Unicode version…

ဇိမ်ခံအမျိုးအစားကားအမျိုးအစားများကိုသာ သီးသန့်ရောင်းချသည့် အီတလီအခြေစိုက်ကားကုမ္ပဏီ ဖြစ်သော Maserati မှထုတ်လုပ်သော 2018 Maserati Quattroporte သည် ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး ဇိမ်ခံစပေါ့ဆီဒင်အဖြစ်သတ်မှတ်ခံခဲ့ရသည်။ ၁၉၆၃ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့သော တံခါး ၄ ပေါက်ဟုအ မည်ရသော အဆိုပါ Quattroporte သည်ယခုအခါမျိုးဆက် ၆ ဆက်တိုင်ခဲ့ပြီဖြစ်ပြီး မြင့်မားသောစွမ်းရည်၊ဇိမ်ကျပြီး ကျယ်ဝန်းသော အတွင်းခန်းတည်ဆောက်ပုံနှင့် အီတလီအငွေ့အသက်များကို ခံစားရမည်ဟု Maserati မှကြေညာ ထားသည်။ ၎င်းတွင် GranLusso နှင့် GranSport ဟူ၍ trim options ၂ မျိုးခွဲခြားထားပြီး GranLusso က Luxury ဆန်ပြီး GranSport က စပေါ့ပုံစံလူငယ်အကြိုက်ဖြစ်သည်။ The GranLusso ၏ interior တွင် အကောင်းစား ပစ္စည်းများ ကိုသာသုံးစွဲထားပြီး လွန်စွာခေတ်မီသော နည်းပညာများကိုထည့်သွင်းအသုံးပြုထားသည်။၎င်း၏ အတွင်းခန်းအရောင်မှာ အနက်ရောင် ဖြစ်ပြီး အရည်အသွေးမြင့်သစ်သားကို လည်သာနှင့်တွဲ ဖက်ထားသော စတီယာရင်ပုံစံ၊ ဒရိုင်ဘာအတွက် မရှိမဖြစ်အထောက်အကူပေးနိုင်သည့် အချက် အလက်ပြ 7” TFT ဒိုင်ခွက်၊ ဒတ်ချ်ဘုတ်အလယ်ရှိ 8.4” Maserati Touch Control Plus (ထို Touch Screen ကို အသံနှင့်ပါအမိန့်ပေးခို်င်းစေနိုင်ပါတယ်) မှာ သတင်းအချက်အလက်များစွာကို ကြည့်ရှုခံ စား နိုင်မှာဖြစ်သည်။ ထို့အပြင် Apple CarPlay နှင့် Android Auto များချိတ် ဆက်နိုင်သည့် အပြင် iPhone users များအတွက် မိမိပုဂ္ဂလိကလက်ထောက်တစ်ယောက်ကဲ့သို့ ကူညီပေးနိုင်သောApple’s Siri system ကိုလည်းထည့်သွင်း ထားသည်။

GranSport Trim တွင်မူ 21 လက်မ Alloy wheel ၊ Sport စတို်င်ဘော်ဒီအချိုးအဆစ်၊ SportSport seats များပါဝင်ပြီး The Sport steering wheel ၊ gearshift panels များကိုထည့်သွင်းထားကာ all-wheel drive ပုံစံမောင်းနှင်မှုဖြစ်သည်။ eight-speed automatic transmission စနစ်ဖြစ်ပြီး Mode 5 မျိုးပြောင်းလဲမောင်းနှင်နိုင်သည်။ Safety အနေဖြင့် Maserati Stability Program (MSP) ကိုထည့်သွင်းထားလို့ မည်သည့်အကွေ့မျိုးမှာမဆို ယာဉ်၏ဟန်ချက် မပျက်သွားဘဲတည်ငြိမ်မှုရှိစေပြီး စတီယာရင်စနစ်ကလည်း အလွယ်တကူအလုပ်လုပ်ပေးသလို နောက်ဆုံးပေါ် Advanced Driver Assistance Systems ကြောင့်လည်း ယာဉ်မောင်းသူကိုကူညီ ထောက်ပံ့သည့် မောင်းနှင်မှုကို ရရှိစေမည်ဖြစ်သည်။ Trim ၂ မျိုးလုံးအတွက်အင်ဂျင်အနေဖြင့် V6 TURBO Diesel (275 HP ), Twin Turbo V6 Petrol (430 HP), Twin Turbo V8 PETROL (530HP) အမျိုးအစားများ ကိုရွေးချယ် နိုင်မည်ဖြစ်သည်။ စွမ်း ဆောင်နိုင်မှုအဖြစ် Twin Turbo V8 PETROL အင်ဂျင်ဖြင့် 0-60 မိုင်ကို ၄.၂ စက္ကန့်ဖြင့်ရောက်နိုင်ပြီး အမြင့်ဆုံးအရှိန်ဖြင့် ၁ နာရီကို ၁၈၂ မိုင်နှုန်းသွားနိုင် မည်ဖြစ်သည်။စျေး နှုန်းမှာ $105,200 မှစတင်မည်ဖြစ်ကြောင်း သိရသည်။

Zawgyi version…

ဇိမ္ခံအမ်ိဳးအစားကားအမ်ိဳးအစားမ်ားကုိသာ သီးသန္႔ေရာင္းခ်သည့္ အီတလီအေျခစုိက္ကားကုမၸဏီ ျဖစ္ေသာ Maserati မွထုတ္လုပ္ေသာ 2018 Maserati Quattroporte သည္ ၂၀၁၈ ခုႏွစ္အတြက္ အေကာင္းဆုံး ဇိမ္ခံစေပါ့ဆီဒင္အျဖစ္သတ္မွတ္ခံခဲ့ရသည္။ ၁၉၆၃ ခုႏွစ္ကတည္းက စတင္ထုတ္လုပ္ခဲ့ေသာ တံခါး ၄ ေပါက္ဟုအ မည္ရေသာ အဆုိပါ Quattroporte သည္ယခုအခါမ်ိဳးဆက္ ၆ ဆက္တုိင္ခဲ့ျပီျဖစ္ျပီး ျမင့္မားေသာစြမ္းရည္၊ဇိမ္က်ျပီး က်ယ္ဝန္းေသာ အတြင္းခန္းတည္ေဆာက္ပုံႏွင့္ အီတလီအေငြ႔အသက္မ်ားကုိ ခံစားရမည္ဟု Maserati  မွေၾကညာ ထားသည္။  ၎တြင္ GranLusso ႏွင့္ GranSport ဟူ၍ trim options ၂ မ်ိဳးခဲြျခားထားျပီး GranLusso က Luxury ဆန္ျပီး GranSport က စေပါ့ပုံစံလူငယ္အၾကိဳက္ျဖစ္သည္။ The GranLusso ၏ interior တြင္ အေကာင္းစား ပစၥည္းမ်ား ကုိသာသုံးစြဲထားျပီး လြန္စြာေခတ္မီေသာ နည္းပညာမ်ားကုိထည့္သြင္းအသုံးျပဳထားသည္။၎၏ အတြင္းခန္းအေရာင္မွာ အနက္ေရာင္ ျဖစ္ျပီး အရည္အေသြးျမင့္သစ္သားကုိ လည္သာႏွင့္တြဲ ဖက္ထားေသာ စတီယာရင္ပုံစံ၊ ဒရုိင္ဘာအတြက္ မရွိမျဖစ္အေထာက္အကူေပးႏိုင္သည့္ အခ်က္ အလက္ျပ 7” TFT ဒိုင္ခြက္၊ ဒတ္ခ်္ဘုတ္အလယ္ရွိ 8.4” Maserati Touch Control Plus (ထုိ Touch Screen ကုိ အသံႏွင့္ပါအမိန္႔ေပးခို္င္းေစႏိုင္ပါတယ္) မွာ သတင္းအခ်က္အလက္မ်ားစြာကုိ ၾကည့္ရွဳခံ စား ႏိုင္မွာျဖစ္သည္။ ထုိ႔အျပင္ Apple CarPlay ႏွင့္ Android Auto မ်ားခ်ိတ္ ဆက္ႏိုင္သည့္ အျပင္ iPhone users မ်ားအတြက္ မိမိပုဂၢလိကလက္ေထာက္တစ္ေယာက္ကဲ့သုိ႔ ကူညီေပးႏုိင္ေသာApple’s Siri system ကုိလည္းထည့္သြင္း ထားသည္။

GranSport Trim တြင္မူ 21 လက္မ Alloy wheel ၊ Sport စတို္င္ေဘာ္ဒီအခ်ိဳးအဆစ္၊ SportSport seats မ်ားပါဝင္ျပီး The Sport steering wheel ၊ gearshift panels မ်ားကုိထည့္သြင္းထားကာ all-wheel drive ပုံစံေမာင္းႏွင္မွဳျဖစ္သည္။ eight-speed automatic transmission စနစ္ျဖစ္ျပီး Mode 5 မ်ိဳးေျပာင္းလဲေမာင္းႏွင္ႏိုင္သည္။ Safety အေနျဖင့္ Maserati Stability Program (MSP) ကုိထည့္သြင္းထားလုိ႔ မည္သည့္အေကြ႔မ်ိဳးမွာမဆုိ ယာဥ္၏ဟန္ခ်က္ မပ်က္သြားဘဲတည္ျငိမ္မွဳရွိေစျပီး စတီယာရင္စနစ္ကလည္း အလြယ္တကူအလုပ္လုပ္ေပးသလုိ ေနာက္ဆုံးေပၚ Advanced Driver Assistance Systems ေၾကာင့္လည္း ယာဥ္ေမာင္းသူကုိကူညီ ေထာက္ပံ့သည့္ ေမာင္းႏွင္မွဳကုိ ရရွိေစမည္ျဖစ္သည္။ Trim ၂ မ်ိဳးလုံးအတြက္အင္ဂ်င္အေနျဖင့္ V6 TURBO Diesel (275 HP ), Twin Turbo V6 Petrol (430 HP), Twin Turbo V8 PETROL (530HP) အမ်ိဳးအစားမ်ား ကုိေရြးခ်ယ္ ႏိုင္မည္ျဖစ္သည္။ စြမ္း ေဆာင္ႏိုင္မွဳအျဖစ္ Twin Turbo V8 PETROL အင္ဂ်င္ျဖင့္ 0-60 မုိင္ကုိ ၄.၂ စကၠန္႕ျဖင့္ေရာက္ႏိုင္ျပီး အျမင့္ဆုံးအရွိန္ျဖင့္ ၁ နာရီကုိ ၁၈၂ မုိင္ႏွဳန္းသြားႏိုင္ မည္ျဖစ္သည္။ေစ်း ႏွဳန္းမွာ $105,200 မွစတင္မည္ျဖစ္ေၾကာင္း သိရသည္။