Unicode Version…
လက်ရှိပြည်တွင်းတွင် SKD စနစ်ဖြင့်ထုတ်လုပ်ရောင်းချနေသော Ford Everest ၏နောက်ဆုံးမော်ဒယ်ဖြစ်သော 2019 Ford Everest ကို လက်ရှိကျင်းပနေသော CarsDB Auto Show မိတ်ဆက်သွားခဲ့ပြီဖြစ်သည်။ ၎င်းတွင် Grade ခွဲ ၃ မျိုး ရှိပြီး Ambient (USD 48000),Trend (USD 54000),Titanium (USD 69000) ဖြင့်ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ကာ 2WD, 4WD စနစ်များကိုလည်းရွေးချယ်နိုင်သည်။ Ford Everest အသစ်တွင် 3.2-liter Duratorq five-cylinder TDCi diesel engine ကိုသုံးထားပြီး မြင်းကောင်ရေ ၂၀၀ အားနီးပါးထွက်ရှိကာ ရုန်းအားမှာ 470 Nm ရှိမည်ဖြစ်သည်။ နောက် ထပ်ရွေးချယ်စရာဖြစ်သော 2.2- liter Duratorq four-cylinder TDCi diesel တွင် မြင်းကောင်ရေ ၁၆၀ အားနီးပါး ထွက်ရှိ ကာ ရုန်းအားမှာ 385 Nm ရှိမည်ဖြစ်သည်။ New Everest တွင် Driver Assistance စနစ်၊ခြေလျင် သွားသူများ ကိုအာရုံ ခံပြီး အလိုအလျောက်ရပ်တန့်ပေးနိုင်သော Ford’s Pre Collision Assist စနစ်၊ သဲ၊နှင်း၊မြက်၊ရွှံ့၊ကျောက်နှင့်သာမန်လမ်း များမောင်းနှင်မှုကို ကူညီထောက်ပံ့ပေးသောစနစ်ပါဝင်ပါသည်။ထို့အပြင် Semi Auto Park Assist,Auto Emergency Braking,Adaptive Cruise Control,Lane Depature Warning , Blind Spot Information System ,လေအိတ် ၇ လုံး၊ ထိုင်ခုံ ၇ ခုံ၊ Dual Zone Air Con စနစ်၊ Active Noise Cancellation စနစ်၊ PowerFold 3rd row seats,ABS,ESP,Hill Launch Assist,Hill Descent Control,Trailer Sway Control,Traction Control,Adaptive Load Control , Tyre Pressure Monitoring System,Rear View Camera,Auto High Beam Control,Rain-Sensing Wiper စသောလုံခြုံရေးစနစ်များပါဝင်ပါသည်။ ထို့အပြင် Apple Carplay, Android Auto စနစ်များကို ချိတ်ဆက်နိုင်သော SYNC 3 စနစ်များချိတ်ဆက်နိုင်ပြီး ၈လက်မဖန်သားပြင်တွင်လည်း အချက်အလက်အစုံကို ဖော်ပြပေးထားမည်ဖြစ်သည်။ ဂရိတ်မြင့် Titanium တွင် လက်မ ၂၀ Split-Spoke Alloy ကိုသုံးထားပြီး ရှေ့ရှဲပုံစံကိုလည်း ယခင်ထက်ဆန်းသစ်ထားသည်။








Zawgyi Version…
စွမ်းဆောင်ရည်မြင့် နည်းပညာသုံး 2019 Ford Everest ကို ပြည်တွင်းဈေးကွက်သို့ Ford Myanmar မှစတင်မိတ်ဆက်ရောင်းချ