Unicode version…

ယခုနှစ်များအတွင်း (Automakers) များမှ ဘေးဖက်နောက်ကြည့် ရိုးရိုးမှန်များအစား လုံခြုံမှု အဆင့်မြင့်မားသည့် ကင်မရာစနစ်အား ပြောင်းလဲတပ်ဆင်ရန် အားထုတ်ကြပါသည်။ (GM )သည် ပထမဦးဆုံး အဆိုပါနည်းပညာအား တီထွင်နိုင်ခဲ့ပြီး ၄င်း၏ (Cadillac CT6) တွင် (Rear Camera Mirror) အား စတင်တပ်ဆင်နိုင်ခဲ့ပါသည်။ အဆိုပါနည်းပညာအား ယခုအခါ (Bolt EV) နှင့် (2018 Chevrolet Traverse) တို့တွင်ဖြည်းဖြည်း ချင်းစီး ဆင်းမှုအဖြစ် ဆက်လက်တပ်ဆင်ခဲ့ပါသည်။(2018)အတွက်မူ (Nissan) အနေဖြင့် အဆိုပါ (နည်းပညာ)အမျိုး အစားအား ၄င်း၏ မူပိုင်တီထွင်မှုဖြစ်သည့် (Intelligent Rear View Mirror) နည်းပညာဖြင့် ပူးပေါင်းပါ၀င် လာပါ သည်။ အဆိုပါ (I – RVM) အား (US $ 59885) ခန့်ကျသင့်သည့် (2018 Nissan Armada) တွင် (Standard) အနေဖြင့် ပထမဆုံးထည့်သွင်းထားပါမည်။ ထိုမှတစ်ဆင့် အခြားသောကားများတွင် ဆက်လက် ထည့်သွင်းသွားရန် (Nissan) မှစီစဉ်ထားပါသည်။ အဆိုပါနည်းပညာသည် (GM) ကဲ့သို့ဖြစ်ပြီး နောက်ကြည့် မှန်အနေဖြင့် (၄င်း) ရုပ်ထွက်ကောင်းသည့် (LCD Display) အနေဖြင့်သော်၄င်း (၂)မျိုး သုံးနိုင်ပါမည်။ ၄င်း၏ (Screen) အချိုးသည် ( ၄း၁ ) ဖြစ်၍ ခေတ်မှီ (TV Screen) များ၏ ( ၁၆း၉ ) ဖြင့် ယှဉ်နိုင်ပါမည်။

ထို့အပြင် ယာဉ်နောက်ခန်းတွင် ပစ္စည်းများဖြင့် မြင်ကွင်းကွယ်နေခြင်း (သို့) ယာဉ်အနောက်ဖက် တွင် ခရီးသည်များဖြင့် ပြည့်နေခြင်းတို့ ဖြစ်ပေါ်ခဲ့ပါက အဆိုပါ ( I – RVM) သည် အခြားသောရည်ညွှန်း နေရာများမှ ပုံရိပ်များကို အသုံးပြုပြီး စနစ်အား ပြီးမြောက်အောင် လုပ်ဆောင်ပေးပါမည်။ (2018 Armada) တွင် (I – RVM) နှင့် အတူနာမည်ကျော် (Nissan Connect Service) လည်း အတူထည့်သွင်းထားမည် ဖြစ်ပြီး အဆိုပါ (Package) တွင် (၈ လက်မ ပတ်လည် Touchscreen)၊ ( ၃ နှစ်အထိခွင့်ပြုချက် ရထားသည့် Sirius X M Travel Link)၊ ( Voice recognition)၊ (Hand – free text messaging) တို့ ပါ၀င်ကြပါမည်။ (2018 Nissan Armada) တွင် အင်ဂျင်အနေဖြင့် (5.6 L V 8 Engine) ၊ (390 hp) အင်ဂျင်နှင့် ( 7 speed Automatic Gearbox) တို့အား တွဲဖက်တပ်ဆင်ထားပါသည်။

Zawgyi vesion…

ယခုႏွစ္မ်ားအတြင္း (Automakers) မ်ားမွ ေဘးဖက္ေနာက္ၾကည့္ ႐ိုး႐ိုးမွန္မ်ားအစား လံုၿခံဳမႈ အဆင့္ျမင့္မားသည့္ ကင္မရာစနစ္အား ေျပာင္းလဲတပ္ဆင္ရန္ အားထုတ္ၾကပါသည္။ (GM )သည္ ပထမဦးဆံုး အဆိုပါနည္းပညာအား တီထြင္ႏိုင္ခဲ့ၿပီး ၄င္း၏ (Cadillac CT6) တြင္ (Rear Camera Mirror) အား စတင္တပ္ဆင္ႏိုင္ခဲ့ပါသည္။ အဆိုပါနည္းပညာအား ယခုအခါ (Bolt EV) ႏွင့္ (2018 Chevrolet Traverse) တို႕တြင္ျဖည္းျဖည္း ခ်င္းစီး ဆင္းမႈအျဖစ္ ဆက္လက္တပ္ဆင္ခဲ့ပါသည္။(2018)အတြက္မူ (Nissan) အေနျဖင့္ အဆိုပါ (နည္းပညာ)အမ်ိဳး အစားအား ၄င္း၏ မူပိုင္တီထြင္မႈျဖစ္သည့္ (Intelligent Rear View Mirror) နည္းပညာျဖင့္ ပူးေပါင္းပါ၀င္ လာပါ သည္။  အဆိုပါ (I – RVM) အား (US $ 59885) ခန္႕က်သင့္သည့္ (2018 Nissan Armada) တြင္ (Standard) အေနျဖင့္ ပထမဆံုးထည့္သြင္းထားပါမည္။ ထိုမွတစ္ဆင့္ အျခားေသာကားမ်ားတြင္ ဆက္လက္ ထည့္သြင္းသြားရန္ (Nissan) မွစီစဥ္ထားပါသည္။ အဆိုပါနည္းပညာသည္ (GM) ကဲ့သို႕ျဖစ္ၿပီး ေနာက္ၾကည့္ မွန္အေနျဖင့္ (၄င္း) ႐ုပ္ထြက္ေကာင္းသည့္ (LCD Display) အေနျဖင့္ေသာ္၄င္း (၂)မ်ိဳး သံုးႏိုင္ပါမည္။ ၄င္း၏ (Screen) အခ်ိဳးသည္ ( ၄း၁ ) ျဖစ္၍ ေခတ္မွီ (TV Screen) မ်ား၏ ( ၁၆း၉ ) ျဖင့္ ယွဥ္ႏိုင္ပါမည္။

ထို႕အျပင္ ယာဥ္ေနာက္ခန္းတြင္ ပစၥည္းမ်ားျဖင့္ ျမင္ကြင္းကြယ္ေနျခင္း (သို႕) ယာဥ္အေနာက္ဖက္ တြင္ ခရီးသည္မ်ားျဖင့္ ျပည့္ေနျခင္းတို႔ ျဖစ္ေပၚခဲ့ပါက အဆိုပါ ( I – RVM) သည္ အျခားေသာရည္ညႊန္း ေနရာမ်ားမွ ပံုရိပ္မ်ားကို အသံုးျပဳၿပီး စနစ္အား ၿပီးေျမာက္ေအာင္ လုပ္ေဆာင္ေပးပါမည္။ (2018 Armada) တြင္ (I – RVM) ႏွင့္ အတူနာမည္ေက်ာ္ (Nissan Connect Service) လည္း အတူထည့္သြင္းထားမည္ ျဖစ္ၿပီး အဆိုပါ (Package) တြင္ (၈ လက္မ ပတ္လည္ Touchscreen)၊ ( ၃ ႏွစ္အထိခြင့္ျပဳခ်က္ ရထားသည့္ Sirius X M Travel Link)၊ ( Voice recognition)၊ (Hand – free text messaging) တို႕ ပါ၀င္ၾကပါမည္။ (2018 Nissan Armada) တြင္ အင္ဂ်င္အေနျဖင့္ (5.6 L V 8 Engine) ၊ (390 hp) အင္ဂ်င္ႏွင့္ ( 7 speed Automatic Gearbox) တို႕အား တြဲဖက္တပ္ဆင္ထားပါသည္။