Unicode Version…
ရန်ကုန်လိုင်စင်ဖြင့် ဝယ်ယူခွင့်ရရှိမည့် ၂၀၁၉ New Ford Ranger ကားအမျိုးအစားသစ် ၂ မျိုးကို ပြည်တွင်းဈေးကွက်အတွင်း စတင်မိတ်ဆက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ပြည်တွင်း၌ SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သည့် ပစ်ကပ်ကားအမျိုးအစား ၂၀၁၉ New Ford Ranger Wildtrack နှင့် New Ford Ranger Double Cab XLT တို့ကို အောက်တိုဘာ ၁၀ ရက်က Ford Myanmar Showroom တွင် စတင်မိတ်ဆက်ရောင်းချခဲ့သည်။ New Ford Ranger ကားအမျိုးအစားသစ် ၂ မျိုးသည် ယခင်မော်ဒယ်များထက် ပိုမိုခန့် ညားသောဒီဇိုင်း၊ သာလွန်သည့် နည်းပညာများဖြင့် ပေါင်းစပ်ထုတ် လုပ်ထားပြီး အင်ဂျင်ရုန်းအား ကောင်းမွန်ကာ ဆီစားနှုန်းသက်သာသည့် ဒီဇယ်အင်ဂျင်ကို တပ်ဆင်ထုတ်လုပ်ထားသည်။
“အသစ်မိတ်ဆက်လိုက်တဲ့ New Ford Ranger Wildtrack နှင့် New Ford Ranger Double Cab XLT တို့က အရင်မော်ဒယ်တွေ ထက်သာလွန်တဲ့နည်းပညာတွေ ထည့်သွင်းပေါင်းစပ်ထားပါတယ်။ ဆီစားနှုန်းသက်သာတဲ့ ဒီဇယ်အင်ဂျင်ကို တပ်ဆင်ထားပြီး မောင်းနှင်ရခက်ခဲတဲ့နေရာတွေမှာ Driver ကို ထောက်ပံ့ပေးနိုင်တဲ့ စနစ်တွေ အပြင် Auto Parking စနစ်၊ Push-start စနစ်တွေလည်း ပါဝင်လာပါတယ်။ ဒီကားမှာ ထိုင်ခုံတွေဆိုရင်လည်း အရင်မော်ဒယ် တွေထက် ပိုကောင်းပြီး Leather နဲ့ ပေါင်းစပ်ဒီဇိုင်းဆင်ထားပါတယ်”ဟု Ford Myanmar မှ Sale and Marketing Manager ကိုဥက္ကာက ပြောသည်။
New Ford Ranger Wildtrack နှင့် New Ford Ranger Double Cab XLT တို့တွင် LED နှင့် HID ရှေ့မီးကြီးများ တပ်ဆင်ထား ပြီးAuto/Manual အသုံးပြုနိုင်သော 6-speed Transmission ပါရှိကာ 3.2L Duratorq 5 Cylinder TDCi ဒီဇယ်အင်ဂျင် နှင့် 2.2L Duratorq 4 Cylinder TDCi ဒီဇယ်အင်ဂျင်စသည့် အင်ဂျင် ၂ မျိုးဖြင့် ထုတ်လုပ်ထားသည်။
ကားအတွင်းပိုင်းတွင် Apple Carplay System အပြင် Android Auto Compatibility ပါဝင်သည့် SYNC3 စနစ်ပါရှိပြီး ၈ လက်မ Bluetooth Touch Screen တွင်ကား၏ အချက်အလက်နှင့် Entertainment System ကို ချိတ်ဆက် အသုံးပြုနိုင်သည်။ ထို့အပြင် စီးနင်းသူများ၏လုံခြုံရေးအတွက်လည်း လေအိတ် ၆ လုံးစီ တပ်ဆင်ပေးထားသည်။
အဆိုပါ New Ford Ranger Wildtrack ကို အမေရိကန်ဒေါ်လာ ၄၉,၀၀၀ နှင့် New Ford Ranger Double Cab ကို အမေရိကန်ဒေါ်လာ ၄၅,၀၀၀ ဖြင့် စတင်ရောင်းချပေးနေကြောင်းလည်း သိရသည်။
Zawgyi Version…
၂၀၁၉ New Ford Ranger ကားအမ်ဳိးအစားသစ္ ၂ မ်ဳိးကို ျပည္တြင္းေစ်းကြက္အတြင္း စတင္မိတ္ဆက္ေရာင္းခ်
ရန္ကုန္လိုင္စင္ျဖင့္ ၀ယ္ယူခြင့္ရရွိမည့္ ၂၀၁၉ New Ford Ranger ကားအမ်ဳိးအစားသစ္ ၂ မ်ဳိးကို ျပည္တြင္းေစ်းကြက္အတြင္း စတင္မိတ္ဆက္ေရာင္းခ်ေပးခဲ့ေၾကာင္း သိရသည္။
ျပည္တြင္း၌ SKD စနစ္ျဖင့္ တပ္ဆင္ထုတ္လုပ္သည့္ ပစ္ကပ္ကားအမ်ဳိးအစား ၂၀၁၉ New Ford Ranger Wildtrack ႏွင့္ New Ford Ranger Double Cab XLT တို႔ကို ေအာက္တုိဘာ ၁၀ ရက္က Ford Myanmar Showroom တြင္ စတင္မိတ္ဆက္ေရာင္းခ်ခဲ့သည္။ New Ford Ranger ကားအမ်ဳိးအစားသစ္ ၂ မ်ဳိးသည္ ယခင္ေမာ္ဒယ္မ်ားထက္ ပိုမိုခန္႔ ညားေသာဒီဇိုင္း၊ သာလြန္သည့္ နည္းပညာမ်ားျဖင့္ ေပါင္းစပ္ထုတ္ လုပ္ထားၿပီး အင္ဂ်င္႐ုန္းအား ေကာင္းမြန္ကာ ဆီစားႏႈန္းသက္သာသည့္ ဒီဇယ္အင္ဂ်င္ကို တပ္ဆင္ထုတ္လုပ္ထားသည္။
“အသစ္မိတ္ဆက္လိုက္တဲ့ New Ford Ranger Wildtrack ႏွင့္ New Ford Ranger Double Cab XLT တို႔က အရင္ေမာ္ဒယ္ေတြ ထက္သာလြန္တဲ့နည္းပညာေတြ ထည့္သြင္းေပါင္းစပ္ထားပါတယ္။ ဆီစားႏႈန္းသက္သာတဲ့ ဒီဇယ္အင္ဂ်င္ကို တပ္ဆင္ထားၿပီး ေမာင္းႏွင္ရခက္ခဲတဲ့ေနရာေတြမွာ Driver ကို ေထာက္ပံ့ေပးႏိုင္တဲ့ စနစ္ေတြ အျပင္ Auto Parking စနစ္၊ Push-start စနစ္ေတြလည္း ပါ၀င္လာပါတယ္။ ဒီကားမွာ ထိုင္ခံုေတြဆိုရင္လည္း အရင္ေမာ္ဒယ္ ေတြထက္ ပိုေကာင္းၿပီး Leather နဲ႔ ေပါင္းစပ္ဒီဇိုင္းဆင္ထားပါတယ္”ဟု Ford Myanmar မွ Sale and Marketing Manager ကိုဥကၠာက ေျပာသည္။
New Ford Ranger Wildtrack ႏွင့္ New Ford Ranger Double Cab XLT တို႔တြင္ LED ႏွင့္ HID ေရွ႕မီးႀကီးမ်ား တပ္ဆင္ထား ျပီးAuto/Manual အသံုးျပဳႏုိင္ေသာ 6-speed Transmission ပါရွိကာ 3.2L Duratorq 5 Cylinder TDCi ဒီဇယ္အင္ဂ်င္ ႏွင့္ 2.2L Duratorq 4 Cylinder TDCi ဒီဇယ္အင္ဂ်င္စသည့္ အင္ဂ်င္ ၂ မ်ဳိးျဖင့္ ထုတ္လုပ္ထားသည္။
ကားအတြင္းပိုင္းတြင္ Apple Carplay System အျပင္ Android Auto Compatibility ပါဝင္သည့္ SYNC3 စနစ္ပါရွိၿပီး ၈ လက္မ Bluetooth Touch Screen တြင္ကား၏ အခ်က္အလက္ႏွင့္ Entertainment System ကို ခ်ိတ္ဆက္ အသံုးျပဳႏိုင္သည္။ ထုိ႔အျပင္ စီးနင္းသူမ်ား၏လံုၿခံဳေရးအတြက္လည္း ေလအိတ္ ၆ လံုးစီ တပ္ဆင္ေပးထားသည္။
အဆုိပါ New Ford Ranger Wildtrack ကို အေမရိကန္ေဒၚလာ ၄၉,၀၀၀ ႏွင့္ New Ford Ranger Double Cab ကို အေမရိကန္ေဒၚလာ ၄၅,၀၀၀ ျဖင့္ စတင္ေရာင္းခ်ေပးေနေၾကာင္းလည္း သိရသည္။