Unicode Version…
Ford သည် တရုတ်ဈေးကွက်တွင် ရောင်းအားပြည့်မှီရန်များစွာ ခက်ခဲလာသည့်အတွက် Grand Plan ကို ချမှတ်ခဲ့ပြီး ၎င်းတွင် (၂၀၂၅ ) ခုနှစ်အတွင်း Model အသစ် ၅၀ ခန့်ထပ်မံထုတ်လုပ် ရန်ဖြစ်သည်။ ၎င်းတို့အနက် Crossover များသည် အများစုဖြစ်ကာ ဈေးကွက် တောင်းဆိုမှုကြောင့် ဖြစ်သည်။ 2019 Ford Territory သည် တရုတ်ဈေးကွက်အတွက် All – New Crossover ဖြစ်ပြီး Australian သို့ တင်ပို့သည့် Ford Territory နှင့် မတူညီပါ ။ တရုတ်ဈေးကွက်သို့ ရောင်းချမည့် Territory Model သည် ( နောက်ဘီးယက်စနစ်) သုံး Ford Falcon အား အခြေခံထားပြီး တရုတ်ကား ကုမ္ပဏီဖြစ်သည့် JMC နှင့် ( Co- developed ) ဖန်တီးထားသည့် ကားလည်းဖြစ်သည်။ ၎င်းတွင် အင်ဂျင်စနစ်( ၃ ) မျိူးထည့်သွင်းထားမည်ဖြစ်ပြီး (သမားရိုးကျ Gas – powered Engine ) ၊ (48 V mild – hybrid ထောက်ပံ့ထားသည့် Miller – Cycle – Style Engine ) နှင့် ( Plug – in Hybrid Engine ) တို့ဖြစ်သည်။ Ford ၏ အဆိုအရ – Territory ၏ ဒီဇိုင်း ၊စမ်းသပ်မှုနှင့် Engineering တို့အား Ford မှ စီစဉ်ဖန်တီးပြီး JMC အနေဖြင့် တရုတ်ဈေးကွက်သို့ရောင်းချရန်အတွက်သာ စီစဉ်ပေးမည်ဖြစ်သည်။ ထို့အပြင် Territory အား JMC ၏စက်ရုံတွင်သာ ထုတ်လုပ်တပ်ဆင်ပါသည်။ ( Car News China ) ၏ အဆိုအရ Territory သည် JMC မှ ထုတ်လုပ်ထားသည့် Yusheng S 330 Model နှင့် ရောင်းချရမှု တူညီနိုင်မည်ဖြစ်သော်လည်း Ford အတွက်အောင်မြင်မည့် Model ဟု သတ်မှတ်နိုင်မည်ဖြစ်သည်။ 2019 Territory အား ဆန်းသစ်သည့်ပုံစံဖြင့် ဖန်တီးထားကာ တရုတ် ဈေးကွက်နှင့် ကိုက်ညီမည့် Features များ ၊ အခင်းအကျင်းများဖြင့် ထုတ်လုပ် ထားမည် ဖြစ်သည်။ ၎င်းအား 2019 တွင်စတင် ရောင်းချမည်ဖြစ်ပြီး Ford ၏ မိခင်နိုင်ငံဖြစ်သည့် ( U.S. A ) ၏ Safety နှင့် Emission အဆင့် သတ်မှတ်ချက်များနှင့် ကွဲလွဲသည့် စံနှုန်းများဖြင့် ထုတ်လုပ်မည်ဖြစ်ပါသည်။
Zawgyi Version…
တရုတ်ဈေးကွက်ကို ဦးဆောင်နိုင်ရန် ရည်ရွယ်ထားသည့်2019 Ford Territory Crossover
Ford today shared the first images of the new Territory, a mid-size SUV with the affordable price-tag, rich technology and looks to carve inroads into China’s richest vein of future growth – new buyers in emerging cities. Ford today shared the first images of the new Territory, a mid-size SUV with the affordable price-tag, rich technology and looks to carve inroads into China’s richest vein of future growth – new buyers in emerging cities. Ford today shared the first images of the new Territory, a mid-size SUV with the affordable price-tag, rich technology and looks to carve inroads into China’s richest vein of future growth – new buyers in emerging cities.