Unicode version…
SUV / Crossover ကားများကို နှစ်သက်သူများ၌ ကလေးငယ်များအတွက် ထမ်းစင်များ / အိမ်မွေး တိရိစ္ဆာန်များနှင့် ပမာဏများသည့် ပစ္စည်းများကို သယ်ယူလိုသူများအတွက် ခုံတန်း(၂)တန်း ပါရှိသည့် ကား များသည် များစွာအဆင်ပြေပါသည်။ ကမ္ဘာကျော် Lexus LX 570 သည် အဆိုပါလိုအပ်ချက်အား ဖြည့်ဆည်းမှုအနေဖြင့် ခုံတန်း(၂)တန်းသာ ပါ၀င်သည့် (2-row LX 570)အား မကြာမီကကျင်းပခဲ့သည့် Los Angeles Auto Show တွင် မိတ်ဆက်ပြသခဲ့ပါသည်။အဆိုပါအမျိုးအစားတွင် တတိယထိုင်ခုံတန်း ပါ၀င်မည် မဟုတ်ဘဲ (ခုံသုံးတန်း အမျိုးအစား)ထက်ပစ္စည်းထားရန် ဧရိယာသည် (၁၅%)ခန့် ပိုမည်ဖြစ်ပါသည်။ (2–Row Model) တွင် (Single Mono-spec Trim) သာရရှိနိုင်မည်ဖြစ်ပြီး (US $ 86175)ဖြင့် ရောင်းချမည် ဖြစ်ကာ (ခုံသုံးတန်းအမျိုးအစား)ထက် (US$ 5000) ပိုမိုသက်သာမည်ဖြစ်ပါသည်။ (အဆိုပါစျေးနှုန်းသည် အမေရိကစျေးကွက်သို့ တင်ပို့သည့် စျေးဖြစ်ပါသည်)။ ထို့အပြင် (2- Row Model) ကို မှာယူရာတွင် ၀ယ်ယူသူများသည် (အတွင်းနှင့် အပြင်အရောင်) များကိုသာ ရွေးချယ်နိုင်မည်ဖြစ်ပြီး ပါ၀င်ပစ္စည်းများအား (လိုတိုး/ပိုလျော့) မပြုလုပ်နိုင်ပါ။ အဓိကပါ၀င်သည့် Features များမှာ – (Full – leather interior)၊ (4-Zone automatic climate control) ၊ (parking Assist)၊ (Blind – spot monitor) တို့ ပါ၀င်မည်ဖြစ်ပြီး (၁၀ နှစ် သက်တမ်း)ရှိမည့် (Lexus’s Inform Safety Connect Service) လည်း ပါရှိပါမည်။ ၄င်း၏ အင်ဂျင်အား Toyota Land cruiser ၏ အရင်းအမြစ်ဖြစ်သည့် ( 5.7 L V8 Engine) (383 hp) (403 lb-ft pf torque) အင်ဂျင်နှင့် (Full Time 4WD System) တို့အားတပ်ဆင်ထားပါသည်။ ၄င်းသည် Baby – on – frame SUV အမျိုးအစားကားဖြစ်ပြီး Lexus ၏ နာမည်ကျော် Multi – Terrain Select System အပါအဝင် Crawl Control နှင့် Hill – Start Assist တို့လည်း ပါ၀င်မည်ဖြစ်ပါသည်။ ၄င်း၏ Towing Rating မှာ( 7000 lbs ) ဖြစ်ပါသည်။
Zawgyi version…