Unicode version….

မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခွင့်တရားဝင်ရရှိထားသည့်အဖွဲ့အစည်း (MAADA)မှဦးစီးပြီး မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ်ပြုလုပ်မည့် Myanmar International Motor Show 2018 ကိုလာမည့် ဇန်နဝါရီလ ၁၈ရက်မှ ၂၈ ရက်အထိ သုဝဏ္ဏဘူမိ Event Park တွင်ကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါပွဲအား တာဝန်ယူဆောင်ရွက်ပေးမည့် ကုမ္ပဏီများနှင့် သဘောတူစာချူပ်ချူပ်ဆိုပွဲမှ သိရှိရသည်။ ထိုကုမ္ပဏီများမှာ ထိုင်းနိုင်ငံတကာကားပြပွဲများကို တာဝန်ယူပြုလုပ်ပေးနေသော Grand Prix International နှင့် ဟောင် ကောင်အခြေစိုက် AsiaConnect Co.,Ltd တို့ဖြစ်ကြသည်။ ၂၀၁၈ Myanmar International Motor Show တွင် BMW,Jaguar,Volvo, Ford,Suzuki,Land Rover,Nissan,DFM,Mitsubishi,Chevrolet, Scania, Hyundai Commerical Trucks နှင့် Hion တို့ပါဝင်ပြသကြ မည်ဖြစ်သည်။ ထိုပွဲအတွင်း အပိုင်း ၄ ပိုင်းခွဲခြား ထားမည်ဖြစ်ကာ အပိုင်း ၁ တွင် Brand New Car များပြသခြင်းနှင့် ရောင်းချခြင်း၊အပိုင်း ၂ တွင် စီးပွားရေးလုပ်ငန်းသုံးယာဉ်များပြသခြင်းနှင့် ရောင်းချခြင်း၊အပိုင်း ၃ တွင် Brand New Car များအတွက်သီး သန့်ဖြစ်သော Spare partsများ၊ တာယာများ၊ချောဆီနှင့်စက်သုံးဆီများ၊ကားသန့်ရှင်းရေးထုတ်ကုန်များနှင့် နည်းပညာများ၊Car Showroom များမှ စီစဉ်ပေးသော Service များ၊ အာမခံကုမ္ပဏီများ၊အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်စေရန်ဆောင်ရွက်ပေးမည့် ဘဏ်Service များနှင့် အခြားဆက်စပ်သောအရာများကို ခင်းကျင်းပြသပေး သွားမည်ဖြစ်ကာ အပိုင်း ၄ တွင် ကားများကို Test Drive လုပ်ရန်နေရာ၊ Concept ကားပြသခြင်းနှင့် Car အသစ်မိတ်ဆက်ခြင်းများကို ပြပေးသွားမည်ဟုသိရသည်။ ပြပွဲစတင်မည့် ဇန်နဝါရီ ၁၈ ရက်တွင် VIP day အဖြစ်သတ်မှတ်ပြီး နံနက် ၁၀ နာရီမှ ညနေ၆ နာရီအထိဖွင့် လှစ်ပြသမည်ဖြစ်ပြီး ဇန်နဝါရီ ၁၉ ရက်မှစတင်ပြီး ကျန်ရက်များတွင်မူ နေံလည် ၁ နာရီမှ ည ၉ နာရီအထိပြသသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi version…
ျမန္မာ့ေမာ္ေတာ္ယာဥ္ထုတ္လုပ္ျဖန္႕ျဖဴးေရာင္းခ်ခြင့္တရားဝင္ရရွိထားသည့္အဖဲြ႕အစည္း (MAADA)မွဦးစီးျပီး ျမန္မာႏုိင္ငံတြင္ ပထမဆုံးအၾကိမ္အျဖစ္ျပဳလုပ္မည့္ Myanmar International Motor Show 2018 ကုိလာမည့္ ဇန္နဝါရီလ ၁၈ရက္မွ ၂၈ ရက္အထိ သုဝဏၰဘူမိ Event Park တြင္က်င္းပသြားမည္ျဖစ္ေၾကာင္း အဆုိပါပဲြအား တာဝန္ယူေဆာင္ရြက္ေပးမည့္ ကုမၸဏီမ်ားႏွင့္ သေဘာတူစာခ်ဴပ္ခ်ဴပ္ဆုိပဲြမွ သိရွိရသည္။ ထုိကုမၸဏီမ်ားမွာ ထုိင္းႏုိင္ငံတကာကားျပပဲြမ်ားကုိ တာဝန္ယူျပဳလုပ္ေပးေနေသာ Grand Prix International ႏွင့္ ေဟာင္ ေကာင္အေျခစုိက္ AsiaConnect Co.,Ltd တုိ႕ျဖစ္ၾကသည္။ ၂၀၁၈ Myanmar International Motor Show တြင္ BMW,Jaguar,Volvo, Ford,Suzuki,Land Rover,Nissan,DFM,Mitsubishi,Chevrolet, Scania, Hyundai Commerical Trucks ႏွင့္ Hion တုိ႕ပါဝင္ျပသၾက မည္ျဖစ္သည္။ ထုိပဲြအတြင္း အပုိင္း ၄ ပုိင္းခဲြျခား ထားမည္ျဖစ္ကာ အပုိင္း ၁ တြင္ Brand New Car မ်ားျပသျခင္းႏွင့္ ေရာင္းခ်ျခင္း၊အပုိင္း ၂ တြင္ စီးပြားေရးလုပ္ငန္းသုံးယာဥ္မ်ားျပသျခင္းႏွင့္ ေရာင္းခ်ျခင္း၊အပုိင္း ၃ တြင္ Brand New Car မ်ားအတြက္သီး သန္႕ျဖစ္ေသာ Spare partsမ်ား၊ တာယာမ်ား၊ေခ်ာဆီႏွင့္စက္သုံးဆီမ်ား၊ကားသန္႕ရွင္းေရးထုတ္ကုန္မ်ားႏွင့္ နည္းပညာမ်ား၊Car Showroom မ်ားမွ စီစဥ္ေပးေသာ Service မ်ား၊ အာမခံကုမၸဏီမ်ား၊အရစ္က်စနစ္ျဖင့္ ဝယ္ယူႏုိင္ေစရန္ေဆာင္ရြက္ေပးမည့္ ဘဏ္Service မ်ားႏွင့္ အျခားဆက္စပ္ေသာအရာမ်ားကုိ ခင္းက်င္းျပသေပး သြားမည္ျဖစ္ကာ အပုိင္း ၄ တြင္ ကားမ်ားကုိ Test Drive လုပ္ရန္ေနရာ၊ Concept ကားျပသျခင္းႏွင့္ Car အသစ္မိတ္ဆက္ျခင္းမ်ားကုိ ျပေပးသြားမည္ဟုသိရသည္။ ျပပဲြစတင္မည့္ ဇန္နဝါရီ ၁၈ ရက္တြင္ VIP day အျဖစ္သတ္မွတ္ျပီး နံနက္ ၁၀ နာရီမွ ညေန၆ နာရီအထိဖြင့္ လွစ္ျပသမည္ျဖစ္ျပီး ဇန္နဝါရီ ၁၉ ရက္မွစတင္ျပီး က်န္ရက္မ်ားတြင္မူ ေနံလည္ ၁ နာရီမွ ည ၉ နာရီအထိျပသသြားမည္ျဖစ္ေၾကာင္း သိရသည္။