Unicode  version…
ကမ္ဘာကျော် Volkswagen သည် ၄င်း၏ နာမည်ကျော် EV ကားဖြစ်သည့် e-Golf ၏ All-New-Model ဖြစ်သည့် 2018 e-Golf ၏ စျေးနှုန်းနှင့် အချက်အလက်များအား မကြာမီကထုတ်ပြန်ခဲ့ပါသည်။ (New e-Golf) သည်လျှပ်စစ်သီးသန့်ဖြင့် (125 – mile)ခန့် အသုံးပြုနိုင်ပြီး အသွင်သစ်၊ ဒီဇိုင်းသစ်ဖြင့် ဖန်တီးထားကာ (134 hp)၊ (214 lb – ft of torque)စွမ်းအင်ရှိသည့် လျှပ်စစ်မော်တာလည်း တပ်ဆင်ထား ပါသည်။Battery ၏သိုလှောင်နိုင်စွမ်းသည် (35.8 kWh) ဖြစ်ပြီးအမြင့်ဆုံးစွမ်းဆောင်ရည်မှာ (0 to 60mph) အား (9.6 Seconds) ဖြင့်ရောက်ရှိနိုင်ပါမည်။ ၄င်းအား (US $ 31315)ဖြင့် ရောင်းချမည်ဖြစ်ပါသည်။ ထိုအချိန်အတွင်း Nissan ၏နာမည်ကျော် Leaf EV သည်လည်း 2018 အတွက် Update Design ဖြင့် ထွက်ရှိလာကာ ၄င်းတွင် လျှပ်စစ်သီးသန့် (150 mph)ရရှိနိုင်သည့် (147 hp)၊ (236 lb-ft of torque) အင်ဂျင်ကို ထည့်သွင်းထားပါသည်။ အဆိုပါ Battery သည် (40 kwh) သိုလှောင်နိုင်စွမ်းရှိပါမည်။ (New Leaf)အား (US $ 30875)ဖြင့် ရောင်းချမည်ဖြစ်ပါသည်။ ထို့ကြောင့် (VW e-Golf) နှင့် (Nissan Leaf) တို့သည်မျှချေရှိသည့် ပြိုင်ဖက်ကားများဟု ဆိုရပါမည်။(2018 VW e-Golf)တွင် (SE Trim – US$ 31315)၊ (Limited Edition – US$ 33795) (SEL Premium – US$ 36995)ဟူ၍ (၃)မျိုး ခွဲခြားထားမည် ဖြစ်ပါ သည်။ ၄င်းတွင် ရရှိနိုင်မည့် ခေတ်မှီပါ၀င်မှုများမှာ (8- inch Touchscreen)၊ (7.2 kw onboard charger)၊ (Parking Assist) အစရှိသည်တို့ ဖြစ်ကြပြီး (Adaptive Cruise Control)၊ (Forward collision warning) (Lone Assist)၊ (Blind Spot Monitor)အစရှိသည့် အဆင့်မြင့်လုံခြုံရေးပါ၀င်မှုများအား (VW’s Digital Cockpit) အမည်ဖြင့်မှာယူရနိုင်ပါမည်။ (2018 VW e-Golf) ကဲ့သို့ အသစ်ထွက်ရှိထားသည့် အခြားသော (EV cars) များမှာ – (2018 Hyundai Ionic EV – 124 mph of electric range)၊ (2018 Chevy Bolt – 238 mph of electric range) တို့ဖြစ်ကြပါသည်။ (2018 VW e-Golf) အား (U.S.A) သို့လက်ရှိအချိန် တွင် တင်ပို့ခြင်းမရှိသော်လည်း (New Nissan Leaf) အားလာမည့် လအတွင်း တင်ပို့ရောင်းချမည် ဖြစ်ပါသည်။
Zawgyi version..