Unicode version…
လက်ရှိ အမေရိကန်နို်င်ငံတွင်ကျင်းပလျက်ရှိသော Detroit auto show (မြောက်အမေရိ ကားပြပွဲ)တွင်ချီးမြှင့်သည့် ၂၀၁၈ မြောက်အမေရိကတစ်နှစ်တာကားဆုများကို Honda Accord , Volvo XC 60 နှင့် Lincoln Navigator တို့ရရှိသွားခဲ့သည်။ မြောက်အမေရိကကားဆုပေးပွဲတွင် ဆု ၃ ဆုသာချီးမြှင့်ပြီး ၎င်းတွင် “North American Car of the Year,” “North American Utility of the Year,” and “North American Truck of the Year တို့ပါဝင်သည်။
ထိုပွဲတွင် အမေရိကကားဂျာနယ်လစ်များ နှင့် ကနေဒါကား ဂျာနယ်လစ် ၆၀ ဦးတို့က မဲပေးရွေးချယ်ခဲ့ခြင်းလည်းဖြစ်သည်။ ၂၀၁၈ တစ်နှစ်တာအကောင်းဆုံးကားဆု (North American Car of the Year) ကို Honda Accord က Kia Stinger နှင့် Toyota Camry တို့ကို ကျော်ဖြတ်ကာ ပထမဆုံး အကြိမ်အဖြစ် ဆွတ်ခူးနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ ထို့အပြင် The Utility Vehicle Of The Year Award (ဘက်စုံ သုံးကားဆု)ကို Volvo XC 60 က Alfa Romeo Stelvio နှင့် Honda Odyssey တို့ကို ကျော်ဖြတ်ဆွတ်ခူး နိုင်ခဲ့ခြင်းဖြစ်ကာ Truck of the Year ဆုကို Lincoln Navigator က Chevrolet Colorado ZR2 နှင့် Ford Expedition တို့ကိုကျော်ဖြတ်ကာ ရရှိနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
CORRECTS VEHICLE BRAND TO LINCOLN NAVIGATOR, INSTEAD OF FORD NAVIGATOR – Kumar Galhotra group vice president for Lincoln, stands next to the 2018 Lincoln Navigator after the vehicle won truck of the year during the North American International Auto Show, Monday, Jan. 15, 2018, in Detroit. (AP Photo/Carlos Osorio)
Anders Gustafsson, senior vice president Americas, Volvo Car Group, addresses the media after accepting the award for the North American Utility Vehicle of the Year, which was given to the 2018 Volvo XC60, at the North American International Auto Show, Monday, Jan. 15, 2018, in Detroit. (AP Photo/Jose Juarez)
Zawgyi version…