Unicode Version…
Cadillac ATS – V နှင့် CTS – V တို့သည် နာမည်ကျော် Cadillac မှ အထူးထုတ်လုပ်သည့် Special Edition များဖြစ်ကြပြီး ဆေးရောင်မှ အစပြု၍ ပါဝင်မှုများအထိ အထူးသီးသန့်ဖန်တီးထားကာ အစီးရေ ၃၀၀ သာထုတ်လုပ်မည်ဖြစ်သည်။ ၎င်းတွင် ထူးခြားဆန်းသစ်သည့် ကားအရောင်ပါရှိမည် ဖြစ်ပြီး ၎င်းမှာ – Bronze Sand Metallic ဖြစ်ကာ နေ့အလင်းရောင်ကဲ့သို့ တောက်ပသည့် ဆေးရောင် အား Special Paint ဖြင့် ပြုလုပ်ထားပါမည်။ ၎င်းနှင့် လိုက်ဖက်သည့် – Bronze – threaded Carbon Fiber Trim နှင့် Carbon Fiber Exterior / Red brake calipers တို့ပါရှိမည် ဖြစ်ပြီး CTS – V တွင် Performance Data Recorder နှင့် Luxury Package တို့ကိုလည်း ထည့်သွင်းထားပါမည်။ Cadillac ၏ V – Series သည် အထူးဖန်တီးမှုဟု အဓိပ္ပာယ်ရပြီး Mercedes – AMG ၊ BMG – M တို့ကဲ့သို့ ဖြစ်ပါသည်။ ATS – V နှင့် CTS – V တို့အား မှာယူသည့် အပေါ်တွင် အဓိကမူတည်၍ စိတ်ကြိုက်ဖန်တီးပေးမည်ဖြစ်ပြီး အစင်းရေ ၃၀၀ ခန့်သာ ထုတ်လုပ်မည်ဖြစ်ပြီး ၎င်းတို့အား ယခုနှစ် November ပထမအပတ်တွင် စတင်မှာယူနိုင်မည်ဖြစ်သည်။ ဈေးကွက်များအနေဖြင့် – U.S.A ၊ ကနေဒါ ၊ အရှေ့အလယ်ပိုင်းဒေသတို့ကို တင်ပို့ရောင်းချပါမည်။ AVS – V သည် Coupe ဖြစ်ပြီး ( USD 77090 ) ဖြင့်၎င်း ၊ CTS – V သည် Sedan ဖြစ်ပြီး ( USD 102590 ) ဖြင့် ၎င်း ဈေးနှုန်း သတ်မှတ် ရောင်းချမည်ဖြစ်သည်။





Zawgyi Version…
အစီးရေ ၃၀၀ သာထုတ်လုပ်မည့် 2019 Cadillac ATS / CTS V Version

