဥ္တစ္ခုလုံးကုိ ကြက္ကြက္ ကြင္း ကြင္းနဲ႔ ေရွ႔ေနာက္၊ေဘးဘက္အေပၚအားလုံးျမင္ရေအာင္ ကူညီေပးႏုိင္ပါတယ္။  ဘရိတ္ပုိင္းဆုိင္ရာမွာလည္း Red brake calipers ကို သံုးထားတဲ့အတြက္  Brake performance ပိုမိုေကာင္းမြန္ေနမွာျဖစ္ပါတယ္။ေနာက္ျပီး Blind-spot Collision Warning (BCW) ၊ Cruise Control တုိ႕လုိစနစ္ေတြပါဝင္လုိ႔ Safety ျဖစ္တဲ့ ကားေကာင္းတစ္စီးလုိ႔ သတ္မွတ္ရမွာျဖစ္ပါတယ္။

စမ္းသပ္ေမာင္းႏွင္မွဳ

ဒီဇယ္အင္ဂ်င္သုံးကားျဖစ္ေပမယ့္ အထေႏွးတာမ်ိဳးမရွိပါဘူး။ လီဗာနင္းတာနဲ႔ ဓါတ္ဆီကားေတြလုိ ခ်က္ခ်င္းထထြက္တာကုိေတြ႔ရတယ္။ ေနာက္ျပီး ဒီကားက SUV mid size ျဖစ္ေပမယ့္ ေမာင္းရတာ ကားေလးတစ္စီးလုိပဲေပါ့တယ္။ Mode ကလည္း ၄ မ်ိဳးေျပာင္း ေမာင္း လုိ႔ရတယ္။ သာမန္ဆုိ Eco နဲ႔ေမာင္းၾကည့္တယ္။ဒါက ပုံမွန္ပဲ။ ဒါေပမယ့္ Sport mode ေျပာင္းလုိက္ေတာ့ ကားက စတီယာ ရင္ခ်က္ခ်င္းစီးသြားတယ္။ ေမာင္းရတာလုံးဝ Sport ဆန္သြားတယ္။ က်န္တဲ့ Smart နဲ႔ Comfort mode ေတြကေတာ့ ေအးေအး သက္သာ ေမာင္းႏွင္မွဳပုံစံကုိ ခံစားရတယ္။ ေအာက္ပုိင္းလည္းေကာင္းေတာ့ ခ်ိဳင့္ေတြမေရွာင္ဘဲေမာင္းၾကည့္တာမ်ိဳးေတြ လုပ္တယ္။ ဒါေပမယ့္ ျငိမ့္ျငိမ့္ေညာင္းေညာင္းပဲ။ AWD စနစ္သုံးဆုိေတာ့တည္ျငိမ္မွဳ၊ လက္ကုိင္ပုိင္းလည္း စမ္းၾကည့္တယ္။ ထိန္းခ်ဳပ္ရေကာင္း တယ္။ဆုိရရင္ စာေရးသူကုိ Driving ဖီလင္အျပည့္ေပးတဲ့ကားတစ္စီးလုိ႔ ဆုိခ်င္ပါတယ္။

ေစ်းႏွဳန္းနဲ႕သုံးသပ္ခ်က္

Luxury ျဖစ္တယ္။ ခုံ ၃ တန္းပါတယ္။ ပစၥည္းစုံတယ္။ဒီေတာ့ ေစ်းက US$65,000 ေလာက္က်မယ္။ ဒါက အျပီးအစီးပဲ။ ဒီကုိသြင္းတဲ့ Sorento က အျမင့္ဆုံး Sport Luxury Grade ျဖစ္လုိ႔ ေပးရတာနဲ႔တန္တာကုိ ျပန္ရပါလိမ့္မယ္။ မိသားစုမ်ားတဲ့သူေတြ၊ပဲြတက္နဲ႔ ေနရာ စုံသြားလာခ်င္သူေတြအတြက္ KIA Sorento GT Line က ေရြးခ်ယ္စရာေကာင္းတဲ့ Model လုိ႔ဆုိခ်င္ပါတယ္။ ေနာက္ျပီး ဒီကားက 7 Years or Kilo 150,000 ရမွာဆုိေတာ့ ဝယ္ျပီးလည္းစိတ္ခ်လက္ခ်စီးလုိ႔ရႏိုင္ျပီေပါ့။

Specification

Engine Type –TCI Diesel Engine

Engine Power-2.2 L

Fuel –Diesel

Engine Drive- AWD

Maximum Power(ps/rpm)- 200 / 3800

Maximum Torque(Nm/rpm)- 436 /2500

Transmission-8 speed AT

Drive-AWD