Unicode Version…
Mercedes – Benz ၏ အထင်အရှားဖြစ်သည့် G – Class Wagon သည် ဖျက်ဆီး၍ မရနိုင်လုနီးပါး တောင့်တင်းခိုင်ခန့်သည့် Model ဖြစ်ပြီး ယာဉ်တစ်စီးလုံးတွင် အကောင်းဆုံးသော သံမဏိကျည်ဆန်များကို မကာကွယ်နိုင်ပါ။ သို့သော် Canada’s Inkos မှ အထူးဖန်တီးထားသည့် G 63 AMG Limousine Model ကျည်ကာကားသည် အပြည့်အ၀ လုံခြုံမှုရရှိနိုင်မည့် (ဇိမ်ခံသံချပ်ကာယာဉ်) ဟု ဆိုရမည်ဖြစ်ကာ တန်ဖိုးအနေဖြင့် (USD 1200000 ) ခန့် ကျသင့်သည့် အတွက် အထူးတန်ဖိုးကြီးကားဟုလည်းသတ်မှတ်ရပါမည်။ ၎င်း၏ အလျားသည် ပုံမှန် G – Wagon ထက် ( ၆၀ လက်မ) ပို ၍ ရှည်လျားကာ (၁၇၇.၂ လက်မ ) Wheelbase အရှည်ရှိသည့် ကိုယ်ထည်ဖြင့် ဖန်တီးထားပြီး (7.62 mm ) ရှိသည့် ကျည်ကာစနစ်များနှင့် (လက်ပစ်ဗုံး ) ကာကွယ်မှုများပါရှိသည့် အထူးဖန်တီးတည်ဆောက်ထားသည့်ကားကိုယ်ထည်ဖြင့် ထုတ်လုပ်ထားပါ သည်။ ၎င်းသည် ( Full Time 4 WD System ) စနစ်သုံးကားဖြစ်ပြီး ( 5.5 L Twin turbo V8 Engine ) ကို တပ်ဆင်ထား ပါသည်။ ၎င်းတွင် အထူးဖန်တီးထားသည့် ကျည်ကာကိုယ်ထည်နှင့် အဆင့်မြှင့်ကျည်ကာမှန်များ လည်းပါဝင်မည်။ ထူးခြားချက်မှာ ၎င်း၏ အတွင်းခန်းအခင်းအကျင်းအား သားနားစွာ ဖန်တီးထားပြီး ( 4K Ultra HDTV ) နှင့် ( Apple TV ) များထည့်သွင်းထားပါသည်။ ထို့အပြင် Headliner ကို လိုသလို ချိန်ညှိနိုင်ပြီး သဘာဝအလင်းရောင်ကဲ့သို့ ဖြစ်စေရန် ပြုပြင် ဖန်တီးနိုင်မည်ဖြစ်သည်။ အလားတူ ဝယ်ယူသူစိတ်ကြိုက်ရွေးချယ်နိုင်သည့် Optional Features များစွာလည်း ပါရှိမည်ဖြစ်ပါသည်။
Zawgyi Version…
2018 Mercedes – AMG G63 Limousine Model အထူးထုတ် ကျည်ကာကား