Unicode version…
BMW M model များသည် သာမန် Model များထက် အကောင်းဆုံးဖြစ်စေသည့် စွမး်ဆောင်ရည် မပါရှိပါ။ ထိုအစား ၊ BMW M Competition Model များ၌သာ အကောင်းဆုံးသော စွမ်းဆောင်မှုကို ရရှိမည်ဖြစ်သည်။ BMW M5 ၏ နောက်ဆုံးပေါ် ဖြစ်သည့် 2019 M5 Competition Edition သည် ပုံမှန် M5 Model ထက်ပို၍ စွမ်းဆောင်ရည်မြင့်မားပြီး (Output ) သည်လည်း (17 hp) ပိုမိုမည်ဖြစ်ကာ Torque Peak လည်းသာလွန်သည့်ကားဖြစ်သည်။ အလားတူ ပို၍ တောင့်တင်းသည့် အင်ဂျင် ၊Unique Chassis ဖွဲ့စည်းမှု ၊တို့ဖြင့် ဖန်တီးထားကာ ပုံမှန် M5 ထက် ကိုယ်ထည်ပို၍ နိမ့်မည် ဖြစ်သည်။ ထို့အပြင် ပို၍ Sporty ဆန်စေရန် ဒီဇိုင်းအချို့ အားပြောင်းလဲ ထားပါသည်။ အထူးအားဖြင့် -အရှေ့ Grille ပတ်လည် ၊ နောက်ကြည့်မှန်များ ၊ တံခါးလက်ကိုင်များနှင့် နံဘေးရှိ လေထွက်ပေါက် နေရာများ၌ Black Accents များဖြင့် ဖန်တီးထားမည်ဖြစ်ပြီး ပြတင်းပေါက်များ ပတ်လည်တွင်လည်း Dark Black Metallic များဖြင့် တန်ဆာဆင်ထားပါမည်။ ထိုအပြင် ဘီးများရှိ Unique 20 – inch Lightweight Alloy Wheels များကြောင့်လည်း အထူးထုတ်အဖြင့် ခွဲခြားသိရှိနိုင်မည်ဖြစ်သည်။ ထို့အတူ အတွင်းခန်းရှိခါးပတ်များ၌ လည် (M Color ) အစင်း ဒီဇိုင်းများဖြင့် တွေ့မြင်ရမည်။ အထက်ပါ Features များအပြင် အချို့သော ပါ၀င်မှုများကိုလည်း (အပိုဆောင်း မှာယူမှု ) အနေဖြင့် ထည့်သွင်း ထားပါသည်။ ၎င်းတို့မှာ -(Top speed of 189 mph ) အထိရှိသည့် ( M Driver′s Package ) ၊ Carbon Ceramic Brakes များနှင့် အခြားပါ၀င်မှုများကိုမှာယူရနိုင်သည်။ M5 Competition Edition အား (U .S Market ) တွင် ( U.S $ 110995 ) ဖြင့် ရောင်းချမည်ဖြစ်ကာ ပုံမှန် M5 Model ၏ စျေးသည် (U .S $ 103595 ) ကျသင့်ပါမည်။
Zawgyi version…