Zawgyi version….
New ASX ၏ Dynamic Shield concept မျက်နာသွင်ပြင်အသစ်သည် Mitsubishi ၏ ကြံခိုင်မူအရှိဆုံးအဖြစ် နာမည်ကျော်ကြားသော Pajero ကား၏ Bumper side protection လုံခြုံရေးနည်းပညာ နှင့်Mitsubishi ကားထဲမှာမှ စွမ်းဆောင်ရည်အကောင်းဆုံးအဖြစ်နာမည်ကျော်ကြားသော Mitsubishi Evolution တို့၏ နည်းပညာပေါင်းစပ်ဖန်တီးထားခြင်းဖြစ်ပါသည်။
Unicode version…
Compact SUV 2018 Mitsubishi ASX ကားသစ်ကို MM Cars Myanmar Ltd မှမိတ်ဆက်
ဂျပန်နိုင်ငံထုတ် Mitsubishi Motors ၏ မော်တော်ကားများကို ဖြန့်ဖြူးရောင်းချနေသော မြန်မာနိုင်ငံ တစ်ဦးတည်းသောကိုယ်စားလှယ် MM Cars Myanmar Ltd မှ Compact SUV 2018 Mitsubishi ASX ကားသစ်ကို မိတ်ဆက်ပြသခဲ့ပြီဖြစ်သည်။ All New ASX သည် 2.0L engine ဖြင့်ထုတ်လုပ်ထားပြီး မြန်မာနိုင်ငံလမ်းစနစ်နှင့်ကိုက်ညီသောဘယ်မောင်းအမျိုးအစားဖြစ်ကာ အလုံးစုံကို ဂျပန်နိုင်ငံမှာ တပ်ဆင်ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။
Mitsubishi ၏ မျိုးဆက်သစ်ကားတွေရဲ ့ အထိမ်းအမှတ်ဖြစ်သော Dynamic Shield နည်းပညာကို ASX တွင်ထပ်မံပေါင်းစပ် အဆင့်မြင့်တင်ထားသည်။ Dynamic Shield ၏သဘောတရားကတော့ ကားတစ်စီး၏ စွမ်းဆောင်ရည်ပိုင်းကိုကောင်းမွန်စေရုံမျှမကလုံခြုံမူကိုသာလွန်ကောင်းမွန်အောင်လုပ်ဆောင်ပေးခြင်းဖြစ်သည်။
New ASX ၏ Dynamic Shield concept မျက်နာသွင်ပြင်အသစ်သည် Mitsubishi ၏ ကြံခိုင်မူအရှိဆုံးအဖြစ် နာမည်ကျော်ကြားသော Pajero ကား၏ Bumper side protection လုံခြံုရေးနည်းပညာ နှင့်Mitsubishi ကားထဲမှာမှ စွမ်းဆောင်ရည်အကောင်းဆုံးအဖြစ်နာမည်ကျော်ကြားသော Mitsubishi Evolution တို့၏ နည်းပညာပေါင်းစပ်ဖန်တီးထားခြင်းဖြစ်ပါသည်။
ASX ကားသစ်၏ ရှေ့မျက်နာသွင်ပြင်မှာ sport ကားပုံစံအသွင်အပြင်ရှိနေပြီး ဘေးဘက် ဒီဇိုင်းမှာ diamond ပုံ chrome ဒီဇိုင်းနှင့် arch molding တို့အချိုးညီစွာ ပေါင်းစပ်ထားပါသည်။ အနောက်ဘက်တွင်ရှိသော reflector design မှာအရင် ဒီဇိုင်းနှင့် မတူ မမူကွဲစွာ ကား၏အချိုးအစားကို လှပစွာ ပြောင်းလဲပေးထားပါသည်။
ထို့အပြင်ပြောင်လက်လှပနေသော alloy wheel နှင့် လှပသောဘေးအနားကွပ်များမှာ လှပရုံသာမက အထူးသဖြင့် လမ်းကြမ်းတွေမှာ မောင်းနှင်သည့်အခါ ကားကို ထိခိုက်မူမှလည်း ကာကွယ်ပေးပါသည်။
လှပသော day time running light မှာ ကားကို ပိုမိုထည်ဝါစေပြီး အန္တာရယ်ကင်းလုံခြံုမူအပိုင်းကိုလည်း အထောက်အပံပေးထားသည်။ ASX မှာတပ်ဆင်ထားသည့့်အိစက်နေသော synthetic leather ထိုင်ခုံများမှာ ကျန်းမာရေးအတွက်အထောက်အကူပြုသည်။USB port နှင့် ဂီယာအုံဒီဇိုင်းပုံစံအသစ်ပြောင်းလဲတပ် ဆင်ထားပါသည်။ကား အပြင်ပိုင်း ပြောင်းလဲမူကတော့ ငါးမန်းတောင်ပုံစံ အင်တာနာ , ရေတိုင်ကီနှင့် ကားအင်ဂျင်ပိုင်းတွေကို ကာကွယ်ပေးထားသော skid plateနှင့် ကားအတွင်းခန်း ပိုမိုကျယ်ဝန်းလာသည်ကိုတွေ့ရမည်ဖြစ်သည်။
တခြားအစိတ်အပိုင်းများအဖြစ် hands Free Bluetooth system Manual ပုံစံမောင်းနှင်နိုင်သော paddle shift ၊ Cruise control ၊ 2 din touch panel display audio system၊ back camera တို့ပါ၀င်ပါသည်။ASX 2018 ကိုု ရန်ကုုန်နှင့်မန္တလေးမြို့များရှိ Mitsubishi ၏ တစ်ဦးတည်းကိုုယ်စားလှယ် ကားပြခန်း များတွင် ဆက်သွယ်ဝယ် ယူနုုိင်ပြီး ဒေါ်လာ ၄၆၉၀၀ ဖြင့်ရောင်းချမည်ဖြစ်ကာ ရိုးမ ဘဏ်၊CB ဘဏ်တို့ဖြင့် ချိတ်ဆက်ပြီး အရစ်ကျစနစ်ဖြင့်လည်း ဝယ်ယူနိုင်ပါသည်။