Unicode version…
(2012)ခုနှစ်၌ စတင်မွေးဖွားခဲ့ပြီး (2014)တွင် တစ်ကြိမ်ပြောင်းလဲမှုပြုလုပ်ခဲ့သည့် Audi A7 အား ပြုပြင်ပြောင်းလဲမှုများစွာ ပါ၀င်သည့် (2019 Model A7)အနေဖြင့် ထွက်ရှိလာပါပြီ။ ထူးခြားမှုအနေဖြင့် (New 48 volt) (Mild-Hybrid power train) ဖြင့် ထုတ်လုပ်မည်ဖြစ်ပြီး မကြာခင်ကအသစ်ပြောင်းလဲထား သည့် A8 Sedan နှင့် တူညီစွာ ဖန်တီးထားမည်လည်း ဖြစ်ပါသည်။ (2019 A7)၏ အပြင်ဖက် ဒီဇိုင်းအား ဆန်းသစ်စွာ ဖန်တီးထားပြီး (New Hexagonal Grille)ပုံစံ အတူတိမ်းစောင်းနိမ့်ဆင်းသွားသည့် ပုံစံ ရှိသည့် (LED ရှေ့မီးကြီးများ)ကိုလည်း လိုက်ဖက်စွာတပ်ဆင်ထားပါမည်။ အလားတူ ကြီးမားသော်လည်း သွယ်လျသည့်ကိုယ်ထည်ကို မြင်တွေ့ရမည်ဖြစ်ပြီး အထူးခြားဆုံးသော ဖန်တီးမှုဟု ဆိုရမည့် အနောက်ဖက် ဒီဇိုင်းအားတွေ့မြင်ရပါမည်။ (2019 A7)၏ အနောက်ဖက်တွင် (LED Tail lamps) များပါရှိပြီး တစ်ခုစီတွင် LED မီးပုံစံ(၁၃)ခု သီးခြားပါရှိပြီး ၄င်းနှင့်လိုက်ဖက်မည့် ဆန်းသစ်သည့် အချိုးအကွေ့များဖြင့် ဖန်တီးထားပါ မည်။ အပြင်ဖက်အား ပြောင်းလဲမှုများစွာဖြင့် ဖန်တီးထားသကဲ့သို့ ၄င်း၏ အတွင်းခန်းကိုလည်း လှပစွာပြုလုပ်ထားပါသည်။ ၄င်းတွင်(All New A8)ကဲ့သို့ (Touchscreen)(၂)ခုအား ထပ်လျှက်ထည့်သွင်း ထားမည်ဖြစ်ကာ အပေါ်ဖက်ရှိ (10.1 inch touchscreen)အား (Navigation / ဖျော်ဖြေမှု/ သတင်းအချက် အလက်)များအတွင်၄င်း / အောက်ဖက်ရှိ (8.6 inch touchscreen)အား (Climate control) ကဲ့သို့ အသုံး ပြုမှုများ လုပ်ဆောင်နိုင်ပါမည်။ ပုံမှန်ပါ၀င်လေ့ရှိသည့် (MMI Control) စနစ်ကို ထည့်သွင်းမထားပါ။ (2019 A7)တွင် ထိုသို့အဆင့်မြင့် နည်းပညာသုံးပါ၀င်မှုများစွာ ပါရှိမည်ဖြစ်သော်လည်း အတွင်းခန်းဒီဇိုင်းနှင့် အချိုးအကွေ့များအား (Sporty)ဆန်စွာ ပြုလုပ်ထားမည်ဖြစ်ပြီး လွယ်ကူစွာ ၀င်/ထွက်နိုင်ရန် ဖန်တီးထား မည် ဖြစ်ပါသည်။ (2019 Audi A7)တွင် (New turbocharged 3.0L Mild-Hybrid V6 Engine)၊ (340 hp) (368 lb-ft of torque) အင်ဂျင်နှင့်အတူ (7 speed Automatic) နှင့် (AWD system) တို့အားတွဲဖက်ထား ပါမည်။အဆိုပါအင်ဂျင်၏ (Performance) သည် (0 to 62 mph)အား (5.3 seconds) ဖြင့် အမြန်ဆုံး ရောက်ရှိနိုင်ပါမည်။
(2019 Audi A7)အား ဂျာမနီနိုင်ငံတွင် ( € 67800 ) သို့ (US $ 79700)ခန့်ဖြင့် စတင်စျေးဖွင့်မည် ဖြစ်ပြီး (2018 February) တွင်စတင်ရောင်းချမည်ဖြစ်ပါသည်။
Zawgyi version….
(2019 Audi A7)အား ဂျာမနီနိုင်ငံတွင် ( €  67800  ) သို့ (US $ 79700)ခန့်ဖြင့် စတင်ဈေးဖွင့်မည်  ဖြစ်ပြီး (2018 February) တွင်စတင်ရောင်းချမည်ဖြစ်ပါသည်။