Unicode Version…
Jeep သည်ပေါ့ပါးဆန်းသစ်စွာ ဖန်တီးထားသည့် Renegade Subcompact Crossover အား ဥရောပဈေးကွက်တွင် ယခုနှစ် နွေရာသီ၌ ပွဲထုတ်ခဲ့ပြီး ယခုအခါ Jeep ၏ ညီရင်းအကိုဖြစ်သည့် Fiat ၏ 2019 Fiat 500 X ကိုလည်း Refresh Model အနေဖြင့် ဥပရောသို့ တင်ပို့မည်ဖြစ်သည်။ (U.S ဈေးကွက်သို့တင်ပို့မည့် Fiat 500 X သည်အနည်းငယ်ကွဲမည် ဖြစ်သည်)။ ၎င်းသည် ယခင် Model ထက် သိမ်မွေ့စွာကွဲပြားသည့် ဒီဇိုင်းဖြစ်ပြီး LED Headlights ဒီဇိုင်းအသစ် ၊ Body – Color ထည့်သွင်းထားသည့် အနောက်ဖုံး ဒီဇိုင်းနှင့်ရောင်ရောစပ်မှုစသည့် ထူးခြားမှုများ ဖြင့် ဖန်တီးထား ပါသည်။ ကိုယ်ထည်အား အချိုးအကွေ့ပုံစံလေးများဖြင့်ပြုလုပ်ထားသည်။ အတွင်းခန်းဒီဇိုင်းကို ဆန်းသစ်စွာဖြင့် ဖန်တီးထားပြီး အထူးကောင်းမွန်သည့် ( Instrument Cluster )အပါအဝင် Features အသစ်များစွာ ထည့်သွင်းထားမည်။ 2019 Fiat 500 X တွင် ဓာတ်ဆီအင်ဂျင် (၃)မျိုးပါရှိ မည်ဖြစ်ပြီး (1.0 L I 3 Turbo Engine ) ၊ ( 120 hp ) ၊ (1. 3 L I 4 Turbo Engine ) ၊ (150 hp ) နှင့် (1.6 L I 4 Engine ) ၊ (110 hp ) အင်ဂျင်တို့ဖြစ်ကြသည်။ ၎င်းတွင် ထူးခြားမှုအနေဖြင့် ( Gearbox ) စနစ် (၄) မျိုးရရှိနိုင်မည်ဖြစ်ပြီး ၎င်းတို့မှာ – ( 5 –Speed Manual) ၊ ( 6 – Speed Manual ) ၊ (6 – Speed Dual – Clutch Automatic ) နှင့် ( 9 – Speed Automatic ) တို့ဖြစ်ကြပါသည်။ ၎င်းသည် (အရှေ့ဘီးယက်) စနစ်သုံးကားဖြစ်ပြီး ( AWD System ) လည်းရရှိ နိုင်မည်ဖြစ်ပြီး ( U .S Market ) သို့တင်ပို့မည့် Fiat 500 X တွင် ဓာတ်ဆီအင်ဂျင်အမျိုးအစား အချို့ ပါရှိမည်ဖြစ်သည်။ ၎င်း၏ ဈေးနှုန်းအသေးစိတ်အား Fiat မှ လက်ရှိတွင် ထုတ်ဖော် ပြောကြားခြင်း မရှိသော်လည်း ယခုနှစ် အကုန်ခန့်တွင် ဈေနှုန်းသတ်မှတ် ရောင်းချမည်ဖြစ်သည်။
Zawgyi Version…
ဥရောပဈေးကွက်အတွက် ပုံစံအသစ်ဖြင့် ထွက်ရှိလာသည့် 2019 Fiat 500 X