Unicode version…
ဒီတစ်ခါCover shoot လုပ်ဖို့အတွက်သွားရတာ အရင်ကထက်ပိုပြီးစိတ်လှုပ်ရှားနေခဲ့ပါတယ်။ဘာလို့ လည်းဆို ရင် Range Rover Velar လိုကားကောင်းမျိုးနဲ့ရိုက်ကူးရမှာမို့လို့ပါ။Range Roverဆိုရင်ဟိုးအရင်ကတည်း ကအကြမ်းခံမှု၊ဇိမ်ကျမှု၊စွမ်းဆောင်ရည်ပြည့်ဝမှုလောက်သာပဲနာမည်ကျော်တာလို့လက်ခံထားပေမယ့် ဒီက နေ့ခေတ်မှာတော့ လှပပြီးဆွဲဆောင်မှုရှိတဲ့ဒီဇိုင်း၊လုံခြုံစိတ်ချရမှု၊ နေရာဒေသမရွေးမောင်းနှင်နိုင်မှုစတာတွေ ပါထပ်လောင်းပေါင်းစပ်ပေးရတော့မှာပါ။ အခုအသစ်ထွက်လာတဲ့ 5 ယောက်စီး Mid-size luxury crossover SUV ဖြစ်တဲ့ Velar က Range Rover ထွက်ရှိသမျှ မော်ဒယ်တွေထဲမှာ အမြင့်ဆုံးဆိုတဲ့အရာတွေမှန်သမျှ သယ်ဆောင်လာပါတယ်။နည်းပညာနဲ့ပတ်သက်လို့ ကားလောကရဲ့ ဆရာတွေထဲမှာတစ်ခုအပါအဝင်ဖြစ်တဲ့ Land Rover ရဲ့စွမ်းဆောင်နိုင်မှုတွေက Velar မှာလက်ကုန်သုံးထားတယ်လို့ဆိုရလောက်အောင် များပြားလှတဲ့ နည်းပညာတွေကို တွေ့ရှိခံစားခဲ့ရပါတယ်။ ကဲသူနဲ့အတူဆက်ပြီးစီးမျောကြရအောင်ပါ…
အပြင်ဘက်ပိုင်း
Velar က Range Rover ရဲ့ ၄ ဆက်မြောက်ဖြစ်ပြီး ထုတ်ပြီးသမျှ SUV အားလုံးထဲမှာ အလှပဆုံးဆိုတဲ့ ဂုဏ်ပုဒ် ကိုရရှိထားပါတယ်။ Range Rover Evoque နဲ့ Range Rover Sport ရဲ့ကြားSize ပုံစံမျိုးထွက်ရှိ လာတာဖြစ်ပြီး ဒီဇိုင်းပိုင်းကိုအသေးစိတ်ကအစအလေးအနက်ထားတာကိုတွေ့ရပါတယ်။ ကား တစ်စီးလုံးမှာပို နေတဲ့ နေရာမျိုး လုံးဝမရှိစေဘဲ အနားရေးကြောင်းတွေကလည်း နူးညံ့လှပမှုရှိသလို Sport ပုံစံပိုပြီးပေါက် လာပါတယ်။ ဘယ်လိုရှုထောင့်မျိုးစုံကကြည့်ကြည့်လှပတင့်တယ်တဲ့ရုပ်သွင်ကို မြင်တွေ့ရနိုင်မှာဖြစ်ပါတယ်။ ရှေ့ရုပ်သွင်ကလည်း အရင်မော်ဒယ်တွေထက်ထူးခြားသွားတာက ပြူးပြူးပြဲပြဲပုံစံမျိုးမဟုတ်ဘဲ ကျစ်ကျစ်လျစ် လျစ် ပိုရှိလာပါတယ်။ Range Rover ဆိုတဲ့အမှတ်တံဆိပ်ကတော့ထုံးစံအတိုင်း ဘောနက်ပေါ်မှာပဲ ဝင့်ထည် စွာပါဝင်လာပါတယ်။ Velar မှာအထူးခြားဆုံးက ဘယ်ကားမှာမှမပါဝင်သေးတဲ့ ဘေးတံခါးလက်ကိုင်တွေ ကဘော်ဒီနစ်မြှုပ်နေခြင်းဖြစ်ပြီး Remote နဲ့ထိန်းချူပ်ဖွင့်လှစ်ပေးမှသာလက်ကိုင်တွေဘော်ဒီထဲကထွက်ရှိ လာမှာပါ။ ဘေးကြည့်မှန်၊ဘက်ကြည့်မှန်တွေကလည်း ညအချိန်မောင်းနှင်မှုတွေမှာ Driver ကိုမျက်စိစူးရှစေမဲ့ အလင်းမျိုးကိုအလိုအလျောက်လျှော့ချပေးဦးမှာပါ။ ရှေ့ရှဲပုံစံကလည်း လှပမှုနဲ့လွှမ်းမိုးမှုရှိတဲ့အသွင် အပြင်ရှိ နေသလို အလင်းအားကောင်းပြီး ကြည်လင်ပြတ်သားမှု ၊ အဝေးကြီးကိုရောက်အောင်ညွှန်ပြပေးနိုင်စွမ်းရှိတဲ့ 3D Matrix Laser LED Light တွေ ကလည်း Day Lampsတွေနဲ့အတူ Velar ရဲ့လှပမှုကို အဓိက နေရာ ကပ့ံပိုးကူညီပေးနေသလိုပါပဲ။ အဲဒီမီးတွေက အလိုအလျောက်အဖွင့်၊အပိတ်၊ အတင်၊အချလုပ်နိုင်သလို ကားနဲ့ အတူလိုက်ပါကွေ့ပေးနိုင်တဲ့ နည်းပညာတွေ၊ နောက်ပြီး တစ်ဘက်ယာဉ်မောင်းကိုမျက်စိမစူး အောင် Auto အလင်းရောင်ချပေးနိုင်တဲ့ စနစ်တွေအပြင် Home sweet home စနစ်တွေလည်း ပါ၇ှိပြန်ပါတယ်။ အောက် ဘက်မှာလည်း Fog Lamps တွေနဲ့အတူ လှပတဲ့အောက်ရှဲတွေကိုမြင်တွေ့ ရနိုင်ပါတယ်။ နောက်ပိုင်းကတော့ သိပ်ပြီးထူးခြားခြားမဟုတ်ပေမဲ့ လေခွင်းအားကောင်းဖို့လုပ်ထားတဲ့ လျှောက်စောပုံစံအမိုး ဒီဇိုင်း ဘေး ဘက်ဘော်ဒီပေါ် အထိရောက်နေတဲ့ နောက်မီးခွက်ပုံစံ Chrome တွေနဲ့လုပ်ထားတဲ့ အိတ်ဇော ၂ ပေါက်နဲ့ အနားကွပ်ပုံစံတွေကြောင့် Velar ကအပိုမရှိဘဲ ဒီဇိုင်းအရာမှာ ဆရာဆန်တယ်လို့ဆိုရခြင်းဖြစ်ပါတယ်။ နောက်ပြီးနောက်ဆုံးပေါ်ဒီဇိုင်း 10 Spokes ပါတဲ့ 21 inch alloy wheel တွေကြောင့်လည်း Velar ကလမ်း ပေါ်မှာအားလုံးရဲ့လည်ပြန်ကြည့်တာကို ခံရမှာအသေအချာပါပဲ။
အတွင်းခန်း
စဝင်လိုက်ကတည်းက Velar ရဲ့အတွင်းခန်းကြိုဆိုမှုက မှင်သက်သွားရလောက်အောင်ကို ပြီးပြည့်စုံတဲ့ခံစားမှု ၊ အထိအတွေ့တွေကို မြင်တွေ့ခဲ့ရပါတယ်။ ဆိတ်သားရေအစစ်နဲ့လုပ်ထားတဲ့အကောင်းစား Leather seat တွေရဲ့ငြိမ့်ညောင်းမှု ၊ Sport ဆန်အောင်ပြုလုပ်ထားခြင်းတို့အပြင် အပူ၊အအေးထုတ်လွှတ်နိုင်မှု ၊ Motor နဲ့ ပုံစံ ၁၀ မျိုးပြောင်းလဲနိုုင်မှု ၊ ကိုယ့်စိတ်ကြိုက်ထိုင်ခုံပုံစံမှတ်ထားနိုင်မှု ၊ ခရီးဝေးသွားလာရာမှာ Driver သက် သောင့်သက်သာရှိစေဖို့ နှိပ်နယ်ပေးနိုင်မှုတို့လို အမျိုး၂၀ လောက်ပါဝင်ပါတယ်။နောက်ပြီး အဲကွန်းက 2 zone climate control ဖြစ်လို့ရှေ့နောက်စီးနင်းသူတွေအားလုံးလုံလောက်တဲ့ အပူအအေးပေးစနစ်ကိုရရှိနိုင်မှာဖြစ် ပါတယ်။ နောက်ထပ်ထူးခြားတာက မှန််တင်ချနဲ့တံခါးဖွင့်၊ပိတ်ခလုတ်တွေက လွဲလို့ကားအတွင်းခန်းမှာ Touch စနစ်တွေကိုသာသုံးစွဲထားတာပဲဖြစ်ပါတယ်။ စတီယာရင်ကိုကြည့်ပါဦး။သူ့မှာလည်းအလွန်ထူးခြားမှုကို မြင် တွေ့ရပါလိမ့်မယ်။ အဆင့်မြင့်လည်သာစနစ်သုံးထားတဲ့သူ့မှာပါတဲ့ Media ၊ Phone ၊ Navi ၊ Cruise Control Mode တွေကိုထိန်းချူပ်ဖို့ရာခလုတ်တွေမပါတော့ဘဲ Touch စနစ်ပြောင်းလဲသွားသလို အဲဒီ Touch စာလုံးတွေ ကလည်း ကားစက်နှိုးလိုက်မှသာပေါ်လာနိုင်တာပါ။ နောက်ဒရိုင်ဘာရှေ့က 12.3” Interactive Driver Display ဒိုင်ခွက်မှာလည်း Media ၊ Phone ၊ Navi ၊Kilo စတဲ့ Information တွေကို တောက်ပပြီးထင်ရှားတဲ့ ပုံစံ ၃ မျိုးထဲကမှ စိတ်ကြိုက်ပုံစံပြောင်းလဲကြည့်ရှုနိုင်ပါတယ်။ နည်းပညာတွေအစွမ်းကုန်ချပြထားတယ်လို့ ပြောခဲ့သလိုပါပဲ၊ Velar ရဲ့အ့ံမခန်းနည်းပညာတွေကို ထပ်မံမြင်တွေ့ရဦးမှာပါ။ သူကထူးခြားစွာပဲ ရှေ့ဘက်မှာ Touch Screen အပေါ်၊အောက် ၂ ခုပါရှိပါတယ်။ အပေါ်ဘက်က Media ၊ Phone ၊ Navi ၊ 4G Wi-Fi Hotspot စတာတွေနဲ့ Owner Profile စတာတွေကိုထိန်းချူပ်ဖို့ဖြစ်ပြီး အောက်ဘက်ကတော့ Mode တွေ၊ Suspension ပုံစံတွေနဲ့ အခြားFeaturesတွေကို ထိန်းချူပ်ပေးတာဖြစ်ပါတယ်။ နောက်ပြီး နောက်ခန်း ကလိုက်ပါသူတွေအတွက် 8” screens ၂ ခုက ရှေ့ခုံ ၂ ခုနောက်မှာပါဝင်ပါတယ်။ အဲဒီ ၂ ခုက movies and TV channels တွေ၊ USB 3.0 Connect တွေ၊ HDMI ပေါက်တွေ၊ smartphones, tablets ချိတ်ဆက်ပြီး လိုသလိုအသုံးပြုဖျော်ဖြေရေးပြု လုပ်နိုင်မှာဖြစ်ပါတယ်။ ပြီးတော့ သင့်ရဲ့ smartphone or smart watch တွေနဲ့လည်း Velar ကိုထိန်းချူပ်လို့ရနိုင်ပါသေးတယ်။ အဲဒါတွေအပြင် ယာဉ်မောင်းကိုအကောင်းဆုံးအ ကူအညီပေးနိုင်တဲ့ Sport စတိုင် Head up display ၊ ကျယ်ဝန်းကောင်းမွန်တဲ့ Sunroof၊ အမူအရာကို အာရုံခံပြီး ဖွင့်၊ပိတ် လုပ်ပေးတဲ့ နောက်တံခါး၊ 673L ကျယ်တဲ့ Cargo Space ၊ 15 speakers လုံး ပါတဲ့ Meridian™ Surround Sound System 825W တွေပါဝင်ပါတယ်။ဒါတွေသာမက ကားက အလိုအလျောက် Suspension အနိမ့်အမြင့် လုပ်ပေးနိုင်လို့ကားပေါ်တက်မယ့်သူတွေအတွက်အဆင်ပြေစေပါလိမ့်မယ်။
စွမ်းဆောင်ရည်
ဒီကားက R-Dynamic SE grade ဖြစ်ပြီး 3.0L V6 Super Charge Petrol အင်ဂျင်သုံးဖြစ်ပြီး အမြင့်ဆုံးစွမ်းအင်ထွက်ရှိမှုက 380ps/6500rpmနဲ့အမြင့်ဆုံးရုန်းအားက 450Nm/3500rpm ရှိမှာဖြစ်ပါတယ်။ 0 ကနေ 100 km ကို 5.7 စက္ကန့်ထဲနဲ့အမြန်ဆုံးရောက်အောင်မောင်းနိုင်သလို ၁နာရီကို ၂၅၀ ကီလိုမီတာ ခရီးသွားနိုင်ပါတယ်။ Gear က auto 8 speed ဖြစ်ကာ Paddle shifter ပါဝင်ပြီး AWD စနစ်နဲ့ သွားမှာပါ။Ground Clearance က 251mm ရှိပြီး ရေအနက် 650mm အနက်ထိမောင်းနှင်နိုင်ပါ တယ်။ပြီး တော့ နောက်ဆုံးပေါ်နည်းပညာတွေနဲ့ဖန်တီးထားတဲ့ Aluminum ကိုသာသုံးထားပြီးအလွန်ပေါ့ပါးတဲ့ INGENIUM ENGINE ကြောင့်ဆီစားနှုန်းသက်သာခြင်း၊ကားအလေးချိန်ပေါ့သွားခြင်း၊စွမ်းရည်မြင့်မားခြင်း၊Co2 ထုတ်မှုနည်းသွားခြင်းစတဲ့ အကျိုးတွေကိုရရှိစေမှာပါ။ပြီးတော့ ဒီလို SUV ကားလောက်ကို Turning Circle က ၁၁.၆မီတာဆိုတော့ Velar ရဲ့စတီယာရင်အချိုးအကွေ့စနစ်ကလေးစားစရာဖြစ်ပါတယ်။
လုံခြံုရေး
Velar ရဲ့Safety စနစ်ကအကောင်းဆုံးစနစ်ဖြစ်ပြီး ပထမဆုံးပြောရမှာက High-strength aluminum နဲ့လုပ် ထားတဲ့ ဘော်ဒီဖြစ်ပြီး လုံခြံုတယ်၊ကြ့ံခိုင်တယ်၊ပြီးတော့ ပေါ့ပါးတယ်။ ပြီးတော့ ABS ၊ ADAPTIVE DYNAMICS လို Driver ရဲ့မောင်းနှင်မှုလွယ်ကူသက်သာစေဖို့ပြုလုပ်ပေးတဲ့စနစ်၊ Dynamic Stability Control (DSC) ၊ Roll Stability Control (RSC) ၊ တောင်ဆင်းတောင်တက်အတွက် Hill Descent Control (HDC)၊ Hill Start Assist (HSA) ၊ Emergency Brake Assist(EBA) ၊ Intelligent Emergency Brake(IEB)၊Electronic Park Brake(EPB)၊ Cornering Brake Control(CBC)၊ Electronic Traction Control(ETC)၊ LANE DEPARTURE WARNINGတွေအပြင် ရှေ့၊နောက်နဲ့ဘေးတစ်လျှောက်ကာကွယ်ပေးမယ့် လေအိတ်တွေပါဝင်ပါတယ်။ဒါ့အပြင် မမြင်ကွယ်ရာမှအရာတွေကိုစုံစမ်းထောက်လှမ်းမယ့်ကင်မရာတွေ၊ပါကင်ထိုးရင်နောက်မှ အရာတွေကိုအာရုံခံ မယ့်ဆင်ဆာတွေအပြင် 360 ဒီဂရီနဲ့မြင်ရမယ့်ကင်မရာတွေ၊ပတ်လည်ကင်မရာစနစ်ကြောင့် Velar ရဲ့Safety က ရွတ်သမျှအကုန်ပါဆိုသလိုဖြစ်နေပြီး EuroNCAP ရဲ့စစ်ဆေးချက်အရ Safety မှာကြယ် ၅ ပွင့် အပြည့်ရရှိထားပါတယ်။
စျေးနှုန်းနဲ့သုံးသပ်ချက်
အရည်အသွေး၊နည်းပညာ၊စွမ်းဆောင်ရည်၊လုံခြုံစိတ်ချရမှုတွေမှာ Velar ကိုယှဉ်နိုင်တဲ့ကားက လက်ချိုးရေလို့ ရနိုင်ပါတယ်။ တကယ့်ကားဆိုမှကားဖြစ်လို့ Price ကလည်းမြင့်မားမှာပါ။ဒါပေမဲ့ပေးရတဲ့ငွေနဲ့ထိုက်တန်စွာ ပဲပြန်လည်ရရှိမယ့် စိတ်ကျေနပ်မှုကတော့ အတိုင်းအဆမဲ့ဖြစ်သွားစေပါလိမ့်မယ်။ဇိမ်ခံအဖြစ်သာမက နေရာစုံ၊ လမ်းစုံ၊ဘယ်ရာသီဥတုမဆို ဝင့်ထယ်စွာလမ်းပေါ်ပြေးလွှားပေးနိုင်မယ့် Velar ရဲ့စျေးက USD 226,000 ကနေစမှာဖြစ်ပြီး USD 280,000 အထိရှိပါတယ်။ Warranty 3 year နဲ့ ကီလို ၁ သိန်းအာမခံပေးမှာဖြစ်ပြီး မြန်မာပြည်တစ်ဦးတည်းကိုယ်စားလှယ် Capital Automotive Ltd No 3,Insein road,ward 12,Hlaing Tsp,Yangon , Ph.+951 9669034-38 သို့ဆက်သွယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
Specification
Engine Type – V 6 Super Charge
Engine Power-3.0L/2995 cc
Fuel –Petrol
Engine Drive-AWD
Maximum Power(ps/rpm)-380/6500
Maximum Torque(Nm/rpm)-450/3500
Transmission-6 speed AT with Paddle Shift
Fuel Consumption(L/100km)- 9.4
Maximum Speed (Km/h)-250
Acceleration 0-100 km/h-5.7sec
Fuel Tank-63L
Zawgyi version…
ဒီတစ္ခါCover shoot လုပ္ဖုိ႕အတြက္သြားရတာ အရင္ကထက္ပုိျပီးစိတ္လွဳပ္ရွားေနခဲ့ပါတယ္။ဘာလုိ႕ လည္းဆုိ ရင္ Range Rover Velar လုိကားေကာင္းမ်ိဳးနဲ႕ရုိက္ကူးရမွာမုိ႕လုိ႕ပါ။Range Roverဆုိရင္ဟုိးအရင္ကတည္း ကအၾကမ္းခံမွဳ၊ဇိမ္က်မွဳ၊စြမ္းေဆာင္ရည္ျပည့္ဝမွဳေလာက္သာပဲနာမည္ေက်ာ္တာလုိ႕လက္ခံထားေပမယ့္ ဒီက ေန႔ေခတ္မွာေတာ့ လွပျပီးဆြဲေဆာင္မွဳရွိတဲ့ဒီဇုိင္း၊လုံျခံဳစိတ္ခ်ရမွဳ၊ ေနရာေဒသမေရြးေမာင္းႏွင္ႏိုင္မွဳစတာေတြ ပါထပ္ေလာင္းေပါင္းစပ္ေပးရေတာ့မွာပါ။ အခုအသစ္ထြက္လာတဲ့ 5 ေယာက္စီး Mid-size luxury crossover SUV ျဖစ္တဲ့ Velar က Range Rover ထြက္ရွိသမွ် ေမာ္ဒယ္ေတြထဲမွာ အျမင့္ဆုံးဆုိတဲ့အရာေတြမွန္သမွ် သယ္ေဆာင္လာပါတယ္။နည္းပညာနဲ႕ပတ္သက္လုိ႕ ကားေလာကရဲ႕ ဆရာေတြထဲမွာတစ္ခုအပါအဝင္ျဖစ္တဲ့ Land Rover ရဲ႕စြမ္းေဆာင္ႏုိင္မွဳေတြက Velar မွာလက္ကုန္သုံးထားတယ္လုိ႕ဆုိရေလာက္ေအာင္ မ်ားျပားလွတဲ့ နည္းပညာေတြကုိ ေတြ႕ရွိခံစားခဲ့ရပါတယ္။ ကဲသူနဲ႕အတူဆက္ျပီးစီးေမ်ာၾကရေအာင္ပါ…
အျပင္ဘက္ပုိင္း
Velar က Range Rover ရဲ႕ ၄ ဆက္ေျမာက္ျဖစ္ျပီး ထုတ္ျပီးသမွ် SUV အားလုံးထဲမွာ အလွပဆုံးဆုိတဲ့ ဂုဏ္ပုဒ္ ကုိရရွိထားပါတယ္။ Range Rover Evoque နဲ႕ Range Rover Sport ရဲ႕ၾကားSize ပုံစံမ်ိဳးထြက္ရွိ လာတာျဖစ္ျပီး ဒီဇုိင္းပုိင္းကုိအေသးစိတ္ကအစအေလးအနက္ထားတာကုိေတြ႕ရပါတယ္။ ကား တစ္စီးလုံးမွာပို ေနတဲ့ ေနရာမ်ိဳး လုံးဝမရွိေစဘဲ အနားေရးေၾကာင္းေတြကလည္း ႏူးညံ့လွပမွဳရွိသလုိ Sport ပုံစံပုိျပီးေပါက္ လာပါတယ္။ ဘယ္လုိရွဳေထာင့္မ်ိဳးစုံကၾကည့္ၾကည့္လွပတင့္တယ္တဲ့ရုပ္သြင္ကုိ ျမင္ေတြ႔ရႏုိင္မွာျဖစ္ပါတယ္။ ေရွ႕ရုပ္သြင္ကလည္း အရင္ေမာ္ဒယ္ေတြထက္ထူးျခားသြားတာက ျပဴးျပဴးျပဲျပဲပုံစံမ်ိဳးမဟုတ္ဘဲ က်စ္က်စ္လ်စ္ လ်စ္ ပုိရွိလာပါတယ္။ Range Rover ဆုိတဲ့အမွတ္တံဆိပ္ကေတာ့ထုံးစံအတုိင္း ေဘာနက္ေပၚမွာပဲ ဝင့္ထည္ စြာပါဝင္လာပါတယ္။ Velar မွာအထူးျခားဆုံးက ဘယ္ကားမွာမွမပါဝင္ေသးတဲ့ ေဘးတံခါးလက္ကုိင္ေတြ ကေဘာ္ဒီနစ္ျမွဳပ္ေနျခင္းျဖစ္ျပီး Remote နဲ႕ထိန္းခ်ဴပ္ဖြင့္လွစ္ေပးမွသာလက္ကုိင္ေတြေဘာ္ဒီထဲကထြက္ရွိ လာမွာပါ။ ေဘးၾကည့္မွန္၊ဘက္ၾကည့္မွန္ေတြကလည္း ညအခ်ိန္ေမာင္းႏွင္မွဳေတြမွာ Driver ကုိမ်က္စိစူးရွေစမဲ့ အလင္းမ်ိဳးကုိအလုိအေလ်ာက္ေလွ်ာ့ခ်ေပးဦးမွာပါ။ ေရွ႕ရွဲပုံစံကလည္း လွပမွဳနဲ႕လႊမ္းမုိးမွဳရွိတဲ့အသြင္ အျပင္ရွိ ေနသလုိ အလင္းအားေကာင္းျပီး ၾကည္လင္ျပတ္သားမွဳ ၊ အေဝးၾကီးကုိေရာက္ေအာင္ညႊန္ျပေပးႏုိင္စြမ္းရွိတဲ့ 3D Matrix Laser LED Light ေတြ ကလည္း Day Lampsေတြနဲ႕အတူ Velar ရဲ႕လွပမွဳကုိ အဓိက ေနရာ ကပ့ံပုိးကူညီေပးေနသလုိပါပဲ။ အဲဒီမီးေတြက အလုိအေလ်ာက္အဖြင့္၊အပိတ္၊ အတင္၊အခ်လုပ္ႏုိင္သလုိ ကားနဲ႕ အတူလုိက္ပါေကြ႔ေပးႏုိင္တဲ့ နည္းပညာေတြ၊ ေနာက္ျပီး တစ္ဘက္ယာဥ္ေမာင္းကုိမ်က္စိမစူး ေအာင္ Auto အလင္းေရာင္ခ်ေပးႏုိင္တဲ့ စနစ္ေတြအျပင္ Home sweet home စနစ္ေတြလည္း ပါ၇ွိျပန္ပါတယ္။ ေအာက္ ဘက္မွာလည္း Fog Lamps ေတြနဲ႕အတူ လွပတဲ့ေအာက္ရွဲေတြကုိျမင္ေတြ႕ ရႏုိင္ပါတယ္။ ေနာက္ပုိင္းကေတာ့ သိပ္ျပီးထူးျခားျခားမဟုတ္ေပမဲ့ ေလခြင္းအားေကာင္းဖုိ႕လုပ္ထားတဲ့ ေလွ်ာက္ေစာပုံစံအမုိး ဒီဇုိင္း ေဘး ဘက္ေဘာ္ဒီေပၚ အထိေရာက္ေနတဲ့ ေနာက္မီးခြက္ပုံစံ Chrome ေတြနဲ႕လုပ္ထားတဲ့ အိတ္ေဇာ ၂ ေပါက္နဲ႕ အနားကြပ္ပုံစံေတြေၾကာင့္ Velar ကအပုိမရွိဘဲ ဒီဇုိင္းအရာမွာ ဆရာဆန္တယ္လုိ႕ဆုိရျခင္းျဖစ္ပါတယ္။ ေနာက္ျပီးေနာက္ဆုံးေပၚဒီဇုိင္း 10 Spokes ပါတဲ့ 21 inch alloy wheel ေတြေၾကာင့္လည္း Velar ကလမ္း ေပၚမွာအားလုံးရဲ႕လည္ျပန္ၾကည့္တာကုိ ခံရမွာအေသအခ်ာပါပဲ။
အတြင္းခန္း
စဝင္လုိက္ကတည္းက Velar ရဲ႕အတြင္းခန္းၾကိဳဆုိမွဳက မွင္သက္သြားရေလာက္ေအာင္ကုိ ျပီးျပည့္စုံတဲ့ခံစားမွဳ ၊ အထိအေတြ႕ေတြကုိ ျမင္ေတြ႕ခဲ့ရပါတယ္။ ဆိတ္သားေရအစစ္နဲ႕လုပ္ထားတဲ့အေကာင္းစား Leather seat ေတြရဲ႕ျငိမ့္ေညာင္းမွဳ ၊ Sport ဆန္ေအာင္ျပဳလုပ္ထားျခင္းတုိ႕အျပင္ အပူ၊အေအးထုတ္လႊတ္ႏိုင္မွဳ ၊ Motor နဲ႕ ပုံစံ ၁၀ မ်ိဳးေျပာင္းလဲႏိုုင္မွဳ ၊ ကုိယ့္စိတ္ၾကိဳက္ထုိင္ခုံပုံစံမွတ္ထားႏိုင္မွဳ ၊ ခရီးေဝးသြားလာရာမွာ Driver သက္ ေသာင့္သက္သာရွိေစဖုိ႕ ႏိွပ္နယ္ေပးႏုိင္မွဳတုိ႕လုိ အမ်ိဳး၂၀ ေလာက္ပါဝင္ပါတယ္။ေနာက္ျပီး အဲကြန္းက 2 zone climate control ျဖစ္လုိ႕ေရွ႕ေနာက္စီးနင္းသူေတြအားလုံးလုံေလာက္တဲ့ အပူအေအးေပးစနစ္ကုိရ၇ွိႏုိင္မွာျဖစ္ ပါတယ္။ ေနာက္ထပ္ထူးျခားတာက မွန္္တင္ခ်နဲ႕တံခါးဖြင့္၊ပိတ္ခလုတ္ေတြက လဲြလုိ႕ကားအတြင္းခန္းမွာ Touch စနစ္ေတြကုိသာသုံးစဲြထားတာပဲျဖစ္ပါတယ္။ စတီယာရင္ကုိၾကည့္ပါဦး။သူ႕မွာလည္းအလြန္ထူးျခားမွဳကုိ ျမင္ ေတြ႕ရပါလိမ့္မယ္။ အဆင့္ျမင့္လည္သာစနစ္သုံးထားတဲ့သူ႕မွာပါတဲ့ Media ၊ Phone ၊ Navi ၊ Cruise Control Mode ေတြကုိထိန္းခ်ဴပ္ဖုိ႕ရာခလုတ္ေတြမပါေတာ့ဘဲ Touch စနစ္ေျပာင္းလဲသြားသလုိ အဲဒီ Touch စာလုံးေတြ ကလည္း ကားစက္ႏွဳိးလုိက္မွသာေပၚလာႏိုင္တာပါ။ ေနာက္ဒရုိင္ဘာေရွ႕က 12.3” Interactive Driver Display ဒုိင္ခြက္မွာလည္း Media ၊ Phone ၊ Navi ၊Kilo စတဲ့ Information ေတြကုိ ေတာက္ပျပီးထင္ရွားတဲ့ ပုံစံ ၃ မ်ိဳးထဲကမွ စိတ္ၾကိဳက္ပုံစံေျပာင္းလဲၾကည့္ရွဳႏိုင္ပါတယ္။ နည္းပညာေတြအစြမ္းကုန္ခ်ျပထားတယ္လုိ႕ ေျပာခဲ့သလုိပါပဲ၊ Velar ရဲ႕အ့ံမခန္းနည္းပညာေတြကုိ ထပ္မံျမင္ေတြ႕ရဦးမွာပါ။ သူကထူးျခားစြာပဲ ေရွ႕ဘက္မွာ Touch Screen အေပၚ၊ေအာက္ ၂ ခုပါရွိပါတယ္။ အေပၚဘက္က Media ၊ Phone ၊ Navi ၊ 4G Wi-Fi Hotspot စတာေတြနဲ႕ Owner Profile စတာေတြကုိထိန္းခ်ဴပ္ဖုိ႕ျဖစ္ျပီး ေအာက္ဘက္ကေတာ့ Mode ေတြ၊ Suspension ပုံစံေတြနဲ႕ အျခားFeaturesေတြကုိ ထိန္းခ်ဴပ္ေပးတာျဖစ္ပါတယ္။ ေနာက္ျပီး ေနာက္ခန္း ကလုိက္ပါသူေတြအတြက္ 8” screens ၂ ခုက ေရွ႕ခုံ ၂ ခုေနာက္မွာပါဝင္ပါတယ္။ အဲဒီ ၂ ခုက movies and TV channels ေတြ၊ USB 3.0 Connect ေတြ၊ HDMI ေပါက္ေတြ၊ smartphones, tablets ခ်ိတ္ဆက္ျပီး လုိသလုိအသုံးျပဳေဖ်ာ္ေျဖေရးျပဳ လုပ္ႏုိင္မွာျဖစ္ပါတယ္။ ျပီးေတာ့ သင့္ရဲ႕ smartphone or smart watch ေတြနဲ႕လည္း Velar ကုိထိန္းခ်ဴပ္လုိ႕ရႏိုင္ပါေသးတယ္။ အဲဒါေတြအျပင္ ယာဥ္ေမာင္းကုိအေကာင္းဆုံးအ ကူအညီေပးႏိုင္တဲ့ Sport စတုိင္ Head up display ၊ က်ယ္ဝန္းေကာင္းမြန္တဲ့ Sunroof၊ အမူအရာကုိ အာရုံခံျပီး ဖြင့္၊ပိတ္ လုပ္ေပးတဲ့ ေနာက္တံခါး၊ 673L က်ယ္တဲ့ Cargo Space ၊ 15 speakers လုံး ပါတဲ့ Meridian™ Surround Sound System 825W ေတြပါဝင္ပါတယ္။ဒါေတြသာမက ကားက အလုိအေလ်ာက္ Suspension အနိမ့္အျမင့္ လုပ္ေပးႏုိင္လုိ႕ကားေပၚတက္မယ့္သူေတြအတြက္အဆင္ေျပေစပါလိမ့္မယ္။
စြမ္းေဆာင္ရည္
ဒီကားက R-Dynamic SE grade ျဖစ္ျပီး 3.0L V6 Super Charge Petrol အင္ဂ်င္သုံးျဖစ္ျပီး အျမင့္ဆုံးစြမ္းအင္ထြက္ရွိမွဳက 380ps/6500rpmနဲ႕အျမင့္ဆုံးရုန္းအားက 450Nm/3500rpm ရွိမွာျဖစ္ပါတယ္။ 0 ကေန 100 km ကုိ 5.7 စကၠန္႕ထဲနဲ႕အျမန္ဆုံးေရာက္ေအာင္ေမာင္းနုိင္သလုိ ၁နာရီကုိ ၂၅၀ ကီလုိမီတာ ခရီးသြားနုိင္ပါတယ္။ Gear က auto 8 speed ျဖစ္ကာ Paddle shifter ပါဝင္ျပီး AWD စနစ္နဲ႕ သြားမွာပါ။Ground Clearance က 251mm ရိွျပီး ေရအနက္ 650mm အနက္ထိေမာင္းႏွင္ႏုိင္ပါ တယ္။ျပီး ေတာ့ ေနာက္ဆုံးေပၚနည္းပညာေတြနဲ႕ဖန္တီးထားတဲ့ Aluminum ကုိသာသုံးထားျပီးအလြန္ေပါ့ပါးတဲ့ INGENIUM ENGINE ေၾကာင့္ဆီစားႏွဳန္းသက္သာျခင္း၊ကားအေလးခ်ိန္ေပါ့သြားျခင္း၊စြမ္းရည္ျမင့္မားျခင္း၊Co2 ထုတ္မွဳနည္းသြားျခင္းစတဲ့ အက်ိဳးေတြကုိရရွိေစမွာပါ။ျပီးေတာ့ ဒီလုိ SUV ကားေလာက္ကုိ Turning Circle က ၁၁.၆မီတာဆုိေတာ့ Velar ရဲ႕စတီယာရင္အခ်ိဳးအေကြ႕စနစ္ကေလးစားစရာျဖစ္ပါတယ္။
လုံျခံဳေရး
Velar ရဲ႕Safety စနစ္ကအေကာင္းဆုံးစနစ္ျဖစ္ျပီး ပထမဆုံးေျပာရမွာက High-strength aluminum နဲ႕လုပ္ ထားတဲ့ ေဘာ္ဒီျဖစ္ျပီး လုံျခံဳတယ္၊ၾက့ံခုိင္တယ္၊ျပီးေတာ့ ေပါ့ပါးတယ္။ ျပီးေတာ့ ABS ၊ ADAPTIVE DYNAMICS လုိ Driver ရဲ႕ေမာင္းႏွင္မွဳလြယ္ကူသက္သာေစဖုိ႕ျပဳလုပ္ေပးတဲ့စနစ္၊ Dynamic Stability Control (DSC) ၊ Roll Stability Control (RSC) ၊ ေတာင္ဆင္းေတာင္တက္အတြက္ Hill Descent Control (HDC)၊ Hill Start Assist (HSA) ၊ Emergency Brake Assist(EBA) ၊ Intelligent Emergency Brake(IEB)၊Electronic Park Brake(EPB)၊ Cornering Brake Control(CBC)၊ Electronic Traction Control(ETC)၊ LANE DEPARTURE WARNINGေတြအျပင္ ေရွ႕၊ေနာက္နဲ႕ေဘးတစ္ေလွ်ာက္ကာကြယ္ေပးမယ့္ ေလအိတ္ေတြပါဝင္ပါတယ္။ဒါ့အျပင္ မျမင္ကြယ္ရာမွအရာေတြကုိစုံစမ္းေထာက္လွမ္းမယ့္ကင္မရာေတြ၊ပါကင္ထုိးရင္ေနာက္မွ အရာေတြကုိအာရုံခံ မယ့္ဆင္ဆာေတြအျပင္ 360 ဒီဂရီနဲ႕ျမင္ရမယ့္ကင္မရာေတြ၊ပတ္လည္ကင္မရာစနစ္ေၾကာင့္ Velar ရဲ႕Safety က ရြတ္သမွ်အကုန္ပါဆုိသလုိျဖစ္ေနျပီး EuroNCAP ရဲ႕စစ္ေဆးခ်က္အရ Safety မွာၾကယ္ ၅ ပြင့္ အျပည့္ရရွိထားပါတယ္။
ေစ်းႏွဳန္းနဲ႕သုံးသပ္ခ်က္
အရည္အေသြး၊နည္းပညာ၊စြမ္းေဆာင္ရည္၊လုံျခဳံစိတ္ခ်ရမွဳေတြမွာ Velar ကုိယွဥ္ႏိုင္တဲ့ကားက လက္ခ်ိဳးေရလုိ႕ ရႏိုင္ပါတယ္။ တကယ့္ကားဆုိမွကားျဖစ္လုိ႕ Price ကလည္းျမင့္မားမွာပါ။ဒါေပမဲ့ေပးရတဲ့ေငြနဲ႕ထုိက္တန္စြာ ပဲျပန္လည္ရရွိမယ့္ စိတ္ေက်နပ္မွဳကေတာ့ အတုိင္းအဆမဲ့ျဖစ္သြားေစပါလိမ့္မယ္။ဇိမ္ခံအျဖစ္သာမက ေနရာစုံ၊ လမ္းစုံ၊ဘယ္ရာသီဥတုမဆုိ ဝင့္ထယ္စြာလမ္းေပၚေျပးလႊားေပးႏုိင္မယ့္ Velar ရဲ႕ေစ်းက USD 226,000 ကေနစမွာျဖစ္ျပီး USD 280,000 အထိရွိပါတယ္။ Warranty 3 year နဲ႕ ကီလုိ ၁ သိန္းအာမခံေပးမွာျဖစ္ျပီး ျမန္မာျပည္တစ္ဦးတည္းကုိယ္စားလွယ္ Capital Automotive Ltd No 3,Insein road,ward 12,Hlaing Tsp,Yangon , Ph.+951 9669034-38 သုိ႕ဆက္သြယ္ဝယ္ယူႏုိင္မွာျဖစ္ပါတယ္။
Specification
Engine Type – V 6 Super Charge
Engine Power-3.0L/2995 cc
Fuel –Petrol
Engine Drive-AWD
Maximum Power(ps/rpm)-380/6500
Maximum Torque(Nm/rpm)-450/3500
Transmission-6 speed AT with Paddle Shift
Fuel Consumption(L/100km)- 9.4
Maximum Speed (Km/h)-250
Acceleration 0-100 km/h-5.7sec
Fuel Tank-63L