Brand new Subaru Cross trek အားလာမည့် လအနည်းငယ်၌ ဥရောပစျေးကွက်တွင် Cross trek XV အနေဖြင့် ရောင်းချမည်ဖြစ်ပြီး ၄င်းသည် Subaru ၏အကောင်းဆုံး Model ဟုဆိုရမည်ဖြစ်ပါသည်။ 2016 ၌ Cross trek ၏ U.S Market ရှိ ရောင်းအားမှာ 95677စင်း အထိစံချိန်တင် ရောင်းချနိုင်ပြီး Subaru ၏ (WRX / Legacy / Impreza )တို့ထက်ရောင်းအားသာလွန်ခဲ့ပါသည်။ 2018 Cross trek ၏ခိုင်ခန့် တောင့်တင်းသည့် Body Style အား နောက်ဆုံးထုတ် Impreza မှခွဲဝေရရှိထားပါသည်။ထို့အပြင် (Legacy/ Outback) တို့မှ (Suspension)/ (Safety) အပါအဝင် အစိတ်အပိုင်းများစွာအား ရယူထားခဲ့ပါသည်။ Cross trek အား လမ်းအခြေအနေမျိုးစုံနှင့် သင့်တော်မှုရှိရန် အဓိကဖန်တီးထားခြင်းဖြစ်ပါသည်။
2018 Cross trek တွင် 2.0 L I 4 Boxer Engine 154 hp အင်ဂျင်စနစ်ကိုတပ်ဆင်ထားပြီး 7 pre – programmed gear ratio စနစ်အသုံးပြုထားသည့် CVT Automatic ဖြင့် တွဲဖက်ထားပါသည်။ ထို့အပြင် ၄င်းတွင် 13:1 Steering Ratio / Active torque vectoring technology / Lower center Gravity အစရှိ သည့် ပါ၀င်မှုအသစ်များထည့်သွင်းထားပါမည်။ ၄င်း၏ Ground Clearance သည် 8.6 inch ရှိပါမည်။ ထို့အပြင် အဆင့်မြင့် နည်းပညာသုံး ပါ၀င်မှုများဖြစ်ကြသည့် Eye Sight ၊ Pre-collision braking control Adaptive Cruise ၊ Lane – change assistance ၊ Reversing Assistance ၊ Blind-spot detection စသည့် ပါ၀င်မှုများစွာကိုလည်း ထည့်သွင်းထားပါသည်။
U.S Market သို့တင်ပို့မည့် Subaru Cross trek အားယခုနှစ် နှစ်လည်ပိုင်းခန့်တွင် စတင်ရောင်းချ မည်ဖြစ်ပါသည်။
Unicode version…
Zawgyi version…