Unicode version….
2018 Model Mazda 6 တွင် ပြောင်းလဲဆန်းသစ်မှုအချို့နှင့် Features အသစ်များ ထည့်သွင်း ထားမည်ဖြစ်ပါသည်။ ၄င်း၏ အဓိကစွဲဆောင်မှုတစ်ရပ်ဖြစ်သည့် (Front Grille) ဒီဇိုင်းအား ယခင် ကားများ ထက် ပို၍ခန့်ထည်ပြီး ပြေပြစ်သည့်ဒီဇိုင်းအသစ်ဖြင့် တွေ့မြင်ရမည်ဖြစ်ကာ New X C -5 နှင့် အနာဂတ် Mazda ကားများတွင် အဆိုပါ Design inline အား အမြဲအသုံးပြုရမည်ဖြစ်ပါသည်။ ထို့အပြင်၄င်း၏ အတွင်းခန်းအား ယခင် Model များကဲ့သို့ သပ်ရပ်လှပသည့် ပုံစံဖြင့် ဆက်လက် ဖန်တီးသွားမည် ဖြစ်ပါ သည်။
2018 Mazda 6 တွင် အဓိကထူးခြားမှုအနေဖြင့် (New Turbocharged 2.5 L I 4 Engine) ၊ (250 hp)၊ (310 lb-ft of torque) အင်ဂျင်အမျိုးအစားအသစ်အား ထည့်သွင်းထားခြင်းဖြစ်ပြီး အဆိုပါ အင်ဂျင်အား (New CX – 9 SUV) တွင် တွေ့ရှိနိုင်မည်ဖြစ်ပါသည်(မြင်းကောင်ရေကွဲလွဲမှုရှိပါမည်)။ Gear Box မှာ 6-Speed Auto ဖြစ်ပါသည်။ ယခု အင်ဂျင်တွင် ဆီစားနှုန်းအထူးသက်သာစေမည့် နည်းပညာများ ထည့်သွင်းထားမည်ဖြစ်ပြီး အင်ဂျင်အပြင် ကားအောက်ပိုင်း ဆိုင်းထိန်းစနစ် Suspension System များကို လည်း အဆင့်မြှင့်တင်ထားပါသည်။ ၄င်း၏ အနောက်ဖက် ၀န်ရိုးအား မာကျောမှုရှိသည့် Trailing Arm များဖြင့် ပြုလုပ်ထားပြီး အထူးပေါ့ပါးသွက်လက်သည့် Steering Handing ကိုလည်း ရရှိနိုင်မည်ဖြစ် ပါသည်။
2018 Mazda 6၏ အတွင်းခန်းကိုလည်း ပြောင်းလဲမှုအသစ်များအပါအဝင် ကျယ်ဝန်းသပ်ရပ်ပြီး Refinement ဖြစ်စေရန် အဆင့်မြှင့်တင်မှုများဖြင့် ဖန်တီးထားပါသည်။ ထိုင်ခုံများသည် Redesign Seat များဖြစ်ကြပြီး အပူ၊ အအေးပေး စနစ်ကိုလည်းမှာယူနိုင်၍ Mazda 6 ချစ်သူများအကြိုက်တွေ့မည်ဖြစ်ပါ သည်။ ထို့အပြင် (Head – up display) ၊ (Adaptive Cruise Control)၊ (7-inch Screen – Optional) ၊ (Nappar Leather Seats) တို့ကိုလည်း (2018 Mazda 6) တွင် ရရှိခံစားနိုင်ပါမည်။
Ultra Suede Accents များအား တံခါး၊ Dash နှင့် ထိုင်ခုံများတွင် ထည့်သွင်းထားမည်ဖြစ်ပြီး Sem Wood အမျိုးအစားများဖြင့်လည်း မွမ်းမံထားမည်ဖြစ်ပါသည်။ ၄င်းအား 2018နွေဦးကာလတွင် စတင် ရောင်းချမည်ဖြစ်ပါသည်။
Zawgyi version…