Zawgyi Version…

BMW သည္ ကားစိတ္ဝင္စားသူမ်ားအၾကား နာမည္ရခဲ့သည့္ 3-Series ၏ ေမာ္ဒယ္သစ္ BMW 3-Series Wagon ကို ထုတ္ေဖာ္ျပသသြားခဲ့ၿပီး ယခင္ 3-Series ေမာ္ဒယ္မ်ားထက္ ပိုမိုေကာင္းမြန္သည့္ ေမာင္းႏွင္မႈ အေတြ႕အႀကံဳကို ခံစားႏုိင္မည္ျဖစ္ေၾကာင္းသိရသည္။

၁၉၈၇ ခုႏွစ္တည္းက ထုတ္လုပ္ခဲ့သည့္ BMW 3-Series သည္ လက္ရိွအခ်ိန္ထိ အစီးေရ (၁.၇)သန္းအထိ ေရာင္းခ်ခဲ့ရသည့္ ေမာ္ဒယ္ျဖစ္ေသာေၾကာင့္ BMW 3-Series Wagon သည္လည္း သံုးစြဲသူမ်ားၾကားတြင္ ေရပန္းစားဦးမည့္ ကားတစ္စီးျဖစ္သည္ဟု သုံးသပ္ေနၾကသည္။

BMW 3-Series Wagon သို႔မဟုတ္ Touring ၏ ႐ုပ္ထြက္ပိုင္းမွာ ေခ်ာေမာေျပျပစ္သည့္ ပုံစံကို ေတြ႕ရ မည္ျဖစ္ၿပီး B-Pillar အေရွ႕ဘက္ပိုင္းက ထင္ရွားကာ C-Pillar ႏွင့္ D-Pillar ကို အခ်ိဳးက်စြာ ေပါင္းစပ္ဖြဲ႕ စည္းထားသည္။

အတြင္းပိုင္းတြင္မူ အေနာက္ခံုမ်ားကို 40/20/40 split ေနရာခ်ထားၿပီး ခံုမ်ားကို ေခါက္သိမ္းႏုိင္မည္ျဖစ္ကာ အေနာက္တံခါးကုိ LED ေနာက္မီးမ်ားႏွင့္ ခြဲျခားထားျခင္းေၾကာင့္ သီးျခားဖြင့္ႏုိင္မည္ျဖစ္သည္။

BMW 3-Series သည္ 2.0-liter inline-four အင္ဂ်င္ကို တပ္ဆင္ထားၿပီး 318d ႏွင့္ 320d ဒီဇယ္ေမာ္ဒယ္ ႏွစ္မ်ိဳးေရြးခ်ယ္ႏုိင္မည္ျဖစ္ကာ 318d သည္ ျမင္းေကာင္ေရ 147 hp ႏွင့္ ႐ုန္းအား 236 lb-ftရွိမည္။ 320d မွာမူ ျမင္းေကာင္ေရ 188h hp ႏွင့္႐ုန္းအား 295 lb-ft ထုတ္ေပးႏုိင္မည္ျဖစ္သည္။

BMW 3-Series Wagon သည္ 50/50 အေလးခ်ိန္မွ်တမႈ၊ ပိုမုိေကာင္းမြန္သည့္ေလခြင္းအား၊ ပိုမိုေတာင့္တင္းမႈ၊ ေျမဆြဲအားနည္းပါးမႈစသည့္ အားသာခ်က္မ်ားအျပင္ ယခင္ေမာ္ဒယ္ထက္ (၂၂)ေပါင္ ေပါ့ပါးၿပီး သင္ေတာင့္သက္သာေမာင္းႏွင္ႏုိင္မႈႏွင့္ ျမန္ဆန္မႈကို သိသာစြာ ခံစားႏုိင္မည္ျဖစ္သည္။

BMW သည္ 2019 3-Series Wagon ကို လာမည့္ စက္တင္ဘာတြင္ ေဒၚလာ ၄၅၀,၀၀ ဝန္းက်င္ျဖင့္ ဥေရာပႏွင့္ အာရွႏုိင္ငံမ်ားတြင္ ေရာင္းခ်သြားဖြယ္ ရိွေနၿပီး အေမရိကေစ်းကြက္ကုိမူ 3-Series Wagon ကို ေရာင္းခ်သြားမည္ မဟုတ္ဟု သိရသည္။

Unicode Version…

3 Series ကို ပိုမိုဆွဲမက်စရာ ဖြစ်လာစေမည့် BMW 3-Series Wagon
BMW သည် ကားစိတ်ဝင်စားသူများအကြား နာမည်ရခဲ့သည့် 3-Series ၏ မော်ဒယ်သစ် BMW 3-Series Wagon ကို ထုတ်ဖော်ပြသသွားခဲ့ပြီး ယခင် 3-Series မော်ဒယ်များထက် ပိုမိုကောင်းမွန်သည့် မောင်းနှင်မှု အတွေ့အကြုံကို ခံစားနိုင်မည်ဖြစ်ကြောင်းသိရသည်။
၁၉၈၇ ခုနှစ်တည်းက ထုတ်လုပ်ခဲ့သည့် BMW 3-Series သည် လက်ရှိအချိန်ထိ အစီးရေ (၁.၇)သန်းအထိ ရောင်းချခဲ့ရသည့် မော်ဒယ်ဖြစ်သောကြောင့် BMW 3-Series Wagon သည်လည်း သုံးစွဲသူများကြားတွင် ရေပန်းစားဦးမည့် ကားတစ်စီးဖြစ်သည်ဟု သုံးသပ်နေကြသည်။
BMW 3-Series Wagon သို့မဟုတ် Touring ၏ ရုပ်ထွက်ပိုင်းမှာ ချောမောပြေပြစ်သည့် ပုံစံကို တွေ့ရ မည်ဖြစ်ပြီး B-Pillar အရှေ့ဘက်ပိုင်းက ထင်ရှားကာ C-Pillar နှင့် D-Pillar ကို အချိုးကျစွာ ပေါင်းစပ်ဖွဲ့ စည်းထားသည်။
အတွင်းပိုင်းတွင်မူ အနောက်ခုံများကို 40/20/40 split နေရာချထားပြီး ခုံများကို ခေါက်သိမ်းနိုင်မည်ဖြစ်ကာ အနောက်တံခါးကို LED နောက်မီးများနှင့် ခွဲခြားထားခြင်းကြောင့် သီးခြားဖွင့်နိုင်မည်ဖြစ်သည်။
BMW 3-Series သည် 2.0-liter inline-four အင်ဂျင်ကို တပ်ဆင်ထားပြီး 318d နှင့် 320d ဒီဇယ်မော်ဒယ် နှစ်မျိုးရွေးချယ်နိုင်မည်ဖြစ်ကာ 318d သည် မြင်းကောင်ရေ 147 hp နှင့် ရုန်းအား 236 lb-ftရှိမည်။ 320d မှာမူ မြင်းကောင်ရေ 188h hp နှင့်ရုန်းအား 295 lb-ft ထုတ်ပေးနိုင်မည်ဖြစ်သည်။
BMW 3-Series Wagon သည် 50/50 အလေးချိန်မျှတမှု၊ ပိုမိုကောင်းမွန်သည့်လေခွင်းအား၊ ပိုမိုတောင့်တင်းမှု၊ မြေဆွဲအားနည်းပါးမှုစသည့် အားသာချက်များအပြင် ယခင်မော်ဒယ်ထက် (၂၂)ပေါင် ပေါ့ပါးပြီး သင်တောင့်သက်သာမောင်းနှင်နိုင်မှုနှင့် မြန်ဆန်မှုကို သိသာစွာ ခံစားနိုင်မည်ဖြစ်သည်။
BMW သည် 2019 3-Series Wagon ကို လာမည့် စက်တင်ဘာတွင် ဒေါ်လာ ၄၅၀,၀၀ ဝန်းကျင်ဖြင့် ဥရောပနှင့် အာရှနိုင်ငံများတွင် ရောင်းချသွားဖွယ် ရှိနေပြီး အမေရိကဈေးကွက်ကိုမူ 3-Series Wagon ကို ရောင်းချသွားမည် မဟုတ်ဟု သိရသည်။