Zawgyi Version…
GAC ဆုိတာသိပ္မၾကာေသးခင္ကမွ ကားေစ်းကြက္ထဲကုိ ထုိးေဖာက္ဝင္ေရာက္လာခဲ့တယ္ဆုိေပမယ့္ Premium Quality ကားေတြကုိသာထုတ္လုပ္တဲ့အျပင္ ကမာၻအႏွံ႔ကနာမည္ၾကီးကားအစိတ္အပုိင္းထုတ္ လုပ္ ေပးတဲ့ ကုမၸဏီေတြကေနတစ္ဆင့္နည္းပညာေတြကုိ ဖလွယ္ရယူထားႏိုင္လုိ႔ တရုတ္ျပည္တြင္းမွာ ေတာ္ေတာ္ ေရာင္းအားေကာင္းတဲ့ အမွတ္တံဆိပ္တစ္ခုျဖစ္ေနပါတယ္။ GAC ကားေတြကုိျပည္တြင္းေစ်းကြက္မွာလည္း ဝယ္ယူႏိုင္ျပီး စုံလင္တဲ့ feature ပါဝင္မွဳေတြေၾကာင့္ နာမည္ရေနပါတယ္။ အရုိးသားဆုံးေျပာရရင္ GAC ထုတ္ SUV ေတြကုိသာ စမ္းသပ္ေမာင္းႏွင္ဖူးျပီး ဆီဒင္ေတြကုိေတာ့ လုံးဝမေမာင္းရေသးပါဘူး။ဒါေၾကာင့္ ဒီတစ္ခါ မွာေတာ့ GAC GA6 ကုိဒီက႑အတြက္ေရြးခ်ယ္ေပးလုိက္ရပါတယ္။ GAC ရဲ႕ဆီဒင္ Line up ေတြထဲမွာ ျပည္တြင္းေစ်းကြက္ေရာက္ေနတာက GA4,GA6 နဲ႔ GA8 တုိ႔ျဖစ္ၾကျပီး GA 6 ကေတာ့ေစ်းအရေရာ၊ Quality အရပါ GA4 နဲ႔ GA8 ၾကားထဲမွာရွိေနပါတယ္။ ဒါေၾကာင့္ သူ႕မွာဘယ္လုိအပုိင္းေတြကထူးျခားေနမ လဲ။ဆက္ၾကည့္ရေအာင္ပါ။
ရုပ္ထြက္ပုိင္း
GAC ထုတ္တဲ့ကားေတြတုိင္းကုိ သေဘာက်မိတာတစ္ခ်က္က ရုပ္ထြက္ပုိင္းက ေတာ္ေတာ္လန္းသလုိ လူတုိင္း ေငးၾကည့္ရေအာင္ကုိ ဆြဲေဆာင္မွဳရွိတာပဲျဖစ္ပါတယ္။ ကြ်န္ေတာ္တုိ႔စမ္းသပ္ေမာင္းႏွင္မယ့္ဒီကားက GE Grade ျဖစ္ျပီး Light Sculpture 2.0 ဒီဇုိင္းသစ္ရဲ႕လွပတဲ့ Flying Dynamics ပုံစံေရွ႕ရွဲေတြနဲ႔ လွပျပီးအခ်ိဳးအဆစ္က်တဲ့ Halogen Headlamps(GL Grade မွာေတာ့ HID Headlamps ျဖစ္ပါမယ္) ေတြပါဝင္ျပီး ေရွ႔မီးၾကီးေတြထဲမွာ LED Day Lamps ေတြပါထည့္သြင္းထားပါတယ္။ ေအာက္ဘက္မွာကေတာ့ အနက္ေရာင္ေလခြင္းေပါက္ေတြနဲ႔အတူ ဘယ္ညာႏွစ္ဘက္မွာ Chrome ေတြနဲ႔ဝန္းရံထားတဲ့ Fog Lamps ေတြပါရွိပါတယ္။ ေဘာ္ဒီအခ်ိဳး အဆစ္ေတြကလည္း ဥေရာပကားေတြရဲ႕ပုံစံမ်ိဳးျဖစ္ေနျပီး အသိအမွတ္ျပဳ ရမယ့္လက္ရာမ်ိဳးျဖစ္ပါတယ္။ ေနာက္ ဘက္မီးသီးပုံစံက လွပဆန္းသစ္ေခတ္မီတဲ့ Flying Dynamics Family Image Design ျဖစ္ပါ တယ္။ေနာက္ျပီးေတာ့ ျပင္သစ္ႏိုင္ငံ အမွတ္တံဆိပ္ Michelin ရဲ႕ 17″ Sporty alloy wheel ကိုအ သံုးျပဳထားပါလုိ႔ ကားက လူငယ္ေတြလည္း အၾကိဳက္ ေတြ႔မယ့္ပုံစံမ်ိဳးလုိ႔ ဆုိရမွာျဖစ္ပါတယ္။

အတြင္းခန္း
ပထမဆုံးအတြင္းခန္းမွာ စာေရးသူကုိဆဲြေဆာင္ႏိုင္တာက အရည္အေသြးေကာင္းမြန္တဲ့ leather ထုိင္ခုံ ေတြျဖစ္သလုိ Memory ပါရွိျပီး လုိသလုိ ပုံစံ၆မ်ဳိး ေျပာင္းလဲနိုင္ကာ အပူပါေပးႏိုင္ပါတယ္။ ထုိင္ခုံ Memory စနစ္က ေဘးၾကည့္မွန္ေတြနဲ႔ပါ ခ်ိတ္ဆက္ထားပါေသးတယ္။ ေရွ႕ Passenger ခုံကုိလည္း ပုံစံ၄မ်ဳိး ေျပာင္းလဲ နိုင္ေသးသလုိ အပူပါေပးႏိုင္ပါတယ္။ ေနာက္ျပီးေတာ့ Cruise Control , Audio, Bluetooth Hand Free ေတြပါတဲ့ လည္သာစတီယာရင္အျပင္ Push Start, Keyless Entry, Quality ေကာင္းစြာျပဳလုပ္ထားတဲ့ ဒတ္ရွ္ ဘုတ္ရွ္စနစ္၊ ေလသန္႕စင္တဲ့စနစ္ပါတဲ့ Dual Zone Air Con ၊ ေနာက္ Fan ေပါက္၊ ေရွ႕လက္တင္ေနရာမွာ cool box ၊ sunroof ၊ ေနာက္ၾကည့္မွန္မွာ မ်က္လံုးမစူးေအာင္ automatic anti-glare function စတာေတြပါဝင္ပါတယ္။ ေနာက္ျပီးေတာ့ 8″ touch screen ပါဝင္ၿပီး Radio, CD, USB, Aux, iPod ေတြသာမက HDMI mobile phone interconnection လဲပါဝင္ပါေသးတယ္။ ေဖ်ာ္ေျဖေရးအတြက္ေတာ့ 6-speaker Hi-Fi sound system ပါရွိျပီး ေနာက္လက္တင္ေတြ၊ေရွ႕၊ေနာက္ပစၥည္းထည့္စရာစုစုေပါင္း ၂၂ ေနရာအထိပါရွိပါတယ္။ ေနာက္ဘက္ trunk capacity က 500L ရွိလုိ႔ ပစၥည္းေတြထည့္ဖုိ႔ လုံေလာက္တဲ့ Space ေတြပါရွိတယ္လုိ႔ ဆုိႏိုင္ပါတယ္။


စြမ္းေဆာင္ရည္
အင္ဂ်င္ပါ၀ါ 1800cc ရွိၿပီး turbo engine ျဖစ္ကာ ျမင္းေကာင္ေရအား 177hp ရွိၿပီး တြန္းအား torque မွာ 242 N.m/1700-5250rpm ရွိပါတယ္။ ပ်မ္းမွ်ဆီစားႏႈန္းကလည္း ၁၀၀ကီလိုမီတာကုိ 6.7L ရွိျပီး 7-speed Dual Clutch Transmission ျဖစ္လုိ႔ gear တစ္ခုနဲ႔ တစ္ခုေျပာင္းလဲခ်ိန္က ၀.၂ စကၠန္႔သာၾကာမယ္လုိ႔သိရပါတယ္။ Suspension ကုိလည္း ဥေရာပစံခ်ိန္အျပည့္အဝရွိတဲ့ Aluminum double fork arm front suspension ကိုအေရွ႕မွာအသံုးျပဳထားၿပီး အေနာက္ suspension ကို Multi-link independent rear suspension with vertical control arm ေတြနဲ႔ ထုတ္လုပ္ထားပါတယ္။

လုံျခဳံေရး
GAC ထုတ္ကားေတြတုိင္းက Safety features ေတြစုံလင္ေလ့ရွိျပီး GA 6 မွာလည္း Tire Pressure Monitoring System သာမက ABS, EBD, TCS, HBA, ESP, HHC , Parking Sensor, Forward Collision Warning System, Blind Spots Warning နဲ႔ Rear Cross Traffic Alert အစရွိတဲ့ safety feature မ်ားလဲ ပါရွိပါတယ္။ လံုျခံဳမွဳတြင္ CGA-NCAP ၾကယ္ (၅)ပြင့္ရရွိထားၿပီး airbag ၆ လံုးပါရွိသလုိ GA6 ကို 95% Steel strength ကိုယ္ထည္အသံုးျပဳထားပါတယ္။
စမ္းသပ္ေမာင္းႏွင္ျခင္း
GAC ရဲ႕ SUV ေတြကေတာ့ စြမ္းအင္ထြက္ရွိမွဳမွာေတာ္ေတာ္ေလးၾကိဳက္မိတာမုိ႔ ဒီကားကဆီဒင္ဆုိေတာ့ အထေတြကုိစမ္းသပ္ၾကည့္တယ္။ ျမင္းေကာင္ေရအား 177hp ရွိျပီး Turbo ဓါတ္ဆီဆုိေတာ့ အထေတြကျမန္ သလားမေမးနဲ႔။ေနာက္ျပီး လူငယ္ေတြအၾကိဳက္ေမာင္းႏိုင္မယ့္ Paddle Shift ပါေသးေတာ့ ဆီဒင္ေပမယ့္ ျပိဳင္ကားေလးလုိလည္း ေမာင္းလုိ႔ရပါေသးတယ္။ ေနာက္ျပီး ECO Mode ပါေတာ့ဆီစားလည္းေခြ်တာရာ ေရာက္တာေပါ့။ စတီယာရင္ပုိင္းလည္းမဆုိးဘူး။ကားအတြင္းခန္းကအျပင္ကုိ ၾကည့္ရတာလည္း Visible ျဖစ္ေတာ့ေမာင္းရတာစိတ္ခ်လက္ခ်ျဖစ္မိတယ္။ safety စနစ္ေတြပါေတာ့ ခရီးေဝးသြားရတာလည္း စိတ္ခ်ရ ေလာက္တယ္။ ျခဳံေျပာရရင္ေတာ့ GA6 က ေမာင္းႏွင္မွဳပုံစံေကာင္းေတြကုိပုိင္ဆုိင္ထားတယ္လု႔ိ ဆုိရမွာျဖစ္ ပါတယ္။

ေစ်းႏွဳန္းႏွင့္ သုံးသပ္ခ်က္
ဒီကားက Full ဂရိတ္မဟုတ္ေသးဘူး။ဒီေတာ့ Rain Sensing Wiper ေတြ၊ Curtin Air Bag ေတြ၊ HID မီးၾကီးေတြမပါတာပဲရွိပါတယ္။ က်န္တာေတြကေတာ့ GL Full Grade နဲ႔တူပါတယ္။ ဒီကားက မ်ိဳးဆက္ သစ္နည္းပညာေၾကာင့္ ရုပ္ထြက္ပုိင္း၊စြမ္းေဆာင္ရည္ေတြက ေျပာစရာမရွိေအာင္ျပည့္စုံပါတယ္။ ဒါေပမဲ့ Touch Screen စနစ္က သိပ္ျပီးသေဘာမေတြ႔ဘူး။ဒီထက္ပုိျပီး Sensitive ျဖစ္ရင္ပုိေကာင္းႏိုင္တယ္။ေနာက္ျပီးေတာ့ ေအာက္ပုိင္းက နည္းနည္းဝပ္သလုိဆုိေတာ့ အခ်ိဳ႕လမ္းေတြမွာသတိထားရမယ္ထင္တယ္။ ဒီကားမွာ စာေရးသူ ကေတာ့ ေမာင္းႏွင္မွဳအပုိင္းကုိ အမွတ္ျပည့္ေပးမိပါတယ္။ ေစ်းကေတာ့ USD 39,888 ပဲျဖစ္ပါတယ္။

Specification…
Engine – 1.6 L Turbo G-DCT
Fuel – Petrol
Transmissions – 7 G-DCT
Maximum Power – 177HP
Maximum Torque – 242 N.m/1700-5250rpm
Acceleration (0-100Km/h) – 9.5 sec

Unicode Version…

ဆီဒင်ဈေးကွက်ကို စိန်ခေါ်လာမယ့် အရည်အသွေးမြင့် GAC GA6
GAC ဆိုတာသိပ်မကြာသေးခင်ကမှ ကားဈေးကွက်ထဲကို ထိုးဖောက်ဝင်ရောက်လာခဲ့တယ်ဆိုပေမယ့် Premium Quality ကားတွေကိုသာထုတ်လုပ်တဲ့အပြင် ကမ္ဘာအနှံ့ကနာမည်ကြီးကားအစိတ်အပိုင်းထုတ် လုပ် ပေးတဲ့ ကုမ္ပဏီတွေကနေတစ်ဆင့်နည်းပညာတွေကို ဖလှယ်ရယူထားနိုင်လို့ တရုတ်ပြည်တွင်းမှာ တော်တော် ရောင်းအားကောင်းတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်နေပါတယ်။ GAC ကားတွေကိုပြည်တွင်းဈေးကွက်မှာလည်း ဝယ်ယူနိုင်ပြီး စုံလင်တဲ့ feature ပါဝင်မှုတွေကြောင့် နာမည်ရနေပါတယ်။ အရိုးသားဆုံးပြောရရင် GAC ထုတ် SUV တွေကိုသာ စမ်းသပ်မောင်းနှင်ဖူးပြီး ဆီဒင်တွေကိုတော့ လုံးဝမမောင်းရသေးပါဘူး။ဒါကြောင့် ဒီတစ်ခါ မှာတော့ GAC GA6 ကိုဒီကဏ္ဍအတွက်ရွေးချယ်ပေးလိုက်ရပါတယ်။ GAC ရဲ့ဆီဒင် Line up တွေထဲမှာ ပြည်တွင်းဈေးကွက်ရောက်နေတာက GA4,GA6 နဲ့ GA8 တို့ဖြစ်ကြပြီး GA 6 ကတော့ဈေးအရရော၊ Quality အရပါ GA4 နဲ့ GA8 ကြားထဲမှာရှိနေပါတယ်။ ဒါကြောင့် သူ့မှာဘယ်လိုအပိုင်းတွေကထူးခြားနေမ လဲ။ဆက်ကြည့်ရအောင်ပါ။
ရုပ်ထွက်ပိုင်း
GAC ထုတ်တဲ့ကားတွေတိုင်းကို သဘောကျမိတာတစ်ချက်က ရုပ်ထွက်ပိုင်းက တော်တော်လန်းသလို လူတိုင်း ငေးကြည့်ရအောင်ကို ဆွဲဆောင်မှုရှိတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့စမ်းသပ်မောင်းနှင်မယ့်ဒီကားက GE Grade ဖြစ်ပြီး Light Sculpture 2.0 ဒီဇိုင်းသစ်ရဲ့လှပတဲ့ Flying Dynamics ပုံစံရှေ့ရှဲတွေနဲ့ လှပပြီးအချိုးအဆစ်ကျတဲ့ Halogen Headlamps(GL Grade မှာတော့ HID Headlamps ဖြစ်ပါမယ်) တွေပါဝင်ပြီး ရှေ့မီးကြီးတွေထဲမှာ LED Day Lamps တွေပါထည့်သွင်းထားပါတယ်။ အောက်ဘက်မှာကတော့ အနက်ရောင်လေခွင်းပေါက်တွေနဲ့အတူ ဘယ်ညာနှစ်ဘက်မှာ Chrome တွေနဲ့ဝန်းရံထားတဲ့ Fog Lamps တွေပါရှိပါတယ်။ ဘော်ဒီအချိုး အဆစ်တွေကလည်း ဥရောပကားတွေရဲ့ပုံစံမျိုးဖြစ်နေပြီး အသိအမှတ်ပြု ရမယ့်လက်ရာမျိုးဖြစ်ပါတယ်။ နောက် ဘက်မီးသီးပုံစံက လှပဆန်းသစ်ခေတ်မီတဲ့ Flying Dynamics Family Image Design ဖြစ်ပါ တယ်။နောက်ပြီးတော့ ပြင်သစ်နိုင်ငံ အမှတ်တံဆိပ် Michelin ရဲ့ 17″ Sporty alloy wheel ကိုအ သုံးပြုထားပါလို့ ကားက လူငယ်တွေလည်း အကြိုက် တွေ့မယ့်ပုံစံမျိုးလို့ ဆိုရမှာဖြစ်ပါတယ်။

အတွင်းခန်း
ပထမဆုံးအတွင်းခန်းမှာ စာရေးသူကိုဆွဲဆောင်နိုင်တာက အရည်အသွေးကောင်းမွန်တဲ့ leather ထိုင်ခုံ တွေဖြစ်သလို Memory ပါရှိပြီး လိုသလို ပုံစံ၆မျိုး ပြောင်းလဲနိုင်ကာ အပူပါပေးနိုင်ပါတယ်။ ထိုင်ခုံ Memory စနစ်က ဘေးကြည့်မှန်တွေနဲ့ပါ ချိတ်ဆက်ထားပါသေးတယ်။ ရှေ့ Passenger ခုံကိုလည်း ပုံစံ၄မျိုး ပြောင်းလဲ နိုင်သေးသလို အပူပါပေးနိုင်ပါတယ်။ နောက်ပြီးတော့ Cruise Control , Audio, Bluetooth Hand Free တွေပါတဲ့ လည်သာစတီယာရင်အပြင် Push Start, Keyless Entry, Quality ကောင်းစွာပြုလုပ်ထားတဲ့ ဒတ်ရှ် ဘုတ်ရှ်စနစ်၊ လေသန့်စင်တဲ့စနစ်ပါတဲ့ Dual Zone Air Con ၊ နောက် Fan ပေါက်၊ ရှေ့လက်တင်နေရာမှာ cool box ၊ sunroof ၊ နောက်ကြည့်မှန်မှာ မျက်လုံးမစူးအောင် automatic anti-glare function စတာတွေပါဝင်ပါတယ်။ နောက်ပြီးတော့ 8″ touch screen ပါဝင်ပြီး Radio, CD, USB, Aux, iPod တွေသာမက HDMI mobile phone interconnection လဲပါဝင်ပါသေးတယ်။ ဖျော်ဖြေရေးအတွက်တော့ 6-speaker Hi-Fi sound system ပါရှိပြီး နောက်လက်တင်တွေ၊ရှေ့၊နောက်ပစ္စည်းထည့်စရာစုစုပေါင်း ၂၂ နေရာအထိပါရှိပါတယ်။ နောက်ဘက် trunk capacity က 500L ရှိလို့ ပစ္စည်းတွေထည့်ဖို့ လုံလောက်တဲ့ Space တွေပါရှိတယ်လို့ ဆိုနိုင်ပါတယ်။
စွမ်းဆောင်ရည်
အင်ဂျင်ပါဝါ 1800cc ရှိပြီး turbo engine ဖြစ်ကာ မြင်းကောင်ရေအား 177hp ရှိပြီး တွန်းအား torque မှာ 242 N.m/1700-5250rpm ရှိပါတယ်။ ပျမ်းမျှဆီစားနှုန်းကလည်း ၁၀၀ကီလိုမီတာကို 6.7L ရှိပြီး 7-speed Dual Clutch Transmission ဖြစ်လို့ gear တစ်ခုနဲ့ တစ်ခုပြောင်းလဲချိန်က ဝ.၂ စက္ကန့်သာကြာမယ်လို့သိရပါတယ်။ Suspension ကိုလည်း ဥရောပစံချိန်အပြည့်အဝရှိတဲ့ Aluminum double fork arm front suspension ကိုအရှေ့မှာအသုံးပြုထားပြီး အနောက် suspension ကို Multi-link independent rear suspension with vertical control arm တွေနဲ့ ထုတ်လုပ်ထားပါတယ်။

လုံခြုံရေး
GAC ထုတ်ကားတွေတိုင်းက Safety features တွေစုံလင်လေ့ရှိပြီး GA 6 မှာလည်း Tire Pressure Monitoring System သာမက ABS, EBD, TCS, HBA, ESP, HHC , Parking Sensor, Forward Collision Warning System, Blind Spots Warning နဲ့ Rear Cross Traffic Alert အစရှိတဲ့ safety feature များလဲ ပါရှိပါတယ်။ လုံခြုံမှုတွင် CGA-NCAP ကြယ် (၅)ပွင့်ရရှိထားပြီး airbag ၆ လုံးပါရှိသလို GA6 ကို 95% Steel strength ကိုယ်ထည်အသုံးပြုထားပါတယ်။
စမ်းသပ်မောင်းနှင်ခြင်း
GAC ရဲ့ SUV တွေကတော့ စွမ်းအင်ထွက်ရှိမှုမှာတော်တော်လေးကြိုက်မိတာမို့ ဒီကားကဆီဒင်ဆိုတော့ အထတွေကိုစမ်းသပ်ကြည့်တယ်။ မြင်းကောင်ရေအား 177hp ရှိပြီး Turbo ဓါတ်ဆီဆိုတော့ အထတွေကမြန် သလားမမေးနဲ့။နောက်ပြီး လူငယ်တွေအကြိုက်မောင်းနိုင်မယ့် Paddle Shift ပါသေးတော့ ဆီဒင်ပေမယ့် ပြိုင်ကားလေးလိုလည်း မောင်းလို့ရပါသေးတယ်။ နောက်ပြီး ECO Mode ပါတော့ဆီစားလည်းချွေတာရာ ရောက်တာပေါ့။ စတီယာရင်ပိုင်းလည်းမဆိုးဘူး။ကားအတွင်းခန်းကအပြင်ကို ကြည့်ရတာလည်း Visible ဖြစ်တော့မောင်းရတာစိတ်ချလက်ချဖြစ်မိတယ်။ safety စနစ်တွေပါတော့ ခရီးဝေးသွားရတာလည်း စိတ်ချရ လောက်တယ်။ ခြုံပြောရရင်တော့ GA6 က မောင်းနှင်မှုပုံစံကောင်းတွေကိုပိုင်ဆိုင်ထားတယ်လု့ိ ဆိုရမှာဖြစ် ပါတယ်။

ဈေးနှုန်းနှင့် သုံးသပ်ချက်
ဒီကားက Full ဂရိတ်မဟုတ်သေးဘူး။ဒီတော့ Rain Sensing Wiper တွေ၊ Curtin Air Bag တွေ၊ HID မီးကြီးတွေမပါတာပဲရှိပါတယ်။ ကျန်တာတွေကတော့ GL Full Grade နဲ့တူပါတယ်။ ဒီကားက မျိုးဆက် သစ်နည်းပညာကြောင့် ရုပ်ထွက်ပိုင်း၊စွမ်းဆောင်ရည်တွေက ပြောစရာမရှိအောင်ပြည့်စုံပါတယ်။ ဒါပေမဲ့ Touch Screen စနစ်က သိပ်ပြီးသဘောမတွေ့ဘူး။ဒီထက်ပိုပြီး Sensitive ဖြစ်ရင်ပိုကောင်းနိုင်တယ်။နောက်ပြီးတော့ အောက်ပိုင်းက နည်းနည်းဝပ်သလိုဆိုတော့ အချို့လမ်းတွေမှာသတိထားရမယ်ထင်တယ်။ ဒီကားမှာ စာရေးသူ ကတော့ မောင်းနှင်မှုအပိုင်းကို အမှတ်ပြည့်ပေးမိပါတယ်။ ဈေးကတော့ USD 39,888 ပဲဖြစ်ပါတယ်။

Specification…
Engine – 1.6 L Turbo G-DCT
Fuel – Petrol
Transmissions – 7 G-DCT
Maximum Power – 177HP
Maximum Torque – 242 N.m/1700-5250rpm
Acceleration (0-100Km/h) – 9.5 sec