Unicode Version…
၈ ယောက်စီး MPV ဖြစ်သည့် Innova အား မြန်မာပြည်ဈေးကွက်သို့ Toyota မှစတင်မိတ်ဆက်သွားခဲ့သည်။ အဆိုပါ အထက်တန်းစား 8-ယောက်စီး MPV (ဘက်စုံသုံးမော်တော်ယာဉ်) ကို နေ့စဉ်အလုပ်သွားခြင်းမှ ခရီးရှည်မောင်းနှင်ခြင်းအထိ မျိုးစုံအသုံးပြုနိုင်ရန် ဖန်တီးပြုလုပ်ထားကြောင်း သိရသည်။
မော်ဒယ်သစ် Innova တွင် လောင်စာဆီစားနှုန်းသက်သာခြင်းနှင့် မြင့်မားသောစွမ်းဆောင်ရည်တို့ကို ပြသပေးမည့် စွမ်းအားပြည့်ဝသော 2.0 လီတာ TR အင်ဂျင်တပ်ဆင်ပါရှိသည်။ ထို့အပြင် ပိုမိုကောင်းမွန် သောလောင်စာဆီ စားနှုန်းဖြစ်စေရန်အတွက် အင်ဂျင်၏အမြင့်မားဆုံးလုပ်ဆောင်နိုင်စွမ်းကို ပြသနိုင်ရန်အလို့ဌာ အမြန်နှုန်း ၆ မျိုးပါထရန်စမစ္စရှင်းကို ဖန်တီးတပ်ဆင်ထားသည်။ အတွင်းခန်းတွင် သတင်းအချက်အလက်မျိုးစုံဖော်ပြပေးသော ဖန်သားပြင်၊ ကားအနောက်ဘက်လေအေးပေးကိရိယာပါရှိသော အလိုအလျောက်လေအေးပေးစနစ်၊ စတီယာရင်ထိန်းချုပ်ခလုတ်များ ပါဝင်သည်။
မော်ဒယ်သစ် Innova ၏ကိုယ်ထည်ကို ဘေးကင်းလုံခြုံရေးအတွက် စံဘေးကင်းလုံခြုံရေးအင်္ဂါရပ်များဖြစ်သည့် ပတ်လည်လေအိတ်စနစ်၊ အီလက် ထရွန်းနစ်ဘရိတ်အားဖြန့်ဝေသည့်စနစ် (EBD) ပါရှိသော လော့မကျစေဘဲ ဘရိတ်ဖမ်းပေးသည့်စနစ် (ABS) ပါရှိသည့် အပြင် အသစ်မွမ်းမံအားဖြည့်ထားသောဖရိန်၊ ပိုမိုများပြားလာသော ဂဟေဆော်သည့်နေရာများကြောင့် အကြမ်းခံနိုင်အားပိုမြင့်မည်ဖြစ်ကြောင်း Toyota မှဆိုသည်။
တိုယိုတာမြန်မာသည် ကားအပြင်ပိုင်းအရောင် ၈ ရောင်ရွေးချယ်ရရှိနိုင်မည့် မော်ဒယ်သစ် Innova ကို အမေရိကန်ဒေါ်လာ ၃၅,၅၀၀ ဖြင့် ရောင်းချမည်ဖြစ်ပြီး Toyota MPV မော်ဒယ်သစ်တွင် ၃-နှစ်/ 100,000 km အာမခံ ပါရှိပြီး တိုယိုတာ၏ တရားဝင်အရောင်းကိုယ်စားလှယ်များထံတွင် ပြင်ဆင်ထိန်းသိမ်း မှုအပြည့် အစုံကို လုပ်ဆောင်ခွင့်ရရှိမည်ဖြစ်ပါသည်။
Zawgyi Version…
အာရှဈေးကွက်အတွက် အထူးထုတ်လုပ်ထားသည့် ၈ ယောက်စီး MPV ဖြစ်သည့် Innova မြန်မာပြည်ဈေးကွက်သို့ ရောက်ရှိ
Woman in modern house overlooking ocean traffic trail