Zawgyi Version…
မတ္လ ၂၆ မွ ဧျပီ ၇ ရက္ေန႔အထိထုိင္းႏိုင္ငံဘန္ေကာက္ျမိဳ႕မွာ ခမ္းနားၾကီးက်ယ္စြာ က်င္းပျပဳ လုပ္ေနတဲ့ 2019 ဘန္ေကာက္အျပည္ျပည္ဆုိင္ရာကားျပပဲြအတြင္း မိတ္ဆက္ခဲ့တဲ့ ကားသစ္မ်ား အေၾကာင္းကုိ Drive ပရိသတ္ၾကီးသိေစရန္အလုိ႔ငွာ ေဖာ္ျပေပးလုိက္ရပါတယ္။ ဒီလုိမိတ္ဆက္လုိက္တဲ့ကားတခ်ိဳ႕ဟာ မေန႔ တစ္ ေန႔ကမွ အေနာက္ကမာၻဆီမွာ Launching ေတြျပဳလုပ္ခဲ့တာကုိျမင္ေတာ့ ထုိင္းရဲ႕ေမာ္ေတာ္ကားေစ်း ကြက္ အရမ္းေအာင္ျမင္ေနတာက မနာလုိစရာေတာင္ျဖစ္ခဲ့ရပါတယ္။ ဒါကဘာကုိျပလုိက္သလဲဆုိရင္ထုိင္း ႏိုင္ငံရဲ႕ Auto Industry အရမ္းကုိ တုိးတက္ေနလုိ႔ Potential ရွိလုိ႔အေလးအနက္ထားၾကတယ္ဆုိတာ ထင္ဟပ္ေပၚ လြင္ေစပါတယ္။ သူတုိ႔ကုိကြ်န္ေတာ္တုိ႔ လုိက္မီဖုိ႔ဆုိတာ အခ်ိန္ဘယ္ေလာက္ေပးျပီးၾကိဳးစားရမလဲဆုိတာ ေတာင္ မသိေတာ့ပါဘူး။ အဓိကကေတာ့ CKD စနစ္ကုိအေရာက္သြားႏိုင္ခဲ့တာပါ။ ဒီလုိသြား ႏုိင္ဖုိ႔ကုိလည္း အစုိးရဘက္က Flexible ျဖစ္ေစတဲ့မူဝါဒေတြနဲ႔ Investment ေတြကုိဆဲြေဆာင္ႏုိင္သလုိ အျခား Supporting ေတြျဖစ္ တဲ့ ဘဏ္စနစ္၊ Infrastructure ေတြကလည္း တစ္ခါေရာက္သြားတုိင္းေျပာင္းလဲတုိးတက္ေနတာကုိ ေတြ႕ရပါတယ္။ တုိက္ဆုိင္တုန္းေျပာခ်င္တာတစ္ခုရွိပါတယ္။ လာမယ့္ႏွစ္ဆုိရင္ ထုိင္းက သဘာဝပတ္ဝန္းက်င္ ညစ္ညမ္းမွဳေတြကုိ ဖာေထးႏုိင္ဖုိ႔အတြက္ EV ေတြကုိ တကၠဆီကားေတြမွာစျပီး အစားထုိးေတာ့မယ္လုိ႔ သိခဲ့ရပါတယ္။ ဒီအတြက္လည္းအလုိအပ္ဆုံးျဖစ္တဲ့ EV Station ေတြကုိေနရာအႏွ႕ံမွာ တည္ေဆာက္ ေတာ့ မယ္လုိ႔သိရပါတယ္။ တကယ္လည္းတုိးတက္သလုိ တကယ္လည္းအလုပ္လုပ္ေနတဲ့ ထုိင္းေတြရဲ႕ EV Taxi ေတြကုိလာမယ့္ႏွစ္မွာစီးၾကရေတာ့မွာပါ။ ျမန္မာျပည္မွာေတာ့ EV မေျပာနဲ႔ လက္ရွိ Fuel မွာေတာ့ Euro 3 လား၊ 4 လား၊5 လားတိတိက်က်မသိရေသးပါဘူး။ ျပိဳင္တူတြန္းရင္ေရြ႕ႏိုင္တယ္ဆုိေပမယ့္လည္း အေရွ႕က တြန္းဖုိ႔ဦး ေဆာင္ေနသူေတြက ပုိအေရးၾကီးပါတယ္။ ေျပာရတာလည္း မ်ားေနပါျပီ။ဒါေပမဲ့ အခုထိလည္း ဒုံရင္းပါပဲ။ ေရရွည္အတြက္ဘယ္လုိမွအဆင္ေျပမွဳမရွိဘဲ ေဆးျမီးတုိကုသနည္းျဖစ္တဲ့ SKD ကုိပဲသြားဖုိ႔ၾကံရြယ္ေနတုန္း ပါပဲ။CKD ျဖစ္မွသာ တုိးတက္တဲ့ Motor Industry ကုိအမွန္တကယ္တည္ေဆာက္ႏိုင္မွျဖစ္ပါတယ္။ CKD ကုိအဓိက ပုံေဖာ္ခ်င္တဲ့ ေမာ္ေတာ္ယာဥ္ဥပေဒနဲ႔နည္းဥပေဒ ထြက္လာတာ ကုိပဲေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါ တယ္။ ေျပာခ်င္တဲ့အေၾကာင္းအရာကေနေခ်ာ္ထြက္သြားလုိ႔ နားလည္ေပးေစခ်င္ပါတယ္။ ဆက္ၾကည့္ရေအာင္ ပါေနာ္။


BMW X7
ဒီကားက ဥေရာပမွာမိတ္ဆက္လုိက္တာမွဘာမွမၾကာေသးပါဘူး။ ထုိင္းကုိေရာက္လာပါျပီ။ Large Sport Activity Vehicle (SAV) က BMW ရဲ႕ X Series ေတြထဲမွာအၾကီးဆုံးျဖစ္ျပီး သက္ေသာင့္သက္သာရွိမွဳ၊ လ်င္ျမန္မွဳ၊ဇိမ္ခံအျဖစ္အသုံးျပဳႏုိင္မွဳစတဲ့အရာေတြ ပါဝင္ေနမွာျဖစ္ပါတယ္။ Inline 6 diesel engine ကုိ M Performance Twin Power Turbo နည္းပညာကေၾကာင္ခမန္းလိလိပါပဲ။ျမင္းေကာင္ေရ ၄၀၀ အား ထြက္ရွိသလုိ ရုန္းအား၊ဆဲြအားက 760Nm ပါ။ တစ္နာရီကုိ ကီလုိ ၂၅၀ အထိအျမန္ဆုံးေရာင္ရွိႏုိင္မယ့္ 8 Speed Sport Steptronic A/T ကုိလည္းတပ္ဆင္ေပးထားျပန္ပါတယ္။ ေကာင္းေပ့ဆုိတဲ့အသုံး အေဆာင္ေတြအျပင္ BMW ရဲ႕ေနာက္ဆုံးေပၚနည္းပညာေတြထုံမႊမ္းထားလုိ႔ လူၾကိဳက္မ်ားမယ့္ Model တစ္ခုျဖစ္ပါတယ္။ ေစ်းကေတာ့ ဘတ္ 8,999,000 ဆုိေတာ့ကာ USD 283,432 ေလာက္က်သင့္ပါတယ္။


Audi e-tron 55 quattro
ဒီႏွစ္ထုိင္း Motor Show သြားေရာက္ခဲ့တဲ့အထဲမွာမွ Audi e-tron 55 quattro ကုိေတာ္ေတာ္ ေလးႀကိဳက္မိတယ္။သူက 4WD စနစ္ျဖစ္ၿပီး electric motor ၂လုံးကုိေရွ႕ေနာက္ထိုင္ ထား တယ္။ပါဝါကုိဘီးေတြဆီတုိက္ရုိက္ေပးႏုိင္ဖုိ႔ပါ။ Hp က 360 ထြက္တယ္။ ဒီထက္ျမန္ခ်င္ရင္ boost mode ေျပာင္းရင္ hpက 408 ထြက္မယ္တ့ဲ။Acceleration က 0-100km/h ကုိ ၆.၆ sec န႔ဲေရာက္မယ္။ တစ္ဆက္တည္း 417km ကုိေမာင္းႏုိင္မယ္။ ၿပီးေတာ့ Lexus က side mirror ေဖ်ာက္ၿပီး screen နဲ႔အထဲကေနၾကည့္ႏုိင္တ့ဲစနစ္ကုိ ေၾကညာရုံရွိေသးတယ္။Audi က ဒီကားမွာထည့္လိုက္ၿပီ။ေစ်းက ဘတ္ 5,099,000 ဆုိေတာ့ ျမန္မာေငြသိန္း ၂၈၀၀ ေက်ာ္ရွိတယ္။


Jaguar I-Pace
ဒီကားက ၅ ေယာက္စီး Electric Crossover SUV အျဖစ္ဖန္တီးထားျပီး စေပါ့ဆန္မွဳ၊ စတုိင္က်တဲ့ ရုပ္သြင္ေတြအျပင္ Advanced safety နည္းပညာေတြကုိပါထပ္ေပါင္းထည့္ထားလုိ႔ EV revolution မွာထိပ္တန္းေနရာကေနဦးေဆာင္သူေတြစာရင္းမွာပါဝင္ႏိုင္လိမ့္မယ္လုိ႔ ကြ်မ္းက်င္သူေတြကဆုိထားပါတယ္။ ဒီကားက တစ္ခါအားအျပည့္သြင္းထားရင္ တစ္ဆက္တည္းကီလုိ ၄၇၀ ေမာင္းႏုိင္ပါတယ္။(ရန္ကုန္ကေန မိထီၳလာေလာက္ကုိသြားႏုိင္တယ္)။ ပါဝါက အေကာင္ေသးေပမယ့္ ၄၀၀ HP ထြက္မယ္။ 0-100 km/h ကုိ 4.8 sec နဲ႔ေရာက္ဦးမယ္။ ဘက္ထရီအားသြင္းတဲ့စနစ္ကလည္း ၈၀ ရာခုိင္ႏွဳန္းေလာက္ကုိ မိနစ္ ၂၀ ကေန မိနစ္၄၀ အတြင္းသြင္းႏုိင္မယ္။


Maserati New Gran Turismo
Maserati က ဒီပဲြမွာေမာ္ဒယ္သစ္ ၃ မ်ိဳးကုိမိတ္ဆက္ခဲ့ေပမယ့္ Highlight model ကေတာ့ 2 Door Sport GT ျဖစ္တဲ့ Gran Turismo ပဲျဖစ္ပါတယ္။သူ႕မွာ အသစ္ဖန္တီးထားတဲ့ေရွ႕Grille ေတြ၊စေပါ့ဆန္ေအာင္ေနာက္ဘန္ ဘာေတြကုိပုိျမွင့္ထားပါတယ္။ 4.7 L V8 engine ကုိသုံးထားျပီး 460Hp နဲ႔ 520 Nm ထြက္ရွိမွာျဖစ္သလုိ 6 Speed Auto နဲ႔လာပါမယ္။ 0 to 100 km ကုိ 4.8 seconds ထဲနဲ႕အေရာက္ေမာင္းႏိုင္သလုိ အတြင္းခန္းမွာဆုိရင္လည္းအသစ္ဖန္တီးလုိက္တဲ့ ဒတ္ရွ္ဘုတ္၊နာရီ၊အရမ္းကုိေကာင္းမြန္တဲ့ ထိန္းခ်ဳပ္မွဳစနစ္ ေတြ၊ Touchscreen ကလည္း Multi စတဲ့အရာေတြသုံးေပးထားပါတယ္။ ေစ်းကေတာ့ မသိရွိခဲ့ရပါဘူး။


Lexus UX
Lexus ကဒီပဲြမွာ သူ႕တုိရဲ႕ေနာက္ဆုံးေပၚ Urban Compact Crossover ျဖစ္တဲ့ UX ေမာ္ဒယ္ကုိထုတ္ေဖာ္ျပသ လုိက္ပါတယ္။ Full Hybrid ေမာ္ဒယ္ျဖစ္တဲ့ UX ဟာရုပ္ထြက္ပုိင္းကအစ Sharp line ေတြေၾကာင့္ ပုိျပီးစြဲမက္စရာေကာင္းသလုိ အတြင္းခန္းကုိလည္းအဆင့္ျမွင့္တင္ထားပါတယ္။ ျပီးေတာ့လည္း GA-C(Global Architecture Compact Platform) ကုိအေျခခံထားလုိ႔ ၾကံ့ခုိင္မွဳ၊ကမာၻ႕ဆဲြအားအနည္းဆုံးျဖစ္ေစမွဳ၊ ဟန္ခ်က္ညီမွဳ၊ ထိန္းခ်ဳပ္ေမာင္းႏွင္မွဳေကာင္းမြန္ျခင္းစတဲ့အရာေတြကုိ အျမင့္ဆုံးရရွိေစမွာျဖစ္ပါတယ္။ သူကလည္း ေစ်းေတာ့မသိရွိခဲ့ရပါဘူး။

Toyota Commuter
Tour လုပ္ငန္းေတြအၾကိဳက္ Toyota Commuter အသစ္ကုိလည္း ဒီပဲြမွာမိတ္ဆက္ျပသသြားခဲ့ပါတယ္။ ဒီကား က အသစ္ျပန္လည္ျပဳျပင္ထားတဲ့ အထူးစပါယ္ရွယ္ Platform ေပၚမွာအေျခခံျပီးတည္ေဆာက္ထားလုိ႔ သက္ေသာင့္သက္သာရွိမွဳ၊လုံျခဳံေရးစနစ္ေတြပုိျမင့္မားလာပါတယ္။ 2.8 L GD engine ကုိသုံးထားျပီး 6 Speed Gear Box ကလည္းေကာင္းမြန္တဲ့ေမာင္းႏွင္မွဳေတြကုိေဆာင္က်ဥ္းေပးႏုိင္ဦးမွာပါ။ ျပီးေတာ့လည္း ဒီကားမွာလည္း ဆီစားသက္သာေစမွဳကုိဆက္ျပီးထိန္းသိမ္းထားပါေသးတယ္။


All New Chevrolet Captiva
Chevrolet ဟာ သိပ္မၾကာေသးခင္ကမွ ကုိလံဘီယာနဲ႔ေတာင္အေမရိကေတြမွာမိတ္ဆက္ခဲ့တဲ့ All New Captiva ကုိဘန္ေကာက္ကားျပပြဲမွာျပသသြားခဲ့ပါတယ္။ ဒီကားဟာ Chevrolet ရဲ႕ SUV Lineup ထဲကုိအသစ္ထည့္သြင္းလုိက္ျပီး B-SUV နဲ႔ C-SUV segment ၾကားထဲမွာရွိေနပါတယ္။ ဒီကားကုိ GM နဲ႔သူတုိ႔ရဲ႕ပါတနာ တရုတ္တုိ႔ပူးေပါင္းထုတ္လုပ္ျခင္းျဖစ္သလုိ ဒီကားရဲ႕ဒီဇုိင္းပုံစံက က်ယ္ဝန္းမွဳ၊ က်စ္လ်စ္လွပ မွဳေတြအျပင္ နည္းပညာကုိလည္းတုိးျမွင့္ေပးထားတယ္လုိ႔သိရပါတယ္။ အျပင္ဘက္ဒီဇုိင္းေတြက sharp ျဖစ္ျပီး သန္မာတဲ့ပုံစံမ်ိဳးျဖစ္ေအာင္တည္ေဆာက္ေပးထားပါတယ္။ အတြင္းခန္းမွာလည္း ေကာင္းမြန္တဲ့ပစၥည္း ေတြသုံးစြဲထားသလုိ ၅ ေယာက္စီး၊၇ ေယာက္စီး ၾကိဳက္ရာေရြးခ်ယ္လုိ႔ရႏိုင္ပါတယ္။


All New Toyota Supra
17 ႏွစ္ၾကာအဆက္ျပတ္ခဲ့ျပီးေနာက္ ျပိဳင္ကားကမာၻရဲ႕ဂႏၳဝင္ေတြထဲကတစ္ခုျဖစ္တဲ့ Toyota Supra က Motorsport ေလာကထဲကုိတစ္ေက်ာ့ျပန္လာခဲ့ပါျပီ။ အရင္ကထက္ကြဲထြက္ေနမယ့္ဖန္တီးမွဳေတြနဲ႔အတူ Supra အသစ္မွာ 3L inline 6 turbocharged Petrol engine ကုိသုံးထားျပီး 335 Hp နဲ႔ 495 Nm ထြက္ရွိ ေစပါလိမ့္မယ္။ 8 Speed Transmission နဲ႔အတူ Peddle Shift လည္းပါဝင္ျပီး 0-96km/h ကုိ 4.1 second ထဲနဲ႔ေရာက္မွာဆုိေတာ့ Toyota ထုတ္ကားေတြထဲမွာ အျမန္ဆုံးဆုိတဲ့ဂုဏ္ပုဒ္ကုိရရွိသြားခဲ့ပါျပီ။ လွပတဲ့ ေရွ႕မီးၾကီးဒီဇုိင္းသစ္နဲ႔အတူ LED ေနာက္မီးေတြ၊ေရာင္ျပန္မီးေတြကုိေနာက္ဘန္ဘာေပၚမွာ သက္သက္စီခဲြထား ပါတယ္။ေနာက္ျပီးေတာ့ Trunk ေပၚမွာလည္း Spoiler ပါရွိဦးမွာျဖစ္ပါတယ္။ Standard အေနနဲ႔ 19 in Alloy wheels ေတြပါရွိျပီး 4 –spot Brembo brake system ေတြသုံးထားပါတယ္။ဒါေပမဲ့ ထုိင္းမွာ ေတာင္ျပသရုံသာရွိေသးျပီး ေရာင္းမယ့္အခ်ိန္ကုိေတာင္ထုတ္ျပန္ေသးျခင္းမရွိပါဘူး။


Lamborghini Huracan EVO
အျမင့္မားဆုံးစြမ္းေဆာင္ရည္နဲ႔အေကာင္းဆုံးေသာနည္းပညာေတြထုံမႊမ္းထားတဲ့ Lamborghini ရဲ႕ Huracan EVO အသစ္ဟာလည္း ဒီပဲြမွာမပါမျဖစ္ေဖာ္ျပရမယ့္ေမာ္ဒယ္တစ္ခုျဖစ္ပါတယ္။ ဒီကားက Rear wheel steering ပုံစံျဖစ္ျပီး အသစ္ပါဝင္မွဳျဖစ္တဲ့ Lamborghini Dinamica Veicolo Integrata (LDVI) စနစ္ေၾကာင့္ ကားကုိထိန္းခ်ဳပ္ရတာေတြ၊Dynamic ပုံစံေမာင္းႏွင္မွဳေတြ၊ ဒရုိင္ဘာကုိသက္ေသာင့္သက္သာနဲ႔ယုံၾကည္မွဳရွိရွိ ေမာင္းႏွင္ႏုိင္မွဳေတြကုိ အျပည့္အဝေပးစြမ္းႏိုင္မွာျဖစ္ပါတယ္။. ဒီကားမွာ 5.2 L V 10 engine ကုိထည့္ သြင္းထားျပီး 640 Hp(8000rpm)နဲ႔ 600Nm (6500rpm) ထြက္ရွိေအာင္လုိ႔ျပဳလုပ္ေပးႏိုင္သလုိ 0-100km ကုိ 2.9 second ,0-200km ကုိ 9 second နဲ႔အေရာက္သြားႏိုင္ျပီး အျမန္ဆုံးအရွိန္တင္ေမာင္းႏွင္ႏိုင္မွဳက 325km/h ျဖစ္ပါတယ္။ အတြင္းခန္းမွာဆုိလည္း အသစ္ပါဝင္မွဳအေနနဲ႔ 8.4 in HMI Touchscreen ပါလာသလုိ Apple Carplay စနစ္၊Driver ရဲ႕လက္ဖ်ားနဲ႔ထိေတြ႕ရုံနဲ႔ အကူအညီေပးႏိုင္တဲ့ Infotainment စနစ္ေတြ၊ အလြန္ေကာင္းတဲ့ Climate Control စနစ္ေတြ၊နည္းပညာအသစ္အဆန္းေတြပါဝင္မွာျဖစ္ပါတယ္။

Unicode Version…

2019 ဘန်ကောက်အပြည်ပြည်ဆိုင်ရာကားပြပွဲမှာ မိတ်ဆက်ခဲ့တဲ့ကားသစ်အချို့
မတ်လ ၂၆ မှ ဧပြီ ၇ ရက်နေ့အထိထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ခမ်းနားကြီးကျယ်စွာ ကျင်းပပြု လုပ်နေတဲ့ 2019 ဘန်ကောက်အပြည်ပြည်ဆိုင်ရာကားပြပွဲအတွင်း မိတ်ဆက်ခဲ့တဲ့ ကားသစ်များ အကြောင်းကို Drive ပရိသတ်ကြီးသိစေရန်အလို့ငှာ ဖော်ပြပေးလိုက်ရပါတယ်။ ဒီလိုမိတ်ဆက်လိုက်တဲ့ကားတချို့ဟာ မနေ့ တစ် နေ့ကမှ အနောက်ကမ္ဘာဆီမှာ Launching တွေပြုလုပ်ခဲ့တာကိုမြင်တော့ ထိုင်းရဲ့မော်တော်ကားဈေး ကွက် အရမ်းအောင်မြင်နေတာက မနာလိုစရာတောင်ဖြစ်ခဲ့ရပါတယ်။ ဒါကဘာကိုပြလိုက်သလဲဆိုရင်ထိုင်း နိုင်ငံရဲ့ Auto Industry အရမ်းကို တိုးတက်နေလို့ Potential ရှိလို့အလေးအနက်ထားကြတယ်ဆိုတာ ထင်ဟပ်ပေါ် လွင်စေပါတယ်။ သူတို့ကိုကျွန်တော်တို့ လိုက်မီဖို့ဆိုတာ အချိန်ဘယ်လောက်ပေးပြီးကြိုးစားရမလဲဆိုတာ တောင် မသိတော့ပါဘူး။ အဓိကကတော့ CKD စနစ်ကိုအရောက်သွားနိုင်ခဲ့တာပါ။ ဒီလိုသွား နိုင်ဖို့ကိုလည်း အစိုးရဘက်က Flexible ဖြစ်စေတဲ့မူဝါဒတွေနဲ့ Investment တွေကိုဆွဲဆောင်နိုင်သလို အခြား Supporting တွေဖြစ် တဲ့ ဘဏ်စနစ်၊ Infrastructure တွေကလည်း တစ်ခါရောက်သွားတိုင်းပြောင်းလဲတိုးတက်နေတာကို တွေ့ရပါတယ်။ တိုက်ဆိုင်တုန်းပြောချင်တာတစ်ခုရှိပါတယ်။ လာမယ့်နှစ်ဆိုရင် ထိုင်းက သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတွေကို ဖာထေးနိုင်ဖို့အတွက် EV တွေကို တက္ကဆီကားတွေမှာစပြီး အစားထိုးတော့မယ်လို့ သိခဲ့ရပါတယ်။ ဒီအတွက်လည်းအလိုအပ်ဆုံးဖြစ်တဲ့ EV Station တွေကိုနေရာအနှံ့မှာ တည်ဆောက် တော့ မယ်လို့သိရပါတယ်။ တကယ်လည်းတိုးတက်သလို တကယ်လည်းအလုပ်လုပ်နေတဲ့ ထိုင်းတွေရဲ့ EV Taxi တွေကိုလာမယ့်နှစ်မှာစီးကြရတော့မှာပါ။ မြန်မာပြည်မှာတော့ EV မပြောနဲ့ လက်ရှိ Fuel မှာတော့ Euro 3 လား၊ 4 လား၊5 လားတိတိကျကျမသိရသေးပါဘူး။ ပြိုင်တူတွန်းရင်ရွေ့နိုင်တယ်ဆိုပေမယ့်လည်း အရှေ့က တွန်းဖို့ဦး ဆောင်နေသူတွေက ပိုအရေးကြီးပါတယ်။ ပြောရတာလည်း များနေပါပြီ။ဒါပေမဲ့ အခုထိလည်း ဒုံရင်းပါပဲ။ ရေရှည်အတွက်ဘယ်လိုမှအဆင်ပြေမှုမရှိဘဲ ဆေးမြီးတိုကုသနည်းဖြစ်တဲ့ SKD ကိုပဲသွားဖို့ကြံရွယ်နေတုန်း ပါပဲ။CKD ဖြစ်မှသာ တိုးတက်တဲ့ Motor Industry ကိုအမှန်တကယ်တည်ဆောက်နိုင်မှဖြစ်ပါတယ်။ CKD ကိုအဓိက ပုံဖော်ချင်တဲ့ မော်တော်ယာဉ်ဥပဒေနဲ့နည်းဥပဒေ ထွက်လာတာကိုပဲစောင့်ကြည့်ရတော့မှာဖြစ်ပါ တယ်။ ပြောချင်တဲ့အကြောင်းအရာကနေချော်ထွက်သွားလို့ နားလည်ပေးစေချင်ပါတယ်။ ဆက်ကြည့်ရအောင် ပါနော်။
BMW X7
ဒီကားက ဥရောပမှာမိတ်ဆက်လိုက်တာမှဘာမှမကြာသေးပါဘူး။ ထိုင်းကိုရောက်လာပါပြီ။ Large Sport Activity Vehicle (SAV) က BMW ရဲ့ X Series တွေထဲမှာအကြီးဆုံးဖြစ်ပြီး သက်သောင့်သက်သာရှိမှု၊ လျင်မြန်မှု၊ဇိမ်ခံအဖြစ်အသုံးပြုနိုင်မှုစတဲ့အရာတွေ ပါဝင်နေမှာဖြစ်ပါတယ်။ Inline 6 diesel engine ကို M Performance Twin Power Turbo နည်းပညာကကြောင်ခမန်းလိလိပါပဲ။မြင်းကောင်ရေ ၄၀၀ အား ထွက်ရှိသလို ရုန်းအား၊ဆွဲအားက 760Nm ပါ။ တစ်နာရီကို ကီလို ၂၅၀ အထိအမြန်ဆုံးရောင်ရှိနိုင်မယ့် 8 Speed Sport Steptronic A/T ကိုလည်းတပ်ဆင်ပေးထားပြန်ပါတယ်။ ကောင်းပေ့ဆိုတဲ့အသုံး အဆောင်တွေအပြင် BMW ရဲ့နောက်ဆုံးပေါ်နည်းပညာတွေထုံမွှမ်းထားလို့ လူကြိုက်များမယ့် Model တစ်ခုဖြစ်ပါတယ်။ ဈေးကတော့ ဘတ် 8,999,000 ဆိုတော့ကာ USD 283,432 လောက်ကျသင့်ပါတယ်။
Audi e-tron 55 quattro
ဒီနှစ်ထိုင်း Motor Show သွားရောက်ခဲ့တဲ့အထဲမှာမှ Audi e-tron 55 quattro ကိုတော်တော် လေးကြိုက်မိတယ်။သူက 4WD စနစ်ဖြစ်ပြီး electric motor ၂လုံးကိုရှေ့နောက်ထိုင် ထား တယ်။ပါဝါကိုဘီးတွေဆီတိုက်ရိုက်ပေးနိုင်ဖို့ပါ။ Hp က 360 ထွက်တယ်။ ဒီထက်မြန်ချင်ရင် boost mode ပြောင်းရင် hpက 408 ထွက်မယ်တဲ့။Acceleration က 0-100km/h ကို ၆.၆ sec နဲ့ရောက်မယ်။ တစ်ဆက်တည်း 417km ကိုမောင်းနိုင်မယ်။ ပြီးတော့ Lexus က side mirror ဖျောက်ပြီး screen နဲ့အထဲကနေကြည့်နိုင်တဲ့စနစ်ကို ကြေညာရုံရှိသေးတယ်။Audi က ဒီကားမှာထည့်လိုက်ပြီ။ဈေးက ဘတ် 5,099,000 ဆိုတော့ မြန်မာငွေသိန်း ၂၈၀၀ ကျော်ရှိတယ်။
Jaguar I-Pace
ဒီကားက ၅ ယောက်စီး Electric Crossover SUV အဖြစ်ဖန်တီးထားပြီး စပေါ့ဆန်မှု၊ စတိုင်ကျတဲ့ ရုပ်သွင်တွေအပြင် Advanced safety နည်းပညာတွေကိုပါထပ်ပေါင်းထည့်ထားလို့ EV revolution မှာထိပ်တန်းနေရာကနေဦးဆောင်သူတွေစာရင်းမှာပါဝင်နိုင်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေကဆိုထားပါတယ်။ ဒီကားက တစ်ခါအားအပြည့်သွင်းထားရင် တစ်ဆက်တည်းကီလို ၄၇၀ မောင်းနိုင်ပါတယ်။(ရန်ကုန်ကနေ မိထ္ထီလာလောက်ကိုသွားနိုင်တယ်)။ ပါဝါက အကောင်သေးပေမယ့် ၄၀၀ HP ထွက်မယ်။ 0-100 km/h ကို 4.8 sec နဲ့ရောက်ဦးမယ်။ ဘက်ထရီအားသွင်းတဲ့စနစ်ကလည်း ၈၀ ရာခိုင်နှုန်းလောက်ကို မိနစ် ၂၀ ကနေ မိနစ်၄၀ အတွင်းသွင်းနိုင်မယ်။
Maserati New Gran Turismo
Maserati က ဒီပွဲမှာမော်ဒယ်သစ် ၃ မျိုးကိုမိတ်ဆက်ခဲ့ပေမယ့် Highlight model ကတော့ 2 Door Sport GT ဖြစ်တဲ့ Gran Turismo ပဲဖြစ်ပါတယ်။သူ့မှာ အသစ်ဖန်တီးထားတဲ့ရှေ့Grille တွေ၊စပေါ့ဆန်အောင်နောက်ဘန် ဘာတွေကိုပိုမြှင့်ထားပါတယ်။ 4.7 L V8 engine ကိုသုံးထားပြီး 460Hp နဲ့ 520 Nm ထွက်ရှိမှာဖြစ်သလို 6 Speed Auto နဲ့လာပါမယ်။ 0 to 100 km ကို 4.8 seconds ထဲနဲ့အရောက်မောင်းနိုင်သလို အတွင်းခန်းမှာဆိုရင်လည်းအသစ်ဖန်တီးလိုက်တဲ့ ဒတ်ရှ်ဘုတ်၊နာရီ၊အရမ်းကိုကောင်းမွန်တဲ့ ထိန်းချုပ်မှုစနစ် တွေ၊ Touchscreen ကလည်း Multi စတဲ့အရာတွေသုံးပေးထားပါတယ်။ ဈေးကတော့ မသိရှိခဲ့ရပါဘူး။
Lexus UX
Lexus ကဒီပွဲမှာ သူ့တိုရဲ့နောက်ဆုံးပေါ် Urban Compact Crossover ဖြစ်တဲ့ UX မော်ဒယ်ကိုထုတ်ဖော်ပြသ လိုက်ပါတယ်။ Full Hybrid မော်ဒယ်ဖြစ်တဲ့ UX ဟာရုပ်ထွက်ပိုင်းကအစ Sharp line တွေကြောင့် ပိုပြီးစွဲမက်စရာကောင်းသလို အတွင်းခန်းကိုလည်းအဆင့်မြှင့်တင်ထားပါတယ်။ ပြီးတော့လည်း GA-C(Global Architecture Compact Platform) ကိုအခြေခံထားလို့ ကြံ့ခိုင်မှု၊ကမ္ဘာ့ဆွဲအားအနည်းဆုံးဖြစ်စေမှု၊ ဟန်ချက်ညီမှု၊ ထိန်းချုပ်မောင်းနှင်မှုကောင်းမွန်ခြင်းစတဲ့အရာတွေကို အမြင့်ဆုံးရရှိစေမှာဖြစ်ပါတယ်။ သူကလည်း ဈေးတော့မသိရှိခဲ့ရပါဘူး။

Toyota Commuter
Tour လုပ်ငန်းတွေအကြိုက် Toyota Commuter အသစ်ကိုလည်း ဒီပွဲမှာမိတ်ဆက်ပြသသွားခဲ့ပါတယ်။ ဒီကား က အသစ်ပြန်လည်ပြုပြင်ထားတဲ့ အထူးစပါယ်ရှယ် Platform ပေါ်မှာအခြေခံပြီးတည်ဆောက်ထားလို့ သက်သောင့်သက်သာရှိမှု၊လုံခြုံရေးစနစ်တွေပိုမြင့်မားလာပါတယ်။ 2.8 L GD engine ကိုသုံးထားပြီး 6 Speed Gear Box ကလည်းကောင်းမွန်တဲ့မောင်းနှင်မှုတွေကိုဆောင်ကျဉ်းပေးနိုင်ဦးမှာပါ။ ပြီးတော့လည်း ဒီကားမှာလည်း ဆီစားသက်သာစေမှုကိုဆက်ပြီးထိန်းသိမ်းထားပါသေးတယ်။
All New Chevrolet Captiva
Chevrolet ဟာ သိပ်မကြာသေးခင်ကမှ ကိုလံဘီယာနဲ့တောင်အမေရိကတွေမှာမိတ်ဆက်ခဲ့တဲ့ All New Captiva ကိုဘန်ကောက်ကားပြပွဲမှာပြသသွားခဲ့ပါတယ်။ ဒီကားဟာ Chevrolet ရဲ့ SUV Lineup ထဲကိုအသစ်ထည့်သွင်းလိုက်ပြီး B-SUV နဲ့ C-SUV segment ကြားထဲမှာရှိနေပါတယ်။ ဒီကားကို GM နဲ့သူတို့ရဲ့ပါတနာ တရုတ်တို့ပူးပေါင်းထုတ်လုပ်ခြင်းဖြစ်သလို ဒီကားရဲ့ဒီဇိုင်းပုံစံက ကျယ်ဝန်းမှု၊ ကျစ်လျစ်လှပ မှုတွေအပြင် နည်းပညာကိုလည်းတိုးမြှင့်ပေးထားတယ်လို့သိရပါတယ်။ အပြင်ဘက်ဒီဇိုင်းတွေက sharp ဖြစ်ပြီး သန်မာတဲ့ပုံစံမျိုးဖြစ်အောင်တည်ဆောက်ပေးထားပါတယ်။ အတွင်းခန်းမှာလည်း ကောင်းမွန်တဲ့ပစ္စည်း တွေသုံးစွဲထားသလို ၅ ယောက်စီး၊၇ ယောက်စီး ကြိုက်ရာရွေးချယ်လို့ရနိုင်ပါတယ်။
All New Toyota Supra
17 နှစ်ကြာအဆက်ပြတ်ခဲ့ပြီးနောက် ပြိုင်ကားကမ္ဘာရဲ့ဂန္ထဝင်တွေထဲကတစ်ခုဖြစ်တဲ့ Toyota Supra က Motorsport လောကထဲကိုတစ်ကျော့ပြန်လာခဲ့ပါပြီ။ အရင်ကထက်ကွဲထွက်နေမယ့်ဖန်တီးမှုတွေနဲ့အတူ Supra အသစ်မှာ 3L inline 6 turbocharged Petrol engine ကိုသုံးထားပြီး 335 Hp နဲ့ 495 Nm ထွက်ရှိ စေပါလိမ့်မယ်။ 8 Speed Transmission နဲ့အတူ Peddle Shift လည်းပါဝင်ပြီး 0-96km/h ကို 4.1 second ထဲနဲ့ရောက်မှာဆိုတော့ Toyota ထုတ်ကားတွေထဲမှာ အမြန်ဆုံးဆိုတဲ့ဂုဏ်ပုဒ်ကိုရရှိသွားခဲ့ပါပြီ။ လှပတဲ့ ရှေ့မီးကြီးဒီဇိုင်းသစ်နဲ့အတူ LED နောက်မီးတွေ၊ရောင်ပြန်မီးတွေကိုနောက်ဘန်ဘာပေါ်မှာ သက်သက်စီခွဲထား ပါတယ်။နောက်ပြီးတော့ Trunk ပေါ်မှာလည်း Spoiler ပါရှိဦးမှာဖြစ်ပါတယ်။ Standard အနေနဲ့ 19 in Alloy wheels တွေပါရှိပြီး 4 –spot Brembo brake system တွေသုံးထားပါတယ်။ဒါပေမဲ့ ထိုင်းမှာ တောင်ပြသရုံသာရှိသေးပြီး ရောင်းမယ့်အချိန်ကိုတောင်ထုတ်ပြန်သေးခြင်းမရှိပါဘူး။
Lamborghini Huracan EVO
အမြင့်မားဆုံးစွမ်းဆောင်ရည်နဲ့အကောင်းဆုံးသောနည်းပညာတွေထုံမွှမ်းထားတဲ့ Lamborghini ရဲ့ Huracan EVO အသစ်ဟာလည်း ဒီပွဲမှာမပါမဖြစ်ဖော်ပြရမယ့်မော်ဒယ်တစ်ခုဖြစ်ပါတယ်။ ဒီကားက Rear wheel steering ပုံစံဖြစ်ပြီး အသစ်ပါဝင်မှုဖြစ်တဲ့ Lamborghini Dinamica Veicolo Integrata (LDVI) စနစ်ကြောင့် ကားကိုထိန်းချုပ်ရတာတွေ၊Dynamic ပုံစံမောင်းနှင်မှုတွေ၊ ဒရိုင်ဘာကိုသက်သောင့်သက်သာနဲ့ယုံကြည်မှုရှိရှိ မောင်းနှင်နိုင်မှုတွေကို အပြည့်အဝပေးစွမ်းနိုင်မှာဖြစ်ပါတယ်။. ဒီကားမှာ 5.2 L V 10 engine ကိုထည့် သွင်းထားပြီး 640 Hp(8000rpm)နဲ့ 600Nm (6500rpm) ထွက်ရှိအောင်လို့ပြုလုပ်ပေးနိုင်သလို 0-100km ကို 2.9 second ,0-200km ကို 9 second နဲ့အရောက်သွားနိုင်ပြီး အမြန်ဆုံးအရှိန်တင်မောင်းနှင်နိုင်မှုက 325km/h ဖြစ်ပါတယ်။ အတွင်းခန်းမှာဆိုလည်း အသစ်ပါဝင်မှုအနေနဲ့ 8.4 in HMI Touchscreen ပါလာသလို Apple Carplay စနစ်၊Driver ရဲ့လက်ဖျားနဲ့ထိတွေ့ရုံနဲ့ အကူအညီပေးနိုင်တဲ့ Infotainment စနစ်တွေ၊ အလွန်ကောင်းတဲ့ Climate Control စနစ်တွေ၊နည်းပညာအသစ်အဆန်းတွေပါဝင်မှာဖြစ်ပါတယ်။