Unicode Version…
ဟိုးယခင်ကတည်းကရော ယနေ့ခေတ်တိုင်အောင် ကားလောကအတွင်းမှာ ဂုဏ်သိက္ခာရှိကားအမှတ်တွေကို ပြောပါဆိုရင် Mercedes ကိုချန်ထားခဲ့လို့ မရပါဘူး။ သူတို့ဟာ ဒီနေ့ထက်ထိ အကောင်းဆုံးတွေထဲက တစ်ခုဆိုတာကို ဆက်လက် သက်သေပြနိုင်လောက်အောင်ကို ဆန်းသစ်မှု၊အတွေ့အကြုံ၊ယုံကြည်စိတ်ချရမှုတွေနဲ့ပြည့်ဝနေဆဲဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခါတော့ Drive ရဲ့ Test Drive ကဏ္ဍမှာ SUV တစ်စီးဖြစ်တဲ့ Mercedes-Benz GLS 350 d ကိုစမ်းသပ် မောင်းနှင်မှုပြုလုပ်ထားတဲ့အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ပထမဆုံး GLS အကြောင်းနဲ့ စလိုက်ချင်ပါတယ်။ သူက full-size luxury SUV ဖြစ်ပြီး ခုံ ၃တန်း ၇ယောက်စီးမော်ဒယ်တစ်ခုဖြစ်ပါတယ်။ Mercedes-Benz ရဲ့ flagship SUV line ထဲမှာပါတဲ့ GLS ကို 2007 မှာစထုတ်ခဲ့တာဖြစ်ပြီး အခုဆိုမျိုးဆက် ၂ ဆက်တိုင်ခဲ့ပါပြီ။ ထွက်သမျှ Trim တွေအကုန်လုံးကို All wheel drive (4MATIC) အဖြစ်ထုတ်လုပ်ထားပြီး လမ်းကြောင်းတွေမှာအဓိကစွမ်းဆောင်ရည်ကောင်းအောင်ပါ တည်ဆောက်ပေးထားတာဖြစ်ပါတယ်။ သူ့အကြောင်း ဆက်လေ့လာကြည့်ရအောင်ပါ။
အပြင်ဘက်ပိုင်း
GLS က GLE-Class လို့ပဲ unibody architecture အတိုင်းပုံစံယူတည်ဆောက်ထားတာဖြစ်လို့ GLE နဲ့တော်တော် ဆင်ပါတယ်။ အားရှိပြီး စတိုင်ကျတဲ့ရုပ်သွင်ကို ပိုင်ဆိုင်ထားသလို Mercedes ရဲ့ Signature ဖြစ်တဲ့ ရှေ့ရှဲပေါ်မှာ Chrome နဲ့လုပ်ထားတဲ့ Mercedes သုံးမြှောင့် Logo ပါဝင်ပါတယ်။နောက်ပြီးတော့ အနက်ရောင်ဇကာကွပ်တွေက အပေါ်ဘက်၊ အောက် ဘက်တွေမှာ လှပစွာဝန်းရံထားပါလိမ့်မယ်။ ဘောနက်ပေါ်မှာလည်း Mercedes Logo ထပ်ပါသေးသလို လေစုပ်ပေါက်တွေအများအပြားပါဝင်လို့ ဟိုင်းဝေးမောင်းနှင်မှုတွေအတွက် အရမ်းကောင်းမယ်ဆိုတာပေါ်လွင်နေစေပါ တယ်။ ကားရှေ့ဘက်အောက်ဆုံးမှာ ငွေရောင်တောက်ပတဲ့ ဗိုက်ကာတန်းတစ်ခုထည့်သွင်းပေးထားတာကလည်း GLS ကိုပိုပြီးဝင့်ကြွားနေစေပါတယ်။ ရှေ့မီးကြီးတွေကလည်း LED Intelligent Light System တွေဖြစ်ပြီး အလိုအလျောက် အဖွင့်အပိတ်၊ အတင်အချလုပ်ပေးနိုင်ပါတယ်။ Day Lamps နဲ့ Fog Lamp တွေလည်းပါဝင်ပြီး ကားတစ်စီးလုံးကို Aerodynamic ဖြစ်အောင်ပြုလုပ်တည်ဆောက်ထားကာ တိကျသပ်ရပ်တဲ့ အနားရေးကြောင်းတွေလည်း ပါရှိပြန်ပါတယ်။ နောက်ပြီး 21 inch Titanium Wheel တွေသုံးထားကာ နောက်ဘက်မှာလည်း လှပပြီး လင်းအားကောင်းတဲ့ LED ပေါင်းစပ်မီးဒီဇိုင်းအသစ်တွေကို အသုံးပြုထားပါတယ်။ Rain Sensing Wipers လိုအဆင့်မြင့် Feature တွေပါသလို Dual Exhaust စနစ်လည်းဖြစ်ပါတယ်။
အတွင်းခန်း
အဆင့်မြင့်ဇိမ်ခံကားတစ်စီးဆိုတာ နေရာတိုင်းမှာ သုံးထားတဲ့ ပစ္စည်း၊လိုအပ်တဲ့အသုံးအဆောင်၊နည်းပညာတွေအားလုံးက ထိပ်တန်းအဆင့်ရှိနေဖို့ လိုအပ်ပါတယ်။ GLS က Mercedes ရဲ့ကောင်းပေ့ဆိုတဲ့ နည်းပညာတွေကို ထည့်သွင်းထားလို့ အထက်ပါအချက်တွေနဲ့ ပြည့်စုံပါတယ်။ အတွင်းခန်းမှာ high-resolution displays ရှိပြီး ထိတွေ့ရတာအရမ်းကို ညက်ညောမှုရှိတဲ့ touchpads တွေအပြင် များလှစွာသော networking တွေပါဝင်ပါတယ်။ ၈ လက်မဖန်သားပြင်မှာ Navigation, telephone, audio, video, internet စတဲ့အချက်အလက်အစုံအလင်ကို အကောင်းဆုံးထိန်း ချုပ်နိုင်ဦးမှာဖြစ်ပါတယ်။နောက်ပြီး Mercedes ရဲ့မူပိုင်နည်းပညာဖြစ်တဲ့ Command Control တစ်ခုကို အလယ်စင် တာမှာထည့်သွင်းပေးထားပြီး အဲဒီကနေတစ်ဆင့် Touch Screen ကိုထိန်းချုပ်နိုင်သလို Audio စနစ်နဲ့ အခြားလုပ်ဆောင်ချက်တွေကို ညွှန်ကြားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်ခုံနဲ့ လိုက်ဘက်ညီစေမယ့် လည်သာကို ငွေရောင်အနားကွပ်တွေနဲ့တွဲဖက်ပေးထားပါတယ်။ အဆင့်မြင့် ဒတ်ရှ်ဘုတ်ဒီဇိုင်းနဲ့အရည်အသွေး၊ Memory ၃မျိုးနဲ့ မှတ်သားနိုင်ပြီး ပုံစံမျိုးစုံမော်တာနဲ့ထိန်းချုပ်ညွှန်ကြားနိုင်တဲ့ ထိုင်ခုံတွေ၊ ခုံ ၃ တန်းပါပေမယ့် လုံလောက်တဲ့ အကျယ် အဝန်းကိုပေးစွမ်းနိုင်ပါသေးတယ်။ GLS မှာ အတွင်းခန်းအကျယ်က 2300 litres ရှိပြီး ဝန်တင် ဆောင်နိုင် တဲ့နေရာအကျယ်က 680 l ပါရှိကာ နောက်ခုံတန်းတွေကိုလည်း 60:40 ခေါက်သိမ်း လို့ရနိုင်ပါတယ်။ 4 zones Air conditioning System ပါဝင်ပြီး Round Air Con စနစ်ဖြစ်သလို အပူအအေးကို လိုသလို ချိန်ညှိနိုင်ပါတယ်။ ပြီးတော့ air quality ကိုအကောင်းဆုံးပြုလုပ်ပေးတဲ့စနစ်ပါလို့ လေသန့်တွေကိုသာထုတ်ပေးပြီး ပြင်ပက ကာဗွန်ငွေ့တွေ၊ ဖုတ်တွေ၊ အနံ့ဆိုးတွေမဝင်နိုင်အောင်လေကိုသန့်စင်ပေးထားပါသေးတယ်။ ပြီးတော့ ထိုင်ခုံတွေက ခရီးဝေးသွားလာမှုတွေအတွက် ကျောရိုးနဲ့ဦးခေါင်းပိုင်းသက်သောင့်သက်သာရှိစေဖို့ ကူညီထောက်ပံ့ပေးထားသလို ရှေ့၂ ခုံအတွက် ဇုန် ၇ ဇုန် ခွဲပြီး နှိပ်ပေးနိုင်တဲ့ massage function ကတော့ option အဖြစ်မှာယူလို့ရနိုင်ပါတယ်။ ပြီးတော့ ယာဉ်မောင်းသူအတွက် တိကျတဲ့ Info တွေကိုပေးနိုင်တဲ့ ရှင်းလင်းပြတ်သားပြီး တောက်ပစွာမြင်တွေ့နိုင်တဲ့ ဒိုင်ခွက်၊ ကျွန်းသားနဲ့ အကောင်းစားလည်သာကို ရောစပ်ထားပြီး Mercedes ရဲ့ Signature သုံးမြှောင့် Logo ပါတဲ့ စပေါ့စတိုင် စတီယာရင်တွေလည်း ပါရှိပါတယ်။ အဲဒီစတီယာရင်မှာလည်း Voice ,Phone,Media နဲ့ Cruise Control တွေကို ထိန်းချုပ်ဖို့ Steering Wheel Remote Control တွေပါရှိပါတယ်။ Push Start Button ဖြစ်ပြီး Keyless Entry စနစ်တွေ အပြင် လည်သာလက်တင်ခုံတွေ၊ခွက်ထည့်စရာတွေ၊လုံလောက်တဲ့ ပစ္စည်းထည့်စရာတွေအများ အပြားထည့် သွင်းထား ပါတယ်။ Entertainment System အတွက်တော့ Apple CarPlay and Android Auto, Harman Kardon Logic 7 surround sound system တွေပါရှိပြီး 14 high-performance loudspeakers သုံးထားလို့ တကယ့်ကို အဆင့်မြင့် သောတအာရုံကို ခံစားနိုင်မှာဖြစ်ပါတယ်။ ဒုတိယခုံတန်းအတွက် ပထမတန်းစားဖျော်ဖြေရေးဖြစ်တဲ့ DVD, Music,TV တွေကိုကြည့်ရှုဖို့အပြင် wireless headphonesစနစ်၊ 20.3-centimetre ရှိတဲ့ screens ၂ခု ကိုတော့ Option အနေနဲ့ မှာယူနိုင်မှာဖြစ်ပါတယ်။ ဒီကားမှာ ပြင်ပရာသီဥတုအခြေအနေတွေကို ကောင်းစွာကြည့်ရှုနိုင်ပြီး ကျယ်ပြန့်တဲ့ Panoramic Sunroof ပါဝင်သလို Smart Power Lift gate စနစ်ကိုလည်း သုံးထားပါသေးတယ်။
စွမ်းဆောင်ရည်
ဒီကားမှာ Cylinders ၆လုံးပါတဲ့ 3.0L Petrol engine ကိုတပ်ဆင်ထားကာ 9G-Tronic auto Transmission စနစ်သုံး ထားပါတယ်။ All time 4WD စနစ်ဖြစ်ပြီး မြင်းကောင်ရေ ၂၅၈ ကောင်အားထွက်သလို ရုန်းအားကလည်း 620 Nm ဖြစ်ပါတယ်။ အမြန်ဆုံးအနေနဲ့ တစ်နာရီကို ၂၂၂ ကီလိုမီတာမောင်းနိုင်သလို 0-100 km/h ကို 8.3 sec ထဲနဲ့ ရောက် အောင်သွားနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး Fuel Consumption က 7.9 L/100 km သွားနိုင်ပြီး ဆီတိုင်ကီက100 L ဝင်ဆံ့ပါတယ်။ Awd Modes ပါပြီး comfortable, sporty, winter-optimised, off-road ဆိုတဲ့မောင်းနှင်မှုပုံစံ ၄ မျိုးနဲ့ မိမိစိတ်ကြိုက်မောင်းနှင်မှုပုံစံတွေကိုပါ ပြောင်းလဲ မောင်းနှင်နိုင်တဲ့ DYNAMIC SELECT ပါဝင်ပါတယ်။ဒီစနစ်ကရွေးချယ် မှုပေါ်မူတည်ပြီး engine, transmission, suspension နဲ့ steering ပုံစံတွေကိုပါပြောင်းလဲသွားမှာဖြစ်ပါတယ်။ ပြီးတော့ မောင်းနှင်မှုပုံစံအသစ်တွေ၊စွမ်းဆောင်ရည်အသစ်တွေပါတဲ့ AIRMATIC package ကိုလည်းမှာယူနိုင်ပါသေးတယ်။
လုံခြုံရေး
လုံခြုံရေးဦးစားပေးတဲ့ ကားအမှတ်တံဆိပ်ဖြစ်လို့ လေအိတ်ကိုလည်း ရှေ့၊ဘေးဘက်၊ Curtain နဲ့ဒူးတွေကိုကကွယ်ဖို့ ထည့်သွင်းပေးထားပါတယ်။ နောက်ပြီးတော့ Electronic Brake Distribution , ABS , Stability Control , Active Park Assist ,Parking Pilot , 360° camera , Tire Pressure Monitoring , Hill Start Assist , Immobilizer, Security Alarm တို့အပြင် ကားကျပ်နေစဉ်မှာ မိမိကားကိုရှေ့ကားနဲ့လုံလောက်တဲ့ အကွာအဝေးမှာပဲရပ်နေအောင်ပြုလုပ်ပေးမယ့် Distance Pilot DISTRONIC with Steering Pilot စနစ်၊ ရုတ်တရက်ပေါ်လာတဲ့ ကား၊လူ၊အရာဝတ္ထု တွေကိုဆင်ဆာနဲ့အာရုံခံပြီး ကားကိုအလိုအလျောက်ဘရိတ်ဖမ်းပေးနိုင်တဲ့ Active Brake Assist with cross-traffic function စနစ် စတဲ့နည်းပညာတွေထည့်သွင်းအသုံးပြုထားပါတယ်။
စမ်းသပ်မောင်းနှင်မှု
ပထမဆုံး GLS ကိုအသိအမှတ်ပြုပေးချင်တာကတော့ ခါးပတ်စနစ်ဖြစ်ပါတယ်။ စပြီးခါးပတ်ပတ်လိုက်တယ်။ အလိုအ လျောက် Driver အနေအထားကို ချိန်ညှိပေးတယ်။ဆိုလိုတာကတော့ လျော့တိလျော့ရဲမျိုးမဖြစ်စေဘဲ မောင်းနှင်ရအ ဆင်ပြေစေဖို့အတွက် တင်းကျပ်ပေးလိုက်တယ်။မောင်းတဲ့အခါမှာလည်း အရှိန်နဲ့ကွေ့ရင် လူပါယိမ်းမသွားအောင် ခါးပတ် က အလျော့အတင်းလိုသလို လုပ်ဆောင်ပေးပါတယ်။ ယာဉ်မောင်းသူကို Safe ဖြစ်စေပြီး တည်ငြိမ်စေတဲ့ လုပ်ဆောင်ချက်မျိုးပါ။နောက်တစ်ခုက ဒီကားကို အရှိန်ဘယ်လောက်များများ တည်ငြိမ်မှုရှိတယ်။လွယ်ကူတဲ့ စတီယာရင် ထိန်းချုပ်မှုကို ရရှိစေပါတယ်။ နောက်တစ်ခုကတော့ Luxury SUV ဖြစ်တော့ အောက်ပိုင်းစနစ်တွေ သိပ်ကောင်းတယ်။ ဘယ်လိုကောင်းလဲဆိုတော့ ဆလွန်းတစ်စီးမောင်းနေရသလို ငြိမ့်တယ်။ ပြီးတော့ အကြမ်းခံနိုင်တယ်။ထောင့်ချိုးတွေ၊ ကျဉ်းတဲ့နေရာတွေမှာ ကွေ့ရတာလည်းကောင်းတယ်။ စတီယာရင် အကူအညီတွေပါတော့ မောင်းရတာသိပ်မိုက် တယ်။နောက်ပြီး 4MATIC စနစ်ကြောင့်လလည်း ကားက ထိန်းချုပ်ရလွယ်ကူနေတာပါ။
ဈေးနှုန်းနဲ့သုံးသပ်ချက်
ပထမဆုံး GLS ရဲ့ Safey တွေ၊Driving Feeling တွေက စာရေးသူကို အကောင်းဆုံးမောင်းနှင်မှုကို ပေးနိုင်တယ်လို့ ဆိုပါ ရစေ။ Mercedes ကသူတို့ရဲ့ဂုဏ်ပုဒ်ကို ဆက်လက်ထိန်းထားနိုင်ဆဲပါ။ဒါပေမဲ့ ဂျာမန်ကားတွေရဲ့ထုံးစံအတိုင်း အကောင်း ဆုံးတွေကိုပါစေချင်ရင် Package တွေထပ်ဝယ်ရဦးမှာဖြစ်လို့ ငွေတော့အကုန်အကျများမှာပါ။ ဒီကားမျိုး ကလည်း ကြွယ်ဝ ချမ်းသာသူတွေရဲ့အသုံးအဆောင်ဆိုတော့ ဈေးကြီးတာမဆန်းပါဘူး။ ဒီကားမှာ Head Up Display တို့၊ Lane Departure Warning System တို့၊ Blind Spot Detection System တို့ကို Satandard အနေနဲ့ထည့် သွင်းပေးထားမယ်ဆိုရင် Customer တွေပိုကျေနပ်ကြမယ်ထင်ပါတယ်။ ကဲ…ဈေးနှုန်းပြောဖို့ပဲကန်ပါတော့တယ်။ Mercedes-Benz GLS 350 d ရဲ့တန်ကြေးက 250,000 USD ကနေစပါလိမ့်မယ်။
Specification…
Engine – 3.0L Petrol
Transmissions – 9G Speed Tronic auto
Maximum Power – 258 hp
Maximum Torque – 620 Nm
Drivetrain – 4WD
Top Speed (Km/h) – 222
Acceleration 0-100 Km/h (sec) – 8.3













Zawgyi Version…
SUV တစ္စီးရဲ႕ ဝိေသသလကၡဏာေတြကုိ ေဖာ္ညႊန္းေပးႏိုင္မယ့္ Mercedes-Benz GLS 350 d
ဟုိးယခင္ကတည္းကေရာ ယေန႔ေခတ္တုိင္ေအာင္ ကားေလာကအတြင္းမွာ ဂုဏ္သိကၡာရွိကားအမွတ္ေတြကုိ ေျပာပါဆုိရင္ Mercedes ကုိခ်န္ထားခဲ့လုိ႔ မရပါဘူး။ သူတုိ႔ဟာ ဒီေန႔ထက္ထိ အေကာင္းဆုံးေတြထဲက တစ္ခုဆုိတာကုိ ဆက္လက္ သက္ေသျပႏိုင္ေလာက္ေအာင္ကုိ ဆန္းသစ္မွဳ၊အေတြ႔အၾကဳံ၊ယုံၾကည္စိတ္ခ်ရမွဳေတြနဲ႕ျပည့္ဝေနဆဲျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီတစ္ခါေတာ့ Drive ရဲ႕ Test Drive က႑မွာ SUV တစ္စီးျဖစ္တဲ့ Mercedes-Benz GLS 350 d ကုိစမ္းသပ္ ေမာင္းႏွင္မွဳျပဳလုပ္ထားတဲ့အေၾကာင္းကုိ ေဖာ္ျပေပးခ်င္ပါတယ္။ ပထမဆုံး GLS အေၾကာင္းနဲ႔ စလုိက္ခ်င္ပါတယ္။ သူက full-size luxury SUV ျဖစ္ျပီး ခုံ ၃တန္း ၇ေယာက္စီးေမာ္ဒယ္တစ္ခုျဖစ္ပါတယ္။ Mercedes-Benz ရဲ႕ flagship SUV line ထဲမွာပါတဲ့ GLS ကုိ 2007 မွာစထုတ္ခဲ့တာျဖစ္ျပီး အခုဆုိမ်ိဳးဆက္ ၂ ဆက္တုိင္ခဲ့ပါျပီ။ ထြက္သမွ် Trim ေတြအကုန္လုံးကုိ All wheel drive (4MATIC) အျဖစ္ထုတ္လုပ္ထားျပီး လမ္းေၾကာင္းေတြမွာအဓိကစြမ္းေဆာင္ရည္ေကာင္းေအာင္ပါ တည္ေဆာက္ေပးထားတာျဖစ္ပါတယ္။ သူ႕အေၾကာင္း ဆက္ေလ့လာၾကည့္ရေအာင္ပါ။
အျပင္ဘက္ပုိင္း
GLS က GLE-Class လုိ႔ပဲ unibody architecture အတုိင္းပုံစံယူတည္ေဆာက္ထားတာျဖစ္လုိ႔ GLE နဲ႔ေတာ္ေတာ္ ဆင္ပါတယ္။ အားရွိျပီး စတိုင္က်တဲ့ရုပ္သြင္ကုိ ပုိင္ဆုိင္ထားသလုိ Mercedes ရဲ႕ Signature ျဖစ္တဲ့ ေရွ႕ရွဲေပၚမွာ Chrome နဲ႔လုပ္ထားတဲ့ Mercedes သုံးေျမွာင့္ Logo ပါဝင္ပါတယ္။ေနာက္ျပီးေတာ့ အနက္ေရာင္ဇကာကြပ္ေတြက အေပၚဘက္၊ ေအာက္ ဘက္ေတြမွာ လွပစြာဝန္းရံထားပါလိမ့္မယ္။ ေဘာနက္ေပၚမွာလည္း Mercedes Logo ထပ္ပါေသးသလုိ ေလစုပ္ေပါက္ေတြအမ်ားအျပားပါဝင္လုိ႔ ဟုိင္းေဝးေမာင္းႏွင္မွဳေတြအတြက္ အရမ္းေကာင္းမယ္ဆုိတာေပၚလြင္ေနေစပါ တယ္။ ကားေရွ႕ဘက္ေအာက္ဆုံးမွာ ေငြေရာင္ေတာက္ပတဲ့ ဗုိက္ကာတန္းတစ္ခုထည့္သြင္းေပးထားတာကလည္း GLS ကုိပုိျပီးဝင့္ၾကြားေနေစပါတယ္။ ေရွ႕မီးၾကီးေတြကလည္း LED Intelligent Light System ေတြျဖစ္ျပီး အလုိအေလ်ာက္ အဖြင့္အပိတ္၊ အတင္အခ်လုပ္ေပးႏိုင္ပါတယ္။ Day Lamps နဲ႔ Fog Lamp ေတြလည္းပါဝင္ျပီး ကားတစ္စီးလုံးကုိ Aerodynamic ျဖစ္ေအာင္ျပဳလုပ္တည္ေဆာက္ထားကာ တိက်သပ္ရပ္တဲ့ အနားေရးေၾကာင္းေတြလည္း ပါရွိျပန္ပါတယ္။ ေနာက္ျပီး 21 inch Titanium Wheel ေတြသုံးထားကာ ေနာက္ဘက္မွာလည္း လွပျပီး လင္းအားေကာင္းတဲ့ LED ေပါင္းစပ္မီးဒီဇုိင္းအသစ္ေတြကုိ အသုံးျပဳထားပါတယ္။ Rain Sensing Wipers လုိအဆင့္ျမင့္ Feature ေတြပါသလုိ Dual Exhaust စနစ္လည္းျဖစ္ပါတယ္။
အတြင္းခန္း
အဆင့္ျမင့္ဇိမ္ခံကားတစ္စီးဆုိတာ ေနရာတုိင္းမွာ သုံးထားတဲ့ ပစၥည္း၊လုိအပ္တဲ့အသုံးအေဆာင္၊နည္းပညာေတြအားလုံးက ထိပ္တန္းအဆင့္ရွိေနဖုိ႔ လုိအပ္ပါတယ္။ GLS က Mercedes ရဲ႕ေကာင္းေပ့ဆုိတဲ့ နည္းပညာေတြကုိ ထည့္သြင္းထားလုိ႔ အထက္ပါအခ်က္ေတြနဲ႔ ျပည့္စုံပါတယ္။ အတြင္းခန္းမွာ high-resolution displays ရွိျပီး ထိေတြ႕ရတာအရမ္းကုိ ညက္ေညာမွဳရွိတဲ့ touchpads ေတြအျပင္ မ်ားလွစြာေသာ networking ေတြပါဝင္ပါတယ္။ ၈ လက္မဖန္သားျပင္မွာ Navigation, telephone, audio, video, internet စတဲ့အခ်က္အလက္အစုံအလင္ကုိ အေကာင္းဆုံးထိန္း ခ်ဳပ္ႏိုင္ဦးမွာျဖစ္ပါတယ္။ေနာက္ျပီး Mercedes ရဲ႕မူပုိင္နည္းပညာျဖစ္တဲ့ Command Control တစ္ခုကုိ အလယ္စင္ တာမွာထည့္သြင္းေပးထားျပီး အဲဒီကေနတစ္ဆင့္ Touch Screen ကုိထိန္းခ်ဳပ္ႏိုင္သလုိ Audio စနစ္နဲ႕ အျခားလုပ္ေဆာင္ခ်က္ေတြကုိ ညႊန္ၾကားႏိုင္မွာျဖစ္ပါတယ္။ ဒါ့အျပင္ ထုိင္ခုံနဲ႕ လုိက္ဘက္ညီေစမယ့္ လည္သာကုိ ေငြေရာင္အနားကြပ္ေတြနဲ႕တြဲဖက္ေပးထားပါတယ္။ အဆင့္ျမင့္ ဒတ္ရွ္ဘုတ္ဒီဇုိင္းနဲ႕အရည္အေသြး၊ Memory ၃မ်ိဳးနဲ႕ မွတ္သားႏိုင္ျပီး ပုံစံမ်ိဳးစုံေမာ္တာနဲ႕ထိန္းခ်ဳပ္ညႊန္ၾကားႏိုင္တဲ့ ထုိင္ခုံေတြ၊ ခုံ ၃ တန္းပါေပမယ့္ လုံေလာက္တဲ့ အက်ယ္ အဝန္းကုိေပးစြမ္းႏိုင္ပါေသးတယ္။ GLS မွာ အတြင္းခန္းအက်ယ္က 2300 litres ရွိျပီး ဝန္တင္ ေဆာင္ႏိုင္ တဲ့ေနရာအက်ယ္က 680 l ပါရွိကာ ေနာက္ခုံတန္းေတြကုိလည္း 60:40 ေခါက္သိမ္း လုိ႔ရႏိုင္ပါတယ္။ 4 zones Air conditioning System ပါဝင္ျပီး Round Air Con စနစ္ျဖစ္သလုိ အပူအေအးကုိ လုိသလုိ ခ်ိန္ညွိႏိုင္ပါတယ္။ ျပီးေတာ့ air quality ကုိအေကာင္းဆုံးျပဳလုပ္ေပးတဲ့စနစ္ပါလုိ႔ ေလသန္႕ေတြကုိသာထုတ္ေပးျပီး ျပင္ပက ကာဗြန္ေငြ႔ေတြ၊ ဖုတ္ေတြ၊ အနံ႔ဆုိးေတြမဝင္ႏိုင္ေအာင္ေလကုိသန္႕စင္ေပးထားပါေသးတယ္။ ျပီးေတာ့ ထုိင္ခုံေတြက ခရီးေဝးသြားလာမွဳေတြအတြက္ ေက်ာရုိးနဲ႕ဦးေခါင္းပုိင္းသက္ေသာင့္သက္သာရွိေစဖုိ႔ ကူညီေထာက္ပံ့ေပးထားသလုိ ေရွ႕၂ ခုံအတြက္ ဇုန္ ၇ ဇုန္ ခြဲျပီး ႏွိပ္ေပးႏိုင္တဲ့ massage function ကေတာ့ option အျဖစ္မွာယူလုိ႔ရႏိုင္ပါတယ္။ ျပီးေတာ့ ယာဥ္ေမာင္းသူအတြက္ တိက်တဲ့ Info ေတြကုိေပးႏိုင္တဲ့ ရွင္းလင္းျပတ္သားျပီး ေတာက္ပစြာျမင္ေတြ႔ႏိုင္တဲ့ ဒိုင္ခြက္၊ ကြ်န္းသားနဲ႕ အေကာင္းစားလည္သာကုိ ေရာစပ္ထားျပီး Mercedes ရဲ႕ Signature သုံးေျမွာင့္ Logo ပါတဲ့ စေပါ့စတိုင္ စတီယာရင္ေတြလည္း ပါရွိပါတယ္။ အဲဒီစတီယာရင္မွာလည္း Voice ,Phone,Media နဲ႕ Cruise Control ေတြကုိ ထိန္းခ်ဳပ္ဖုိ႔ Steering Wheel Remote Control ေတြပါရွိပါတယ္။ Push Start Button ျဖစ္ျပီး Keyless Entry စနစ္ေတြ အျပင္ လည္သာလက္တင္ခုံေတြ၊ခြက္ထည့္စရာေတြ၊လုံေလာက္တဲ့ ပစၥည္းထည့္စရာေတြအမ်ား အျပားထည့္ သြင္းထား ပါတယ္။ Entertainment System အတြက္ေတာ့ Apple CarPlay and Android Auto, Harman Kardon Logic 7 surround sound system ေတြပါရွိျပီး 14 high-performance loudspeakers သုံးထားလုိ႔ တကယ့္ကုိ အဆင့္ျမင့္ ေသာတအာရုံကုိ ခံစားႏိုင္မွာျဖစ္ပါတယ္။ ဒုတိယခုံတန္းအတြက္ ပထမတန္းစားေဖ်ာ္ေျဖေရးျဖစ္တဲ့ DVD, Music,TV ေတြကုိၾကည့္ရွဳဖုိ႔အျပင္ wireless headphonesစနစ္၊ 20.3-centimetre ရွိတဲ့ screens ၂ခု ကုိေတာ့ Option အေနနဲ႔ မွာယူႏိုင္မွာျဖစ္ပါတယ္။ ဒီကားမွာ ျပင္ပရာသီဥတုအေျခအေနေတြကုိ ေကာင္းစြာၾကည့္ရွဳႏိုင္ျပီး က်ယ္ျပန္႕တဲ့ Panoramic Sunroof ပါဝင္သလုိ Smart Power Lift gate စနစ္ကုိလည္း သုံးထားပါေသးတယ္။
စြမ္းေဆာင္ရည္
ဒီကားမွာ Cylinders ၆လုံးပါတဲ့ 3.0L Petrol engine ကုိတပ္ဆင္ထားကာ 9G-Tronic auto Transmission စနစ္သုံး ထားပါတယ္။ All time 4WD စနစ္ျဖစ္ျပီး ျမင္းေကာင္ေရ ၂၅၈ ေကာင္အားထြက္သလုိ ရုန္းအားကလည္း 620 Nm ျဖစ္ပါတယ္။ အျမန္ဆုံးအေနနဲ႕ တစ္နာရီကုိ ၂၂၂ ကီလုိမီတာေမာင္းႏိုင္သလုိ 0-100 km/h ကုိ 8.3 sec ထဲနဲ႕ ေရာက္ ေအာင္သြားႏိုင္မွာျဖစ္ပါတယ္။ ေနာက္ျပီး Fuel Consumption က 7.9 L/100 km သြားႏိုင္ျပီး ဆီတုိင္ကီက100 L ဝင္ဆံ့ပါတယ္။ Awd Modes ပါျပီး comfortable, sporty, winter-optimised, off-road ဆုိတဲ့ေမာင္းႏွင္မွဳပုံစံ ၄ မ်ိဳးနဲ႔ မိမိစိတ္ၾကိဳက္ေမာင္းႏွင္မွဳပုံစံေတြကုိပါ ေျပာင္းလဲ ေမာင္းႏွင္ႏိုင္တဲ့ DYNAMIC SELECT ပါဝင္ပါတယ္။ဒီစနစ္ကေရြးခ်ယ္ မွဳေပၚမူတည္ျပီး engine, transmission, suspension နဲ႔ steering ပုံစံေတြကုိပါေျပာင္းလဲသြားမွာျဖစ္ပါတယ္။ ျပီးေတာ့ ေမာင္းႏွင္မွဳပုံစံအသစ္ေတြ၊စြမ္းေဆာင္ရည္အသစ္ေတြပါတဲ့ AIRMATIC package ကုိလည္းမွာယူႏိုင္ပါေသးတယ္။
လုံျခဳံေရး
လုံျခဳံေရးဦးစားေပးတဲ့ ကားအမွတ္တံဆိပ္ျဖစ္လုိ႔ ေလအိတ္ကုိလည္း ေရွ႕၊ေဘးဘက္၊ Curtain နဲ႔ဒူးေတြကုိကကြယ္ဖုိ႔ ထည့္သြင္းေပးထားပါတယ္။ ေနာက္ျပီးေတာ့ Electronic Brake Distribution , ABS , Stability Control , Active Park Assist ,Parking Pilot , 360° camera , Tire Pressure Monitoring , Hill Start Assist , Immobilizer, Security Alarm တုိ႔အျပင္ ကားက်ပ္ေနစဥ္မွာ မိမိကားကုိေရွ႕ကားနဲ႕လုံေလာက္တဲ့ အကြာအေဝးမွာပဲရပ္ေနေအာင္ျပဳလုပ္ေပးမယ့္ Distance Pilot DISTRONIC with Steering Pilot စနစ္၊ ရုတ္တရက္ေပၚလာတဲ့ ကား၊လူ၊အရာဝတၳဳ ေတြကုိဆင္ဆာနဲ႕အာရုံခံျပီး ကားကုိအလုိအေလ်ာက္ဘရိတ္ဖမ္းေပးႏိုင္တဲ့ Active Brake Assist with cross-traffic function စနစ္ စတဲ့နည္းပညာေတြထည့္သြင္းအသုံးျပဳထားပါတယ္။
စမ္းသပ္ေမာင္းႏွင္မွဳ
ပထမဆုံး GLS ကုိအသိအမွတ္ျပဳေပးခ်င္တာကေတာ့ ခါးပတ္စနစ္ျဖစ္ပါတယ္။ စျပီးခါးပတ္ပတ္လုိက္တယ္။ အလုိအ ေလ်ာက္ Driver အေနအထားကုိ ခ်ိန္ညွိေပးတယ္။ဆုိလုိတာကေတာ့ ေလ်ာ့တိေလ်ာ့ရဲမ်ိဳးမျဖစ္ေစဘဲ ေမာင္းႏွင္ရအ ဆင္ေျပေစဖုိ႔အတြက္ တင္းက်ပ္ေပးလုိက္တယ္။ေမာင္းတဲ့အခါမွာလည္း အရွိန္နဲ႕ေကြ႕ရင္ လူပါယိမ္းမသြားေအာင္ ခါးပတ္ က အေလ်ာ့အတင္းလုိသလို လုပ္ေဆာင္ေပးပါတယ္။ ယာဥ္ေမာင္းသူကုိ Safe ျဖစ္ေစျပီး တည္ျငိမ္ေစတဲ့ လုပ္ေဆာင္ခ်က္မ်ိဳးပါ။ေနာက္တစ္ခုက ဒီကားကုိ အရွိန္ဘယ္ေလာက္မ်ားမ်ား တည္ျငိမ္မွဳရွိတယ္။လြယ္ကူတဲ့ စတီယာရင္ ထိန္းခ်ဳပ္မွဳကုိ ရရွိေစပါတယ္။ ေနာက္တစ္ခုကေတာ့ Luxury SUV ျဖစ္ေတာ့ ေအာက္ပုိင္းစနစ္ေတြ သိပ္ေကာင္းတယ္။ ဘယ္လုိေကာင္းလဲဆုိေတာ့ ဆလြန္းတစ္စီးေမာင္းေနရသလုိ ျငိမ့္တယ္။ ျပီးေတာ့ အၾကမ္းခံႏိုင္တယ္။ေထာင့္ခိ်ဳးေတြ၊ က်ဥ္းတဲ့ေနရာေတြမွာ ေကြ႔ရတာလည္းေကာင္းတယ္။ စတီယာရင္ အကူအညီေတြပါေတာ့ ေမာင္းရတာသိပ္မိုက္ တယ္။ေနာက္ျပီး 4MATIC စနစ္ေၾကာင့္လလည္း ကားက ထိန္းခ်ဳပ္ရလြယ္ကူေနတာပါ။
ေစ်းႏွဳန္းနဲ႕သုံးသပ္ခ်က္
ပထမဆုံး GLS ရဲ႕ Safey ေတြ၊Driving Feeling ေတြက စာေရးသူကုိ အေကာင္းဆုံးေမာင္းႏွင္မွဳကုိ ေပးႏိုင္တယ္လုိ႔ ဆုိပါ ရေစ။ Mercedes ကသူတုိ႔ရဲ႕ဂုဏ္ပုဒ္ကုိ ဆက္လက္ထိန္းထားႏိုင္ဆဲပါ။ဒါေပမဲ့ ဂ်ာမန္ကားေတြရဲ႕ထုံးစံအတုိင္း အေကာင္း ဆုံးေတြကုိပါေစခ်င္ရင္ Package ေတြထပ္ဝယ္ရဦးမွာျဖစ္လုိ႔ ေငြေတာ့အကုန္အက်မ်ားမွာပါ။ ဒီကားမ်ိဳး ကလည္း ၾကြယ္ဝ ခ်မ္းသာသူေတြရဲ႕အသုံးအေဆာင္ဆုိေတာ့ ေစ်းၾကီးတာမဆန္းပါဘူး။ ဒီကားမွာ Head Up Display တုိ႔၊ Lane Departure Warning System တုိ႔၊ Blind Spot Detection System တုိ႔ကုိ Satandard အေနနဲ႔ထည့္ သြင္းေပးထားမယ္ဆုိရင္ Customer ေတြပုိေက်နပ္ၾကမယ္ထင္ပါတယ္။ ကဲ…ေစ်းႏွဳန္းေျပာဖုိ႔ပဲကန္ပါေတာ့တယ္။ Mercedes-Benz GLS 350 d ရဲ႕တန္ေၾကးက 250,000 USD ကေနစပါလိမ့္မယ္။
Specification…
Engine – 3.0L Petrol
Transmissions – 9G Speed Tronic auto
Maximum Power – 258 hp
Maximum Torque – 620 Nm
Drivetrain – 4WD
Top Speed (Km/h) – 222
Acceleration 0-100 Km/h (sec) – 8.3