Unicode version…
2018 မော်ဒယ်များဖြစ်သော Stinger နှင့် Sportage တို့အား KIA Myanmar မှ ပြီးခဲ့သည့် မတ်လ ၃၁ ရက် နေ့က မိတ်ဆက်ပြသသွားခဲ့သည်။ ထိုပွဲတွင် Kia မှ၎င်းတို့၏ Customer များကိုလည်း ကျေးဇူးတုန့်ပြန်ခြင်း အခမ်းအနားကိုတစ်ပါတည်းပြုလုပ်သွားခဲ့သည်။ ယခုပွဲတွင် မိတ်ဆက်ပြသခဲ့သော KIA Stinger မှာ ၂၀၁၇ ခုနှစ်တွင်မှစတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ကာ Coca Cola ပုလင်းပုံစံကိုနမူနာထားပြီး ဒီဇိုင်းရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း လည်းသိရသည်။ ၎င်းတွင်ဆန်းသစ်သောဒီဇိုင်းပိုင်း၊စွမ်းဆောင်ရည်နှင့် ပါဝင်သော feature ပိုင်းမှာအလွန် ကောင်းမွန်ကြောင်းလည်း KIA မှထုတ်ဖော်ပြောဆိုလိုက်သည်။ KIA Stinger၏ စွမ်းဆောင်ရည်မှာ 2.0L GDi နှင့် 3.3 L GDi နှစ်မျိုးဖြင့်တင်သွင်းထားပြီး 2.0 L တွင် Turbo Charge ပါဝင်ကာ 3.3 L တွင် Twin Turbo Charge ပါဝင်မည်ဖြစ်သည်။ Electronic Thermostat ပါဝင်ကာ အမြင့်ဆုံး Max Power 370 အထိပေး စွမ်းနိုင်ပါသည်။ 8 Speed Auto ဂီယာစနစ်ဖြစ်ပြီး ကားကိုယ်ထည်ဟန်ချက်ကို အကောင်းဆုံး ထိန်းညှိ ပေးနိုင်သော ECS စနစ်ပါဝင်သည်။ထို့အပြင် Dual Aircon,Seat Ventilation,3 Zone air con system, Premium Speaker 15 လုံး၊ Head up display,Around view monitor,Driver rear,wireless smart phone charger,dynamic bending light (DBL) စသည့်တို့ပါဝင်ပါသည်။ ထိုကားမှာ Safety အတွက် ကြယ် ၅ ပွင့်ရရှိထားသော မော်ဒယ်တစ်ခုလည်းဖြစ်သည်။ စျေးမှာ USD 76000 မှစတင်မည်ဖြစ်ကာ ရ နှစ်ကီလို 150000 အာမခံရရှိမည်ဖြစ်သည်။
KIA မှထပ်မံမိတ်ဆက်ပေးခဲ့သော နောက်ထပ်မော်ဒယ်မှာ Sportage ဖြစ်ပြီး Compact SUV အမျိုး အစားဖြစ် သည်။ ပြည်တွင်းကိုအသစ်ဝင်ရောက်လာသော KIA Sportage (GT Line) က ရှေ့မီးကြီးစနစ်ပုံစံပိုင်းက အဓိက ပြောင်းလဲသွားသည်။ HID Head Lamps များနှင့်အတူ KIA ရဲ့အမှတ်တံဆိပ်ဖြစ်သော ကျား နှာခေါင်းပုံစံရှေ့ဇကာကွပ်၊ GT Alloy များကြောင့် ယခင်မော်ဒယ်ဟောင်းထက်ပိုပြီးလှပသွားသလို Sporty ပုံစံပေါက်သွားပါသည်။ထို့အပြင် Wireless Charger ၊ Smart Power Tailgate၊ Seat Ventilation ၊ Steering Heat ၊ ABS စနစ်တို့ပါဝင်လာသည့်အပြင်စတီယာရင်ကို အပူ/အအေးပေးသောစနစ်၊ ရှေ့ Driver ခုံနှင့် Passanger ထိုင်ခုံကို အပူအအေးပေးစနစ်၊ဇုန် အလိုက်ဖြန့် ကျက်ပြီး အပူအအေးပေးနိုင်သည့် Dual-zone climate control air-conditioning စနစ်၊ Power Sunshade ပါသောPanoramic Sunroof ၊ Audio၊ ဖုန်း၊ Bluetooth များထည့်သွင်းပေးထားပါသည်။ လုံခြုံရေးစနစ်အတွက်လည်း ABS (Anti-lock Braking System)၊ ESC (Electronic Stability Control) ၊ DBC (Downhill Brake Control) ၊ HAC (Hill-start Assist Control) လိုစနစ်တွေပါသလိုAll Wheel Drive စနစ်ဖြစ်သည်။ 2.0 L CRDi four-cylinder engines ကိုသုံးထားပြီး turbocharged စနစ်ဖြစ်ကာ ဒီဇယ်အင်ဂျင်စနစ်နှင့်လာသည်။ စျေးနှုန်းမှာ USD 55,000 ဖြစ်ပြီး ရ နှစ်ကီလို 150000 အာမခံရရှိမည်ဖြစ်ပြီး အမည်ပေါက်၊ရန်ကုန်လိုင်စင်ရရှိမည်ဖြစ်သည်။
Zawgyi version…
2018 ေမာ္ဒယ္မ်ားျဖစ္ေသာ Stinger ႏွင့္ Sportage တုိ႔အား KIA Myanmar မွ ျပီးခဲ့သည့္ မတ္လ ၃၁ ရက္ ေန႔က မိတ္ဆက္ျပသသြားခဲ့သည္။ ထုိပဲြတြင္ Kia မွ၎တုိ႔၏ Customer မ်ားကုိလည္း ေက်းဇူးတုန္႔ျပန္ျခင္း အခမ္းအနားကုိတစ္ပါတည္းျပဳလုပ္သြားခဲ့သည္။ ယခုပဲြတြင္ မိတ္ဆက္ျပသခဲ့ေသာ KIA Stinger မွာ ၂၀၁၇ ခုႏွစ္တြင္မွစတင္ထုတ္လုပ္ခဲ့ျခင္းျဖစ္ကာ Coca Cola ပုလင္းပုံစံကုိနမူနာထားျပီး ဒီဇုိင္းေရးဆဲြခဲ့ျခင္းျဖစ္ေၾကာင္း လည္းသိရသည္။ ၎တြင္ဆန္းသစ္ေသာဒီဇုိင္းပုိင္း၊စြမ္းေဆာင္ရည္ႏွင့္ ပါဝင္ေသာ feature ပုိင္းမွာအလြန္ ေကာင္းမြန္ေၾကာင္းလည္း KIA မွထုတ္ေဖာ္ေျပာဆုိလုိက္သည္။ KIA Stinger၏ စြမ္းေဆာင္ရည္မွာ 2.0L GDi ႏွင့္ 3.3 L GDi ႏွစ္မ်ိဳးျဖင့္တင္သြင္းထားျပီး 2.0 L တြင္ Turbo Charge ပါဝင္ကာ 3.3 L တြင္ Twin Turbo Charge ပါဝင္မည္ျဖစ္သည္။ Electronic Thermostat ပါဝင္ကာ အျမင့္ဆုံး Max Power 370 အထိေပး စြမ္းႏိုင္ပါသည္။ 8 Speed Auto ဂီယာစနစ္ျဖစ္ျပီး ကားကုိယ္ထည္ဟန္ခ်က္ကုိ အေကာင္းဆုံး ထိန္းညွိ ေပးႏိုင္ေသာ ECS စနစ္ပါဝင္သည္။ထုိ႔အျပင္ Dual Aircon,Seat Ventilation,3 Zone air con system, Premium Speaker 15 လုံး၊ Head up display,Around view monitor,Driver rear,wireless smart phone charger,dynamic bending light (DBL) စသည့္တုိ႔ပါဝင္ပါသည္။ ထုိကားမွာ Safety အတြက္ ၾကယ္ ၅ ပြင့္ရရွိထားေသာ ေမာ္ဒယ္တစ္ခုလည္းျဖစ္သည္။ ေစ်းမွာ USD 76000 မွစတင္မည္ျဖစ္ကာ ၇ ႏွစ္ကီလုိ 150000 အာမခံရရွိမည္ျဖစ္သည္။
KIA မွထပ္မံမိတ္ဆက္ေပးခဲ့ေသာ ေနာက္ထပ္ေမာ္ဒယ္မွာ Sportage ျဖစ္ျပီး Compact SUV အမ်ိဳး အစားျဖစ္ သည္။ ျပည္တြင္းကုိအသစ္ဝင္ေရာက္လာေသာ KIA Sportage (GT Line) က ေရွ႕မီးၾကီးစနစ္ပုံစံပုိင္းက အဓိက ေျပာင္းလဲသြားသည္။ HID Head Lamps မ်ားႏွင့္အတူ KIA ရဲ႕အမွတ္တံဆိပ္ျဖစ္ေသာ က်ား ႏွာေခါင္းပုံစံေရွ႕ဇကာကြပ္၊ GT Alloy မ်ားေၾကာင့္ ယခင္ေမာ္ဒယ္ေဟာင္းထက္ပုိျပီးလွပသြားသလုိ Sporty ပုံစံေပါက္သြားပါသည္။ထုိ႔အျပင္ Wireless Charger ၊ Smart Power Tailgate၊ Seat Ventilation ၊ Steering Heat ၊ ABS စနစ္တုိ႔ပါဝင္လာသည္႔အျပင္စတီယာရင္ကုိ အပူ/အေအးေပးေသာစနစ္၊ ေရွ႕ Driver ခုံႏွင့္ Passanger ထုိင္ခုံကုိ အပူအေအးေပးစနစ္၊ဇုန္ အလုိက္ျဖန္႕ က်က္ျပီး အပူအေအးေပးႏုိင္သည့္ Dual-zone climate control air-conditioning စနစ္၊ Power Sunshade ပါေသာPanoramic Sunroof ၊ Audio၊ ဖုန္း၊ Bluetooth မ်ားထည့္သြင္းေပးထားပါသည္။ လုံျခံဳေရးစနစ္အတြက္လည္း ABS (Anti-lock Braking System)၊ ESC (Electronic Stability Control) ၊ DBC (Downhill Brake Control) ၊ HAC (Hill-start Assist Control) လုိစနစ္ေတြပါသလုိAll Wheel Drive စနစ္ျဖစ္သည္။ 2.0 L CRDi four-cylinder engines ကုိသုံးထားျပီး turbocharged စနစ္ျဖစ္ကာ ဒီဇယ္အင္ဂ်င္စနစ္ႏွင့္လာသည္။ ေစ်းနွဳန္းမွာ USD 55,000 ျဖစ္ျပီး ၇ ႏွစ္ကီလုိ 150000 အာမခံရရွိမည္ျဖစ္ျပီး အမည္ေပါက္၊ရန္ကုန္လုိင္စင္ရရွိမည္ျဖစ္သည္။