Unicode version…

ဆွီဒင်အခြေစိုက် Volvo သည် ၄င်း၏ နာမည်ကျော် Mid size Crossover ဖြစ်သည့် Volvo XC 60 ၏ New XC 60 အားမကြာမှီကကျင်းပခဲ့သည့် Geneva Motor Show တွင် မိတ်ဆက်ပြသခဲ့ပါသည်။ အဆိုပါ

New Model သည် XC 60 ယခင်ကားများထက် သိသိသာသာလှပပြီး များစွာဆန်းသစ်မှုရှိကာ ၄င်း၏နောင်တော် XC 90 Crossover ကဲ့သို့ အကွေ့အကောက်များစွာဖြင့် ဆန်းကြယ်စွာဖန်တီးထားပါသည်

New XC 60 ၏ ဒီဇိုင်းနှင့် ဖန်တီးမှုများနှင့် စပ်လျဉ်း၍ New XC 60 အနေဖြင့် SUV ဒီဇိုင်းကိုသာ သီးသန့်အလေးထားဖန်တီးထားရုံသာမက မောင်းနှင်မှုနှင့် စိတ်ချယုံကြည်မှုများအတွက်လည်း အလေးထား ဖန်တီးထားပါသည်ဟု Volvo Design Group ၏ Senior Vice President ဖြစ်သူ Mr Thomas Ingenlath မှပြောကြားခဲ့ပါသည်။

New XC 60 တွင် Power train Rates များအနေဖြင့် Turbocharged 2.0L I4 / Turbo and super charged 2.0 LT6 / Plug-in-Hybrid T8 ဟူ၍ (၃)မျိုးရရှိနိုင်ပါမည်။ အင်ဂျင်အားလုံးတွင် 400 hp ပါရှိပြီး AWD System လည်းပါရှိပါမည်။

Volvo သည် လုံခြုံမှုထိပ်တန်းအဆင့်ရှိသည့် Brand ဖြစ်သည်နှင့်အညီ ၄င်း၏ XC60 SUV တွင် (New Steer Assist ) (Oncoming Lane Mitigation) (Pilot Assist)(Volvo’s Semi- autonomous system) စသည့်အထူးအဆင့်မြင့် လုံခြံုရေးနှင့် ယာဉ်မောင်းထောက်ကူပြုနည်းပညာများစွာအား မိတ်ဆက်ထည့်သွင်းထားပါသည်။ထို့အပြင် အတွင်းခန်း ဒီဇိုင်းကိုလည်း လှပဆန်းသစ်သည့်ပုံစံဖြင့် ဖန်တီး ထားကာ (Senses Infotainment System)(HVAC Vents) (Crystal Shifter) စသည့် စိတ်ဝင်စားဖွယ် (Feature)များအား ထည့်သွင်းထားမည်ဖြစ်ပါသည်။

The new Volvo XC60

Zawgyi version…

ဆြီဒင္အေျခစိုက္ Volvo သည္ ၄င္း၏ နာမည္ေက်ာ္  Mid size Crossover ျဖစ္သည့္ Volvo XC 60 ၏ New XC 60 အားမၾကာမွီကက်င္းပခဲ့သည့္ Geneva Motor Show တြင္ မိတ္ဆက္ျပသခဲ့ပါသည္။ အဆိုပါ

New Model သည္ XC 60 ယခင္ကားမ်ားထက္ သိသိသာသာလွပၿပီး မ်ားစြာဆန္းသစ္မႈ႐ွိကာ  ၄င္း၏ေနာင္ေတာ္ XC 90 Crossover ကဲ့သို႕ အေကြ႕အေကာက္မ်ားစြာျဖင့္ ဆန္းၾကယ္စြာဖန္တီးထားပါသည္

New XC 60 ၏ ဒီဇိုင္းႏွင့္ ဖန္တီးမႈမ်ားႏွင့္ စပ္လ်ဥ္း၍ New XC 60 အေနျဖင့္ SUV ဒီဇိုင္းကိုသာ သီးသန္႕အေလးထားဖန္တီးထား႐ံုသာမက ေမာင္းႏွင္မႈႏွင့္ စိတ္ခ်ယံုၾကည္မႈမ်ားအတြက္လည္း အေလးထား ဖန္တီးထားပါသည္ဟု Volvo Design Group ၏ Senior Vice President ျဖစ္သူ Mr Thomas Ingenlath မွေျပာၾကားခဲ့ပါသည္။

New XC 60 တြင္ Power train Rates မ်ားအေနျဖင့္ Turbocharged 2.0L I4 / Turbo and super charged 2.0 LT6 / Plug-in-Hybrid T8 ဟူ၍ (၃)မ်ိဳးရ႐ွိႏိုင္ပါမည္။ အင္ဂ်င္အားလံုးတြင္ 400 hp ပါ႐ွိၿပီး AWD System လည္းပါရွိပါမည္။

Volvo သည္ လံုၿခံဳမႈထိပ္တန္းအဆင့္ရွိသည့္ Brand ျဖစ္သည္ႏွင့္အညီ ၄င္း၏ XC60 SUV တြင္ (New Steer Assist ) (Oncoming Lane Mitigation) (Pilot Assist)(Volvo’s Semi- autonomous system) စသည့္အထူးအဆင့္ျမင့္ လံုၿခံဳေရးႏွင့္ ယာဥ္ေမာင္းေထာက္ကူျပဳနည္းပညာမ်ားစြာအား မိတ္ဆက္ထည့္သြင္းထားပါသည္။ထို႕အျပင္ အတြင္းခန္း ဒီဇိုင္းကိုလည္း လွပဆန္းသစ္သည့္ပံုစံျဖင့္ ဖန္တီး ထားကာ (Senses Infotainment System)(HVAC Vents) (Crystal Shifter) စသည့္ စိတ္၀င္စားဖြယ္ (Feature)မ်ားအား ထည့္သြင္းထားမည္ျဖစ္ပါသည္။