Unicode version…
Rush ကို မြန်မာအပါအဝင် အာရှတစ်လွှားတွင်ရှိသော ပေါ်ထွက်လာသည့်စျေးကွက်များအတွက် ရည်ရွယ်၍ Toyota မှဖန်တီးထားခြင်းဖြစ်သည်။ အဆိုပါစျေးကွက်များအတွက် Rush သည် မတူညီသော လမ်းအခြေ အနေများ၊ ယာဉ်မောင်းနှင်သည့်ပတ်ဝန်းကျင်များနှင့် လိုက်လျောညီထွေရှိပြီး ချိန်ညှိပြောင်းလဲနိုင်သော ပထမဆုံးမော်ဒယ် ဖြစ်ကြောင်းလည်း သိရသည်။ အရှေ့ဘက်၌တပ်ဆင်ပါရှိသောအင်ဂျင်၊ နောက်ဘီးယက် (FR) တည်ဆောက်ပုံဖြင့် Rush သည် Dual Variable Valve Timing-intelligent (VVT-i) ၁.၅ လီတာအင်ဂျင်နှင့်အတူ အော်တိုဂီယာ ၄ ချက်ကိုအသုံးပြုနိုင်မည်ဖြစ်သည်။ အမြင့်ဆုံးစွမ်းအင်ထွက်ရှိမှု အနေဖြင့် 77kW/6,000rpm, နှင့် torque 136Nm/4,200rpm ကိုရရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် မြေပြင်ကင်းလွတ်ပမာဏမှာ (၂၂၀ မီလီမီတာ)၊ ရေထဲတွင်မြှုပ်ထားနိုင်သည့်အမြင့် (၆၀၀ မီလီမီတာ) နှင့် အနိမ့်ဆုံးကွေ့သည့်အချင်းဝက် (၅.၂ မီတာ) ရှိပြီး SUV တစ်စီးအတွက်လုံလောက်ပါဝင်မှုများလည်း ဖြစ်သည်။
၎င်း၏ရုပ်သွင်မှာ Toyota ၏ Mid size SUV Fortuner နှင့်အနည်းငယ်ဆင်တူပြီး အလျားလိုက်ရှဲများကို အသုံးပြုထားသည်။ ထို့အပြင် LED Headlamp , Fog Lamp တို့သာမကအတွင်းခန်းတွင်လည်း အလို အလျောက်လေအေးပေးစနစ်၊နောက်ဘက်ခန်းအတွက်လေအေးပေးစနစ်၊ လိုသလိုချိန်ညှိနိုင်သော ထိုင်ခုံများ၊ စပီကာ ၈ လုံးပါပြီး DVD/AM/FM/CD/USB/AUX အပြင် Bluetooth များကိုချိတ်ဆက်သုံးနိုင်သော Audio စနစ်၊ Audio နှင့် ဖုန်းများကိုစတီယာရင်မှထိန်းချုပ်ပေးနိုင်မှု၊ Push Start နှင့် Smart Entry စနစ်များကိုလည်း အသုံးပြုထားသည်။
Rush တွင် လုံခြုံရေးစနစ်များအဖြစ် အီလက်ထရွန်းနစ်ဘရိတ်အားဖြန့်ဝေသည့်စနစ် (EBD) ပါရှိသော လော့ဖြုတ်ကာ ဘရိတ်ဖမ်းပေးသည့်စနစ် (ABS)၊ မော်တော်ယာဉ်တည်ငြိမ်မှုကိုထိန်းချုပ်ပေးသည့်စနစ် (VSC) နှင့် တောင်တက်ရာတွင်ကူညီထိန်းချုပ်ပေးသောစနစ် (HAC) တို့ကိုပါ ထည့်သွင်းပေးထားသည်။ မော်ဒယ်သစ် Rush သည် 5-Star ASEAN NCAP rating ဆုကိုလည်း ဆွတ်ခူးရရှိထားသ်ညဟုလည်း သိရသည်။
Toyota Myanmar မှ မော်ဒယ်သစ် Rush အား အမေရိကန်ဒေါ်လာ ၂၈,၅၀၀ ဖြင့် ရောင်းချမည်ဖြစ်ကာ စတင်ရောင်းချချိန်အတွင်း အမေရိကန်ဒေါ်လာ ရ,၁၂၅ မှစ၍ လက်ငင်းငွေပေးခြင်း သို့မဟုတ် အမေရိကန်ဒေါ်လာ ၄၈၇ မှစ၍ လစဉ်ငွေပေးသွင်းခြင်းဖြင့်ဝယ်ယူနိုင်မည့် သီးသန့်အရစ်ကျဝယ်ယူမှု အစီအစဉ်ကိုလည်း စီစဉ်ထားရှိပါသည်။ Toyota SUV မော်ဒယ်သစ်တွင် ၃ နှစ်/၁၀၀,၀၀၀ km အာမခံကာလပါရှိပြီး Toyota တရားဝင်အရောင်းကိုယ်စားလှယ်များမှ တစ်ဆင့် ပြင်ဆင်ထိန်းသိမ်းရေး ဝန်ဆောင်မှုများကိုလည်း ထည့်သွင်းပေးထားပါသည်။ Rush မော်ဒယ်သစ်အတွက် (၂၀၁၈) ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့မှစတင်၍ ဘိုကင်ယူနိုင်ပြီဖြစ်သည်။
Zawgyi version…
Rush ကို ျမန္မာအပါအဝင္ အာရွတစ္လႊားတြင္ရွိေသာ ေပၚထြက္လာသည့္ေစ်းကြက္မ်ားအတြက္ ရည္႐ြယ္၍ Toyota မွဖန္တီးထားျခင္းျဖစ္သည္။ အဆိုပါေစ်းကြက္မ်ားအတြက္ Rush သည္ မတူညီေသာ လမ္းအေျခ အေနမ်ား၊ ယာဥ္ေမာင္းႏွင္သည့္ပတ္ဝန္းက်င္မ်ားႏွင့္ လိုက္ေလ်ာညီေထြရွိၿပီး ခ်ိန္ညႇိေျပာင္းလဲႏိုင္ေသာ ပထမဆုံးေမာ္ဒယ္ ျဖစ္ေၾကာင္းလည္း သိရသည္။ အေရွ႕ဘက္၌တပ္ဆင္ပါရွိေသာအင္ဂ်င္၊ ေနာက္ဘီးယက္ (FR) တည္ေဆာက္ပုံျဖင့္ Rush သည္ Dual Variable Valve Timing-intelligent (VVT-i) ၁.၅ လီတာအင္ဂ်င္ႏွင့္အတူ ေအာ္တုိဂီယာ ၄ ခ်က္ကုိအသုံးျပဳႏိုင္မည္ျဖစ္သည္။ အျမင့္ဆုံးစြမ္းအင္ထြက္ရွိမွဳ အေနျဖင့္ 77kW/6,000rpm, ႏွင့္ torque 136Nm/4,200rpm ကုိရရွိႏိုင္မည္ျဖစ္သည္။ ထုိ႔အျပင္ ေျမျပင္ကင္းလြတ္ပမာဏမွာ (၂၂၀ မီလီမီတာ)၊ ေရထဲတြင္ျမႇဳပ္ထားႏိုင္သည့္အျမင့္ (၆၀၀ မီလီမီတာ) ႏွင့္ အနိမ့္ဆုံးေကြ႕သည့္အခ်င္းဝက္ (၅.၂ မီတာ) ရွိျပီး SUV တစ္စီးအတြက္လုံေလာက္ပါဝင္မွဳမ်ားလည္း ျဖစ္သည္။
၎၏ရုပ္သြင္မွာ Toyota ၏ Mid size SUV Fortuner ႏွင့္အနည္းငယ္ဆင္တူျပီး အလ်ားလုိက္ရွဲမ်ားကုိ အသုံးျပဳထားသည္။ ထုိ႔အျပင္ LED Headlamp , Fog Lamp တုိ႕သာမကအတြင္းခန္းတြင္လည္း အလုိ အေလ်ာက္ေလေအးေပးစနစ္၊ေနာက္ဘက္ခန္းအတြက္ေလေအးေပးစနစ္၊ လုိသလုိခ်ိန္ညွိႏိုင္ေသာ ထုိင္ခုံမ်ား၊ စပီကာ ၈ လုံးပါျပီး DVD/AM/FM/CD/USB/AUX အျပင္ Bluetooth မ်ားကုိခ်ိတ္ဆက္သုံးႏိုင္ေသာ Audio စနစ္၊ Audio ႏွင့္ ဖုန္းမ်ားကုိစတီယာရင္မွထိန္းခ်ဳပ္ေပးႏိုင္မွဳ၊ Push Start ႏွင့္ Smart Entry စနစ္မ်ားကုိလည္း အသုံးျပဳထားသည္။
Rush တြင္ လုံျခဳံေရးစနစ္မ်ားအျဖစ္ အီလက္ထ႐ြန္းနစ္ဘရိတ္အားျဖန္႔ေဝသည့္စနစ္ (EBD) ပါရွိေသာ ေလာ့ျဖဳတ္ကာ ဘရိတ္ဖမ္းေပးသည့္စနစ္ (ABS)၊ ေမာ္ေတာ္ယာဥ္တည္ၿငိမ္မႈကိုထိန္းခ်ဳပ္ေပးသည့္စနစ္ (VSC) ႏွင့္ ေတာင္တက္ရာတြင္ကူညီထိန္းခ်ဳပ္ေပးေသာစနစ္ (HAC) တို႔ကိုပါ ထည့္သြင္းေပးထားသည္။ ေမာ္ဒယ္သစ္ Rush သည္ 5-Star ASEAN NCAP rating ဆုကိုလည္း ဆြတ္ခူးရရွိထားသ္ညဟုလည္း သိရသည္။
Toyota Myanmar မွ ေမာ္ဒယ္သစ္ Rush အား အေမရိကန္ေဒၚလာ ၂၈,၅၀၀ ျဖင့္ ေရာင္းခ်မည္ျဖစ္ကာ စတင္ေရာင္းခ်ခ်ိန္အတြင္း အေမရိကန္ေဒၚလာ ၇,၁၂၅ မွစ၍ လက္ငင္းေငြေပးျခင္း သို႔မဟုတ္ အေမရိကန္ေဒၚလာ ၄၈၇ မွစ၍ လစဥ္ေငြေပးသြင္းျခင္းျဖင့္ဝယ္ယူႏိုင္မည့္ သီးသန္႔အရစ္က်ဝယ္ယူမႈ အစီအစဥ္ကိုလည္း စီစဥ္ထားရွိပါသည္။ Toyota SUV ေမာ္ဒယ္သစ္တြင္ ၃ ႏွစ္/၁၀၀,၀၀၀ km အာမခံကာလပါရွိၿပီး Toyota တရားဝင္အေရာင္းကိုယ္စားလွယ္မ်ားမွ တစ္ဆင့္ ျပင္ဆင္ထိန္းသိမ္းေရး ဝန္ေဆာင္မႈမ်ားကိုလည္း ထည့္သြင္းေပးထားပါသည္။ Rush ေမာ္ဒယ္သစ္အတြက္ (၂၀၁၈) ခုႏွစ္၊ ဇြန္လ (၂၆) ရက္ေန႔မွစတင္၍ ဘိုကင္ယူႏိုင္ျပီျဖစ္သည္။