Unicode Version…
BMW ၏ နောက်ဆုံးထုတ်ဖြစ်သည့် 8 Series ၏ Convertible Model ထပ်မံထွက်ရှိလာပြီး စတိုင်ကျခြင်း ၊ မြင့်မားသည့် စွမ်းဆောင်ရည်တို့ဖြင့် ထုတ်လုပ်ထားကာ M 850 ix Drive ဟုခေါ်ဆို ပါသည်။ ၎င်းသည် Coupe Model ထက်ပို၍ ထူးခြားမည်ဖြစ်သည်။ အင်ဂျင်အနေဖြင့် 2018 All – New 8 Series Coupe နှင့် တူညီပြီး ( New 4.4 L Twin – turbocharged V8 Engine ) ကို အသုံးပြု ထားမည်ဖြစ်ပြီး Twin – Scroll Turbo ၂ခုလည်းပါရှိမည်ဖြစ်သည့် အပြင် Variable Value Control ၊ Variable Camshaft Timing စနစ်များလည်း ပါရှိပါမည်။ အလားတူ ကားကိုယ်ထည်ကို အထူးသွက်လက်ပေါ့ပါးစေမည့် – Wire – Arc – Sprayed Iran Coating / Grafal – Coated Pistons Viscous Damper ၊ Aluminum Alloy – block ၊ ကဲ့သို့ ပစ္စည်းများဖြင့် ထူးခြားစွာ ဖန်တီးထားပါသည်။ အင်ဂျင်၏ Output သည် ( 523 hp ) ဖြစ်ပြီး ( 5500 – 6000 rpm ) ရှိမည်ဖြစ်ကာ ( 8 – Speed Steptronic Sport Gearbox with Paddle Shift ) နှင့် တွဲဖက်ထားပြီး ယာဉ်၏ Navigation စနစ်နှင့် ချိတ်ဆက်ထားပြီး ယာဉ်လမ်းကျောအပေါ်မူတည် ၍ ဂီယာကူးပြောင်း ပေးသည့် – Intelligent Transmission ဖြစ်သည့် ထူးခြားချက်ဖြစ်ပါသည်။ ၎င်း၏ X Drive AWD စနစ်သည် အနောက်ဘီးများ၏ Torque အား 100 % စွမ်းအင်စီးဝင်မည်ဖြစ်သည်။ Top Speed သည် ( 155 mph Q ) ဖြစ်ပြီး စွမ်းဆောင်ရည်သည် ( O to 60 in 38 Seconds ) ဖြစ်ပါမည်။ လျှပ်စစ်ဖြင့် ထိန်းချုပ်နိုင်သည့် Damper များ Adaptive M Suspension / Active Steering နှင့် ( 2.5 Degree ) အထိလှည့်နိုင်သည့် အနောက်ဖက်ဝင်ရိုးပုံစံတို့လည်း ပါရှိမည်ဖြစ်ပါသည်။

Zawgyi Version…

စတိုင်ကျပြီး ထူးခြားသည့် 2019 BMW 8 Series Convertible ထွက်ရှိလာ