Unicode version…

Chevy သည် ၎င်း၏ သမားရိုးကျ Model များကို အခြေခံပြီး ဆန်းသစ်မှုများစွာဖြင့်ပြုပြင် ဖန်တီး ထားသည့် 2019 Chevy Blazer အားထုတ်လုပ်လိုက်ပါသည်။ ၎င်း၏ ဒီဇိုင်းသည် Refreshed Camaro Model နှင့် များစွာ ကူညီပြီး Chevy Equinox နှင့် Chevy Traverse တို့ ထက် အရွယ်ငယ်သည့် Crossover ဖြစ်ပြီး ( ခုံတန်း ၂ တန်း ) သာပါရှိသည့် ပုံစံဖြစ်သည်။ 2019 Blazer တွင် အခြား Chevy Model များနှင့် ကွဲခြားသည့် Grille Design များဖြင့် ဖန်တီးထားကာ Blazer RS၌ blacked – out trim နှင့် Blazer Premium တွင် Chrome Bright work တို့ဖြင့် ဖန်တီးထားပါမည်။ ( LED with HID ) စနစ်သုံးရှေ့မီးကြီးများလည်းပါ၀င်ပါမည်။ ကားနောက်ဖက် ဒီဇိုင်း အနေဖြင့် Traverse Model နှင့် ပို၍ တူညီမည်ဖြစ်ပြီး နောက်မီးတန်းသည် LED စနစ်ဖြစ်ပါ သည်။ 2019 Blazer ၏ အတွင်းခန်းအရောင်များအား Trim များ အလိုက်ရွေးချယ်နိုင်မည်ဖြစ်သည်။ ထို့အတူ နည်းပညာမြင့်ပါ၀င်မှုများဖြစ်ကြသည့် – (လျှပ်စစ်စနစ်ဖြင့် Lock လုပ်နိုင်သည့် Glove box )၊ ( 6 USB ports ) ၊ ( Wireless Charging ) ၊ ( 4G LTE Wireless wi fi ) ( မှန်တံခါးများအား Remote Control ဖြင့် တင် / ချနိုင်ခြင်း ) ၊ (Hands – Free lift gate ) ၊ ( Adaptive Cruise Control ) စသည်တို့ပါ၀င်မည်ဖြစ်ပြီး ( New Cargo Management System ) ကဲ့သို့ ပါ၀င်မှု အသစ်လည်းပါရှိ မည်ကာ ( 64 . 2 Cubic Feet ) ကျယ်သည့် Cargo Space သည်လည်းလူအများ နှစ်ခြိုက်မည် ဖြစ် ပါသည်။ အင်ဂျင်အနေဖြင့် – ( 2 . 5 L I 4 Engine ) နှင့် ( 3 . 6 L V6 Engine ) တို့ တပ်ဆင်ထားကာ ( Start Tech ) နှင့် ( 9 – Speed Auto Gearbox ) တို့အား တပ်ဆင်ထားပါမည်။ ( 4 WD System ) သုံး 2019 Chevy Blazer အား 2019 နှစ်ဦးပိုင်းတွင် စတင်ရောင်းချပါမည်။

Zawgyi version..
